← Chapters

ချူမိသားစုရဲ့ဓားကွက်

Vol. 4 Ch. 57

ချူမိသားစုရဲ့ဓားကွက်

Vol. 4 Ch. 57

နောက်ဆုံးတွင် ကျိုးယန်အနေဖြင့်ဒုတိယအ

ဆင့်ကို ကျော်ဖြတ်ရန်လိုအပ်သည့်အတွက် မဖြစ်

မနေပင် ချူကျန်းရှတို့လင်မယားနှင့်တိုက်ခိုက်ရန်

ရွေးချယ်ရတော့သည်။

ချူကျန်းရှက ကျိုးယန်ကိုပြောသည်။

"ကောင်လေး မင်းက ငါ့ရဲ့ချူမိသားစုကိုအများ

ကြီးကူညီထားတဲ့သူတယောက်ဖြစ်ပြီး ချူမိသား

စုအပေါ်ထားတဲ့ မင်းရဲ့စိတ်စေတနာတွေကို ငါအ

သိမှတ်ပြုပါတယ် ငါ့အနေနဲ့မင်းကိုဒီအဆင့်မှာ

အလွယ်တကူဖြတ်ကျော်ခွင့် မပေးနိုင်တာကိုနား

လည်ပေးပါ ဒါပေမဲ့ ငါတို့လင်မယားနှစ်ယောက်

စလုံးမင်းကို ခက်ခဲအောင်မလုပ်ပဲ ငါတို့ချူမိသားစုရဲ့ ဓားကွက်တခုပဲ သုံးပြီးဒီအဆင့်မှာ

မင်းကိုစစ်ဆေးမယ် ခုခံနိုင်ရင် မင်းအနိုင်ပဲ..မခုခံ

နိုင်ရင်တော့ မင်းလည်းငါတို့နဲ့အတူနေရစ်ပေတော့"

ချူကျန်းရှ၏စကားကို ကျိုးယန်ကသဘော

တူလိုက်သည်။ သူ့အနေဖြင့် နောက်ဆုံးအဆင့်ကို

ဖြတ်ကျော်ကာ ချူလင်မယားကိုပြန်ခေါ်ထုတ်နိုင်

ဖို့ အခွင့်အလမ်းတခုရှိလာလိမ့်မယ်လို့ ယူဆနေ

သည်။

"မင်းအသင့်ဖြစ်ပြီလား"

ချူကျန်းရှက ကျိုးယန်ကိုမေးလိုက်သည်။

လန်ယိဟွားလည်း တိုက်ပွဲနေရာ၏ခပ်လှမ်းလှမ်း

တွင်ရပ်ကြည့်ကာ ကျိုးယန်တယောက်သူ့ယောကျားရဲ့ ခွန်အားအပြည့်ဓားချက်တချက်ကို ခုခံ

နိုင်ပါ့မလား ဟူသည့်အတွေးဖြင့်စိုးရိမ်နေသည်။

"ကျတော်အသင့်ဖြစ်ပြီ"

"ကောင်းပြီ အာရုံစိုက်ထားတော့"

ချူကျန်းရှက သူ့ရဲ့ဓားကို လက်နှစ်ဖက်ဖြင့်

ကိုင်ကာ ရှေ့သို့ထိုးခုတ်မည့်ဟန်ပုံစံဖြင့် ဓားကွက်

တခုအသုံးပြုတော့သည်။

"ဒါက ငါတို့ချူမိသားစုရဲ့ ဓားသိုင်းကျင့်စဥ်ထဲက

မိုးမြေတုန်ဟီး ဓားချက်ပဲ"

ခွန်အားအပြည့်ဖြင့် အသုံးပြုထားသည့်

ဓားချက်တခု ထုတ်ဖော်လိုက်သည်။ ချူကျန်းရှ

၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိုးတဝါးအရိပ်

များထွက်ပေါ်လာကာ သေချာကြည့်ပါက ဓား

အရိပ်များဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ပတ်ဝန်းကျင်ရှိ လေထုကလည်း တင်းကြပ်သလို

ခံစားလာရပြီး ကျိုးယန်၏စိတ်ထဲတွင်တော့

အနည်းငယ် ထုံထိုင်းစပြုလာသည်။

"အန္တရာယ်များလိုက်တာ ဒါ ကောင်းကင်အဆင့်

ဓားသိုင်းပဲ ဖြစ်ရမယ် ချူလင်မယားကအဆင့်

တူချင်း ပြိုင်ဘက်ကင်းတာကအမှန်ပဲ"

ကျိုးယန်တယောက် သူ့ရဲ့ဓားကို ရင်ဘတ်ရှေ့

ကန့်လန့်ဖြတ်ထားကာ ခန္ဓာကိုယ်ထဲရှိ ချီဓာတ်များအား အကုန်စင်ဖြည့်သွင်းလိုက်သည်။

ထိုသို့အခြေနေတွင်တောင် သူ့အနေဖြင့်စိတ်ချရ

သည်တော့မဟုတ်ပေ။

"ကဲ လာထားစမ်းကွာ"

ဓားချက်က ကျိုးယန်ဆီတည့်တည့်ပင် ထိုး

ဖောက်လာကာ ရင်ဘတ်ရှေ့တွင်ကာထားသည့်

ဓားဖြင့် ပြင်းထန်စွာထိမိကာ နောက်ဆက်တွဲပါ

လာသည့် ခွန်အားက ကျိုးယန်ကိုလွင့်ထွက်သွား

စေတော့သည်။

ဝုန်းးး

အင့်....

ပေအနည်းငယ်ခန့်လွင့်စင်သွားသလို ကိုယ်

တွင်းကလီစာများနေရာပြောင်းလဲသည့်နှယ် ခံစားလိုက်ရသည်။ ချိုမြသည့် အရသာတခု

လည်ချောင်းမှတဆင့် ဆန်တက်လာကာ မည်သို့

မှ မထိန်းနိုင်ပဲ အန်ထုတ်လိုက်ရသည်။

ဝေါ့.......

သွေး၂ခါခန့်ဆက်တိုက် အန်ပြီးနောက် ကျိုးယန်အနည်းငယ် နေသားကျသွားသောကြောင့်

လဲကျနေရာမှ ပြန်ရပ်ကာ ခန္ဓာကိုယ်ကိုမတ်မတ်

ထား၍ ချူကျန်းရှ ရှိရာလှမ်းကြည့်လိုက်သည်။

"မဆိုးဘူး ကောင်လေး မင်းခုခံနိုင်လိုက်ပြီ ဒီ

ဓားချက်က တခြားလူဆို မသေရင်တောင်

အတွင်းဒဏ်ရာအပြင်းအထန်ရစေမှာ သေချာ

တယ် မင်းကတော့ သွေးအန်ရုံပဲဆိုတော့ ဒီအဆင့်

ကို ကျော်သွားနိုင်ပါပြီ ဂုဏ်ယူပါတယ်"

ချူကျန်းရှက ကျိုးယန်ကိုချီးကျူးစကား

ပြောကာ ကျောက်စိမ်းပြားတခု ပစ်ပေးလိုက်

သည်။ တဖက်တွင် လန်ယိဟွားသည်လည်း ကျိုး

ယန်တယောက် ဓားချက်ကိုခုခံနိုင်သည်ကို မြင်မှ

စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ ပြုံးလာ

တော့သည်။

"မင်းက ငါ့သမီးကို ကျင့်ကြံသူဖြစ်အောင်ကူညီ

ပေးထားတဲ့အတွက် မင်းသာထိခိုက်သွားရင်

ငါတို့လည်း စိတ်မကောင်းဖြစ်ရမှာ ကဲအခု

အနားယူလိုက်ပါ ပြီးမှ နောက်တဆင့်ကိုသွားပေါ့"

လန်ယိဟွားက ကျိုးယန်အနားယူနိုင်ရန်

အခန်းတခုစီစဥ်ပေးသည်။ ကျိုးယန်လည်း ချီ

စွမ်းအင်ပြန်လည်ဖြည့်တင်းရန်အတွက် နာရီ

အနည်းငယ် အနားယူရန်လိုအပ်နေသည်။

"ကောင်လေးက အရည်အချင်းရှိတယ် ကျမတို့

သူ့အရွယ်မှာတောင် သူ့လောက်မတော်နိုင်ဘူး

ကျမတို့သမီးလေးနဲ့သူ့ကြားမှာ ရိုးစင်းပါ့မလား"

ချူကျန်းရှက သူ့ရဲ့ဇနီးကိုပြုံး၍ကြည့်ကာ

"သူ့လိုလူနဲ့ဆိုရင် သမီးလေးကိုစိတ်ချပါပြီ မဟုတ်ရင် ငါတို့လင်မယားလည်းသမီးလေးစိတ်

နဲ့ ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ"

လန်ယိဟွားက သက်ပြင်းချကာ

"ဟုတ်ပါတယ်လေ တခါတလေတော့ သမီးလေးရဲ့ မျက်နှာလေးကို နောက်ဆုံးအကြိမ်ဖြစ်ဖြစ်

မြင်သွားချင်မိတယ်"

သူမ၏ဝမ်းနည်းမှုကို နားလည်သည့် ချူကျန်းရှက ဇနီးသည်၏ပုခုံးကိုဖက်ကာ

"ငါတို့တနေ့တော့ ဒီနေရာကြီးက လွတ်မြောက်

နိုင်မှာပါ"

အချိန်ကနာရီအနည်းငယ်ထပ်မံကုန်လွန်သွား

လေပြီ။ ကျိုးယန်လည်း ကုန်ခမ်းသွားသည့် ချီ

ဓာတ်များပြန်ပြည့်လာသည့်အတွက် နောက်တ

ဆင့်ကို ကူးပြောင်းရန်အခန်းထဲမှထွက်လာသည်။

"နှုတ်ဆက်ပါတယ် ဦးလေးနဲ့အဒေါ်တို့ ကျတော်

နောက်ထပ်စမ်းသပ်မှုမှာလည်း ရလာဒ်ကောင်း

ရအောင်စွမ်းဆောင်ပြီး ဥိးလေးတို့ကိုဒီနေရာက

နေ ခေါ်ထုတ်သွားနိုင်အောင်ကြိုးစားမှာပါ"

ကျိုးယန်က အလေးအနက်ပြောသည်။ သို့သော် ချူလင်မယားကတော့ ပြုံး၍သာနေကာ

မည်သို့မှပြန်မပြောပေ။ ချူကျန်းရှပေးသည့်

ကျောက်စိမ်းပြားကို ချေမွလိုက်သည်။ ရွှေရောင်

အလင်းတန်းတခုက ကျိုးယန်ဆီရောက်လာကာ

ခနချင်းပင် ပတ်ဝန်းကျင်ရှိမြင်ကွင်းများ ပြောင်း

သွားတော့သည်။

နောက်ထပ်လေဟာနယ်ပို့ဆောင်ခြင်းလား။

ဒီတခေါက်ရောက်ရှိလာသည့် နေရာကတော့

တောင်ကုန်းငယ်လေးတခုဖြစ်ကာ သေးငယ်

သည့် ဝါးအိမ်လေးမှလွဲ၍ မည်သည့်အရာမှရှိမနေပေ။

ကျိုးယန်လည်း ဝါးအိမ်ငယ်ကို သေချာကြည့်

နေစဥ် ဝါးအိမ်ထဲမှ လူရိပ်တခုထွက်လာသည်။

လူရိပ်က တဖြေးဖြေး ရုပ်လုံးပေါ်လာကာ

အသက် ၁၇နှစ်အရွယ် လူငယ်လေးတဦးပုံစံ

ဖြစ်လာသည်။

ဟမ်.... လူရိပ်က ဘာလို့ငါနဲ့တူနေတာလဲ။

ထိုလူရိပ်က ကျိုးယန်အနားရောက်လာချိန်တွင်

ကျိုးယန်နှင့်ထပ်တူ တူညီသည့် နောက်ထပ်ကျိုး

ယန်တယောက်ဖြစ်နေလေသည်။ ငါက ငါ့ကိုငါ

ပြန်တိုက်ရမယ့်သဘောလား။

ကျိုးယန်တယောက် ကြောင်အနေစဥ်တွင်

ကျိုးယန်နှင့်တူညီသည့် လူက စကားပြောလာ

သည်။ အသံသည်လည်း ကျိုးယန်၏အသံအတိုင်းပင်ဖြစ်သည်။

"ငါက နောက်ဆုံးစမ်းသပ်မှုပဲ ငါ့ကိုနိုင်ရင် ဒီ

စမ်းသပ်မှုကို မင်းနိုင်ပြီ"

ကျိုးယန် ခေါင်းညိတ်ပြလိုက်သည်။ သူ့ကိုယ်သူပြန်တိုက်ရမည့် သဘောရှိကာ ထိုလူက ကျိုး

ယန်ပိုင်ဆိုင်ထားသည့် ခွန်အားအတိုင်းရှိနေသည်။

"အခုစကြတော့မလား"

"မင်းအဆင်သင့်ဖြစ်ရင် စလို့ရပြီ"

ထိုလူက ကျိုးယန်၏စကားကိုပြန်ဖြေသည်။

All Chapters