← Chapters

အခန်း (၂၅၈)

Vol. 18 Ch. 258

အခန်း (၂၅၈)

Vol. 18 Ch. 258

သူ၏ နားလည်ဆင်ခြင်ခြင်းပြီးဆုံးသွားသောအခါ အတွေးတစ်ခုဖြစ်ပေါ်လာပြီး ရွှမ်ယီ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

“ နိုးထတော့…”

ဘုန်း…

ကြယ်ကြွေကုန်း၏ ကောင်းကင်၌ အလွန်လင်းထိန် တောက်ပလာကာ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းဖြစ်ပေါ်လာ၏။ ထို့နောက် အသိပညာဖြင့်ပြည့်‌၀နေသော မျက်လုံးတစ်စုံ ပွင့်လာလေသည်။

ရွှမ်ယီက ညာဏ်အလင်းရနေသည့် အခြေအနေမှ ရုတ်တရက် နိုးထလာ၏။

ရွှစ်…

သူက နိုးထလာသည်နှင့် ပတ်၀န်းကျင်အား ဂရုမစိုက်ဘဲ လက်တစ်ချက်ယမ်းကာ လေဟာနယ်အား ဆွဲဖွင့်လိုက်သည်။

“ ရှုး…”

လေဟာနယ်အား ဆွဲဖွင့်သည့် မြင်ကွင်းကြောင့် ပတ်၀န်းကျင်မှ လူအုပ်ကြီး အလွန်အံ့ဩသွားပြီး အသက်ပြင်းပြင်းရှိုက်လိုက်မိကြ၏။ သူတို့စိတ်ထဲ၌ အံ့ဩမှုနှင့်တကွ အလွန်ထိတ်လန့်သွားခဲ့ကြသည်။

တချို့လူများ ဖြူဖျော့သွားပြီး နှဖူးထက်မှ ချွေးစေးများ စီးကျလာ၏။

လေဟာနယ်ကို ဆွဲဖွင့်လိုက်တယ်…

သူတို့ရှေ့က လူက ဘုရင်အဆင့် ကျင့်ကြံသူကြီးလား…

သူတို့က ထိုကဲ့သို့ ဖြစ်တည်မှုတစ်ခုအား စနောက်လှောင်ပြောင်နေခဲ့ကြသည်။

ဘယ်လိုတောင် ရူးမိုက်လိုက်သလဲ…

အကယ်၌ ထိုလူသာ အမှန်တကယ် ဒေါသထွက်သွားပါက သူတို့၏ သနားစရာအသက်လေး အနည်းငယ်မျှဖြင့် မလုံလောက်နိုင်ပေ။

ဝှစ်..

ရွှမ်ယီက ၎င်းတို့အား လျစ်လျူရှုထားလိုက်သည်။ ထို့နောက် အလွန်တုန်လှုပ်နေသော လူအုပ်ကြီးအား နောင်ချန်ထားခဲ့ကာ ရှေ့သို့လှမ်းလိုက်ပြီး လေဟာနယ်အားဖြတ်သန်း ပျောက်ကွယ်သွားတော့၏။

“ ဒုတိယမျိုးဆက်က စုန့်ဝေဝေ ဆရာသခင်ကို ကျေးဇူး အများကြီးတင်ပါတယ်…”

တစ်ဖက်တွင် စုန့်ဝေဝေလည်း ရွှမ်ယီလှုပ်ရှားလာမှုကြောင့် နိုးထလာခဲ့၏။ ထို့နောက် အလျင်အမြန်ဒူးထောက်ချလိုက်ပြီး ရွှမ်ယီထံသို့ လေးစားစွာဖြင့် အရိုအသေပြုလိုက်သည်။

သို့သော် သူမ ခေါင်းမော့လိုက်ချိန်တွင် ရွှမ်ယီက နေရာ၌ မရှိတော့ပေ။

ဤ(၁၀)ရက်တာအတွင်း သူမ ရွှမ်ယီထံမှ အကျိုးအမြတ်များစွာရရှိခဲ့သည်။ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) အထွတ်အထိပ်အား ကျော်လွန်ပြီး အဆင့်(၉) နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။

ထို့အပြင် ကနဦးဓားရည်ရွယ်ချက်ကိုပင် ထိတွေ့မိနေပြီဖြစ်ပြီး အနည်းငယ်လေ့ကျင့်လိုက်သည်နှင့် နားလည်သွားတော့မည်။

ဤအဖြစ်အပျက်က သူမအတွက် ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ရောက်သွားသည့် အလားပင်။

စုန့်ဝေဝေ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်မိသည်။

သို့သော် ပတ်၀န်းကျင်မှ လူတိုင်း အလွန်ထိတ်လန့်တုန်လှုပ်နေကြ၏။

“ သူ.. လေဟာနယ်ကို ဆွဲဖွင့်လိုက်တာမလား… ဘုရင်အဆင့်ကျင့်ကြံသူဆိုတာ သေချာတယ်…”

“ ဘယ်မလဲ ရူးနေတယ်ဆိုတဲ့ ကုန်သည်… သူက အစွမ်းအထက် ဘုရင်အဆင့်ကျင့်ကြံသူဆိုတာ သေချာတယ်… မင်းသာ သူနဲ့အတူ လိုက်ပါနိုင်မယ်ဆိုရင် အနာဂါတ်လမ်းက ဖြောင့်ဖြူးနေမှာ အသေအချာဘဲ…”

ရွှမ်ယီက နိုးထလာသည်နှင့် ချက်ခြင်းထွက်ခွာသွားခဲ့ကာ ထိုနေရာတွင် ကျန်ခဲ့သူများ အချင်းချင်း အပြန်အလှန် ပြောနေလိုက်ကြ၏။

တစ်ချို့လူများက ပြူးကျယ်နေသော မျက်၀န်းများဖြင့် မှင်သက်နေဆဲဖြစ်သည်။

သူတို့ ဒေသတစ်ခုလုံးတွင် ဘုရင်အဆင့်ကျင့်ကြံသူ အနည်းငယ်လေးမျှသာရှိ၏။ ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး သူတို့ရှေ့၌ ရက်များစွာ ရပ်နေခဲ့သည်တိုင် မသိခဲ့ရသည်က ရင်နာစရာပင်။

စေ့စပ်သေချာသူများက စုန့်ဝေဝေအား ကြည့်လိုက်ရာ သူမ ပုံစံက စွမ်းအားများပြည့်၀လျက်ရှိနေပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄)ထက် များစွာ ကျော်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။

သူမ၏ အရည်အချင်းများက နဂိုအချိန်ကထက် များစွာ ကျော်လွန်သွားချေပြီ။

တစ်စုံတစ်ယောက်က ချက်ချင်း အနားတိုးသွားကာ မေးလိုက်၏။

“ စီနီယာအစ်မ.. အခု ဘယ်အဆင့်ရောက်သွားပြီလဲ…”

စုန့်ဝေဝေက သူမအား ၀န်းရံကာ အာရုံစိုက်နေသည့် လူများအားကြည့်လိုက်ကာ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး ခေါင်းအား အနည်းငယ်မြှောက်လိုက်ကာ

“ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈) အထွတ်အထိပ်…”

ဘုန်း…

ကြားလိုက်ရသူတိုင်း အလွန်တုန်လှုပ်သွားကြ၏။

ဟိုတလောမှ သူမက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)၌သာရှိသေးသည်။

ဘုရင်အဆင့်ကျင့်ကြံသူအနား (၁၀)ရက်၀န်းကျင်မျှ ရပ်နေလိုက်ရုံဖြင့် အဆင့်(၄)ဆက် တက်သွားသည်လော။

လူအများစု နှစ်အတန်ကြာ ကြိုးစားကျင့်ကြံသူတိုင် မရနိုင်သော ရလဒ်ဖြစ်သည်။

ကြောက်စရာကောင်းလွန်းတယ်…

စုန့်ဝေဝေအား အရူးဟု လှောင်ပြောင်ခဲ့ကြသူများ နောင်တရလွန်း၍ အသက်ပင်တိုသွားသလိုခံစားလိုက်ရ၏။

ထို့အပြင် ရှက်လွန်း၌ ဘယ်နားပြေးပုန်းရမှန်းမသိပင် ဖြစ်သွားကြသည်။

သူမက အရူးဆိုလျှင် သူတို့ကရော…

မည်သို့သော လူများနည်း…?

အခွင့်အရေးကြီး တစ်ခုမျက်စိရှေ့၌ ရှိနေသည့်တိုင် လုံး၀ သတိမပြုမိခဲ့ကြပေ။

အရူးထက်ပင် နိမ့်ကျသူများသာ ဖြစ်ပေလိမ့်မည်….

ထိုသတင်းက ကြယ်ကြွေကုန်း၌ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားသည်။

ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြ၏။

တကယ့် အရူးအစစ်က မလှုပ်ဘဲ ကြာမြင့်စွာ မတ်တပ်ရပ်နေခဲ့သည့်(၂)ယောက်မဟုတ်ဘဲ ပုံရိပ်ကျောက်တုံးများကိုင်လျက် လှောင်ပြောင်ကာ မှတ်တမ်းတင်ခဲ့ကြသူများဖြစ်သည်။

ထို ပုံရိပ်ကျောက်စိမ်းက မူလတွင် စုန့်ဝေဝေအား ‌ထိုးနှက်ရန် အထောက်အထားတစ်ခုအဖြစ် ရည်ရွယ်ခဲ့သော်လည်း ယခုတွင် သူမအတွက် ချီးကျူးဂုဏ်ပြူစရာ အထောက်အထားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထို ကုန်သည်ထံတွင် အခွင့်အလမ်းတစ်ခု ရှိကြောင်း မည်သူမှ နားမလည်ခဲ့ကြသည်တိုင် သူမက နားလည်ခဲ့၏။

ထို့အပြင် အရူးဟု သတ်မှတ်ထားသည့် ကုန်သည်ကလည်း အရူးမဟုတ်ဘဲ လျှို့ဝှက်ဆရာသခင် တစ်ပါးဖြစ်နေခဲ့သည်။

လူတိုင်း ထိုနေရာမှ နောင်တတရားများ ရင်၀ယ်ပိုက်ကာ ထွက်ခွာသွားပြီးနောက် အနီးပတ်၀န်းကျင်အနှံ့သွားကာ ရွှမ်ယီအား တွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ကုန်သည်များ ဈေးဆိုင်များအား သတိထားကာ လိုက်လံရှာဖွေကြ၏။

ထိုသို့သော ကျွမ်းကျင်သူမျိုးအား ဆရာအဖြစ် ဆည်းကပ်နိုင်မည်ဆိုလျှင် သူတို့ အနာဂါတ်က အလွန်တောက်ပနေတော့မည်။ ဆရာအဖြစ် အသိအမှတ်မပြုနိုင်လျှင်ပင် တစ်စုံတစ်ခုမျှ သင်ယူနိုင်ရုံဖြင့် အကန့်အသတ်မရှိ အသုံး၀င်မည်ဖြစ်၏။

သူတို့ မည်မျှကြိုးစား‌စေကာမူ ဒေသတစ်ခုလုံး၌ အဖြူရောင်၀တ်စုံနှင့် ရွှမ်ယီ၏အရိပ်အ‌ယောင်ပင် မတွေ့ရတော့ချေ။

အခွင့်အလမ်းဆိုသည့်အရာက ရတုန်းရခိုက် အမိအရဖမ်းဆုပ်တတ်ရသည်။ လက်လွှတ်လိုက်မိပါက တစ်ဘ၀လုံး နောက်တစ်ကြိမ် ပြန်ရရန် မဖြစ်နိုင်လုနီးပါပင်။

ထိုအချိန်တွင် ရွှမ်ယီက ထိုဒေသမှ ထွက်ခွာလာခဲ့ချေပြီ။

သေမျိုးတစ်ယောက်ကဲ့သို့ လှည့်ပတ်သွားလာခဲ့ခြင်းနှင့် ကြယ်ကြွေကုန်း၌ ရရှိခဲ့သည့် ထိုးထွင်းသိမြင်မှုက သူ့အား လူသားဘုရင်အဆင့်နှင့် ပို၍ နီးကပ်သွားစေသည်။

ရွှမ်ယီ ဒေသကြီးတစ်ခုသို့ သွားကာ လျှောက်ပတ်ကြည့်နေရင်း သတင်းတစ်ခုကြားလိုက်ရ၏။

ဤဒေသတွင် လျှိုဖန်း ဘုရင့်နိုင်ငံဟုခေါ်သည့် နိုင်ငံငယ်တစ်ခုရှိသည်။

၎င်းက နိုင်ငံငယ်လေးတစ်ခုသာဖြစ်သောလည်း အဘယ်ကြောင့် လျှိုဖန်း ဘုရင့်နိုင်ငံဟု ခေါ်သနည်း။

ထိုနိုင်ငံငယ်လေးတွင်းမှ ချင်းဒေါင်ဆိုသည့် နေရာကြောင့်ဖြစ်သည်။ ထိုချင်းဒေါင်က ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ၎င်းတွင် အလွန်ကျွမ်းကျင်သည့် ဇီသာပညာရှင် အမျိုးသမီးတစ်ဦးရှိ၏။

ကောင်းကင်ထက်မှ နတ်ငှက်များ ၊ ဖီးနစ်များပင်လျှင် သူမ၏ ဇီသာသံကြားပါက နားထောင်ရန် ဆင်းသက်လာလေ့ရှိသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။

“ ချင်းဒေါင်… ဘယ်လောက်တောင် နားထောင်လို့ကောင်းလိုက်တဲ့ နာမည်လဲ..”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်ကွေးသွားကာ စူးစမ်းလိုစိတ်ဖြင့် နှလုံးသားက လှုပ်ခါလာလေသည်။

ရွှစ်…

ခြေတစ်လှမ်းလှမ်းပြီးနောက် လက်ရှိနေရာမှ ပျောက်ကွယ်သွား၏။

ထို့နောက် ရွှမ်ယီ၏ ပုံရိပ်က လျှိုဖန်း ဘုရင့်နိုင်ငံ နယ်စပ်၌ ပြန်လည် ထွက်ပေါ်လာသည်။

All Chapters