အမွေအနှစ်စမ်းသပ်ချက်
Vol. 4 Ch. 55
အိမ်တော်ထဲသို့ ဝင်ရောက်သွားချိန်တွင် ကြီး
မားသည့် ခန်းမကျယ်တခုဆီသို့ရောက်သွားသည်
ထိုခန်းမက အကျယ်မီတာ ၁၀၀ ပတ်လည်နီးပါး
ရှိကာ ခန်းမကျယ်တခုလုံးတွင် မည်သူမှရှိမနေ
ကြပေ။
"လူတွေ ဘယ်ရောက်ကုန်တာလဲ"
ကျိုးယန်လည်း ခန်းမ၏ အဆုံးတွင်ရှိနေသည့်
စင်မြင့်တခုရှိရာ သွားလိုက်သည်။ ထိုစင်မြင့်ပေါ်
တွင် ပုလ္လင်တခုရှိကာ အရိုးစုတစုက ထိုင်လျက်
အနေထားဖြင့်ရှိနေသည်။
ဒီလူက ဘယ်သူလဲ။ ဒီနယ်မြေရဲ့ပိုင်ရှင်လား
ငါ့ထက်အရင်ဝင်သွားတဲ့သူတွေကကော ဘယ်
ရောက်သွားကြတာလဲ။ ကျိုးယန်တယောက်
အတွေးများနေစဥ် သူ့နားထဲ အသံတခုဝင်လာ
သည်။
"မူလအိမ်တော်က ကြိုဆိုပါတယ်ကောင်လေး
စမ်းသပ်မှုကို ခံယူချင်ရင် စင်မြင့်ပေါ်တက်လိုက်
ပါ မင်းရဲ့အစွမ်းအစကိုမူတည်ပြီး စမ်းသပ်ချက်
ရလာဒ်အတိုင်း ရတနာတွေဆုချီးမြင့်မယ်"
ကျိုးယန်ငြိမ်သက်သွားသည်။ စမ်းသပ်မှုက
ဘယ်လိုပုံစံဖြစ်မလဲ။ စင်မြင့်ကကော အန္တရာယ်ရှိနေနိုင်လား။
ကျိုးယန်အတန်ကြာတွေးနေစဥ် အရိုးစုထံမှ
စကားသံထွက်ပေါ်လာပြန်သည်။
"ကောင်လေး ဒီစင်မြင့်က မင်းအတွက်ဘာအန္တ
ရာယ်မှမရှိဘူး စမ်းသပ်ကွင်းကိုပို့ပေးမယ့် နေရာ
တခုပဲ"
ဟမ်...။ငါတွေးနေတာကိုသူကမြင်နိုင်တာလား။ ကြောက်ဖို့ကောင်းလိုက်တာ။
"ကောင်းပြီ"
ကျိုးယန်တယောက်စိတ်ဒုံးဒုံးချကာ စင်မြင့်
ပေါ်တက်လိုက်သည်။ ကျိုးယန်စင်မြင့်ပေါ်
ရောက်သည့်နှင့် သူ့ခန္ဓာကိုယ်တခုလုံးကိုအလင်း
ရောင်တခုကဖုံးအုပ်သွားကာ ကျိုးယန်နှင့်အတူ
စင်မြင့်မှ ပျောက်ကွယ်သွားသည်။
တယ်လီပို့လုပ်တာလား။ ကျိုးယန်သိထားသ
လောက် မူလပညာရှင်အဆင့်ကိုရောက်လျှင်
ကီလိုမီတာအနည်းငယ်ကို လေဟာနယ်ဖြတ်သန်း
၍ တယ်လီပို့လုပ်နိုင်လေသည်။
အလင်းရောင်စက်ဝိုင်းကြီးတခုနှင့်အတူ
ကျိုးယန်တယောက် အခန်းကျယ်တခုဆီရောက်
ရှိသွားသည်။ ထိုအခန်းကျယ်က ပေတရာခန့်
ကျယ်၍ တံခါးပေါက် ၅ခု ရှိနေသည်။ တံခါး
ပေါက်၅ခုပေါ်တွင် နံပါတ်များရေးထိုးထားကာ
ထိုအရာများက စမ်းသပ်မှုလမ်းကြောင်းကိုပြ
သည့် နံပါတ်များ ဖြစ်နိုင်ပေသည်။
"ကြိုဆိုပါတယ် လူငယ်လေး ငါက စံအိမ်ရဲ့
အိမ်တော်ထိန်းပါ အခုမင်းရှေ့မှာ ရှိနေတဲ့ တံခါး
တွေပေါ်မှာ နံပါတ်တွေကို မင်းမြင်ရလိမ့်မယ်
အဲ့ဒါတွေက စမ်းသပ်မှု အဆင့်ကိုဖော်ပြတယ်
နံပါတ် ၁က ကြယ်တပွင့်ကို ကိုယ်စားပြုပြီး
နံပါတ် ၂ ဆိုရင် ကြယ်နှစ်ပွင့်ခက်ခဲမှုပဲ
နံပါတ် ၅ကတော့ အခက်ဆုံးစမ်းသပ်မှုပေါ့ ကဲ
နားလည်ပြီးဆို မင်းအနေနဲ့ တခုရွေးချယ်ခွင့်ရှိ
တယ်"
အိမ်တော်ထိန်းဆိုသည့်လူရဲ့ စကားကိုကြား
လျှင် ကျိုးယန်တွက်ဆလိုက်သည်။ သူ့ရှေ့မှလူများက တံခါးပေါက်များထဲသို့ ဝင်ရောက်သွား
ကြသည်မှာ သေချာလေပြီ။ ဒါဆိုကာကွယ်သူတွေပါ ဝင်သွားကြတာများလား။ ကာကွယ်သူ
အပိုခေါ်ခွင့်ယူထားတဲ့ဂိုဏ်းကြီးတွေနဲ့ မိသားစု
ကြီးတွေက ရတနာကိုပိုရဖို့အခွင့်အလမ်းရှိနေ
တာပေါ့။ မတရားလိုက်တာ။
"စနစ် ငါဘယ်တံခါးကိုရွေးရမလဲ"
ကျိုးယန်တယောက် စနစ်ကိုမေးလိုက်သည်။
"ကြယ်တပွင့်စီက ကျင့်ကြံမှုအဆင့်တခုစီကို
ညွှန်ပြနေတယ်လို့ယူဆရင် စနစ်ရှင်ကလက်ရှိ
ကျင့်ကြံမှုအရ နံပါတ်၄ ကိုရွေးရလိမ့်မယ် ဒါပေမဲ့
စနစ်ရဲ့တာဝန်က လွယ်ကူမှာမဟုတ်ဘူးဆိုတော့
စနစ်ရှင်အနေနဲ့ စွန့်စားရနိုင်ချေရှိတယ် ပြောတာကို နားလည်တယ်မဟုတ်လား"
ကျိုးယန်ကစနစ်ရဲ့ ဆိုလိုရင်းကိုသဘောပေါက်ပေသည်။ စနစ်မှသူ့ကို နံပါတ်၅
တံခါးပေါက်ကိုဝင်စေချင်နေသည်။ ထိုတံခါးက
မူလပညာရှင် အဆင့်ရှိသူများဝင်ရောက်ရန်
ရွေးချယ်ကြရသည့် တံခါးဖြစ်ကာ နယ်မြေ၏ကန့်သန်ချက်ကြောင့် မူလပညာရှင်များ မပါဝင်ပဲ
ကျိုးယန်ကသာ နံပါတ်၅ကို အဆင့်ကျော်ရွေး
ချယ်ရခြင်းဖြစ်သည်။
"သေတွင်းပို့တယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ"
ကျိုးယန်တယောက်ရှုံ့မဲ့သွားသော်လည်း
ရွေးချယ်စရာတော့မရှိပေ။
"ကျတော် နံပါတ်၅ ကိုရွေးတယ်"
ကျိုးယန်၏စကားကိုကြားလျှင် ထိုအသံက
ခနတိတ်ဆိတ်သွားကာ ပြန်ပြောလာသည်။
"ကောင်လေး မင်းသေချာလား နံပါတ်၅က အခက်ခဲဆုံးနော် မင်းအထဲမှာမအောင်မြင်ရင်
တကယ်သေသွားလိမ့်မယ်"
ငါသာတာဝန်ကိုမပြီးရင် တကယ်သေမှာကွ။
ထိုအရာကတော့ ကျိုးယန်စိတ်ထဲတွင်သာ ပြန်
ပြောလိုက်ခြင်းဖြစ်သည်။
"ကိစ္စမရှိပါဘူး ကျတော်ကြိုးစားကြည့်ပါရစေ"
ကျိုးယန်၏စကားကိုကြားလျှင်အသံရှင်က
"ကောင်းပြီကောင်လေး မင်းကံကောင်းပါစေကွာ"
နံပါတ် ၅ ဟုတပ်ထားသည့် တံခါးက ပွင့်လာ
သည်။ ကျိုးယန်လည်း ဆုံးဖြတ်ထားသည့်အတိုင်း စမ်းသပ်မှုခံယူရန် ဝင်ရောက်သွားတော့
သည်။
ကျိုးယန် ပထမဆုံး တွေ့ရသည်က မြက်ခင်း
ပြင်ကြီးတခုဖြစ်ကာ နေရာတိုင်းတွင်း အုတ်ဂူများ
ကိုသာတွေ့ရသည်။
ဒါဘယ်နေရာလဲ နေရာလွတ်တခုလား။ ဒါမှ
မဟုတ်ပုံရိပ်ယောင်လား။ ကျိုးယန်တယောက်
မြက်ခင်းပြင်တွင် လျှောက်သွားကြည့်ကာ ပတ်ဝန်းကျင်ကိုစပ်စုနေစဥ် လေထုကစတင်အေး
စက်လာသည်။ ထို့နောက်တဖြေးဖြေးဖြင့် ကျိုး
ယန်၏ဘေးပတ်လည်တွင် မြူများဆိုင်းကာ
အုတ်ဂူများပျောက်ကွယ်သွားသည်။ ထို့အတူ
ကျိုးယန်၏ရှေ့ မီတာတရာခန့်တွင် လူရိပ်များ
ပေါ်လာတော့သည်။
လူတွေရှိနေတာလား။ အရင်ဝင်သွားတဲ့မိသား
စုကြီးနဲ့ဂိုဏ်းကြီး၂ဂိုဏ်းကလူတွေလား။ ဒါလည်း
မဟုတ်သေးပါဘူး သူတို့ကငါ့လိုနံပါတ်၅ တံခါးကို ဝင်မယ်တဲ့လား မဖြစ်နိုင်ဘူး။
ကျိုးယန်က ထိုလူရိပ်များကို ဂရုတစိုက်ကြည့်
နေစဥ် လူရိပ်များကပိုမိုရှင်းလင်းစွာ ထွက်ပေါ်လာကာ ကျိုးယန်၏အနားသို့ပိုမိုနီးကပ်လာ
သည်။
ဝိဉာဥ်တွေပဲ...။သေပြီးသားလူတွေပေါ့။
ကျိုးယန်အနီးသို့ကပ်လာသည့် လူရိပ်များက
ပေနှစ်တယ်ခန့်အကွာတွင်ရပ်သွားကာ ကျိုးယန်
ကို စကားပြောလာသည်။
"ဒါက စမ်းသပ်မှု အဆင့် ၃ဆင့်မှာ ပထမအဆင့်
ပဲ ကောင်လေး ငါတို့အားလုံးက ဝိဉာဥ်ခန္ဓာကိုယ်
ဖြစ်နေပေမယ့် အစောပိုင်းစိတ်ဝိဉာဥ်အဆင့်တွေ
ပဲ စုစုပေါင်း အယောက် တထောင်တိတိရှိတယ်"
စိတ်ဝိဉာဥ်အစောပိုင်းအဆင့်အယောက်၁၀၀၀
ရှီး.....ကျိုးယန်လည်း သွားကြားမှလေများထုတ်
ကာ ပင့်သက်ရှိုက်လိုက်ရသည်။ သူ့အနေဖြင့်
အစောပိုင်းစိတ်ဝိဉာဥ်အဆင့်ကို ကိုင်တွယ်နိုင်
သော်လည်း ယခုက အယောက်တထောင်တိတိ
ဖြစ်နေသည်။
"နောက်တဆင့်က ဘာလဲသိခွင့်ရှိမလား"
ထိုလူရိပ်များထဲမှ တဦးက
"မရှိဘူး ဒီအဆင့်ကိုဖြတ်နိုင်ရင် မင်းသိလိမ့်မယ်"
လူရိပ်များ၏ ပုံစံကိုသေချာမြင်တွေ့နေရသော်
လည်း ထိုလူရိပ်များကအရွယ်စုံဆိုဒ်စုံရှိကာ
ဝိဉာဥ်ကိုယ်ထည်ဖြစ်၍ ခန္ဓာကိုယ်များကဖောက်ထွင်းမြင်နိုင်ပေသည်။ ဟုတ်ပြီ အရင်ဆုံး
ဒီဝိဉာဥ်တွေကို ဖြေရှင်းရတာပေါ့။
ကျိုးယန်တယောက် ဓားကိုဆွဲထုတ်ကာ
ထိုဝိဉာဥ်များဆီ ခုတ်ပိုင်းလိုက်သည်။ ဓားချက်က တထောင်မျှသော ဝိဉာဥ်များကိုထိမှန်သော်
လည်း မည်သို့မှဖြစ်ဟန်မတူပေ။ ထက်ပိုင်းပြတ်
ဟန်ဖြစ်သွားသည်။ ခနအကြာမူလအတိုင်းပြန်
ဖြစ်သွားသည်။
ကျိုးယန်မှ ဓားချက်စထုတ်လိုက်သည်နှင့်
ထိုပုံရိပ်များကလည်း လက်နက်ကိုယ်စီထုတ်ကာ
ထိုလက်နက်များသည် တဦးနှင့်တဦးမတူကြပဲ
ဓား လှံ တင်းပုတ် တူ တုတ်ချောင်း လေးမြှား
စသည့် အရာအမျိုးမျိုးဖြစ်သည်။
သေပြီပေါ့။ ငါ့တိုက်ခိုက်မှုက ဘယ်လိုမှတောင်
မနေဘူး ချီးပဲ။
လူရိပ်များဆီမှ လက်နက်မျိုးစုံ၏ တိုက်ခိုက်မှု
အလင်းတန်းများ ကျိုးယန်ဆီရောက်လာကြရာ
ကျိုးယန်တယောက် တချို့အလင်းများကိုရှောင်
တိမ်း၍ တချို့ကို အလျင်အမြန်ကာရတော့သည်
စိတ်ဝိဉာဥ်အစောပိုင်း အဆင့်၏တိုက်ခိုက်မှုသည်
တဦးတယောက်သာဆိုပါက သာမန်မျှဖြစ်၍
ယခု အယောက် ၁၀၀၀ ဆိုတော့ ကျိုးယန်အတွက် ကာရန်ပင်မလွယ်ကူပေ။
ဝုန်းးးးးးးးးး
ထန်းးးး ချွမ် ချွမ်
လက်နက်ချင်းထိခတ်သံများ လေတိုးသံများက
ဝန်းကျင်တခုလုံးဖုံးသွားကာ ကျိုးယန်လည်း
တိုက်ခိုက်မှုအရှိန်ကြောင့် လွင့်၍ ပြုတ်ကျသွားရ
သည်။ဝေါ့.....။ လာခဲ့စမ်း။ ကျိုးယန်ဒေါသ
အနည်းငယ်ထွက်လာကာ သူ့ရဲ့ဓားဆီ ခွန်အား၏
၇၀ ရာခိုင်နှုန်းထိသုံးကာ ကြီးမားသည့်ဓားချက်
ကြီးတခုထပ်မံအသုံးပြုလိုက်ပြန်သည်။
ဝုန်းးးးးးးးးး
တဖက်ပုံရိပ်လူများက ဓားချက်ကိုမရှောင်ပေ။ ကျိုးယန်နည်းတူပင် သူတို့ကလည်း တိုက်
ခိုက်မှုကိုပြန်လည်တုံ့ပြန်ကာ တိုက်ခိုက်လာသည်။
ကျိုးယန်တယောက်နောက်တကြိမ် လွင့်စင်
ကာ ယခုတကြိမ်တွင်တော့ မိနစ်အနည်းငယ်ခန့်
မထနိုင်တော့ပေ။
"စနစ် ငါဘာလုပ်ရမလဲ ဒီတိုင်းဆိုငါမနိုင်ဘူး"
ကျိုးယန်၏အမေးကိုစနစ်မှ ပျင်းရိလေးတွဲ
ပုံစံဖြင့်...
"စနစ်ရှင်မှာ သူတို့ကို ထိခိုက်အောင်လုပ်ဖို့ဘာရှိ
လဲ စဥ်းစားလေ"
ကျိုးယန် အနည်းငယ်စဥ်းစားကြည့်သည်။
သူ့မှာဘာရှိတာလဲ..။ သူသိထားသလောက် မိုးကြိုးများက ဝိဉာဥ်များကိုတိုက်ခိုက်ရာတွင်
ထိရောက်သည်။ သို့သော်သူ့တွင် မိုးကြိုးမရှိပေ။
ကျိုးယန်တွေးနေသည်ကို သိသည့်စနစ်က
"မီးသန္ဓေသားကိုသုံးလေ သူကအစွမ်းမထက်သေးပေမယ့် သူ့သဘာဝက ကမ္ဘာကြီးကနေ
မွေးဖွားလာတဲ့ ဒြပ်စင်တခုဆိုတော့ ဒီလိုပမွှား
ဝိဉာဥ်တွေလောက်တော့ စနစ်ရှင်ကိုင်တွယ်လို့
ရပါတယ်"
ဟုတ်တယ် ငါစမ်းကြည့်ရမယ်။ ကျိုးယန်လည်း ချက်ချင်းပင် ဒန်တျန်ထဲရှိ မီးတောက်လေးကို ခေါ်ထုတ်လိုက်သည်။ မီးတောက်လေး
ကအပြင်သို့ထွက်လာရ၍ထင် ပျော်နေပုံရကာ
ကျိုးယန်၏ လက်ဖဝါးပေါ်တွင် ယိမ်းနွဲ့နေသည်။
ထိုမီးတောက်လေး ထွက်ပေါ်လာသည်နှင့်
ပတ်ဝန်းကျင်ရှိ အအေးဓာတ်များပြယ်သွားကာ
လေထုကာ စတင်ပူလောင်လာသည်။
"ဒါ ထိရောက်ရယမှုရှိနိုင်တယ်"
ကျိုးယန်ဝမ်းသာသွားကာ မီးတောက်ကိုပွား
၍ ဝိဉာဥ်ပုံရိပ်များထံ ပစ်လိုက်သည်။ မီးတောက်
များက ရာနှင့်ချီသည့် မီးတောက်အသေးလေး
များအဖြစ်ပြောင်းကာ ပုံရိပ်များဆီတိုးဝင်၍
ဓားဖြင့်တောင်ခုတ်ပိုင်းမရသည့် ပုံရိပ်များက
စတင် မှုန်ဝါးသွားကာ တချို့ဆိုလျှင်တွန့်လိမ်၍
ပျောက်ကွယ်သွားသည်။
မီးသန္ဓေသားကို မီးတောက်ငယ်များဖြစ်
အောင်လုပ်ရသည်က ချီစွမ်းအင်ကို ကုန်စေကာ
ကျိုးယန်ကို မောပန်းစေသည်။ ပြင်းထန်သည့်
မီးတောက်ငယ်များ၏ လောင်ကျွမ်းမှုအောက်
တွင် ပုံရိပ်များက မိနစ်နှစ်ဆယ်ခန့်အကြာတွင်
အကုန်အစင်ပျောက်ကွယ်သွားကြသည်။
"ဒီလိုကြတော့လည်း လွယ်သားဟ"
ကျိုးယန်၏တီးတိုးစကားကိုကြားလျှင်စနစ်မှ
"စနစ်ရှင်ရဲ့မီးတောက်ပညာက အံ့မခန်းပဲ"
ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက်
မြက်ခင်းပြင်ကမူလအတိုင်းပြန်ပေါ်လာသည်။
သို့သော်အုတ်ဂူများ ပျောက်ကွယ်သွားကာ
ပတ်ဝန်းကျင်ရှိလေထုကလည်း အေးစက်မနေ
တော့ပေ။
မြက်ခင်းပြင်၏အဆုံးတွင် တံခါးပေါက်တခု
ရှိကာ ထိုတံခါးပေါက်က နောက်ထပ်စမ်းသပ်မှုကို ဝင်ရောက်ရန်ဖြစ်နိုင်သည်။