← Chapters

ချူကျန်းရှနှင့် လန်ယိဟွား

Vol. 4 Ch. 56

ချူကျန်းရှနှင့် လန်ယိဟွား

Vol. 4 Ch. 56

တံခါးပေါက်ကိုဖြတ်၍ ဝင်လိုက်သည့်အခါ

ခြံဝန်းတခုဆီသို့ ရောက်ရှိသွားသည်။ ခြံဝန်းက

ကျေးလက်ဒေသတွင်ရှိတတ်သည့် ခြံဝန်းမျိုးဖြစ်

ကာ ခြံဝန်း၏ ဘယ်ဘက်တွင် အုတ်ရေကန်နှင့်

လက်ဆွဲရေတွင်းတခုရှိသည်။ ညာဘက်တွင်တော့ စိုက်ခင်းအချို့ရှိနေပြီး စိမ်းစိုသည့်သီးပင်

များကို မျက်စိပဒသဖြစ်စွာတွေ့ရလေသည်။

ဒါကဘယ်လိုစမ်းသပ်မှုမျိုးလဲ။ ကျိုးယန်တယောက် ခြံဝန်းရဲ့အလယ်ကို ကြည့်လိုက်လျှင်

အနည်းငယ်ဟောင်းနွမ်းနေပုံရသည့် သစ်သား

အိမ်ငယ်တလုံးရှိကာ အိမ်ငယ်၏ဝရန်တာတွင်

သက်လတ်ပိုင်းအရွယ် အမျိုးသားတဦးနှင့် အမျိုးသမီးတို့ ကုလားထိုင်တလုံးစီပေါ်တွင်ထိုင်

၍ စကားပြောနေကြသည်။ ထိုလူနှစ်ဦးကိုကြည့်

လိုက်သည့်အခါ စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်

တွင်ရှိနေသည်ကိုတွေ့လိုက်ရသည်။

ငါက သူတိူ့နဲ့တိုက်ခိုက်ရမှာလား။ ဒါကျနည်း

နည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ငါအလေးနက်ထားဖို့လိုပြီ။ ကျိုးယန်၏ အကြည့်ကိုသတိထားမိ

သည်ထင် ထိုစုံတွဲက ကျိုးယန်ဘက်လှည့်ကြည့်

ကာပြုံး၍ စကားပြောလာသည်။

"ဝင်ခဲ့လေ ကောင်လေး မင်းက ၁၅နှစ်အတွင်း

ပထမဆုံးရောက်လာတဲ့ ဧည့်သည်ပဲ"

ဟမ် ငါကပထမဆုံးဧည့်သည်တဲ့လား။ ဒါဆို

ဒီဟာက စစ်ဆေးမှုဖြစ်ပြီး ဒီအဆင့်ကို ၁၅နှစ်

အတွင်း ငါကပထမဆုံးရောက်တယ်လို့ဆိုလိုတာ

ပေါ့။ ကျိုးယန်က သစ်သားအိမ်ငယ်လေးဆီ

လျှောက်သွားကာ ဝရန်တာရှိ ထိုင်ခုံတလုံးပေါ်

တွင် ထိုင်ရန်ခွင့်တောင်းလိုက်သည်။

"ရပါတယ် ထိုင်ပါ ဒါနဲ့ မင်းကြုံရမယ့်စမ်းသပ်

မှုက ငါတို့လင်မယားပဲ"

သက်လတ်ပိုင်းအရွယ်လူကြီးကဆိုသည်။ သူတို့

ကလင်မယားတွေလား။ နောက်ပြီးစိတ်ဝိဉာဥ်

အထွဋ်အထိပ်အဆင့်က လူတွေဖြစ်နေသေးတယ်

ဒီစမ်းသပ်မှုက သေချာပေါက်ခက်ခဲလိမ့်မယ်။

ကျိုးယန်က သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"ကျတော်က ကျိုးယန်ပါ"

ဒုတိယမြောက်စမ်းသပ်မှုအဖြစ် ရင်ဆိုင်ရမည်

ဆိုသော်လည်း ထိုစုံတွဲက ဝိဉာဥ်ပုံရိပ်များမဟုတ်

ပဲ လူသားစစ်စစ်များဖြစ်နေသည်။ ထို့ကြောင့်

ကျိုးယန်က မူလနယ်မြေနဲ့ပက်သက်ပြီး သိလို

တာမေးနိုင်ရန် မိတ်ဖွဲ့စကားပြောလိုက်ခြင်းဖြစ်

သည်။

ကျိုးယန်၏ စကားအဆုံးတွင် အမျိုးသမီးက

"အဒေါ့်အမည်က လန်ယိဟွားပါ ဒီက အဒေါ့်ရဲ့

အမျိုးသား ချူကျန်းရှပဲ မင်းကအသက်ငယ်

ပေမယ့် စိတ်ဝိဉာဥ်အဆင့်အထွဋ်အထိပ်ကို

ရောက်နေတော့ တကယ့်ရှားပါးပါရမီရှင်ပါပဲ"

သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏အသံက ချိုသာကြည်အေးစွာ ထွက်ပေါ်လာသည်။

ကျိုးယန် ဦးခေါင်းကိုညိတ်ပြလိုက်သည်။ထို့

နောက် ယဥ်ကျေးစွာဖြင့်...

"ကျတော် ဒီနယ်မြေကြီးရဲ့အကြောင်းသိလို့ရမလား နောက်ပြီး နောက်ထပ်စမ်းသပ်မှုကကော

ဘာဖြစ်မလဲ"

ကျိုးယန်ရဲ့မေးခွန်းကို လူကြီးက

"ဒီနယ်မြေကို မူလပညာရှင်ထက်ကျော်လွန်တဲ့

ဆရာကြီးတဦးက ဖန်တီးထားတာပဲ လေဟာနယ်

နေရာလွတ်တခုပေါ့ ဒီနယ်မြေထဲမှာ ဆရာကြီးရဲ့

တဘဝလုံးရှာဖွေထားတဲ့ ရတနာပစ္စည်းတွေကို

ဖြန့်ကြဲထားပြီး ဝင်ရောက်လာတဲ့လူတွေက ရတ

နာတွေကိုရှာဖွေခွင့်ရှိတယ် နောက်ပြီးခုမင်းရှိနေ

တဲ့စမ်းသပ်မှု ဒါတော့မင်းသိပြီးသားဖြစ်မှာပါ"

ထိုလူကြီးက ခနရပ်နား၍ လက်ဖက်ရည်တငုံ

သောက်သည်။ ပြီးနောက်ဆက်ကာ

"စမ်းသပ်မှုကို ၅ခုခွဲထားပြီး မင်းရွေးတာက

အခက်ဆုံးစမ်းသပ်မှုပဲ နောက်ထပ်အဆင့်ကို

သိချင်တာလား ဒါတော့ ငါလည်းမပြောနိုင်ဘူး

ဘာလို့ဆို ငါတို့လင်မယားက ဒီဒုတိယအဆင့်မှာ

ပိတ်မိသွားကြလို့ပဲ"

"ဒုတိယအဆင့်မှာပိတ်မိတယ်ဟုတ်လား"

ကျိုးယန် အံ့သြမှင်သက်သွားသည်။ စမ်းသပ်

မှုကိုမဖြတ်ကျော်နိုင်ပါက စမ်းသပ်မှုထဲတွင်

တသက်လုံးပိတ်မိနေမည်ဖြစ်သည်။ ထိုအရာက

ပြင်းထန်သည့် အပြစ်ပေးမှုတခုဖြစ်ပုံရသည်။

ဒါနဲ့ သူတို့ကပိတ်မိနေတာ...ပြီးတော့ ငါက၁၅နှစ်

အတွင်းပထမဆုံးစမ်းသပ်ဖို့လာတဲ့လူ....

ကျိုးယန်အတွေးများဆက်စပ်သွားပြီးနောက်

အလန့်တကြားဖြင့်....

"ခုနက အဒေါ်ပြောတာ အဒေါ်တို့က လန်ယိဟွား

နဲ့ ချူကျန်းရှ ဟုတ်လား ချူမိသားစုရဲ့ချူကျန်းရှ

ကိုဆိုလိုတာလား"

ကျိုးယန်တယောက် ရင်တထိတ်ထိတ်ဖြင့်

မေးလိုက်သည်။ သူ့ဆက်စပ်တွေးမှုသာမှန်မည်

ဆိုလျှင် ထိုလင်မယားစုံတွဲသည် ချူလင်းယွင်၏

မိဘများဖြစ်ကာ ချူကျန်းရှသည် ချူကျန်းချန်၏သား ဖြစ်နိုင်သည်။ ထို့အပြင် ချူလင်းယွင်၏ အသက်သည် ၂၀ဖြစ်၍ သူမ၅နှစ်သမီးတွင်

သူမမိဘများ မူလနယ်မြေထဲမှ ပြန်ထွက်မလာ

တော့ဟု ချူကျန်းချန်က ပြောဖူးသည်။ တွက်ဆ

ကြည့်ပါက ၁၅နှစ်ခန့်ကြာပြီဖြစ်၍ တိုက်ဆိုင်နေ

ပြန်သည်။

ကျိုးယန်၏မေးခွမ်းကိုကြားလျှင် ချူကျန်းရှ

ရဲ့မျက်လုံးများအရောင်လက်သွားကာချက်ချင်း

ပင်

"ဟုတ်တယ် ငါကချူမိသားစုကပဲ ငါ့အဖေက

ချူကျန်းချန်လေ မင်းကချူမိသားစုကိုသိတယ်

လား"

ကျိုးယန်ခေါင်းညိတ်ပြလိုက်သည်။ သူကချူမိ

သားစုကိုရင်းရင်းနီးနီးသိသည့်အပြင် သူ့အနေ

ဖြင့်မူလနယ်မြေထဲကို ချူလင်းယွင်အစားဝင်လာ

ရသည့်အကြောင်းက ၃ခုကြောင့်ဖြစ်ကာ ပထမ

တခုက သူ့ကိုယ်ပိုင်ကိစဖြစ်၍ ဒုတိယက ချူကျန်းချန်၏ မျှော်လင့်ချက်ကြောင့် သူ့သားနှင့်

ချွေးမကိုရှာဖွေရန်ဖြစ်ပြီး တတိယက တံခွန်ဂိုဏ်း

မှလူများကိုဖြေရှင်းပြီး လည်ဆွဲကိစကိုမေးရန်

ဖြစ်သည်။

ကျိုးယန်လည်း သက်ပြင်းချကာ အကြောင်းစုံ

ရှင်းပြလိုက်သည်။ ချူကျန်းချန်ကိုကယ်ခဲ့သည်

ကစပြီး ပြိုင်ပွဲတွင် ချူလင်းယွင်ပထမရ၍ မူလ

နယ်မြေကိုဝင်ခဲ့သည်အထိ အတော်များများဖြစ်

သည်။ ထို့အထဲတွင် လည်ဆွဲကိစပါသော်လည်း

လည်ဆွဲနှင့်ဆက်စပ်သည့် စနစ်၏တာဝန်တော့

မပါပေ။

ချူကျန်းရှနှင့် လန်ယိဟွားတို့က သက်ပြင်း

မောကိုပြိုင်တူချလိုက်ကြသည်။

"ငါတို့လင်မယားက ဒီထဲမှာပိတ်မိပြီးနောက်ပိုင်း

အဖေလည်း အတော်စိတ်ဓာတ်ကျသွားရှာမှာပဲ

ချူမိသားစုနိမ့်ကျသွားက ငါတို့ရဲ့မာန်မာနကြောင့်လို့ ပြောနိုင်တယ်"

ချူကျန်းရှက ဝမ်းနည်းစွာပြောလာသည်။

"မာန်မာနကြောင့်ဟုတ်လား ဘယ်လိုမျိုးလဲ"

ကျိုးယန်၏မေးခွန်းကို လန်ယိဟွားက

"ငါတို့လင်မယား ပြိုင်ပွဲမှာပထမရပြီး ဒီနယ်မြေ

ထဲဝင်တဲ့အချိန်တုန်းက ရွှေအမြူတေအစောပိုင်း

အဆင့်ပဲရှိသေးတာလေ နောက်တော့ နယ်မြေထဲ

မှာ အမွေအနှစ်တခုမထင်မှတ်ပဲ ရလိုက်ပြီး

အဆင့်မြင့်ဆေးပင်နဲ့ဆေးဝါးတွေအကူညီကြောင့်

စိတ်ဝိဉာဥ်အဆင့်ကို တလအတွင်းရောက်သွားရ

တယ် အဲ့တုန်းက ဒီနယ်မြေကို ၃လဖွင့်တာခုလို

တလလို့မပြောင်းသေးဘူး ငါတို့ကလည်း ပါရမီ

ရှင်တွေဆိုတော့ အဆင့်တူချင်းမှာပြိုင်ဘက်ကင်း

ပြီး အဆင့်ကျော်တိုက်နိုင်တာကိုတွက်ဆပြီး

ဒီကြယ်၅ လုံးစမ်းသပ်မှုကို ဝင်ဖြေခဲ့တာပဲ

ရလာဒ်ကတော့ ခုလိုပိတ်မိသွားရတာပါပဲ"

"ဒါဆို စိတ်ဝိဉာဥ်အဆင့်အစောပိုင်းနဲ့ ဝင်လာပြီး

ပိတ်မိတယ်ပေါ့"

လန်ယိဟွားက ခေါင်းညိတ်ပြသည်။ပြီးနောက်

"အခု အဒေါ့်သမီးက ကျင့်ကြံလို့ရပြီး ပထမတောင် ရသွားတယ်တဲ့လား ယွင့်အာအစား ဂုဏ်

ယူမိတယ်"

"ဟုတ်တယ် ငါ့သမီးက သွေးကြောတွေပိတ်ဆို့နေ

လို့ ကျင့်ကြံသူမဖြစ်နိုင်ဘူးတွက်ဆပြီး သာမန်လူ

ဘဝနဲ့သူကိုဖြတ်သန်းရတော့မယ်ထင်ထားတာ

အခုတော့ မင်းအကူညီနဲ့ သူမက အဆင်ပြေသွား

ပြီပဲ မင်းကိုကျေးဇူးတင်ပါတယ်"

"ဒါက အသေးအမွှားလေးတွေပါ ဦးလေနဲ့အဒေါ်

တို့ ဒီနယ်မြေထဲကနေဘယ်လိုပြန်ထွက်လို့ရအောင် ကျတော်ကူညီပေးနိုင်မလဲ မိန်းကလေး

ချူက သူမရဲ့မိဘနှစ်ပါးကိုတွေ့ချင်မှာပါ"

ကျိုးယန်၏စကားကို ချူကျန်းရှက

"ငါတို့လည်း မသိဘူး မင်းအနေနဲ့ငါတို့ကိုမနိုင်ရင်

ငါတို့နဲ့အတူဒီမှာပိတ်မိသွားလိမ့်မယ် နိုင်ရင်တော့

နောက်တဆင့်ရောက်မှာပေါ့လေ ငါတို့ကိုအပြင်

ခေါ်ထုတ်ဖို့ကတော့ နည်းလမ်းမရှိဘူး"

ကျိုးယန်ကလက်မခံချင်ပေ။

"ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်လို့ရတယ်မလား

ကျတော်သာနောက်တဆင့်ရောက်သွားပြီးတော့

စမ်းသပ်မှုကိုဖြတ်ကျော်နိုင်ခဲ့ရင် သူတို့ပေးမယ့်

ဆုအစား ဦးလေးတို့လင်မယားကို အပြင်ပြန်

ထွက်ခွင့်ပဲတောင်းမယ်"

ကျိုးယန်၏စကားကြောင့် လန်ယိဟွားက

ကျေနပ်သွားသည့်ဟန်ဖြင့်ပြုံး၍ ခေါင်းခါပြ

သည်။

"မဖြစ်နိုင်ပါဘူး ကောင်လေးရယ်"

"ဟုတ်တယ် ဒီစမ်းသပ်မှုကို မင်းကျော်ဖြတ်နိုင်ဖို့

ဆိုတာ ရာခိုင်နှုန်းအရမ်းနည်းတယ်"

ကျိုးယန်က ပြုံး၍ပြန်ပြောလိုက်သည်။

"ကျတော်ကတော့ လက်မလျှော့ဘူး ချူမိသားစု

က ကျတော့်မိသားစုလိုဖြစ်နေပါပြီ ချူမိသားစု

အရေးကိစ္စအတွက် ကျတော်ခွန်အားရှိသရွေ့

အားထုတ်ပေးရမှာပေါ့"

"ကောင်းပြီ မင်းစကားကိုကြားရတာ ငါတို့ဝမ်းသာတယ်ကောင်လေး အခု စမ်းသပ်မှုကို

စကြတော့မလား အချိန်မဖြုန်းပဲ စလိုက်တာက

မင်းကိုနောက်တဆင့်အတွက် အချိန်ရစေလိမ့်မယ်လို့ငါထင်တယ်"

"စလိုက်တာပေါ့"

All Chapters