မီးသန္ဓေသား
Vol. 4 Ch. 52
အဆောက်အုံထဲတွင် အိပ်ခန်းများဖွဲ့ထားကာ
မည်သည့်အရာမှ မရှိပဲ ဟာလာဟင်းလင်းဖြစ်
နေသည်။
"ဘာမှလည်းမရှိဘူး နေရာလွတ်တွေပဲ"
အခန်းလွတ်တခုစီတိုင်းကို ကျိုးယန်သေချာ
ဝင်ကြည့်သည်။ မည်သည့်အရာမှ မတွေ့ရပေ။
ထိုအဆောက်အုံမှ ထွက်ကာ အခြားနေရာများသို့
ထပ်မံဝင်ရောက်ကြည့်သည်။ သို့သော်လည်း
နေရာလွတ်များသာဖြစ်ကာ မည်သည့်အရာမှ
မတွေ့ပေ။ ချီးပဲ အချိန်ကုန်တာပဲရှိတယ်။
ကျိုးယန်တယောက် နေရာမှထွက်ခွာရန်ပြင်နေ
စဥ် စနစ်မှသတိပေးလာသည်။
"ဒီနားမှာ သဘာဝဒြပ်စင်အရှိန်အဝါတခုရှိနေ
တယ် စနစ်ရှင် နည်းနည်းကြိုးစားရှာပါဦး"
"သဘာဝဒြပ်စင် ဟုတ်လား ဘာဒြပ်စင်လည်း"
"ဒါတော့ မပြောနိုင်ဘူး နေရာကဝေးနေတယ်
ခပ်မြန်မြန်သွားရှာလိုက်တော့"
"ဟုတ်ပြီ"
စနစ်၏စကားကြောင့် ကျိုးယန်တယောက်
အဆောက်အုံများ၏ နောက်ကျောဘက်ရှိနေရာ
များသို့ထပ်မံရှာဖွေတော့သည်။ အဆောက်အုံများက အရွယ်အစားအစုံရှိကာ ရွာကြီးတရွာ
အသွင်ဖြစ်၍ လူသွားလမ်းများလည်းရှိနေသည်။
များပြားသည့် အဆောက်အုံများကို ကျော်လွန်
ပြီးနောက်တွင်တော့ တနေ့တာကုန်သွားလေပြီ။
"နီးလာပြီ မီးဒြပ်စင်ပဲ စနစ်ရှင်ကံကောင်းတယ်"
ကျိုးယန်ဝမ်းသာသွားသည်။ စိတ်အာရုံကိုလည်း အပြည့်အဝထုတ်လွှတ်ကာ ဆက်တိုက်ပင်
ရှာဖွေတော့သည်။ နောက်ထပ်နာရီအနည်းငယ်
အကြာ အမှောင်ထုကြီးရောက်လာချိန်မှာတော့
ကျောက်သားအဆောက်အုံငယ်တခုကို လှမ်းတွေ့
လိုက်ရသည်။ အဆောက်အုံငယ်လေးက အရှိန်ဝါ
တမျိုးထွက်ပေါ်နေကာ သာမန်ကြည့်ရုံဖြင့်ပင်
သိသာနေလေသည်။ တွေ့ပြီ။
ထိုအဆောက်အုံငယ်ဆီ ကျိုးယန်ဝင်သွားသည်။ အထဲကိုရောက်လျှင် အခန်းကျယ်တခု
တွေ့ကာ အခန်းကျယ်၏ ထောင့်တနေရာတွင်
ကျောက်သားစင်တခုရှိလေသည်။ အလင်းရောင်
က ထိုကျောက်သားစင်ပေါ်တွင်ရှိနေသည့် အရာမှ
ထွက်ပေါ်နေခြင်းဖြစ်သည်။
"အခန်းထဲရောက်တော့ ပူတယ်လို့ခံစားရတယ်
ဘယ်လိုကြောင့်လဲ"
ကျိုးယန်ကစနစ်ကိုမေးလိုက်သည်။ အခန်းထဲဝင်
ချိန်တွင် အပူချိန်ကိုစတင်ခံစားရသည်မဟုတ်လား။
"အဲ့ဒါ မီးသန္ဓေသားတခုပဲ အပူရှိန်ကိုသူ့ဆီကထုတ်လွှင့်နေတာ သူ့အနားကိုသတိလက်လွတ်
မကပ်သွားနဲ့ သူ့မှာအသိစိတ်ရှိနေတယ်"
စနစ်၏သတိပေးချက်ကိုကြားလျှင် ကျိုးယန်
လည်းလေးနက်သွားသည်။ သူမြင်တွေ့နေရသည့်
အရာက အုန်းသီးအရွယ် အလုံးကြီးတခုဖြစ်ကာ
ထိုအလုံးတခုလုံးသည် ပါးလွှာ၍ အထဲတွင်
မီးတောက်ငယ်တခု ယိမ်းထိုးလှုပ်ခါနေသည်ကို
တွေ့နိုင်သည်။
"ဒါက အသိစိတ်ရှိတဲ့ မီးသန္ဓေသားပေါ့ သူက
ဘယ်လိုအသုံးဝင်လဲ"
"အကြမ်းအားဖြင့် မီးသန္ဓေသားဆိုတာ မီးတောက်တခုလို့ အလွယ်သက်မှတ်လို့ရတယ် ဒါ
ပေမယ့် သူက ဖျက်စီးခြင်းဂုဏ်သတ္တိပိုပြင်းပြီး
တခြားမီးတေက်တွေထက် အဆများစွာပိုအင်
အားကောင်းတယ် မီးသန္ဓေသားကို သန္ဓေသား
အရွယ်မှာ ပိုင်ရှင်နဲ့ပေါင်းစပ်ထားနိုင်ရင် ဆေးဖော်စပ်တဲ့နေရာမှာသုံးလို့ရနိုင်တယ် အသိ
စိတ်ရှိတဲ့အတွက် ပေါင်းစပ်ဖို့နေနေသာသာ ရယူ
ဖို့တောင်မလွယ်ကူဘူး တွေ့ရဖို့ဆိုတာကတော့..
ပိုတောင်အခွင့်အလမ်းနည်းသေးတယ်"
စနစ်မှ ရှည်လျားစွာရှင်းပြသည်။ သဘာဝ
ဒြပ်စင်မှ မွေးဖွားလာသည့် မီးသန္ဓေသားကို
တခြား မီးတေက်များက မယှဥ်နိုင်ပေ။ ထိုအရာ
သည် မိခင်ကမ္ဘာမြေကြီးမှ မွေးဖွားလာခြင်းဖြစ်
သည်။
"ဒါဆို တခြား ရေ လေ မြေ မိုးကြိုး စတဲ့ ဒြပ်စင်
သန္ဓေသားတွေလည်း ရှိဦးမှာပေါ့"
"ဒါပေါ့ စနစ်ရှင်က ကံကောင်းလို့တခုတွေ့ရတာ
လူဆယ်သန်းမှာ တဦး တွေ့ဖို့ကံမပါဘူး နောက်
ပြီး ခုသန္ဓေသားကို စနစ်ရှင်ကလွန်ခဲ့တဲ့ဆယ်စု
နှစ်တခုကျော်ကသာတွေ့ရင် အသုံးဝင်မှာမဟုတ်ဘူး အဲ့အချိန်တုန်းက သန္ဓေသားက အသိဉာဥ်
မဖွံဖြိုးသေးတဲ့အတွက် ယူဆောင်ပြီးပေါင်းစပ်ရင်လည်း သာမန်မီးတောက်လေးတခုဖြစ်သွားတာပဲရှိမယ်"
ကျိုးယန်လည်းသူ့ရဲ့ကံကောင်းမှုအတွက် ဝမ်း
သာသွားသည်။ သို့ပေမယ့် မီးသန္ဓေသားကိုယူရန်
အနားကပ်သွားသည်နှင့် မခံရပ်နိုင်အောင်ပူလာ
သည်။ ထိုနေရာနှင့် ကျိုးယန်ရှိသည့်နေရာက
ပေနှစ်ဆယ်ခန့်သာဝေးသော်လည်း ထိုအကွာအ
ဝေးကိုပင် ကျိုးယန်ခမျာ တိုးရန်ခက်ခဲနေသည်။
"ဒါ မီးသန္ဓေသားက သူ့ကိုမယူအောင်တားဆီးနေတာသူ့မှာအသိစိတ်ရှိနေတယ် စနစ်ရှင် တခြားနည်းလမ်းနဲ့ ကြိုးစားသင့်တယ်"
ကျိုးယန် မှင်သက်သွားသည်။ ငါကသူ့ကို
ဘယ်လို မြူဆွယ်ရမလဲ။ ငွေပေးလို့လည်းမရ
ရတနာပစ္စည်းတွေနဲ့လည်းအသုံးမဝင်ဘူးလေ။
"ငါသူ့ကို ဘယ်လိုဆွဲဆောင်ရင်ကောင်းမလဲ"
ကျိုးယန်ကစနစ်ကို မေးနေသော်လည်းသူက
တော့ ရသလောက်ဆက်တိုးနေသည်။
"သူမှာအသိစိတ်ရှိတယ်လေ စကားလေဘာလေး
ပြောကြည့်ပေါ့"
"မင်း လာနောက်နေတာလား"
ကျိုးယန်သာ ကျင့်ကြံသူမဟုတ်လျှင် စနစ်၏
စကားက နောက်ပြောင်သည်ဟု သူထင်မိလိမ့်
မည်ဖြစ်ကာ အခုအခြေနေတွင်တော့စနစ်မှ နောက်ပြောင်ခြင်းမဟုတ်မှန်းသိသော်လည်း သူ့အနေဖြင့် ဘာစကားပြောရမှန်းမသိပေ။ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပေါ့ကွာ။
ကျိုးယန်အရှေ့ကို တလှမ်းခဲရာခဲဆစ်ထပ်တိုး၍
မီးသန္ဓေသားရှိရာ စင်မြင်ကိုကြည့်၍ နှုတ်ဆက်
လိုက်သည်။
"မဂ်လာပါ မီးတေက်လေး"
(ဒါက နည်းနည်းတော့ကြောင်စီစီနိုင်တယ်)
"ငါက လူကောင်းတယောက်လို့ကိုယ့်ကိုကိုယ်
မပြောနိုင်ပေမယ့် လူယုတ်မာတော့မဟုတ်တာ
သေချာတယ် မင်း ဒီထဲမှာနေပြီး ပျင်းစရာမကောင်းဘူးလား ငါနဲ့အပြင်လိုက်ခဲ့ပြီး စိတ်ဝင်
စားစရာတွေ လုပ်ချင်လား"
စနစ်......"ဒါက မီးသန္ဓေသားကို သူဆွဲဆောင်တာ
တဲ့လား"
"ကောင်လေး ငါမင်းကို အပြင်ခေါ်ထုတ်သွားပြီး
လောကကြီးရဲ့ အရာအားလုံးကို မြင်ရစေမယ်
ဘယ်လိုလဲ"
မီးတေက်ရဲ့ အပူရှိန်က အနည်းငယ်လျော့ကျ
သွားကာ အလင်းလုံးကြီးထဲရှိ မီးတောက်ကလည်း ပိုမိုယိမ်းထိုးလာသည်။ဒါက အလုပ်ဖြစ်တယ်။ ကျိုးယန်တယောက် ပျော်သွားရသည်။ မီးသန္ဓေသားရှိရာ တဖြေးဖြေးဆက်တိုးကာ ပါးစပ်မှလည်း တတွတ်တွတ်ပြောနေလေသည်။
"ငါမင်းကို အန္တရာယ်မပေးပါဘူး ငါနဲ့အတူ
ဒီလောကကြီးတခွင်လျှောက်သွားမယ် စိတ်ဝင်
စားလား ကောင်လေး"
"ငါနဲ့အတူဆို မင်းကဒီလောကထဲမှာ အားအ
ကောင်းဆုံးမီးတောက်တခုဖြစ်လာစေရမယ်လို့
ငါကတိပေးတယ် ကောင်လေး"
မီးအပူရှိန်က မရှိသလောက်နည်းပါးသွားသည်။ ဟုတ်ပြီ... ကျိုးယန်လည်း ကျောက်သား
စင်မြင်ပေါ်ရှိ အလုံးကြီးကို လှမ်းကာယူလိုက်သည်နှင့် ထိုအလုံးက ကွဲအက်ကာ မီးတောက်
ငယ်တခု ကျိုးယန်၏လက်ထဲပါလာသည်။ ဒါ အသိစိတ်ရှိတဲ့ မီးသန္ဓေသားပေါ့။ ထူးဆန်း
လိုက်တာ။ မီးတောက်ငယ်ကလေးက လက်ဖဝါးပေါ်တွင်ကခုန်နေသကဲ့သို့ ယိမ်းထိုးကအသက်ဝင်လှုပ်ရှားနေသည်။
"စနစ်ရှင်ရဲ့ ဆွဲဆောင်မှုကအလုပ်ဖြစ်သားပဲ
အခု အချိန်မဆွဲပဲ မီးသန္ဓေသားနဲ့ ပေါင်းစပ်လိုက်
တော့"
"ဘယ်လိုပေါင်းစပ်ရမှာလဲ"
ကျိုးယန်ရဲ့အမေးကိုစနစ်မှ
"မီးတောက်ကိုအာရုံပြုပြီး စနစ်ရှင်ရဲ့ ဒန်တျန်ထဲ
ပို့လိုက်ရုံပဲ"
ကျိုးယန်က စနစ်ပြောသည့်အတိုင်း မီးတောက်ငယ်ကို သူ့ရဲ့ဒန်တျန်ဆီဝင်ရောက်ရန်
အာရုံပြုလိုက်သည်နှင့် လက်ဖဝါးပေါ်ရှိ မီးတောက်က ပျောက်ကွယ်သွားက ကျိုးယန်ရဲ့
ခန္ဓာကိုယ်ထဲ တိုးဝင်သွားတော့သည်။
"အားးးး သေအောင်ပူတယ်ဟ
မီးနဲ့မြိုက်နေသလိုပဲ..."။
ပြင်းထန်သည့် ပူလောင်မှုက တကိုယ်လုံးပြန့်
လာကာ မီးတောက်က ဒန်တျန်တခုလုံးကို ဆွဲဖြဲ
နေသယောင်ပင်ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ရှိ
အရေပြားကလည်း မီးကျွမ်းထားသလိုဖြစ်ကာ
အဝတ်အစားများကတော့ ပြာအဖြစ်ပြောင်း
သွားလေပြီ။
အားးးးးးး
ကြမ်းပြင်ပေါ်လူးလိမ့်ကာ အော်ဟစ်နေရသည်
ထိုအခြင်းအရာက နာရီအနည်းငယ်ထိဖြစ်ကာ
အချိန်တခုအကြာမှာတော့ ကျိုးယန်တယောက်
သတိလစ်ကာ ငြိမ်သက်သွားတော့သည်။