← Chapters

မူလနယ်မြေ

Vol. 4 Ch. 51

မူလနယ်မြေ

Vol. 4 Ch. 51

ထိုကာလများတွင် ချူကျန်းချန်းအပါအဝင်

ချူမိသားစုဝင်များသည် အင်အားကိုကျိတ်စုကာ

လူသူအသိမခံစေပဲ တစတစအင်အားကြီးထွား

လာကြသည်။ မူလနယ်မြေကို ဝင်ရောက်ချိန်တွင်

ကျိုးယန်အတွက် အန္တရာယ်ရှိနိုင်သည်ကိုသိထား

ကာ ကျိုးယန်သာ မူလနယ်မြေထဲ တစုံတရာဖြစ်

ပျက်သွားပါက နောက်ဆက်တွဲသည် ချူမိသားစု

ဖြစ်၍ ပြဿနာများသွားနိုင်သည်။ ထို့ကြောင့်

ချူကျန်းချန်းနှင့် အကြီးအကဲများသည် အရင်း

အမြစ်များကို မတွန့်တိုပဲသုံးစွဲကာ ချူလင်းယွင်

တို့လူစုကို လေ့ကျင့်စေသည်။ ကမ္ဘာမြေ၏ ကျင့်

ကြံရေးလောက ကို အဆိပ်ဂိုဏ်း ဗုဒ္ဓလမ်းစဥ်

ဂိုဏ်းနဲ့ တံခွန်ဂိုဏ်းတို့ကသာ ကြီးစိုးထားရာ

အပြောင်းအလဲတခုဖြစ်တော့မည်ကို အခြားမိ

သားစုဝင်များက ခန့်မှန်းနေကြလေပြီ။ သူတို့အ

တွက်သည်လည်း ဘက်တခုကိုရွေးချယ်ရန်ခက်ခဲ

နေကြသည်မဟုတ်လား။

ကျိုးယန်သည် စနစ်ကြောင့် မည်သည့်အခါမှ

အားကုန်ကြိုးစားလေ့မရှိခဲ့သော်လည်း ယခုအခါ

တွင်တော့ သူနှင့်ပင်မတူအောင် လေ့ကျင့်နေလေ

သည်။ ချူလင်းယွင် လီချင်းကျူးနှင့် အိုးရန်ရွှမ်း

ရွှမ်းတို့ကို သင်ကြားကူညီပေးရင် တဖက်တွင်လည်း ဗာဂျာရာကျင့်စဥ် နဲ့စိတ်ဝိဉာဥ်ကျင့်စဥ်ကို

လုံ့လစိုက်ထုတ်လျက်ရှိသည်။

မူလနယ်မြေကိုဝင်ရန် အချိန်ကျလေပြီ။

ဂိုဏ်းကြီးများနှင့် မိသားစုကြီးများရှိလူများ

ရှန်ရှီးပြည်နယ် တောင်ဘက်ရှိ ကျွန်းစုကြီးတခုကို

စတင်ထွက်ခွာကြတော့သည်။ ကျိုးယန်က မူလ

နယ်မြေကို ကျွန်းကြီးတခုပေါ်တွင်ရှိနေလိမ့်မည်

ဟုမထင်ထားခဲ့ပေ။ သို့သော် ထိုကျွန်း၏တည်နေ

ရာကိုသိလျှင်တောင်မှ ဝင်ရောက်ရန်အစီအရင်ကြီးတခုလိုအပ်သေးသည်။ ထိုအစီအရင်ကို ဂိုဏ်းကြီး၃ဂိုဏ်းမှ ထိန်းချုပ်ထားလေသည်။

ပင်လယ်ကူး သဘော်ကြီးများဖြင့် ကျွန်းသို့

ရောက်ရှိလာကြသည်။ ကျွန်းတခုလုံးသည် ကီလို

မီတာ ထောင်ချီကြီးမားကျယ်ပြန့်ကာ ကျွန်း၏

အစပိုင်းနေရာများတွင် လူနေထိုင်ရန်အဆောက်

အုံအချို့တည်ဆောက်ထားသည်ကို တွေ့ရသည်။

ထိုအရာများကို ဂိုဏ်းကြီးများကစီမံထားခြင်း

ဖြစ်ရပေမည်။ ကျွန်းတခုလုံး မြူခိုးများဖုံးနေသလို မှောင်မှိုင်းကာ ရှေ့ မီတာရာဂဏန်းအနည်းငယ်ကိုပင် သာမန်လူအနေဖြင့် ကြည့်ရှူ

ရန်မဖြစ်နိုင်ပေ။

"ဒါက မူလနယ်မြေဆိုတာလား ကျွန်းကြီးတခုကို

လေ"

ကျိုးယန်ကမယုံသဖွယ်ပြောနေကာ ထိုအရာကို

ချူကျန်းချန်ကကြားလျှင်

"ဒါက သခင်လေးကျိုးရဲ့အမြင်ကို အစီအရင်က

အပြည့်အဝဖုံးကွယ်ထားလို့ပါ အစီအရင်ကိုဖွင့်

လိုက်တဲ့အခါ တွေ့ရပါလိမ့်မယ်"

ကျိုးယန်ခေါင်းညိတ်ပြလိုက်သည်။ အစီအရင်

ကိုသူ့အနေဖြင့်နားမလည်သော်လည်း တခြား

ပညာရပ်များကဲ့သို့ အစီအရင်သည်လည်း အရေး

ပါသည်ကို နားလည်ထားပေသည်။ အချိန်တခု

အကြာတွင် ဂိုဏ်းကြီးများမှ အစီအရင်ဆရာများစုဝေးကာ အစီအရင်ကိုအသက်သွင်းကြသည်။

မူလနယ်မြေထဲဝင်ရောက်ကြမည့် ပါရမီရှင်များ

အပြင် ကာကွယ်သူများကတော့ အစီအရင်ပြင်ပ

တွင် စုဝေးကာ စောင့်ဆိုင်းနေကြသည်။

ဝှီးးးးးးး

အလင်းတန်းကြီးတခု ထိုးထွက်လာကာ မူလ

က မြင်ကွင်မျိုးမဟုတ်တော့ပဲ ကြီးမားသည့်မြို့ရိုးနှင့် ဝင်ပေါက်ကြီးတခုပေါ်လာတော့သည်။

ကျိုးယန်လက်ခံသွားရသည်။ တကယ်ကိုထူး

ဆန်း၍ အဆင့်မြင့်သည့်နေရာပင်ဖြစ်သည်။ မူလ

နယ်မြေ၏ ပိုင်ရှင်သည် မူလပညာရှင်အဆင့်ကို

တောင် ကျော်လွန်နိုင်ချေရှိသည်ဟု သူထင်လာ

သည်။ မူလပညာရှင်၏အထက်တွင် မည်သည့်

အဆင့်ရှိသနည်း။

အချိန်တခုကြာပြီးနောက်မှာတော့ ဝင်ရောက်

ရန်အသင့်ဖြစ်သွားလေသည်။ ဂိုဏ်းကြီးများမှ

ဝင်ရောက်မည့်သူများက ကျိုးယန်ကိုလှည့်ကြည့်

ကာ အကြည့်များက တောက်ပနေကြသည်။

ကျိုးယန်ထင်တာမှန်နေလေပြီ။ အနှီဂိုဏ်းကြီး

များသည် သူ့ကိုကိုင်တွယ်ကြတော့မည်ဖြစ်သည်

"အားလုံးပဲ ဂရုစိုက်ကြပါ ကိုယ့်လူအချင်းချင်း

စုစည်းပြီး လူစုမကွဲစေနဲ့ တလမပြည့်ခင် ဟောဒီ

က ဝင်ပေါက်ကိုအမီပြန်လာကြရမယ်"

မူလနယ်မြေကို တလသာဖွင့်ပေးကာ ထိုသို့

ဖွင့်ထားရန်လည်း အဆင့်မြင့်သလင်းကျောက်များ အလွန်ကုန်ပေသည်။ ရီဖန် ရီကျင်းခန်

ဖန်းယွမ် စုလင်း ကျူးလန်တို့ညီအစ်ကို စသည့်

ပါရမီရှင်များ ကြီးမားသည့်မြို့ရိုးကိုကြည့်ကာ

စိတ်ဓာတ်တက်ကြွနေကြသည်။ သူတို့နှင့်မတူ

သည့် တဦးတည်းသောသူက ချူကျန်းချန်ဖြစ်

ကာ သူ့သားနှင့်ချွေးမလေး ပျောက်ဆုံးသွားရ

သည့် နယ်မြေကြီးကိုကြည့်လျက် ငိုင်တွေနေလေ

သည်။

"ကျိုးယန် နင်ဂရုစိုက်ရမယ်နော် တလမပြည့်ခင်

အမီပြန်ထွက်လာခဲ့"

လီချင်းကျူးက ကျိုးယန်ကိုစိတ်မချစွာဖြင့်

တတွတ်တွတ်မှာနေလေသည်။ သူမနည်းတူ

အိုးရန်ရွှမ်းရွှမ်းက မပြောသော်လည်း သူမ၏

အကြည့်များတွင်မူ စိတ်ပူနေသည့်အရိပ်ယောင်

များထင်ဟပ်နေလေသည်။ သူမတို့ကို ပြုံး၍

ခေါင်းညိတ်ပြလိုက်သည်။ သူ့အတွက်မူလနယ်

မြေတွင်းရှိပြဿနာများကို မစိုးရိမ်ပဲ နယ်မြေ၏

မထင်ထားတဲ့အဖြစ်ပျက်များကိုသာ ဂရုစိုက်ရ

ပေမည်။

နယ်မြေထဲဝင်ကြလေပြီ။ ကျိုးယန်ကတော့

လူအုပ်၏နောက်ဆုံးမှသာ ဝင်ရောက်ကာ အေးဆေးသက်သာစွာပင် ပတ်ဝန်းကျင်ကိုသတိ

မပြတ်ထားလျက် ဝင်ရောက်လာသည်။ မြို့ရိုးကြီးတခုလုံးကို ကျောက်တုံးများဖြင့်သာ တည်

ဆောက်ထားသော်လည်း စနစ်ကျကာသေသပ်လှ

ပလေသည်။ မြို့တံခါးမှအထဲသို့ဝင်လိုက်သည်

နှင့် ကြီးမားသည့် တောနက်ကြီးတခုကိုရောက်သွားတော့သည်။

မြို့တံခါးရဲ့အနောက်မှာ တောကြီးတခုရှိနေ

တာလား။ ဘာအတွက်မြို့တံတိုင်းခတ်ထားတာလဲ။ ကျိုးယန်တယောက် တောနက်ထဲသို့ တဖြေး

ဖြေးတိုးဝင်လာသည်။

ထိုစဥ် စနစ်မှ စကားပြောလာသည်။

"ဒါက လူဖန်တီးထားတဲ့ နေရာလွတ်တခုပဲ

ကြားခံပစ္စည်းလို့ပြောရင်ရတယ် စနစ်ရှင်အ

တွက်သေချာပေါက် အကျိုးရှိစေလိမ့်မယ်"

မြို့တံခါးကို ကျော်လွန်သည်နှင့် လူအုပ်က

ကွဲသွားကြကာ ကျိုးယန်၏အနားတွင်ဘယ်သူမှ

မရှိတော့ပေ။ ဒါကဘယ်လိုခွဲထုတ်တာလဲ ။

"ကြားခံပစ္စည်းဆိုတာ ဘာကိုဆိုလိုတာလဲ ဒီ

နေရာကြီးတခုလုံးက နောက်ထပ်အရာတခုကို

ချိတ်ဆက်ထားတာလို့ ​ပြောချင်တာလား"

"ဟုတ်တယ် ​ပြောရရင်လမ်းကြောင်းတခုကို

ဖော်ပြထားတာ ဘယ်ကိုဦးတည်လဲတော့မသိဘူး"

"စနစ်လိုအရာကတောင် မသိဘူးလားဟ"

ကျိုးယန်ရဲ့စကားကိုကြားလျှင်စနစ်မှ ချက်ချင်း

တုန့်ပြန် ရန်တွေ့လာသည်။

"အကုန်လုံးသိစရာမလိုဘူးလေ သိရင်လည်း

စနစ်ရှင်ကို ပြောပြဖို့စိတ်ကူးမရှိဘူး"

"အေးပါကွာ"

တနာရီခန့်သွားလာပြီးနောက်မှတော့ ကျောက်

သားအဆောက်အုံများကို တွေ့လာရသည်။

ဒီနေရာမှာလူနေခဲ့တာလား။ အဆောက်အုံတွေရဲ့

ပုံစံက လူနေခဲ့တဲ့ပုံစံပဲ။

ကျိုးယန်က ထိုအဆောက်အုံများဆီ သွားလိုက်သည်။ အဆောက်အုံများရာနဲ့ချီရှိကာ ကြီးမားသည့် နေရာတခုအဖြစ်ယူထားသည်။

အဆောက်အုံတခုသည် မီတာ ၅၀ခန့်မြင့်ကာ

မီတာ ၂၀ခန့်ကျယ်သည်။ ကျိုးယန်က အနီးစပ်

ဆုံးနေရာတွင်ရှိသည့် အဆောက်အုံတခုထံဝင်

လိုက်သည်။

ကျောက်သားတံခါးများက ပွင့်နေကာ အထဲတွင်

အလင်းရောင်အတွက် မီးလင်းပုလဲများရှိနေသည်။ ထိုအလင်းရောင်ကို အဆောက်အုံ၏

အပြင်ဘက်တွင်ရှိတုန်းက ကျိုးယန်မမြင်ခဲ့ရပေ။

All Chapters