← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

ရွှမ်ယီ ထိုနေရာ၌ ရပ်လျက် ရက်အတန်ငယ်ကြာသွားသည်။

အနီးအနားမှ ဖြတ်သွားကြသော သေမျိုးများအမြင်တွင် ရွှမ်ယီက အရူးတစ်ယောက်အလားပင်။

သူထိုနေရာ၌ ရပ်နေသည်မှာ ကြာပြီဖြစ်သဖြင့် နောက်တွင် မြင်းရော လှည်းရောမရှိတော့ချေ။ ဘယ်ရောက်သွားမှန်းလည်းမသိပေ။

ကုန်သည်တစ်ယောက်အတွက်ဆိုလျှင် ၎င်းက ဆုံးရှုံးမှုကြီးဖြစ်၏။

သို့သော် ရွှမ်ယီ စိတ်ထဲပင်မရှိချေ။

သူက မိုးရွာရွာနေပူပူ လက်ရှိနေရာ၌သာ ရပ်လျက်သားရှိနေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ပိတ်ဆို့ သိမ်းဆည်းထားသည်ဖြစ်ရာ မိုးရွာလျှင် မိုးရေများလည်း စိုရွှဲနေတတ်၏။

လမ်းသွားလမ်းလာ တစ်ယောက်က ထီးမိုးပေရန် ကြိုးစားခဲ့ရာ လေပြင်းတစ်ချက်တိုက်ပြီး ထီးကလွင့်သွားလေသည်။ ရွှမ်ယီက မိုးရေများ စိုနေဆဲပင်။

“ ဒီလူ.. စိတ်ဖောက်ပြန်သွားတာပဲဖြစ်ရမယ်…”

“ ဟင်း… ရုပ်လေးချောရဲ့သားနဲ့ ရူးနေတာ.. စိတ်မကောင်းစရာပဲ…”

“ မိုးကလည်း မစဲတော့ဘူးလားမသိဘူး… သူ့ကို ကုန်သည်အဖြစ် ကျုပ်တွေ့ခဲ့ဖူးတယ်… အဲ့တုန်းကပဲ တစ်ခုခုမှားနေမှန်း ခံစားမိခဲ့တယ်… အခုကြည့် ကုန်စည်လှည်းလည်းမရှိတော့သလို မြင်းတွေလည်းမရှိတော့ဘူး… ဒီလိုနဲ့ပဲ ရူးသွားတယ် ထင်ပါတယ်…”

ရက်အနည်းငယ်ထပ်ကြာပြီးနောက်

လူတချို့ ရွှမ်ယီအား လက်ညှိုးထိုးကာ ရယ်မောလိုက်ကြ၏။

“ အရူးတစ်ယောက်ကိုမြင်ချင်ရင် ကြယ်ကြွေကုန်းကို လာကြဟေ့…”

ရွှမ်ယီ၏ အရူးသတင်းကြောင့် ကြယ်ကြွေကုန်း၌ လူသွားလူလာများလာခဲ့သည်။ ထိုအရူးက မည်သို့မှန်း လူတိုင်းသိချင်နေကြ၏။

လာရောက်ကြည့်ရှုသူများကြားထဲတွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် အရှိန်အဝါများဖြင့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။

လူအုပ်ကြီးထဲမှ တဆင့် အရူးဆိုသူအား လှမ်းကြည့်လိုက်လျှင် အဖြူ၀တ်စုံနှင့် ချောမောသော လူငယ်အား တွေ့လိုက်ရာ အတန်ငယ် စိတ်လှုပ်ရှားသွား၏။

လူအများပြောနေကြသော အရူးဟူသည့် ထိုလူငယ်က ထင်သလောက်မရိုးရှင်းဟု သူမ ခံစားမိနေသည်။

သူ၏အမည်က စုန့်ဝေဝေဖြစ်ပြီး ရွှမ်ယီအား တောက်ပသောမျက်၀န်းများဖြင့် စိုက်ကြည့်နေသည်။

ထို့နောက် ပတ်၀န်းကျင်မှ လူများထံ စပ်စုကြည့်လိုက်ရာ ထိုလူငယ်က ကုန်သည်တစ်ဦးဖြစ်ခဲ့ကြောင်း သိလိုက်ရ၏။

စုန့်ဝေဝေ အံ့အားသင့်သွားသည်။

ဘယ်လို သာမန်လူတစ်ယောက်က ထိုကဲ့သို့ ရောင်း၀ယ်မှုပြုမည်နည်း။

သူက တကယ် ရူးနေတာများလား…?

စုန့်ဝေဝေက ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တွေးတောရန်အချိန်လည်းရှိသည်ဖြစ်ရာ ရွှမ်ယီ နောက်နား၌ ရိုးရှင်းစွာ ရပ်နေလိုက်၏။

ထိုအခါ ရွှမ်ယီက ကြယ်ကြွေကုန်း၏ လှပသော ရှုခင်းများအား ငေးကြည့်နေကြောင်း သတိပြုမိခဲ့သည်။

ဤသို့ဖြင့် ရက်အနည်းငယ်ကြာသွား၏။

ရုတ်တရက် စုန့်ဝေဝေ ထူးခြားမှုတစ်ခု တွေ့လိုက်ရသည်။

သူမက ကြယ်ကြွေကုန်း၌ အမျိုးသားတစ်ဦး ၎င်း၏ မြင်းလှည်းအား ဆုံးရှုံးသွားသည့်တိုင် ဂရုမစိုက်ဘဲ မလှုပ်မယှက်ရပ်နေကြောင်း သတင်းကြားသောကြောင့် စပ်စုလိုစိတ်ဖြင့် ကြည့်ရှုရန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုသတင်းက သူမကိုသာမက လူအများအပြားအား ဆွဲဆောင်နိုင်ခဲ့၏။

ရောက်လာသူများက ရွှမ်ယီအား မြင်ပြီးနောက် အနည်းငယ်စိတ်၀င်စားသွားကြသော်လည်း အချိန်ဘယ်လောက်ကြာကြာ လုံး၀ မလှုပ်သဖြင့် စိတ်၀င်စားမှု လျော့နည်းကာ ထွက်ခွာသွားကြ၏။

သို့သော် စုန့်ဝေဝေက ထွက်မသွားခဲ့ပေ။

ထို အရူးဆိုသူက ထူးခြားကြောင်း မသိစိတ်က ခံစားမိနေသည်။

ဤသို့ဖြင့် ရွှမ်ယီ နောက်နား၌ရပ်ကာ ရက်အနည်းငယ် စိုက်ကြည့်နေခဲ့၏။

ထိုအခါ ထူးခြားမှုတစ်ခုအား တွေ့လိုက်ရသည်။

အင်းဆက်များ ၊ မြွေများ တစ်ကောင်တစ်လေမျှ ရွှမ်ယီအနီး ရောက်မလာခဲ့ပေ။ ထို့အပြင် ရက်များစွာကြာနေပြီဖြစ်သည့်တိုင် ထိုလူ၏ ခန္ဓာထက်၌ အညစ်အကြေး အနည်းငယ်မျှ ကပ်ညှိစုပုံခြင်းမရှိချေ။

မိုးများပြင်းထန်စွာ ရွာသွန်းနေသည့်တိုင် ထိုလူက ဘာမျှဖြစ်ရန် မရပေ။

၎င်းက သေမျိုးလူသားများ လုပ်ဆောင်နိုင်သည့်အရာများ မဟုတ်ချေ။

ဤသို့ဖြင့် သူမက ရွှမ်ယီအား ဆက်လက်‌စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အရူးသတင်းအားကြားပြီး ကြည့်ရှုရန်ရောက်လာသူများ စုန့်ဝေဝေကို သတိထားမိသွားကြ၏။

စုန့်ဝေဝေ၏ လှပသောရုပ်သွင်ကြောင့် တချို့လူများက သူမအား စကားပြောရန် ကြိုးစားခဲ့ကြသည်။

အစပိုင်းတွင် စုန့်ဝေဝေက စကားအရှည်ကြီးများပြောကာ ပြန်ရှင်းပြလေ့ရှိ၏။ သို့သော် ကြာလာသောအခါ သူနှလုံးသား ရွှမ်ယီအပေါ်တွင် နစ်မြုပ်စပြုလာပြီး တစ်ခါတစ်လေမှသာ ပြန်ပြောဖြစ်တော့သည်။

(၂)ရက်ကြာပြီးနောက် စကားတစ်ခွန်းမှမပြောတော့ဘဲ သူမ အာရုံအလုံးစုံ ရွှမ်ယီအပေါ်၌သာ ရှိတော့သည်။

တစ်ခါတစ်ရံ သူမ၏ မျက်၀န်းများက မူးယစ်ရီဝေဟန်များပင် ဖြစ်ပေါ်လာ၏။

ရွှမ်ယီထံမှ သူမ နားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ချို့အား ခံစားမိနေသည်။

ထိုဆန်းကြယ်မှုက သူမတွေ့ဖူးသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများထက် များစွာကျော်လွန်နေ၏။

၎င်းက သဘာ၀တရားကြီးနှင့် သိမ်မွေ့စွာ ဆက်နွယ်နေဟန်ရပြီး ဒြပ်ကြီး(၅)ပါး၏ လျှို့ဝှက်ချက်များ ၊ အင်မော်တယ်ဓားသမားတစ်ဦးအလား အဆုံးမရှိ ထက်ရှသော အရှိန်အဝါများ ပါ၀င်နေသည်။

တစ်ခါတစ်ရံ အလွန်သိမ်မွေ့ပြီး ဆန်းကြယ်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာတတ်ပြီး ထိုလူ၏ ခန္ဓာကိုယ်မှ မသိစိတ်အရ ထွက်ပေါ်လာဟန်ရသည်။

ထို သိမ်မွေ့သည့် စွမ်းအားလေးအား ခြေရာခံကြည့်လိုက်ရာ သူမ၏ စိတ်ဝိညာဉ်နှင့် ထိတွေ့သွားပြီး ညာဏ်အလင်းပွင့်ခြင်းအ‌ခြေအနေသို့ ရောက်သွားခဲ့၏။ သူမ နိုးထလာသောအခါ ကျင့်ကြံမှု အဆင့်သေး(၃)ဆင့် ချိုးဖျက်ဖြတ်ကျော်သွားကြောင်း တွေ့လိုက်ရသည်။

ထိုအဆင့်ချိုးဖျက်မှုက ဘာမျှမဟုတ်ဟု သူမ ခံစားမိနေ၏။

အစောပိုင်းက ထိုလူထံမှ ထွက်ပေါ်လာသည့် စွမ်းအားအပိုင်းအစလေးက သူမစိတ်ဝိညာဉ်အား အမည်မသိနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာမှ အရာအားလုံးကို နားလည်နိုင်စွမ်းမရှိခဲ့ပေ။

သူမ ကျင့်ကြံမှု အခြေတည်ဝိညာဉ်အဆင့်သို့ရောက်သွားလျှင်တောင် အပြည့်အ၀ နားမလည်နိုင်ဟု ခံစားမိနေ၏။

လက်ရှိတွင် သူမ အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ခုနှင့် ကြုံတွေ့နေကြောင်း နားလည်လိုက်သည်။

လူတိုင်း အရူးဟု သတ်မှတ်ထားသည့် ထိုလူက ဖုံးကွယ်ထားသော ကမ္ဘာတစ်ခုမှ ဆရာသခင်တစ်ဦးဖြစ်ဟန်တူသည်။

အရာအားလုံး သူမ နားလည်ဖမ်းဆုပ်နိုင်စွမ်းမရှိသည့်တိုင် ထိုအထဲမှ အနည်းငယ်မျှ နားလည်နိုင်လျှင်ပင် သူမအတွက် လုံလောက်ချေပြီ။

ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက် သူမက အခြားသူများနှင့် ပြောဆိုဆက်ဆံရန် လုံးဝစိတ်မဝင်စားတော့ချေ။

သူမ၏ နှလုံးသားတစ်ခုလုံးကို ရွှမ်ယီနှင့် ချည်နှောင်ထားလိုက်၏။ ရွှမ်ယီထံမှ ရံဖန်ရံခါ ထွက်လာသော သိမ်မွေ့သည့် စွမ်းအင် အတက်အကျလေးများကို မြင်လိုက်ရသည်နှင့် အလျင်အမြန်စုပ်ယူရန် ကြိုးစားလေ့ရှိသည်။

တဖြေးဖြေး အချိန်များကြာလာသည်နှင့်အမျှ သူမ၏ကျင့်ကြံမှုက မြင့်တက်လာသလို သူမ၏ကျော်ကြားမှုကလည်း ပျံ့နှံ့လာ၏။

“ကြယ်ကြွေကုန်းမှာ အရူး(၂)ယောက်ရှိနေတယ်…”

“အရူးရောဂါက ကူးစက်နိုင်တာများလား…”

ဤသို့ဖြင့် သတင်းကြားသူတိုင်း ကြယ်ကြွေကုန်းသို့ လာရောက်လည်ပတ်ကြသည်။အစတွင် ထိုလူများက ရွှမ်ယီအားကြည့်ရှုရန်လာခဲ့ကြခြင်းဖြစ်သည်။ထိုနေရာသို့ရောက်လျှင် ရွှမ်ယီက ကြယ်ကြွေကုန်းမှ ရှုခင်းများအား စိုက်ကြည့်နေပြီး သူ့အားနောက်မှနေ၍ စုန့်ဝေဝေက စိုက်ကြည့်နေလေသည်။၎င်းတို့နှစ်ဦးက ရုပ်ထုကြီးများအလားဖြစ်နေ၏။လေနှင့်မိုးကပင် သူတို့အား လှုပ်ရှားစေနိုင်စွမ်းမရှိချေ။

All Chapters