← Chapters

စိတ်ဝိဉာဥ်ကိုယ်ပွားရရှိခြင်း။

Vol. 4 Ch. 53

စိတ်ဝိဉာဥ်ကိုယ်ပွားရရှိခြင်း။

Vol. 4 Ch. 53

မူလနယ်မြေ၏ တနေရာ....

ကျူးလန်တို့ညီအစ်ကိုနှစ်ဦးနှင့် အကြီးအကဲ

အချို့က မူလနယ်မြေတွင် ပြန်ဆုံပြီဖြစ်ကာ

ကျိုးယန်ကို လိုက်လံရှာဖွေနေကြတော့သည်။

အကြီးအကဲများသည် မူလနယ်မြေ၏အကြောင်း

ကို ယခင်ဝင်ရောက်သူများထံမှ သိထားကြသူများဖြစ်သောကြောင့် မူလနယ်မြေကကြီးမား

သောလည်း ကျူးလန်တို့ညီအစ်ကိုကိုတော့ အချိန်တိုအတွင်းရှာဖွေနိုင်ခဲ့လေသည်။

"အကြီးအကဲတို့ ဟိုကောင့်ကို တွေ့မိကြသေးလား"

ကျူးချန်၏အမေးကို အကြီးအကဲမှ ခေါင်းခါ

ပြကာ သူတို့မတွေ့မိကြောင်းပြောသည်။

"အဲ့ကောင်ကို မတွေ့တာ တပတ်လောက်ရှိပြီ

ဒီနယ်မြေကြီးက ကျယ်တော့ တွေ့ဖို့ခက်မယ်

အချိန်က တလပဲရှိတာ ဘယ်လိုရှာကြမလဲ"

ကျူးလန်၏စကားကို အကြီးအကဲတဦးမှ

"မပူပါနဲ့သခင်လေး နောက်ဆုံးနေရာတခုကို

သူလာကိုလာလိမ့်မယ် အဲ့ဒီနေရာက မူလနယ်မြေ

ရဲ့ ရတနာအများဆုံးနေရာပဲ ကျုပ်တို့ အဲ့ကိုသွား

ပြီးကြိုစောင့်နေလို့ရတယ်"

"သူကအဲ့နေရာအကြောင်း သိပါ့မလား"

"ဟင့်အင်း မသိနိုင်ဘူး ဒါပေမယ့် တခြားမိသားစု

ဝင်တွေနဲ့တွေ့ရင်တော့ မေးမှာသေချာတယ် သိပ်တော့မသေချာဘူးပေါ့ ဒါပေမယ့် ကျုပ်တို့သူ့ကို

အချိန်ကုန်ခံပြီးလိုက်ရှာနေတာထက်စာရင် လုပ်

လက်စအတိုင်း ဆက်လုပ်ပြီး ကြိုစောင့်နေတာက

ပိုကောင်းတယ်မဟုတ်လား"

ထိုအကြီးအကဲ၏စကားကို တခြားအကြီးအ

ကဲတဦးမှ ထောက်ခံသည်။ သူတို့နှစ်ဦးသည်

စိတ်ဝိဉာဥ်အဆင့်ဖြစ်ကာ ကျင့်ကြံမှုသည်

စိတ်ဝိဉာဥ် အဆင့် ၃ နဲ့ ၄ များဖြစ်ကြသည်။

"တခြားမိသားစုဝင်တွေအနေနဲ့ ကျိုးယန်ကိုရန်

ဘက်လုပ်ဖို့ သတ္တိမရှိနိုင်ဘူး နောက်ပြီး ကျုပ်တို့

သတိထားရမှာက အဆိပ်ဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းက

လူတွေပဲ သူတို့က ပြိုင်ပွဲကိုဝင်မပါပဲ ဝင်ခွင့်ကို

ယူထားကြတာ ထိပ်တိုက်တွေ့ရင် ပြဿနာဖြစ်

လို့မရဘူး"

ကျူးလန်က စဥ်းစဥ်းစားစားဖြင့်ပြောလာသည်။ ဂိုဏ်းကြီးအချင်းချင်း အပေါ်ယံတွင်

တည့်သော်လည်း အတွင်းတွင်ကျိတ်၍ ပြိုင်ဆိုင်

နေကြကာ ယခုတခေါက်မူလနယ်မြေထဲသို့

ထိုဂိုဏ်း၂ ဂိုဏ်း၏ထိပ်သီးပါရမီရှင်များဝင်

ရောက်လာကြသည်မဟုတ်လား။

"သူတို့လည်း ကျိုးယန်အကြောင်းသိထားပြီး

ကျိုးယန်ကို ကိုင်တွယ်ဖို့ကြိုးစားလာနိုင်လား"

ကျူးချန်က သူ့အစ်ကိုကိုမေးသည်။

"သေချာတော့မပြောတတ်ဘူး ကိုင်တွယ်ဖို့လည်း

ရှိတယ် ဒါမှမဟုတ် ဝမ်မိသားစုကို ငါတို့လုပ်သလို သူတို့လုပ်တာလည်းဖြစ်နိုင်တယ် သတိ

ထားရလိမ့်မယ်"

ကျူးချန်၏စကားကို အကုန်လုံးကလက်ခံကြ

သည်။ တခြားဂိုဏ်း၂ခုသည်လည်း ချူမိသားစု

၏ အပြောင်းအလဲကိုသတိထားမိသော်လည်း

ကျိုးယန်ကြောင့်ဟု သူတို့လိုအတိအကျတော့

မသိထားနိုင်ပေ။ သူတို့တောင် ဝမ်မိသားစုမှ

အကူညီလာတောင်း၍ သိရခြင်းဖြစ်သည်။ ယခု

တော့ ဝမ်မိသားစုပျက်စီးသွားလေပြီ။ ထိုအချက်

အလက်များကို တခြားဂိုဏ်းကြီးများရထားမည်

ဟု ကျူးလန်မထင်ပေ။

အချိန်က ဆယ်ရက်တာကုန်ဆုံးသွားခဲ့လေပြီ။

ကျောက်သားအဆောက်အုံထဲတွင် ရှိနေသည့်

ကျိုးယန်တယောက် သတိရလာတော့ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှမရှိ

တော့ပေ။

"စနစ် ငါဘာဖြစ်သွားတာလဲ သိလား"

ကျိုးယန်ကစနစ်ကိုမေးသည်။

"စနစ်ရှင်က သတိလစ်သွားတာလေ ဆယ်ရက်

တောင်ကြာတယ် ဒါပေမယ့် စနစ်ရှင်ကံကောင်း

ပါတယ် ကိုယ့်ကိုကိုယ်ဘာတွေပြောင်းလဲသွား

လဲဆိုတာ စစ်ကြည့်ပါဦး"

စနစ်၏စကားကြောင့် ကျိုးယန်အလျင်အမြန်

ဖြင့် သူ့ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။ ခန္ဓာ

ကိုယ်က ပို၍မာကြောလာကာ ခွန်အားသည်လည်း ယခင်ကထက်ပိုလာသည်ဟုထင်ရသည်။

ထို့အပြင် သူ့ရဲ့ အမြင်နှင့်အာရုံခံစားမှုများက

နောက်တဆင့် ရောက်သွားလေပြီ။ ဒါက......။

သူ့ရဲ့ ဒန်တျန်ထဲတွင် မီးတောက်တခုရှိနေကာ

ကိုယ်တွင်း၌လည်း စိတ်ဝိဉာဥ်ကိုယ်ပွားငယ်

လေးတခု ပေါ်လာနေသည်။ အရွယ်အစားကတော့ ကလေးလက်သီးစုပ်အရွယ်သာရှိသော်

လည်း အားကောင်းသည့် အရှိန်အဝါတခုကို ကျိုး

ယန်ခံစားနေရသည်။

"ငါ ပကတိရှင်သန်ခြင်းအဆင့်ကိုရောက်သွား

တာလား နောက်ပြီး စိတ်ဝိဉာဥ်ကိုယ်ပွားတခု

ပြီးတော့ ငါ့ခန္ဓာကိုယ်"

"ဟုတ်တယ် စနစ်ရှင်က ဗာဂျာရာကျင့်စဥ်ရဲ့ပထမအပိုင်းက အဆင့်၃ခုလုံး အောင်မြင်သွားပြီ

နောက်ပြီး စိတ်ဝိဉာဥ်ကိုယ်ပွားတခု တည်ဆောက်

ထားနိုင်ပြီဆိုတော့ ဒီကမ္ဘာရဲ့ ကျင့်ကြံမှုအရ

စိတ်ဝိဉာဥ်အထွဋ်အထိပ်ကိုရောက်နေပြီဆိုတဲ့

သဘောပဲ"

ကျိုးယန် ဝမ်းသာအားရ အော်ရယ်လိုက်သည်။

ဒီတခါ စနစ်၏ အကူညီမပါပဲ အဆင့်တက်ခဲ့နိုင်

ပြီမဟုတ်လား။ ထိုအရာက တဖက်လောကတွင်

ပကတိရှင်သန်ခြင်း အဆင့် ၁ ဖြစ်ကာ ကမ္ဘာမြေ

မှာတော့ မူလပညာရှင်အဆင့်နှင့်တူညီသော်

လည်း စိတ်ဝိဉာဥ်ကိုယ်ပွားနှင့် နှိုင်းစာလျှင်

စိတ်ဝိဉာဥ်အဆင့် အထွဋ်အထိပ်တွင်သာရှိနေပေ

မည်။

"ကိစ္စမရှိဘူး ငါ့ခန္ဓာကိုယ်ခွန်အားတခုတည်းနဲ့

မူလပညာရှင်အစောပိုင်းအဆင့်တွေကို ရင်ဆိုင်

နိုင်တယ် စိတ်ဝိဉာဥ်ကျင့်စဥ်ကလည်း ပထမ

အဆင့်ကိုကျော်ပြီး ဒုတိယအဆင့်ကိုခြေတလှမ်း

ရောက်နေတယ် ကျေနပ်စရာရလာဒ်တခုပဲ"

သူ့အနေဖြင့်ဆယ်ရက်ကျော် သတိလစ်ကာ

အချိန်ကုန်ထားသောကြောင့် တခြားနေရာများသို့

အလျင်အမြန်ထွက်ခွာရန်လိုအပ်နေပေသည်။

"တော်သေးတယ် ဒီထက်ပိုကြာအောင်သတိမလစ်သွားလို့ မဟုတ်ရင် ဒီနယ်မြေထဲမှာ ငါပိတ်မိ

သွားနိုင်တယ်"

ထိုကျောက်သားအဆောက်အုံများရှိသည့်

နေရာမှ အလျင်အမြန်ထွက်လာကာ တခြားနေရာ

တခုဆီ ဦးတည်လိုက်သည်။ သူ့အနေဖြင့် ဒီနယ်

မြေအကြောင်း လုံးဝမသိထားပေ။ ထိုအရာတွက်

ကျိုးယန် ခေါင်းကိုက်ရသော်လည်း မိသားစုဝင်

ကြီးများမှ တခြားလူငယ်များကိုတွေ့ပါက အကူ

ညီ​တေင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့နှင့် နောက်ထပ်ရက်အနည်းငယ်အချို့

ထပ်မံကုန်ဆုံးသွားကာ ရက်သတ္တပတ် ၂ပတ်

တိတိအကြာမှာတော့ ကျိုးယန်တယောက် မိသား

စုကြီးများမှ ပါရမီရှင်အချို့နှင့် ဆုံတွေ့တော့

သည်။ ထိုမတိုင်မီရက်များတွင် အဆင့်နိမ့်ဆေး

ပင်အချို့သာရ ရှိကာ တခြားအဖိုးတန်ရတနာများ မရတော့ပေ။

ကျိုးယန်တွေ့ဆုံသည်က ရီမိသားစုမှ ရီဖန်နှင့်

တခြားလူငယ်ဖြစ်ကာ ထိုနေရာတွင် ဖန်းယွင်တို့

ဖန်းမိသားစုတစုလည်း ရှိနေကြသည်။

"ဟိုမှာ ကျိုးယန်မဟုတ်လား"

လူအုပ်ထဲမှ လူငယ်တဦးက ကျိုးယန်ရှိရာညွှန်

ပြ၍ ပြောလိုက်သည်။ အကုန်လုံး၏အကြည့်က

ကျိုးယန်ဆီရောက်လာသော်လည်း သူ့ကိုအန္တရာ

ယ် ပေးမည့်ပုံစံမပြကြပေ။ ထို့ကြောင့် ကျိုးယန်

လည်း စိတ်ချသွားကာအနားသို့သွား၍နှုတ်ဆက်

လိုက်သည်။

"ညီအကိုတို့ ဒီနယ်မြေနဲ့ပက်သက်ပြီးမေးလို့ရနိုင်မလား"

ကျိုးယန်ရဲ့စကားကို ရီဖန်ကခေါင်းညိတ်ပြ

ကာ ပြန်ဖြေသည်။

"ရပါတယ် ညီနောင်ကျိုးက ဘာသိချင်လို့လဲ"

"ကျုပ်က ဒီနယ်မြေအကြောင်းမသိထားတော့

ခုထိ တန်ဖိုးကြီးရတနာတွေရှာဖွေရာမှာ အခက်ခဲ

ရှိနေတယ် ဒါကြောင့် ဒီနယ်မြေရဲ့ ဘယ်လိုနေရာ

မှာ ဘာတွေရှိတတ်လဲဆိုတာကို အကြမ်းဖျဥ်း

သိချင်ရုံပါ"

ကျိုးယန်၏ စကားကိုကြားလျှင် ရီမိသားစု

အကြီးအကဲတဦးက ဝင်ပြောလာသည်။

"ဒီနယ်မြေကို ကျုပ်တို့ တကြိမ်ဝင်ခဲ့တုန်းက

နယ်မြေကြီးတခုလုံးကို အပိုင်း၅ပိုင်းခွဲထားတယ်

ပထမ အပိုင်းက ကျောက်သားအဆောက်အုံရှိ

တဲ့ရွာဟောင်းတခု ဒုတိယက ချောက်နက်ဒေသ

တတိယက ဆေးပင်စိုက်ခင်း စတုတ္ထကရေတံခွန်

ရှိတဲ့ သေမင်းလှိုဏ်ဂူနဲ့ နောက်ဆုံးမူလနယ်မြေရဲ့

အဓိက နေရာဖြစ်တဲ့ စံအိမ်ဟောင်းပဲ အခုမောင်

ရင်က ဘယ်နေရာတွေရောက်ပြီးပြီလဲ"

ထိုအကြီးအကဲ၏စကားကိုကြားလျှင် ကျိုးယန် ကြောင်အသွားသည်။ နေရာကြီး၅ခု​တောင်

ရှိသည်တဲ့လား။ သူကတော့ ကျောက်သားအဆောက်အုံတနေရာတွင်ပင် ဆယ်ရက်ကျော်

အချိန်ကုန်သွားရသည့်အတွက် တခြားနေရာများ

မရောက်လိုက်ပေ။ လည်ဆွဲ၏ နောက်ဆက်တွဲ

အသက်သွင်းမည့်ကိစ္စက မည်သည့်နေရာတွင်

လုပ်ရမည်နည်း။ ကျိုးယန်ခေါင်းကိုက်သွားသည်။

"ကျုပ် ကျောက်သားအဆောက်အုံနေရာတခုပဲ

ရောက်လိုက်တယ် ကျန်တဲ့နေရာတွေကိုမသိတော့

ရှာလို့လည်းမတွေ့ခဲ့ဘူးလေ"

ကျိုးယန်၏စကားကိုကြားသော် ဖန်းယွင်က

"အဲ့ကျောက်သားအဆောက်အုံနေရာမှာ ဘာမှမရှိ

တော့ဘူးလေ အရင်အခေါက်တွေဝင်တုန်းက

ယူသွားကြပြီ ခဗျားကံအတော်ဆိုးတာပဲ"

"ဟုတ်တယ် အခုတခြားနေရာတွေကိုရှာဖို့ ခဗျား

မှာအချိန်မရှိတော့ဘူး နောက်ဆုံးအဓိကနေရာဖြစ်တဲ့ စံအိမ်ဟောင်းကိုသွားတာက အကျိုးရှိ

လိမ့်မယ် အဲ့ဒီမှာစစ်ဆေးမှုအချို့လုပ်ပြီး အောင်

မြင်ရင် ကျင့်စဥ်အချို့ ရနိင်တာပေါ့"

ဖန်းယွင်၏စကားကို အခြားဖန်းမိသားစုဝင်

တဦးကလည်း ဝင်ပြောသည်။

ငါ့အတွက်တာဝန်က စံအိမ်ဟောင်းမှာရှိပါ့မလား။

ဒီအကြီးအကဲတွေထဲမှာ တချို့ကဝင်ဖူးတယ်ဆို

တော့ ချူလင်းယွင်တို့မိဘနဲ့ ပက်သက်ပြီးမေးလို့

ရနိုင်တယ် လည်ဆွဲအတွက်တာဝန်ကိုတော့ ခုချိန်

တခြားနေရာတွေမှာ သွားစမ်းတာထက် အဓိက

စံအိမ်ဟောင်းဆီမှာဖြစ်ဖို့များတယ်။ ဒါပေမယ့်

ငါသေချာအောင် တခြားနေရာတချို့ သွားဖို့လို

တယ်။

ကျိုးယန်က အချိန်တော်ကြာစဥ်းစား၍ ထို

လူများထဲမှ မြေပုံတခုတောင်းယူကာထွက်လာခဲ့

သည်။ ကျိုးယန်၏ကျင့်ကြံမှုက ပကတိရှင်သန်

ခြင်းအဆင့်ဆိုသော်လည်း စိတ်ဝိဉာဥ်ကိုယ်ပွား

ကြောင့် ဒီဘက်လောက ကျင့်ကြံမှုစံနှုန်းအရ

စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်၌ရပ်သွားသည်က သူ့အတွက်ကံကောင်းပေသည်။ မဟုတ်လျှင်

နယ်မြေထဲမှ သူအထုတ်ခံရပေလိမ့်မည်။

ကျင့်ကြံမှုတိုးလာခြင်းကြောင့် လေပေါ်မပျံ

နိုင်သော်လည်း အရှိန်ကတော့ပိုမြန်လာကာ သူ့

လက်ထဲတွင်လည်း အသေးစိတ်ကျသည့်မြေပုံ

တခုရှိနေ၍ တနေရာမှတနေရာကို အမြန်ပင်

သွားလာနိုင်လေသည်။

အချိန်က ရက်နှစ်ဆယ်တိတိ ရှိနေလေပြီ။

မြေပုံရှိအဓိကနေရာများကို ကျိုးယန်သွားခဲ့သော်

လည်းမထူးခြားပေ။ သူမူလကတွက်ဆထားတဲ့အတိုင်း စံအိမ်ဟောင်းနေရာကိုသာ မျှော်လင့်ရ

တော့မည်ဖြစ်သည်။

All Chapters