လည်ဆွဲနှင့်ပက်သက်သည့်အရာများ
Vol. 4 Ch. 59
"ကောင်လေး ဒီလူအိုကြီးအမည်က တောက်ဝူ
လို့ခေါ်တယ် ငါက လက်ရှိဒီနေရာမှာရှိနေတာ
မဟုတ်ဘူး မင်းသိချင်တာရှိရင် အားမနာတမ်း
မေးလို့ရတယ်"
လူအိုကြီးတောက်ဝူ၏ စကားကိုကြားလျှင်
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် လည်ဆွဲကိုထုတ်ကာပြလိုက်သည်။
"ကျတော် ဒီနယ်မြေထဲကိုဝင်တာက ဒီလည်ဆွဲနဲ့
ပက်သက်ပြီး သိချင်တာတွေရှိလို့ပါ"
လူအိုကြီး၏မျက်လုံးများက လည်ဆွဲကိုစူးစိုက်
ကြည့်နေသည်။ အတန်ကြာလျှင် သူ၏မျက်လုံး
များကဝမ်းနည်းနေသည့်ဟန်ဖြစ်ကာ ကျိုးယန်
ကိုပြန်မေးသည်။
"ဒီလည်ဆွဲကို မင်းဘယ်ကရတာလဲကောင်လေး"
ကျိုးယန်က ယဥ်ကျေးစွာပင်
"ကျတော်က ဒီလည်ဆွဲပိုင်ရှင်မဟုတ်ပါဘူး
ဒါပေမဲ့ လည်ဆွဲက ကျတော့်အသက်နဲ့တော့ဆက်
စပ်နေတယ် နောက်ပြီး ဒီလည်ဆွဲကိုပိုင်တဲ့အမျိုး
သမီးရဲ့သမီးက ကျတော့်ရဲ့မိတ်ဆွေပါ"
ကျိုးယန်၏ စကားအဆုံးတွင် လူအိုကြီးက
သက်ပြင်းချကာ ဦးခေါင်းကိုခါယမ်းလိုက်သည်။
ပြီးနောက် လေးလံနေသည့် လေသံဖြင့်
"တကယ်တော့ ဒီလည်ဆွဲရဲ့ ပထမဆုံးပိုင်ရှင်က
ငါကိုယ်တိုင်ပဲ ငါက အင်မော်တယ်ဘုံလို့ခေါ်တဲ့
နောက်ထပ်လောကတခုကို မကူးပြောင်းခင်
ငါ့သမီးဖြစ်တဲ့ တောက်လင်းအာကိုပေးခဲ့တာ
ငါ့သမီးကလည်း ငါ့လိုပဲ လောကမကူးပြောင်းခင်
ဒီလည်ဆွဲကို သူ့မျိုးဆက်ဆီပေးခဲ့ပုံရတယ်"
ကျိုးယန်တယောက်အချိန်တော်ကြာ မှင်သက်
နေသည်။ အင်မော်တယ်လောက...လောက ကူး
ပြောင်းတာ ဟုတ်လား။ သူပြောတဲ့အင်မော်တယ်
လောကဆိုတာ ငါ့ရဲ့တဖက်လောက ကိုပြောတာ
များလား။ စနစ်ရေ ရှင်းပြပါဦး..။
ကျိုးယန်ကစနစ်ကိုမေးခွန်းထုတ်လိုက်သည်။
စနစ်မှ...
"သူပြောတဲ့ အင်မော်တယ်လောကဆိုတာ စနစ်ရှင်ရဲ့ တဖက်လောက ကိုပြောတာမဟုတ်ဘူး
ဒီစကြာဝဠာကြီးထဲမှာ လောကပေါင်းထောင်ချီ
ရှိပြီး မတူညီတဲ့အဆင့်တွေနဲ့ တည်ရှိနေကြတယ်
စနစ်ရှင်ရဲ့ တဖက်လောကဆိုတာက အင်မော်
တယ်လောကနဲ့ယှဥ်ရင် နိမ့်သေးတယ်လို့ပြောရ
မယ်"
"ဒါဆို ကမ္ဘာလောက ကနေ အင်မော်တယ်လောက ကို ကူးတဲ့အခါ ကြားနေရာဖြစ်တဲ့
ငါ့ရဲ့တဖက်လောက ကိုလာစရာမလိုဘူးပေါ့"
"သေချာတာပေါ့ မတူညီတဲ့လောကတိုင်းမှာ
လမ်းကြောင်းကိုယ်စီရှိပြီး စနစ်ရှင်ရဲ့ ကျင့်ကြံ
ရေးလောကမှာလည်း လမ်းကြောင်းတခုရှိတယ်
အခု စနစ်ရှင်ပိုင်ဆိုင်ထားတဲ့လည်ဆွဲက အင်မော်တယ်လောက ကိုတိုက်ရိုက်မပို့ပေးနိုင်ပေမယ့်
ကြားခံနေရာဖြစ်တဲ့ စနစ်ရှင်ရဲ့ ကျင့်ကြံရေး
လောက ကိုတော့ပို့ပေးနိုင်လိမ့်မယ် ဒါကစနစ်ရှင်
ဆောင်ရွက်ရတဲ့တာဝန်ကြောင့်နော် တခြားသူသာ
ဒီလည်ဆွဲကို အသက်သွင်းနိုင်ရင် အင်မော်တယ်
လောက ကိုတန်းရောက်သွားမှာ"
စနစ်မှ ရှည်လျားစွာရှင်းပြလာသည်။ ကျိုးယန်
လည်း စနစ်၏ရှင်းပြမှုကြောင့် လည်ဆွဲ၏အသုံး
ဝင်မှုကို သိလာသည်။
"လည်ဆွဲက ဒီလူအိုပိုင်တာဆိုတော့ မင်းကသူများပစ္စည်းနဲ့ ငါ့ကို တဖက်ပြန်ပို့ပေးမယ်ဆို
တဲ့သဘောပေါ့ ဟုတ်လား"
"စနစ်ရဲ့ အစွမ်းအစစ်မှန်ဆိုရင် အင်မော်တယ်
လောကထိပို့လို့ရတယ် ဒါပေမယ့် စနစ်ရှင်မှာ
မပြီးဆုံးသေးတဲ့တာဝန်တွေရှိနေတယ်လေ"
စနစ်ကထိုသို့ပြောမှ ကျိုးယန်တယောက်
ဘုရင်အာဏာလုပွဲတွင်ပါဝင်ရန် အမှတ်ရလာ
သည်။ ထိုလောကတွင် အင်အားကြီးနိုင်ငံတခု
စနစ်မှ ထူထောင်စေလိုခြင်းဖြစ်ပုံရသည်။
ကျိုးယန်တယောက်စနစ်နဲ့ စကားများနေစဥ်
လူအိုကြီးက မည်သည့်စကားမှမဆိုပဲ ကျိုးယန်
လက်ထဲရှိ လည်ဆွဲကိုသာ ငေးနေလေသည်။
သူ့မျက်လုံးအစုံတွင်တော့ အထီးကျန်ခြင်း
လွမ်းဆွတ်တမ်းတခြင်းများဖြင့် ပြည့်နေလေတော့သည်။
ကျိုးယန်တယောက် အတန်ကြာတွင် သတိ
ပြန်ဝင်လာကာ လူအိုကြီးကို ကြည့်လိုက်သည်။
"ကောင်လေး လည်ဆွဲကိုဘယ်လိုရခဲ့လဲဆိုတာ
ရှင်းပြပေးနိုင်မလား"
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ပြီးနောက် အိုးရန်ရွှမ်းရွှမ်းဟုခေါ်သည့် အမျိုးသမီး
ကိုသူမ၏ မိခင်မှပေးအပ်ထားကာ ဖခင်ဖြစ်သူမှ
ပြန်လည်သိမ်းဆည်းလိုက်၍ နောက်ဆုံးတွင်
ဂိုဏ်းကြီးတခုက သူမ၏ဖခင်ကိုသတ်ဖြတ်ကာ
လည်ဆွဲကို လုယူခဲ့သည့်အေကြာင်းနှင့် လည်ဆွဲ
၏လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ကာ အသုံးမ
ဝင်သည့်အရာဟုထင်၍ ပြိုင်ပွဲတွင်ဆုအဖြစ်
ပြန်လည်ပေးအပ်သည့်အကြောင်း အရာအားလုံး
ကိုအလေးအနက်ရှင်းပြလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် လူအိုကြီးက
"မင်းပြောပုံအရဆို လည်ဆွဲကိုသိမ်းထားတဲ့လူက
ငါ့သမက်ဖြစ်လိမ့်မယ် သူက ငါ့သမီးကို မုန်းနေ
ရှာတာ ငါ့သမီးက ကျင့်ကြံသူတယောက်ဖြစ်ပြီး
ဒီကမ္ဘာရဲ့ အထွဋ်အထိပ်အဆင့်ကို ငယ်ငယ်ရွယ်
ရွယ်နဲ့ရောက်သွားတယ် သူမအနေနဲ့ သူမမိသားစု
အနားမှာ ဆက်နေချင်သေးပေမယ့် ကမ္ဘာရဲ့စည်း
မျဥ်းတွေက လက်မခံတော့ဘူး အဲ့ဒါကြောင့်ပဲ
သူ့ယောက်ကျားဆီ လည်ဆွဲကိုပေးခဲ့ပြီး သူမ
သမီး ကျင့်ကြံသူတဦးဖြစ်လာပြီး ကမ္ဘာရဲ့အထွဋ်
အထိပ်အဆင့်ကိုရောက်တဲ့အချိန် သူမဆီ လိုက်ပါလာနိုင်အောင် စီစဥ်ခဲ့တာဖြစ်ရမယ်
ငါ့သမီး ငါ့ဆီရောက်လာတဲ့အချိန်တုန်းက သူ့မှာ
လက်တွဲဖော်ရှိပြီး သမီးလေးတယောက်ပါရှိထား
တာကို ငါသိလိုက်ရတယ် ဒါကြောင့်လည်း သူ့ရဲ
စီစဥ်မှုကို ငါလက်ခံလိုက်တာပေါ့"
လူအိုကြီးက အနည်းငယ်အမောဖြေကာဆက်၍ ပြောပြန်သည်။
"ခက်တာက ငါ့သမက်ပဲ ငါ့သမီးက ရုတ်တရက်
အခြေနေကြောင့် သူ့ကိုစွန့်ခွာခဲ့တော့ ငါ့သမီးကို
စိတ်နာပီး လည်ဆွဲကို သိမ်းထားလိုက်တယ်
သူ့သဘောက သူ့သမီးကြီးလာရင် ကျင့်ကြံသူ
တဦးမဖြစ်စေပဲ သာမန်ဘဝနဲ့နေသွားနိုင်အောင်
တားချင်တာပဲ ဖြစ်ရမယ်"
"ဒါဆို သူက အဖိုးရဲ့သမီးကို ကျင့်ကြံသူမှန်းသိ
ပြီး ကမ္ဘာရဲ့စည်းမျဥ်းကြောင့် ထွက်ခွာသွားရ
တယ်ဆိုတာကို မသိတာလား"
"အမှန်ပဲ ငါ့သမီးက ကျင့်ကြံသူမှန်းတော့ သူသိ
လိမ့်မယ် ဒါပေမယ့် မင်းပြောသလိုပဲ နောက်
ဆက်တွဲကိစ္စကိုမသိတဲ့အတွက် နားလည်မှုလွဲပြီး
ခုလိုတွေဖြစ်ကုန်ရတာ"
ကျိုးယန်ကဆက်၍ မေးပြန်သည်။
"ဒါဆို အခုအိုးရန်ရွှမ်းရွှမ်းရဲ့မိခင်ဖြစ်တဲ့ ဦးလေး
ရဲ့သမီးက ဘယ်မှာလဲ အင်မော်တယ်လောကမှာ
လား"
"ဟုတ်တယ် သမီးက လက်ရှိ အင်မော်တယ်လော
ကမှာ ငါနဲ့အတူရှိနေတယ် သူ့အနေနဲ့ ဒီကမ္ဘာမြေ
ကိုပြန်လာလို့မရတော့ဘူး ငါတောင်ဒီနယ်မြေကြီးတခုဖန်တီးပြီး စိတ်ဝိဉာဥ်အပိုင်းအစတခု
ချန်ထားဖို့အတွက် အားထုတ်ခဲ့ရတယ်"
"ဒါဆို ဒီလည်ဆွဲကိုဘယ်လိုအသက်သွင်းရမလဲ"
ကျိုးယန်၏အမေးကို လူအိုကြီးက
"လည်ဆွဲက ဒီနယ်မြေရဲ့ မူလကိုယ်ထည်တခုပဲ
မင်းအနေနဲ့ လည်ဆွဲကိုအသက်သွင်းချင်ရင်
ငါပိုင်တဲ့ ဒီနယ်မြေနဲ့ပေါင်းစပ်ရလိမ့်မယ် ပြီးမှ
ဒီနယ်မြေထဲမှာပဲ လည်ဆွဲကိုအသက်သွင်းလို့ရ
မယ်ကောင်လေး"
"ကျတော်နားလည်ပါပြီ"
ကျိုးယန်တယောက်အရာအားလုံးနားလည်
သွားလေပြီ။ ထိုကြောင့်ပင်စနစ်ရဲ့တာဝန်က
မူလနယ်မြေတွင်အဆုံးသတ်မည်ဟု သူခံစားနေ
ခဲ့သည်မဟုတ်လား။ စနစ်ကတော့ကြို၍သိထား
ပေလောက်မည်။
...........................................................
စာစဥ် ၄ ပြီးပါပြီ။