← Chapters

ကိုယ်ပွားနှင့်တိုက်ခိုက်ခြင်း

Vol. 4 Ch. 58

ကိုယ်ပွားနှင့်တိုက်ခိုက်ခြင်း

Vol. 4 Ch. 58

"ဒါဆို စလိုက်ရအောင်"

ကျိုးယန်က အရင်ဦးစွာပင် လက်ထဲမှဓားဖြင့်

ခုတ်ပိုင်းလိုက်သည်။ တဖက်လူကလည်း ကျိုးယန်နည်းတူ တူညီသည့်ဓားချက်ကိုသာသုံးကာ

ကျိုးယန်၏ ခုတ်ပိုင်းချက်ကို ကာလိုက်သည်။

ဓားချက်များက လေထဲတွင် အရိပ်များနှင့်အလင်းတန်းအသွင်ပြောင်းကာ ရှုပ်ထွေးစွာ

ထွက်ပေါ်၍ နှစ်ဦးသား မီးကုန်ယမ်းကုန်တိုက်

ခိုက်နေကြတော့သည်။

ထန်းးထန်း ချွမ် ချွမ်

ဓားချင်းထိခတ်သံများအဆက်မပြတ်ထွက်

ပေါ်လာ၍ ရိုးစင်းသည့် ဓားချက်များဖြစ်သော်

လည်း ပြင်းထန်သည့် ခွန်အားကြောင့်လေထုပင်

စုတ်ပြဲတော့မည့်ဟန်ပေါ်ကာ လေဟာနယ်က

တွန့်လိမ်နေသည်။

ကျိုးယန်တယောက် ကိုယ်ပွားကိုဓားချက်

များအဆက်မပြန်ထုတ်၍ တိုက်ခိုက်နေရင်း တ

ဖက်တွင်လည်း ကိုယ်ပွား၏ အားနည်းချက်ကို

ရှာနေလေသည်။ သို့သော် ကိုယ်ပွား၏ အားနည်း

ချက်က သူ့ကဲ့အားနည်းချက်ပင်ဖြစ်ကာ ထိုအား

နည်းချက်ကိုသတိထားလိုက်မိသည်နှင့် ကိုယ်ပွား

ကလည်း ကျိုးယန်၏အားနည်းချက်ကို ပြန်လည်

အခွင့်ရေးယူရန်ကြိုးစားတော့သည်။

ဒါမှ တကယ့်ပြဿနာပဲ...။ရင်ဆိုင်ရခက်လိုက်တာ။

ကျိုးယန်တယောက် ညီးတွားနေသော်လည်း

အာရုံအပြည့်စိုက်လျက် ရင်ဆိုင်နေလေသည်။

တချက်မှားသွားလျင် ဒဏ်ရာပြင်းထန်စွာရကာ

ရှုံးနိမ့်သွားနိုင်သည်မဟုတ်လား။

တိုက်ပွဲက တဖြေးဖြေးအရှိန်ဟုန်မြင့်လာ

သလို တိုက်ကွက်များကလည်း ရာနဲ့ချီလာသည်။

ကျိုးယန်လည်း သူနားလည်ထားသည့်အရာများ

အကုန်ထုတ်သုံးနေသလို သူ့ရဲ့ဒန်တျန်ထဲတွင်ရှိ

သည့် ချီဓာတ်များပါမထိန်ချန်ထားပေ။

အချိန်က နှစ်နာရီကျော်ကြာလာချိန်မှာတော့

ကျိုးယန်တယောက်လက်ပန်းကျလာသည်။

နှစ်ယောက်စလုံး၏ အဝတ်အစားများစုတ်ပြဲနေ

ကာ ကျိုးယန်၏ ခန္ဓာကိုယ်ပေါ်ရှိဓားဒဏ်ရာများ

မှတဆင့် သွေးစီးကြောင်းများက အဆက်မပြတ်

စီးထွက်နေလေသည်။

ဒီတိုင်းဆို အခြေနေမဝန်ဘူး။ ငါရှုံးသွားနိုင်

တယ်။ ကျိုးယန်တယောက်လေးနက်လာသည်။

ကိုယ်ပွားက မောပန်းသည့်ပုံစံတစက်ကလေးမှ

မပေါ်သလို ချီဓာတ်များလည်း ကုန်ခမ်းမည့်ဟန်

မရှိပေ။

နောက်ဆုံးတခုပဲကျန်တယ်။ အဲ့ဒါကိုတော့

သူ့မှာ မရှိလောက်ပါဘူးလေ။ ကျိုးယန်အသေအ

ချာစဥ်းစားက ဒန်တျန်ထဲရှိ မီးတောက်ကလေးကို

ထုတ်လိုက်ရသည်။ ထိုအရာက သူ့တွင်ရှိသည့်

အားအကောင်းဆုံးအရာဖြစ်ကာ ကျင့်စဥ်များ

မရှိပဲ သူ့လိုပင် ဗာဂျာရာကျင့်စဥ်တတ်ကျွမ်းထား

သည့် ကိုယ်ပွားကိုအနိုင်ယူရန်က မီးတောက်က

လေး ကူညီမှသာမျှော်လင့်နိုင်တော့မည်ဖြစ်သည်။

"ကဲ မီး​တောက်လေး နောက်ဆုံးအနေနဲ့ငါ့ကို

ကူညီပေးပါဦး"

ကျိုးယန်က မီးတောက်ကို သူ့ရဲ့ဓားပေါ်အုပ်မိုး

ကာ မီးလျှံများဖြင့်တောက်လောင်သည့် ဓားတ

ချောင်းအသွင်ပြောင်းလိုက်သည်။ ထိုစိတ်ကူး

သည် ယခုခါမှသာကလာခြင်းဖြစ်ပြီး ပထမအ

ဆင့် စိတ်ဝိဉာဥ်အစောပိုင်းအယောက်၁၀၀၀ နဲ့

တိုက်ခိုက်ခဲ့သည့်အတိုင်း မီး​တောက်များပစ်

လွှတ်ခြင်းက မသေချာဟုသူထင်နေသောကြောင့်

ဖြစ်သည်။

မီးတောက်လေးက မီးလျှံများအသွင်ပြောင်း

ကာ ကျိုးယန်၏ဓားကို တောက်လောင်စေသည်။

ဓားကို ကိုင်ဆောင်ထားလျက်ကပင် ဓားချက်များ

က ပို၍အားကောင်းလာသည်ဟု သူခံစားနေရ

သည်မဟုတ်လား။

ဝုန်း......

တူညီသည့်ခွန်အားရှိသူ နှစ်ဦးတိုက်ခိုက်ရာတွင်

ထပ်တူညီသော်လည်း ကျိုးယန်က မီးတောက်လေး၏အကူညီကြောင့် ဓားချက်များ၏အရှိန်ဟုန်က ပို၍ပြင်းထန်ကာ ကိုယ်ပွားကိုအနည်းငယ်

ထိလိုက်ရုံဖြင့် ကိုယ်ပွား၏ ခန္ဓာကိုယ်တွင်မီးစများ ကပ်ညှိ၍ လောင်ကျွမ်းနေကြသည်။

အလုပ်ဖြစ်တယ်..။

ကျိုးယန်တယောက်ဝမ်းသာသွားသည်။

သို့နှင့် နောက်ဆုံးလက်ကျန်ခွန်အားကိုသုံးကာ

ဓားချက်များပို၍ ထုတ်ကာတိုက်ခိုက်တော့သည်။

ချွင်....ဖြောင်း...

ဓားချင်းထိခတ်သွားပြီးနောက် ကိုယ်ပွား၏

ဓားက ထက်ပိုင်းကျိုးကာလွင့်ထွက်သွားသည်။

ကိုယ်ပွား၏ ခန္ဓာကိုယ်တွင်လည်း မီးစွဲထားသည့်

ပုံစံရှိကာ သာမန်လူကဲ့သို့ ဒဏ်ရာမပေါ်သောလည်း မီးတောက်က ကိုယ်ပွားကိုအမှန်တကယ်

ပင်ထိခိုက်စေပုံရသည်။

ကိုယ်ပွားက တိုက်ခိုက်နေရာမှ ရပ်လိုက်သည်။

ပြီးနောက် သူ့လက်ထဲရှိ ဓားကျိုးကိုကိုင်ကာ ကျိုး

ယန်ကိုပြုံး၍ စကားပြောလာသည်။

"မင်းနိုင်သွားပြီ မင်းမှာမီးသန္ဓေသားရှိလိမ့်မယ်

လို့ ငါမထင်ထားဘူး ငါကမင်းကိုပုံတူကူးထားတဲ့

လူတဦးဆိုပေမယ့် မီးသန္ဓေသားက သဘာဝဒြပ်

စင်တခုပဲ ငါပုံတူကူးလို့မရဘူး"

ကျိုးယန်ကလည်း ထိုအချက်ကိုနားလည်သွား

သောကြောင့် ထုတ်သုံးလိုက်ရခြင်းဖြစ်သည်။

"ကောင်းပြီ တဲအိမ်ထဲဝင်သွားလိုက်ပါ မင်းကို

လူတဦးက စောင့်နေတယ် ဆုလာဒ်တွေလက်ခံဖို့

အမြန်ဝင်သွားပေတော့"

ကိုယ်ပွားလည်းထိုသို့ပြောပြီးသည်နှင့် လေထဲ

ပျောက်ကွယ်သွားတော့သည်။ ကျိုးယန်တယောက် အနည်းငယ် အမောဖြေကာ မီးတောက်

လေးကို ကျေးဇူးတင်စကားပြောလိုက်သည်။

မီးတောက်ကလေးသာမရှိပါက သူ့အနေဖြင့်

ကိုယ်ပွားကိုနိုင်ရန်မဖြစ်နိုင်ပေ။ မနိုင်ခဲ့ပါက

သူ့ကံတရားသည် ချူလင်မယားကဲ့သို့ ဆိုးဝါး

သွားလေမလား သူလည်းမသိနိုင်ပေ။

တဲအိမ်လေးဆီ ဖြေးညှင်းစွာလျှောက်သွား

လိုက်သည်။ တဲအိမ်က ပေနှစ်ဆယ်ခန့်သာကျယ်

ဝန်းကာ အိမ်ထဲတွင် လူအိုကြီးတစ်ဦးရှိနေလေ

သည်။

"ဝင်ခဲ့ပါ ကောင်လေး ငါက စိတ်ဝိဉာဥ်အပိုင်းအစ

တခုပဲ ဒီကမ္ဘာမြေမှာ ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံ

နိုင်တဲ့သူ ပေါ်လာဖို့စောင့်နေခဲ့တာ ကြာပြီ အခု

မင်းရောက်လာပြီဆိုတော့ မင်းက ငါ့ရဲ့ဆက်ခံသူ

ဖြစ်သွားပြီ ဆိုတဲ့သဘောပဲ"

ကျိုးယန်က ထိုလူအိုကြီးကို ဦးညွှတ်၍ နှုတ်ဆက်ကာ ထိုင်ခုံတခုတွင်ဝင်ထိုက်လိုက်သည်။

"ကျတော်ကဒီကဆရာကြီးကို ဘယ်လိုခေါ်ရမလဲ"

ကျိုးယန်မျှော်လင့်ထားသည့်အတိုင်း အောင်

မြင်သွားပြီမို့ ချူလင်မယားကိုခေါ်ထုတ်ရမည့်

အစီစဥ်အပြင် လည်ဆွဲနှင့်ပက်သက်သည့်အရာ

ကိုလည်း လူအိုကြီးဆီမေး၍ရနိုင်မည်ဟု သူ

ယုံကြည်ထားပေသည်။

ဆုလာဒ်ကတော့ စနစ်မှပေးသည့်အရာများကို

သာ သူမက်မောသည်။ တခြားကျင့်စဥ်များပေး

လာလျှင်လည်း သူလက်ခံမည်မဟုတ်ပေ။

လူအိုကြီးက ကျိုးယန်ကိုပြုံး၍ ကြည့်လာသည်။

All Chapters