စံအိမ်ရှေ့တွင် ရင်ဆိုင်ခြင်း
Vol. 4 Ch. 54
ကျိုးယန်တယောက် စံအိမ်ဟောင်းရှိရာနေရာ
သို့အလောတလျင်သွားရတော့သည်။ ထိုနေရာတ
ခုသာ ကျန်ရှိ၍ဖြစ်သည်။ စံအိမ်ဟောင်းနေရာ
သည် မူလနယ်မြေ၏ အတွင်းတနေရာတွင်ရှိကာ
ကြီးမားသည့်ကွင်းပြင်ကြီးတခုပေါ်တွင် အိမ်တော်ကြီးတခုတည်ဆောက်ထားခြင်းဖြစ်သည်။
အိမ်တော်၏ပုံစံက အိုဟောင်းနေသည်ဟုထင်ရ
သော်လည်း အရှိန်အဝါတခုဖြာထွက်နေကာ အနားကပ်ရန်တားဆီးထားသလိုဖြစ်နေသည်။
ကျိုးယန်တယောက်ထိုနေရာကို ရောက်ရှိချိန်
တွင် တံခွန်ဂိုဏ်းမှ သခင်လေးနှစ်ဦးနှင့်အကြီးကဲ
များလည်း ရောက်နေကြသည်။ တခြားမိသားစု
ဝင်ပါရမီရှင်များနှင့် သူတို့ရဲ့ကာကွယ်သူအကြီး
အကဲများလည်းရောက်နှင့်ကြကာ ထိုနှစ်စုကအတူတကွ ရှိမနေကြပေ။
ကျိုးယန်တယောက်ကြီးမားသည့် အိမ်တော်
ကြီးကို ကြည့်နေသည်။ အိမ်တော်၏ပုံစံသည်
အဆန်းတကြယ်ဖြစ်နေကာ သူ့အတွက် တာဝန်
နှင့်ဆက်စပ်၍မရပေ။ ကမ္ဘာကူးရတနာက ကြား
ခံနယ်မြေတခုလား။
"ဟိုကောင် ရောက်လာပြီ ကျုပ်တို့ဘာလုပ်ကြမလဲ"
ကျူးချန်က သူ့အစ်ကိုကိုခပ်တိုးတိုးမေးသည်။
စံအိမ်က မဖွင့်သေးသောကြောင့် ပြင်ပတွင်ရပ်
ကာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
"ခနစောင့်ဦး တခြားလူတွေရှိနေသေးတယ်"
ကျိုးယန်ကစံအိမ်ထဲမဝင်ခင် တံခွန်ဂိုဏ်းမှ
လူများကို ဖြေရှင်းမည်ဟုတွေးထားသည်။သို့သော်လည်း တခြားဂိုဏ်း၂ခု ပါဝင်လာမည်ကို
သတိထားသည့်အတွက် အခြေနေကြည့်နေရသည်။ နာရီအနည်းငယ်အကြာတွင် အိအ်တော်၏
တံခါးမကြီးက ပွင့်လာသည်။
"တံခါးပွင့်ပြီ ဝင်ကြစို့"
မိသားစုများနှင့် အခြားဂိုဏ်း၂ခု မှလူများဝင်
ရောက်သွားကြစဥ် ကျိုးယန်နှင့် တံခွန်ဂိုဏ်းမှလူ
များကတော့ နောက်ချနေရစ်ကြသည်။ သူတို့တွင်
အကြံကိုယ်စီရှိကြသည်မဟုတ်လား။
"သခင်လေးတို့ တံခါးက နာကီဝက်ပဲ ပွင့်လိမ့်မယ်
သူ့ကို အမြန်ကိုင်တွယ်ကြတာပေါ့"
"ကောင်းပြီ"
ကျူးလန်က ကျိုးယန်ဆီလျှောက်လာကာ
ရန်စကားပြောလာသည်။
"ကောင်လေး မင်းကချူမိသားစုနဲ့ဘယ်လိုပက်
သက်လို့ ဝင်ခွင့်ရတာလဲတော့ ငါမသိဘူး ဒါပေမဲ့
မင်းကြောင့် ဝမ်မိသားစုပျက်စီးသွားပြီ အာ့ကို
မင်းဘယ်လိုဖြေရှင်းပေးမှာလဲ"
ဟာသပဲ။ သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ
ငါ့ကိုလာပြောနေတယ်။ ကျိုးယန် မျက်နှာမဲ့ကာ
မထေ့မဲ့မြင် ပြန်ဖြေသည်။
"အဲ့ဒါ မင်းတို့တံခွန်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ ပွင့်ပွင့်
လင်းလင်း ယောက်ကျားစကားပဲပြောစမ်းပါ ငါ့
ဆီက ရတနာအကြောင်းသိထားလို့ မင်းတို့လိုချင်
နေတာမဟုတ်လား"
"ဟားးးးဟားး မင်းသိနေပြီပဲ အချိန်ကုန်သက်သာ
တာပေါ့ ဒီတံခါးကနာရီဝက်ပဲ ပွင့်မှာ မင်းကိုဖြေရှင်းဖို့ကတော့ လုံလောက်ပါတယ် ကဲ"
ကျူးလန်က စတင်၍တိုက်ခိုက်လာသည်။
ကျိုးယန်သာ မူလနယ်မြေထဲသေဆုံးသွားလျှင်
ပြန်မထွက်လာနိုင်ဟု သတင်းထုတ်လိုက်ပါက
မည်သူမှ တံခွန်ဂိုဏ်းကိုသံသယရှိတော့မည်
မဟုတ်ပေ။
ငချွတ်လေးတွေ...လာခဲ့စမ်း။ ကျိုးယန်က
ဓားကိုပင် မထုတ်တော့ပဲ ကျုးလန်ရှိရာ လက်သီး
တချက်အသာအယာ ထိုးလိုက်သည်။
ဝုန်း..
လက်သီးချက်က ကျုးလန်၏ဓားချက်ကို ဖြိုခွဲ
သွားကာ ကျူးလန်ရဲ့ရင်ဘတ်ကိုဆက်၍ထိမှန်
ကာလွင့်စင်သွားစေသည်။
"မင်းလိုကောင်ကိုရှင်းဖို့ ငါ့အတွက်ဓားတောင်မလိုဘူး"
ကျူးလန် လွင့်စင်သွားသည်ကိုမြင်လျှင် အကြီးအကဲ နှစ်ဦးကဝင်ရောက်တိုက်ခိုက်လာကြ
တော့သည်။
"ကောင်လေး မင်းကသခင်လေးကိုနာကျင်အောင်
လုပ်လိုက်တာပဲ သေလိုက်တော့"
လက်သီးချက်များက အရှိန်ဟုန်ပြင်းစွာဝင်
လာသည်ကို ကျိုးယန်ကမရှောင်ပဲ သူ့ခန္ဓာကိုယ်
မာကြောမှုကိုစမ်းသပ်ရန် ခန္ဓာကိုယ်ဖြင့်တိုက်ရိုက်ပင် အထိခံလိုက်သည်။
ဝုန်း..........
လက်သီးချက်နှစ်ခုက ကျိုးယန်ကိုထိမှန်သော်
လည်း ကျိုးယန်ကတော့ လွင့်စင်မသွားပေ။နေရာ
တွင်သာမတ်မတ်ရပ်နေသည်။ အကြီးအကဲနှစ်ဦး
ကြောင်အသွားကြသည်။
"ဒီကောင်က ခန္ဓာကိုယ်ကျင့်ကြံသူပဲ အစွမ်းကုန်
ထုတ်မှရမယ်"
ခပ်လှမ်းလှမ်းတနေရာတွင်တော့ ကျူးခန်တ
ယောက်ပုန်းကွယ်က တိုက်ပွဲ၏ အခြေနေကို
စောင့်ကြည့်လျက် အခြေနေမဟန်ပါက ပြေးရန်
စဥ်းစားနေပုံရသည်။ လွင့်စင်သွားသည့် ကျူးလန်ကတော့ သွေးများဆက်တိုက်အန်ထွက်ကာ
မြေပြင်ပေါ်တွင်လဲလျောင်းလျက်ရှိနေသည်။
တည်ဆောက်ရေးအထွဋ်အထိပ်က စိတ်ဝိဉာဥ်
အထွဋ်အထိပ်၏လက်သီးချက်ကို မည်သို့ကာ
ကွယ်နိုင်မည်နည်း။ မသေသွားသော်လည်း
သေလူပင်ဖြစ်နေလေပြီ။ ကျူးချန်က ကျိုးယန်
တယောက်သူ့ကိုသတိထားမိသွားမှာစိုးသဖြင့်
သူ့အစ်ကိုဆီတောင်မသွားဝံ့ပေ။
ခွန်အားအကုန်သုံးထားသည့် အကြီးအကဲနှစ်
ဦး၏လက်သီးချက်များကို ပြန်၍ရင်ဆိုင်ကာ
ထိုးလိုက်သည်။
ဖြောင်း...ဂျွတ်
အရိုးကျိုးသံများနဲ့အတူ နာကျင်စွာအော်ညည်းသံများလည်း ထွက်ပေါ်လာသည်။ ကျိုးယန်၏ ခွန်အားကို သူတို့အတွက်မှားသွားလေပြီ။
အကြီးအကဲနှစ်ဦးစလုံး လွင့်ထွက်သွားကာ ပြန်မထလာနိုင်ကြတော့ပေ။
ကျိုးယန်က မြေပေါ်လဲကျနေသည့် လူ၃ဦးကို
ခနလျစ်လျူရှူကာ ကျူးချန်ရှိရာနေရာကိုကြည့်
လိုက်ချိန်တော့ ကျူးချန်ကမရှိတော့ပေ။
"ဘယ်ချိန်တည်းကထွက်ပြေးသွားတာလဲ ကိစ္စမရှိ
ဘူး ဒီနယ်မြေကထွက်တာနဲ့ဘမင်းတို့ဂိုဏ်းဆီ
ငါအလည်လာမယ်"
ကျိုးယန်တယောက် တီးတိုးပြောဆိုကာ
လဲကျနေသည့် အကြီးအကဲနှစ်ဦးထံသွားလိုက်သည်။
"ခဗျားတို့မသေချင်ရင် ကျုပ်မေးတာကိုဖြေ"
အကြီးအကဲနှစ်ဦးက ကျိုးယန်ကိုခက်ထန်စွာ
ကြည့်ကာ
"မင်းသတ်ချင်သတ်လိုက်ကောင်လေး ငါတို့ဆီက
ဘာမှသိရမှာမဟုတ်ဘူး အေး မင်းလည်းဒီနယ်မြေထဲကထွက်တာနဲ့ မင်းကောချူမိသားစု
တခုလုံးကို တံခွန်ဂိုဏ်းက ရှင်းပစ်လိမ့်မယ်"
အကြီးကဲတဦး၏ ခြိမ်းခြောက်စကားကိုကြား
လျှင် ကျိုးယန်ကရယ်၍
"ဟာဟ သေခါနီးလူက လာခြိမ်းခြောက်နေတယ်
အခု ကျုပ်နဲ့ချူမိသားစု စိုးရိမ်မဲ့အစား ခဗျားတို့နဲ့
ဟိုဘက်က သခင်လေးရဲ့အသက်ကိုစိုးရိမ်သင့်
တာမဟုတ်လား"
ကျိုးယန်၏စကားကြောင့် အကြီးအကဲနှစ်ဦး
မျက်နှာပျက်သွားသည်။ ယခုချိန်တွင် သူတို့သာ
အရင်ဆုံးသေကြရမည်ဖြစ်ကာ ကျိုးယန်၏လက်
ရှိခွန်အားအရ သူတို့၏ မဟာအကြီးအကဲများ
ထွက်ပေါ်လာမှသာ ကိုင်တွယ်နိုင်ပေမည်။
ကျိုးယန်က လည်ဆွဲကိုထုတ်၍ အကြီးအကဲနှစ်
ဦးရှေ့ ဝေ့ယမ်းပြလိုက်သည်။ လည်ဆွဲကိုတွေ့လျှင် အကြီးအကဲများ၏မျက်နှာပျက်သွားကာ
အထိတ်တလန့်ပုံစံများဖြစ်လာသည်။ ကျိုးယန်က သူတို့ရဲ့အမူအရာအပြောင်းလဲကို သတိထားမိ
၍
"သေချာပြီ ခဗျားတို့တခုခုသိထားတယ် ဒီလည်
ဆွဲကိုရဖို့ ခဗျားတို့လူတယောက်ဆီကလုခဲ့ကြတာ မဟုတ်လား"
"မဟုတ်ဘူး...ငါတို့ဘာမှမသိဘူး..ဘာလည်ဆွဲလဲ
ဘာလူတယောက်ဆီကလုတာလဲ"
"ခဗျားဖုံးကွယ်တာ မပီရိဘူး အဖိုးကြီး မသေချင်
ရင် အမှန်တိုင်းဖြေလိုက် ဒီလည်ဆွဲပိုင်ရှင်အခု
ဘယ်မှာလဲ"
ကျိုးယန်၏ မေးခွန်းကိုကြားလျှင် သွေးအန်ကာ လဲလျောင်းနေရသည့် ကျူးလန်ကအားတင်း
၍
"အကြီးအကဲတို့ သူသိချင်တာဘာတခုမှပေးမသိ
လိုက်နဲ့ ခဗျားတို့ပြောပြလို့မရဘူး"
ကျိုးယန်တယောက် ဒေါသထွက်သွားသည်။
ထိုကောင်သည် သေမိန့်လာတောင်းဆိုနေသည်
မဟုတ်လား။
"နားညီးတယ်ကွာ"
ကျူးလန်ရှိရာ လက်သီးချက်တခုပစ်လွှတ်၍
အဆိုပါစကားများသည့်သကောင့်သားကို အဆုံး
သတ်လိုက်သည်။
"သခင်လေး"
"မင်း သခင်လေးကိုသတ်လိုက်တယ်ဟုတ်လား
ငါတို့ရဲ့ မဟာအကြီးကဲက မင်းကိုအလွတ်ပေးမှာ
မဝုတ်ဘူး မင်းသေရတော့မယ်"
"မဟာအကြီးအကဲ ဟုတ်လား ကျုပ်ဂရုမစိုက်ဘူး
အခု ကျုပ်မေးထားတာကိုမဖြေရင် ခဗျားတို့
တကယ်သေရမယ်"
အကြီးအကဲနှစ်ဦးလည်း ကျိုးယန်၏ခြိမ်း
ခြောက်မှုကြောင့် အနည်းငယ်တွေဝေသွားသည်။
ကျိုးယန်ပုံစံက အမှန်တကယ်သတ်ပစ်မည်ဟန်
ရှိကာ လူတိုင်းက ကိုယ့်အသက်ကိုကိုယ်နှမြော
တတ်ကြသည်မဟုတ်လား။
"ငါ ငါတို့ပြောပြရင် မင်းလွှတ်ပေးမှာလား"
"ကျုပ်စဥ်းစားဦးမယ် မပြောပြရင်တော့..."
ကျိုးယန်က ဓားကိုထုတ်လိုက်သည်။ သူ့လက်
သွေးပေမခံချင်တော့သည့် ပုံစံဖြစ်သည်။
"ဟုတ်တယ် လည်ဆွဲကို ငါတို့မင်းအလုပ်ရှင်ဖြစ်
တဲ့အိုးရန်ရွှမ်းရွှမ်းရဲ့ အဖေဆီကလုထားတာ အဲ့
လူကို မဟာအကြီးအကဲကသတ်လိုက်ပြီ"
ကျိုးယန်ထင်ထားသည့်အတိုင်းဖြစ်လာချေပြီ။ ရတနာကိုလုကာ သတ်ဖြတ်ခြင်း။ ထိုအရာက
ဂိုဏ်းကြီးများက သူတို့၏မျက်နှာဖုံးအောက်တွင်
ပြုလုပ်လေ့ရှိသည့်အရာပင်ဖြစ်သည်။
"ကောင်းပြီ အဲ့ဒီကိစ္စမှာ ခဗျားတို့တံခွန်ဂိုဏ်းတခု
ထဲကလုပ်တာလား ဘယ်သူတွေပါသေးလဲ"
ကျိုးယန်၏အမေးကို အကြီးအကဲတဦးမှ
"တံခွန်ဂိုဏ်းတခုတည်းကလုပ်တယ်ဆိုပေမယ့်
အဲ့လူကိုဖမ်းတာကော သတ်တာကော ငါတို့လုပ်
တာမဟုတ်ရပါဘူး မဟာအကြီးအကဲလက်သပ်မွေးထားတဲ့ လုပ်ကြံသူတွေကလုပ်တာ
ငါတို့နဲ့မဆိုင်ဘူး အခုမင်းသိချင်တာသိရပြီးဆိုတော့လွှတ်ပေးပါတော့ကွာ"
အကြီးအကဲ၏တောင်းပန်မှုကိုလျစ်လျူရှူ၍
ကျိုးယန်က ပြောလိုက်သည်။
"ခဗျားတို့ရဲ့ ဒုတိယသခင်လေးက ခဗျားတို့ကို
ထားပြီး ထွက်ပြေးသွားပြီ ကျုပ်ကနောက်ထပ်
လူတွေကို ထပ်မလွှတ်နိုင်တော့ဘူး"
အကြီးအကဲနှစ်ဦး ကျိုးယန်ရဲ့စကားကိုကြားလျှင် ထိတ်လန့်သွားကြကာ
"မင်း...မင်းလူလိမ် မင်းကတိပေးထားတယ်မဟုတ်လား"
"ကျုပ် ခဗျားတို့ကိုဘာကတိမှမပေးထားဘူး"
ကျိုးယန်က လက်ထဲမှဓားဖြင့် အသာခုတ်ပိုင်း
လိုက်သည်။ ကျိုးယန်၏ အင်အားအပြည့်လက်သီးချက်ကို ထိထားကြသူများဖြစ်သည့်အ
တွက် အကြီးအကဲနှစ်ဦးသည် ဒဏ်ရာပြင်းထန်
စွာရထားသောကြောင့် ဓားချက်ကိုမရှောင်နိုင်ကြ
တော့ပေ။
ဝှစ်...ဝှစ်
ဦးခေါင်းပြတ်နှစ်ခု ပြုတ်ကျသွားသည်။
ဟူးးး...။ အဖြစ်မှန်တော့သိရပြီ။ အစ်မရွှမ်းရွှမ်းကို ဘယ်လိုပြန်ပြောပြရမလဲ။ ကျိုးယန်တယောက် သက်ပြင်းချကာ ထိုနေရာမှ ထွက်ကာ
အိမ်တော်ထဲသို့ဝင်သွားတော့သည်။
တိုက်ပွဲအစအဆုံးကြာချိန်သည် မိနစ်နှစ်ဆယ်
ခန့်သာကြာသောကြောင့် ကျိုးယန်အနေဖြင့်
အိမ်တော်ထဲဝင်၍ အမွေအနှစ်ကို ကံစမ်းလို့ရ
ပေသေးသည်။ ကျူးချန်ကိုလား။ မူလနယ်မြေမှ
တလမပြည့်မချင်း ထွက်ခွာ၍ရမည်မဟုတ်သော
ကြောင့် ထိုကောင်သည် ဒီနယ်မြေတွင်သာပုန်းခို
ကာ တလတိတိပြည့်ချိန်မှသာ တံခါးဝတွင်ထွက်
ပေါ်လာမည်ကို ကျိုးယန်ခန့်မှန်းပြီးသားဖြစ်သည်
ဟမ့် မင်းပေါ်လာတဲ့နေရာက မင်းရဲ့မြေပုံပဲ။