လီချင်းကျူးကိုဝန်ခံခြင်း
Vol. 4 Ch. 50
ထိုရက်များတွင် ချူမိသားစုဆီရောက်လာကြ
သည့်ဧည့်သည်များကို ကျိုးယန်ကတချက်ပင်
ထွက်မတွေ့ပေ။ ချူကျန်းချန်နှင့် ချူမိသားစုဝင်
များကသာ တွေ့ဆုံကာ လက်ဆောင်ပစ္စည်းများကို လက်ခံကြရသည်။ ချူလင်းယွင်သည်လည်း
မိသားစု၏ လုပ်ငန်းများကို ဝင်ရောက်ဦးစီးရန်
အချိန်ကျလာတော့သည်။ မူလက ချူမိသားစုပိုင်
အခွင့်အလမ်းကနည်းပါးသော်လည်း ဝမ်မိသားစု
ပျက်သုန်းပြီးနောက် ဝမ်မိသားစုပိုင်အရာအားလုံး
သိမ်းယူရရှိကာ အလုပ်များကြတော့သည်။
ကျိုးယန်တယောက် လီချင်းကျူးကိုကုသ
ကာ အနားတွင်အချိန်ပြည့်ကပ်နေလေသည်။ရက်
အနည်းငယ်ကြာပြီးနောက် လီချင်းကျူးတယောက်ပြန်လည်သက်သာလာသည်။ သူမအနေ
ဖြင့် မယုံနိုင်ဖွယ်အဖြစ်အပျက်များကိုကြုံပြီး
နောက် ကျိုးယန်ပြောဖူးသည့် ကျင့်ကြံသူများ
အကြောင်းကိုလည်း ချူလင်းယွင်နှင့် အိုးရန်ရွှမ်း
ရွှမ်းတို့ဆီမှ အတော်အသင့်သိလာရသည်။ ကျိုး
ယန်သည် ကျင့်ကြံသူတဦးဖြစ်ကာ မိသားစုကြီး
များထက်ပင်သန်မာနေသေးသည် မဟုတ်လား။
"နင် အဆင်ပြေရဲ့လား ချင်းကျူး"
ကျိုးယန်က စိုးရိမ်စွာဖြင့်မေးသည်။ သူ့အနေ
ဖြင့် လီချင်းကျူးသတိပြန်မရမချင်း စိုးရိမ်ကာ
မည်သည့်အရာမှပင်မလုပ်နိုင်ပေ။ ထိုအချိန်တွင်
မှသာ သူ့ဘဝတွင်လီချင်းကျူး၏ အရေးပါပုံကို
ပို၍ လက်ခံကာနားလည်လာရသည်။
"ငါ အဆင်ပြေပါတယ် နင်ကော ထိခိုက်တာတွေ
ရှိသေးလား"
"ဟင့်အင်း"
လီချင်းကျူးတယောက် သက်ပြင်းချကာငြိမ်
သက်နေသည်။ အဖြစ်အပျက်များကို သူမယုံ
ကြည်လက်ခံရန် ခက်ခဲနေသော်လည်း ကိုယ်တွေ့
အဖြစ်ကြုံလာသည်မို့ လက်မခံချင်သော်လည်း
လက်ခံထားရလေသည်။
"နင်က တကယ်သန်မာတာပဲ"
ကျိုးယန်တယောက် လီချင်းကျူးကိုကြည့်၍
အဖြစ်အပျက်များကို အကြောင်းစုံရှင်းပြရန်
တွေးနေလေသည်။ သူ့အနေဖြင့် စနစ်၏တည်ရှိ
မှုနှင့် တဖက်လောကမှလွဲ၍ သူ့ကျင့်ကြံမှုများကို
ပြောပြရန်အခက်ခဲမရှိပေ။
"ဟုတ်တယ် လက်ရှိငါ့ခွန်အားက ဂိုဏ်းကြီးတွေ
ကိုရင်ဆိုင်ဖို့ခက်ပေမယ့် တခြားမိသားစုတွေကို
တော့ အချိန်မရွေးရင်ဆိုင်နိုင်တယ်"
ကျိုးယန်က ဆက်၍ပြောသည်။
"နောက်ပြီး နင်အခုလိုဖြစ်ရတာ ငါ့ကြောင့်လည်း
ပါတယ် ငါ့ဆီက ရတနာတွေကိုမက်ပြီး နင့်ကို
ဓားစာခံအနေနဲ့သူတို့သုံးချင်တာလေ ငါစိတ်မကောင်းပါဘူး ချင်းကျူး ငါ့ကြောင့်မင်းထိခိုက်ရ
ပြီ"
လီချင်းကျူးမှ ကျိုးယန်ကိုနူးညံ့စွာကြည့်၍
ပြောလာသည်။
"ကိစ္စမရှိပါဘူး ငါ့အတွက် နင်အဆင်ပြေနေရင်
ရပါပြီ ဒါနဲ့ ကျင့်ကြံသူတွေရဲ့ ခွန်အားအကြောင်း
ရှင်းပြပေးလို့ရမလား"
ကျိုးယန်က ခေါင်းညိတ်ပြကာ ဤကမ္ဘာရှိ
ဂိုဏ်းကြီးများ မိသားစုကြီးများနှင့် ကျင့်ကြံဆင့်
အပါအဝင် အရာအားလုံးကို သေချာပြောပြတော့
သည်။ အချိန်အတော်ကြာ ပြောပြပြီးနောက်
လီချင်းကျူးလည်း နားလည်သွားသည်။
"ဒါဆို ငါကော ကျင့်ကြံလို့ရလား ငါလည်းနင့်လို
သန်မာချင်တယ် နောင်တချိန် နင့်ကိုပြန်ပြီးကာ
ကွယ်နိုင်စွမ်းရှိတဲ့သူဖြစ်ချင်တယ်"
လီချင်းကျူး၏စကားကိုကြားသည့်အခါ ကျိုး
ယန်တယောက် စိတ်ထိခိုက်သွားရသည်။ တုန်ရင်
နေသည့် လက်အစုံဖြင့် လီချင်းကျူး၏မျက်မှာလေးကို ခပ်ဖွဖွပွတ်ကာ ပြောသည်။
"ငါ့ကို ကာကွယ်ဖို့မလိုပါဘူး ငါကပဲနင့်ကိုတဘဝ
လုံး ကာကွယ်ပေးချင်တာပါ"
လီချင်းကျူး၏အကြည့်များကနူးညံ့လျက်
သူမပါးကိုထိတွေ့လာသည့် ကျိုးယန်၏လက်များ
ကိုမဖယ်ရှားပဲ သူမရဲ့လက်ဖြင့်အုပ်ကိုင်ထားကာ
ပြုံးနေလေသည်။
"ဒါပေမယ့် နင်က ကျင့်ကြံသူဖြစ်ချင်ရင်တော့
ငါကူညီပေးနိုင်ပါတယ် နင့်ကိုအချိန်အကြာကြီး
လှလှပပနဲ့ အသက်ရှည်ရှည်ရှိနေစေချင်ရုံပါ"
ကျိုးယန်၏ ရှင်းပြမှုကြောင့် ကျင့်ကြံသူများ
သည် သာမန်လူများထက်အသက်ရှည်ကာ ပို၍
မြင့်မားသည့်အဆင့်ကိုရောက်လျှင် ရုပ်ခန္ဓာကို
တသမတ်တည်းဖြစ်အောင်ပင် ထိန်းထားနိုင်လေ
သည်။ လီချင်းကျူးသည် သူမ၏ အလှပဆုံးအ
နေထားကိုသာ ကျိုးယန်ကိုပေးအပ်လို၍ နှစ်
ပေါင်းများစွာ အတူရှိနေနိုင်မည်ဆိုပါက ဘယ်
လောက်ပင်ကောင်းလိမ့်မည်နည်း။ ထိုအရာက
သူမ အမှန်တကယ်လိုချင်နေသောအရာပင်။
ထိုနောက်ပိုင်းရက်များတွင် လီချင်းကျူးက
သူမ၏ မိဘများဆီပြန်ကာ ကျိုးယန်ပေးထားသည့် ငွေကိုသုံး၍ မြို့အစွန်တနေရာတွင် ခြံအကျယ်တခုနှင့် အိမ်တလုံးဆောက်စေသည်။
ထို့အပြင် ငွေအချို့လည်း သူမအမေကိုပေးအပ်
ကာ မည်သည့်အလုပ်မှမလုပ်စေပဲ မိဘနှစ်ပါးကို
အနားယူစေသည်။ ကျိုးယန်ပေးထားသည့်ငွေ
ပမာဏာသည် အတော်များများဝယ်ယူသည့်
အပြင် ပိုလျှံနေသည်မို့ သူမမိသားစုအနေဖြင့်
မည်သည့်စီးပွားရေးမှမလုပ်သော်လည်း ထိုင်စား
နိုင်သည်။ သို့သော်လည်း ကျိုးယန်က ချူမိသားစုအကူညီဖြင့် သူမမိသားစုကို အပြည့်အဝ
ထောက်ပံ့စေသည်။
အချိန်တခုအကြာတွင် သူမ မိဘများထံသွား
ရောက်တွေ့ဆုံ၍ လီချင်းကျူးကို ချူအိမ်တော်
တွင်ထားရန် ခွင့်တောင်းကာ ခေါ်ဆောင်ခဲ့တော့
သည်။ နှစ်ဦးးစလုံးအနေဖြင့် အသက်အရွယ်ငယ်
သောကြောင့် လက်ထပ်ရန်ဆန္ဒမရှိကြကာ လီချင်းကျူးသည် ကျင့်ကြံရန် စိတ်စောနေသလို
ကျိုးယန်သည်လည်း မူလနယ်မြေတွင်ကြုံနိုင်
သည့် အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်
သည့်အပြင် လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းတို့
ကို စစ်သည်တော်ဆေးလုံးသာမက ခန္ဓာကိုယ်
အားဖြည့်ဆေးများပါ ပေးကာ ကျင့်ကြံသူများ
ဖြစ်စေသည်။
မူလက အိုးရန်ရွှမ်းရွှမ်း၏ ဆုံးဖြတ်ချက်ကို
သူ့အနေဖြင့် ကန့်ကွက်လိုသော်လည်း သူမကိုယ်
တိုင်က သူမ၏အဖေအမှန်တကယ် ပျောက်ဆုံး
ကာ ထိုအရာသည် ဂိုဏ်းကြီးများကြောင့်ဖြစ်ပါက လက်စားချေလိုသည်က တကြောင်း သူမကို
သူမ ကာကွယ်ရန်လည်း သင်ယူချင်နေသည်။
အများ၏ တိုက်တွန်းမှုကြောင့် ကျိုးယန်လက်ခံ
လိုက်ကာ သူမတို့နှစ်ဦးကို အနီးကပ်သင်ကြား
ပေးတော့သည်။
စနစ်မှဆုပေးထားသည့် စိတ်ဝိဉာဥ်ကျင့်စဥ်
ကိုလည်း မပြတ်တမ်းလေ့ကျင့်ကာ ဝိဉာဥ်ကိုယ်
ပွားတခု ပေါ်လာအောင် အားထုတ်နေသည်။
အချိန်က တလကုန်သွားလေပြီ။ လီချင်းကျူးနှင့်
အိုးရန်ရွှမ်းရွှမ်းတို့ တည်ဆောက်ရေးအစောပိုင်း
အဆင့်များထိ ရောက်ရှိနေကြကာ ကျိုးယန်၏
အကူညီကြောင့် ချူကျန်းချန်းနှင့် အကြီးကဲများ
သည်လည်း စိတ်ဝိဉာဥ်တဝက်အဆင့်သို့ရောက်
လာကြသည်။ ဝမ်မိသားစုတွင် ဆေးဝါးများရှိကာ အထူးသဖြင့် ဝမ်လင်းတို့မြေးအဖိုးအဆင့်
တက်ရာတွင် သုံးစွဲခဲ့သည့် ဆေးပင်များကို ချူ
ကျန်းချန် ချူလင်းယွင်တို့က သုံးကြရပေသည်။
အခြားမိသားစုဝင်များကလည်း အဆင့်မြင့်ဆေး
ပင်အချို့ပေးအပ်ကြသေးသည်။
ချူလင်းယွင်သည်ပင် တည်ဆောက်ရေးအထွဋ်အထိပ်သို့ရောက်လာသည်။ ရံဖန်ရံခါတွင် ဆေး
ပညာကိုလေ့လာသော်လည်း ဆေးဖော်စပ်ရန်
လိုအပ်သည့် မီးတောက်မရှိသည့်အတွင် ဆေးလုံး
ဖော်စပ်ခြင်းကို မပြုလုပ်နိုင်ပေ။ စနစ်၏စတိုးမှ
သာလိုအပ်သည်ကို တိုက်ရိုက်ဝယ်ယူရသည်။
အချိန်က နောက်ထပ်တလ ကုန်သွားကာ
မူလနယ်မြေဖွင့်လှစ်ထားပြီဖြစ်၍ ဝင်ရောက်ကြ
ရန်အတွက် ဂိုဏ်းကြီးများနှင့် မိသားစုဝင်များက
စတင် လူစုလာကြတော့သည်။ ဂိုဏ်းကြီးများက
၅ဦးထိနေရာယူထားကာ အခြားမိသားစုဝင်များ
က ၂နေရာစီယူထားကြသောကြောင့် ကျိုးယန်
အပါအဝင် စုစုပေါင်း ၁၇ ရှိသည်။ ထို့အပြင်
ထိုလူငယ်များကို လိုက်ပါစောင့်ရှောက်ရန်
စိတ်ဝိဉာဥ်အဆင့်များလည်း လိုက်ပါလာသည်။
ထိုအရာက ကျိုးယန်ကိုကိုင်တွယ်ရန် ဂိုဏ်း၃ဂိုဏ်
မှစီစဥ်ခြင်းဖြစ်ကာ မိသားစုကြီးများကတော့
သူတို့၏ လူငယ်များ ကျိုးယန်ကိုမထိပါးရန်သာ
မှာကြသည်။
ထိုလူငယ်များကိုလည်း ကျိုးယန်ကစိတ်မဝင်စားပေ။ ဓားလူငယ်လေးကို ဝင်ခွင့်မပေးသည့်
အပေါ် ကန့်ကွက်မှုများရှိသော်လည်း ဂိုဏ်းကြီး
များမှပယ်ချလိုက်သည်။
ကျိုးယန်အဓိကအာရုံစိုက်သည်က တံခွန်
ဂိုဏ်းသာဖြစ်ကာ မူလနယ်မြေထဲတွင်ကြုံလာ
လျှင် လည်ဆွဲရတနာကိစ္စနောက်ကြောင်းများကို
စစ်မေးရန်ဆုံးဖြတ်ထားသည်။ စိတ်ဝိဉာဥ်အဆင့်
များပါလာမည်ဖြစ်၍ အချက်အလက်အချို့သိ
နိုင်သည်။
မူလနယ်မြေကိုမဝင်ခင် ရက်ပိုင်းအလို၌
လီချင်းကျူးနှင့် အိုးရန်ရွှမ်းရွှမ်းတို့ တည်ဆောက်ရေးအဆင့် အထွဋ်အထိပ်သို့
ရောက်လာကြတော့သည်။ စနစ်မျ အကုန်ကျခံ
စျေးကြီးပေးဝယ်ထားရသည့် မြေကြီးအဆင့်
ကျင့်စဥ်များကြောင့်သာမက ခန္ဓာကိုယ်အားဖြည့်
ဆေးများ အဆင့်မြင့်ဆေးပင်များကြောင့်
ချူမိသားစုဝင်များပါ ယခင်ကထက်ပို၍ သန်မာ
လာကြသည်။
(ဆေးပင်များကို အဆင့် ၁ မှ ၃ထိအဆင့်နိမ်
အဆင့် ၄ မှ ၆ အထိ အလယ်ဆင့် နဲ့ အဆင့် ၆မှ
စကာ အဆင့်မြင့်ဆေးပင်များဟု သက်မှတ်ထား
ကြသည်။)
ကျိုးယန်၏ ဗာဂျာရာကျင့်စဥ်က တတိယ
အဆင့်ကိုထိတွေ့ရန်ရှိနေပြီး စိတ်ဝိဉာဥ်အဆင့်ကို
တော့ ပထမအဆင့်သာ သူနားလည်ပေသည်။
အမှန်တကယ်လည်း စိတ်ဝိဉာဥ်ကျင့်စဥ်များ
သည်ခက်ခဲကာ ကျင့်ကြံရန်မလွယ်ပေ။ ဗာဂျာရာ
ကျင့်စဥ် ဒုတိယအဆင့်ပြီးဆုံးမှုကြောင့် ကျိုးယန်
၏ အရေပြားသည် မာကျောလာကာ ဓားဖြင့်
ခုတ်ပိုင်းကာ စမ်းသော်လည်း ခြစ်ရာမျှသာထင်
တော့သည်။ တတိယအဆင့်တွင် သွေးကြောများ
ကိုပြုပြင်၍ ချီဓာတ်များကို ဒန်တျန်ထဲ ပိုမိုစုပ်ယူ
နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ ဒုတိယအဆင့်
တွင် ခွန်အားက ၂ဆတိုးကာ မူလကစိတ်ဝိဉာဥ်
အဆင့်အစောပိုင်းကိုသာ အသာရနိုင်သော်လည်း
ယခုတွင်တော့ အလယ်ဆင့်ရှိသူများကိုပါအနိုင်
ယူရန်မခက်တော့ပေ။