အခန်း (၂၅၉)
Vol. 18 Ch. 259
“ မြန်မြန်… နတ်သမီး မြောင်ယင် ဇီသာ တီးတော့မယ်တဲ့…”
“ အံ့ဖွယ်တေးသွားကတစ်ဆင့် ထိုးထွင်းသိမြင်မှု နည်းနည်းလောက် ရနိုင်မလားမသိဘူး…”
ရွှမ်ယီ လျူဖန်းဘုရင်နိုင်ငံတော်၏ အဓိကမြို့ထဲသို့ ရောက်လာခဲ့သည်။
ဖန်းမြို့အတွင်းသို့ သူဆင်းသက်လိုက်သည်နှင့် ကျင့်ကြံသူများ ကောင်းကင်ထက်၌ ပြည့်နှက်နေကာ ချင်းဒေါင်ကျွန်းသို့ ဦးတည်သွားနေကြသည်အား တွေ့လိုက်ရ၏။
“ ဘာတွေဖြစ်နေတာလဲ…”
ရွှမ်ယီက ပတ်၀န်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး နံဘေးမှ ဖြတ်သွားသူတစ်ဦးအား လှမ်းဆွဲပြီးမေးလိုက်သည်။
“ ဟေ့ ညီအစ်ကို… ကျုပ်ကိုလွှတ်… နတ်သမီးမြောင်ယင် ချင်းဒေါင်ကျွန်းက ပန်းတစ်ရာစံအိမ်မှာ ကောင်းကင်တေးသွား တီးခတ်တော့မယ်… နည်းနည်းနောက်ကျသွားရင် နေရာကောင်းမကျန်လောက်တော့ဘူး….”
ရွှမ်ယီက ထိုလူအား ရုတ်တရက် လှမ်းဆွဲထားခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ရုတ်တရက် ဖမ်းဆီးခံရခြင်းကြောင်း ထိုလူ အနည်းငယ်စိတ်တိုသွားခဲ့၏။ သို့သော် သူရုန်းကန်းသော်လည်း မရချေ။ သန်မာသူတစ်ယောက်နှင့် ဆုံတွေ့နေကြောင်း သေချာပေသည်။
သူက မျက်နှာထားကိုပြင်လိုက်ပြီး အတတ်နိုင်ဆုံးပြုံးကာ ဦးညွှတ်လိုက်၏။
“ ကျုပ်ကြားမိသလောက်ဆိုရင် ဒီတစ်ကြိမ် လျှိုဖန်း မင်းသားတင်မကဘူး ဒီကနေ အရမ်းဝေးတဲ့ တောင်ပိုင်းက မင်းသား ဟောင်ရှန်းလည်း လာမှတဲ့… သူ့နောက်ခံ ရှမိသားစုမှာ ဘုရင်အဆင့်ကျင့်ကြံသူရှိတယ်…”
“ အိုး…! ဘုရင်အဆင့် အင်အားစုတွေလည်းလာတာပဲလား…”
ရွှမ်ယီက ထိုလူအား ဆက်လက် ဖမ်းကိုင်ထားပြီး မလွှတ်ပေးခဲ့ချေ။ သူက ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးသည်ဖြစ်ရာ ကိစ္စတော်တော်များများအတွက် ဒေသခံတစ်ဦး၏ အကူအညီလိုအပ်သည်။
ဇီသာတေးသွားက အဘယ်ကြောင့် ဘုရင်အဆင့်များကိုပင် ဆွဲဆောင်နိုင်ရသနည်း…?
ထို တေးသွားကြောင့် အကျိုးကျေးဇူး ကြီးကြီးမားမားရရှိနိုင်သည်လော…?
ရွှမ်ယီက ဟန်ဆောင်ခြင်းကင်းသော မျက်နှာဖြင့်
“ စောနက ညာဏ်အလင်းနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ပြောနေသံကြားခဲ့တယ်… အဲ့တာကဘယ်လို ကိစ္စမျိူးလဲ…”
ထိုလူက ၀မ်းနည်းစွာဖြင့်ကြည့်လိုက်၏။ ဤနေရာတွင် အချိန်ဖြုန်းနေမည့်အစား ပန်းတစ်ရာစံအိမ်သို့ အမြန်သွားပြီး နေရာကောင်းတစ်ခုရလိုနေသည်။ သို့သော် ယနေ့တွင် အခွင့်အရေးမရှိတော့ကြောင်း လက်ခံလိုက်ပြီး ရွှမ်ယီအား ၀မ်းနည်းစွာကြည့်ရင်း သက်ပြင်းချလိုက်၏။
“ မင်း ကြည့်ရတာ တော်တော်လေးချောတယ်ဆိုတာ ငါ၀န်ခံပါတယ်… ဒါပေမယ့် နတ်သမီးမြောင်ယင်က ဒီကမ္ဘာကြီးထက် ကျော်လွန်နေတဲ့ စိတ်ထားနဲ့ အလှအပကို ပိုင်ဆိုင်ထားမှန်း မင်းလည်းသိထားပြီးလောက်မှာပါ… မင်းက သူ့ကို ပိုပန်းချင်နေတာလား….”
ရွှမ်ယီက ထိုလူဆက်မပြောစေရန် ခေါင်းယမ်းလိုက်ပြီး
“ အဲ့လိုမဟုတ်ဘူး… ငါမေးတာကိုသာ ဖြေပါ…”
“ နတ်သမီးမြောင်ယင်က ထူးခြားလှပရုံမဟုတ်ဘူး အရမ်းသာယာငြိမ့်ညောင်းပြီး ထူးချွန်တဲ့ ဇီသာကျွမ်းကျင်မှုကိုလည်း ပိုင်ဆိုင်ထားတယ်… ပြောရမယ်ဆိုရင် သူမ တီးခတ်တာကို နားထောင်သူတိုင်း ညာဏ်အလင်းပွင့်ဖို့ အခွင့်အရေးရှိတယ်… ပြီးတော့ ရရှိတဲ့ညာဏ်အလင်းတွေက တစ်ယောက်နဲ့တစ်ယောက် တူမှာတော့မဟုတ်ဘူး… အရမ်း ပါရမီကောင်းပြီး လှပတဲ့ နတ်သမီးလေးရှေ့မှာ ဘယ်သူမှ ဘာမှမဟုတ်ဘူး….”
“ ညီအစ်ကို.. မင်းရဲ့ ဥပဓိရုပ်က တော်တော်လေးကြည့်ကောင်းပေမယ့် သန်မာတဲ့နောက်ခံတော့ရှိမယ်မထင်ဘူး… ဖန်းမြိုမှာတောင် မင်းလိုလူတွေအများကြီးဘဲ…”
“ တကယ်တမ်း အခွင့်အရေးရှိတဲ့လူတွေက ရှမိသားစုက မင်းသားနဲ့ လျှိုဖန်းမင်းသားတို့လိုမျိုး ဘုရင်အဆင့်အဖွဲ့အစည်းကလူတွေပဲ… အဲ့ဒီ ဘုရင်အဆင့်အဖွဲ့အစည်းကလးတွေတင်မကဘူး ဘုရင်အဆင့်ကျင့်ကြံသူတွေတောင် နတ်သမီးမြောင်ယင်ရဲ့ တေးသံကို နားထောင်ဖို့လာကြလိမ့်မယ်…”
ထိုလူက အများကြီးရှင်းပြလိုက်ပြီး ရွှမ်ယီကိုအံ့အားသင့်သွားစေခဲ့ကာ နှလုံးသားထဲ၌ စိတ်၀င်စားမှု ပိုပြီးမြင့်တက်လာခဲ့သည်။
သူက ဤနေရာသို့ အေးချမ်းစွာ စိတ်အပန်းဖြေရင်း လာရောက်လည်ပတ်ကာ သတင်းကြီးနေသော ဇီသာတေးသွားအား နားထောင်ရန် ရောက်လာခြင်းသာဖြစ်၏။
ယခုကဲ့သို့ ရွှေရောင်အခွင့်အရေးနှင့် ဆုံတွေ့ရန် မမျှော်လင့်ထားခဲ့ချေ။
“ ဘယ်လို သံစဉ်တေးသွားမျိုးမို့ ဘုရင်အဆင့်ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်တာလဲ…”
ထိုလူက ခေါင်းယမ်းပြီး ရွှမ်ယီအား အထင်းသေးသလိုကြည့်လိုက်သည်။
သူ့အား မေးမြန်းနေသူက ဘာဆိုဘာမှ မသိသူဖြစ်၏။
“ ကျုပ်ကြားဖူးတဲ့သတင်းတော့ရှိတယ်… ဒါပေမယ့် မှန်မမှန်တော့မသေချာဘူး..
နတ်သမီးမြောင်ယင်ရဲ့ ဘိုးဘေးက အစွမ်းထက်ဘုရင်အဆင့်ကျင့်ကြံသူတဲ့… သူက သီချင်းတွေကို ပြိုင်ဘက်ကင်းအောင် တီးခတ်နိုင်ပြီး လေဟာနယ်ကိုတောင် သံစဉ်ကတစ်ဆင့် ပေါက်ကွဲသွားစေနိုင်စွမ်းရှိတယ်တဲ့…”
စကားဆုံးသည်နှင့် ရွှမ်ယီ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူကိုယ်တိုင်ကလည်း ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ထိုလူပြောသလိုမျိုးအခြေအနေအား အစွမ်းထက် ဘုရင်များသာလျှင် လုပ်နိုင်စွမ်းရှိကြောင်း နားလည်ထားသည်။
အစွမ်းထက် ဂီတတာအိုပညာရှင်က သူ၏ ဂီတဥပဒေသများကို လေဟာနယ်အတွင်း ပေါင်းစပ်ထည့်သွင်းနိုင်စွမ်းရှိပါက လေဟာနယ် ဥပဒေသစွမ်းအားများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းရှိရန် ဖြစ်နိုင်သည်။
ထို ဥပဒေသနှင့် စွမ်းအားများအား မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တီးခတ်ခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရပေလိမ့်မည်။ ပြောင်းလဲမှု မျိုးစုံနှင့် အင်မော်တယ်လမ်းစဉ်၏ သဘာ၀အစိတ်အပိုင်းအား အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပြီးပြီဟု မှတ်ယူနိုင်သည်။
ထိုကဲ့သို့ သံစဉ်တေးသွားမျိုးက ဘုရင်အဆင့်ကျင့်ကြံသူများ နားထောင်ရန် ထိုက်တန်ပေသည်။
“ ညီအစ်ကို.. ကံကြမ္မာက ငါတို့ကို အတူတကွဆုံတွေ့စေခဲ့တယ်… မင်းကိုကြည့်ရတာ သာမန်ကျင့်ကြံသူတစ်ယောက် ဟုတ်မယ်မထင်ဘူး… ငါ့ကို ခေါ်သွားပေးနိုင်မလား… ချင်းဒေါင်ကျွန်းကို သွားကြစို့လေ… နတ်သမီးမြောင်ယင်ရဲ့ သံစဉ်တွေက အရမ်းထူးခြားကောင်းမွန်တယ်.. အဓိကကတော့ သူမက နေ့တိုင်း တီးခတ်လေ့မရှိဘူး… ငါတို့သာ ဒီအခွင့်အရေးနဲ့လွဲချော်သွားမယ်ဆိုရင် အရမ်းနောင်တရစရာဖြစ်နေတော့မှာဘဲ….”
ရွှမ်ယီထံ ဖမ်းဆုပ်ခံထားရသူက ရွှမ်ယီအား မျှော်လင့်တကြီးကြည့်လိုက်၏။ သူက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်ကာ အားနည်းသူတစ်ဦးမဟုတ်ပေ။ သူက ရွှမ်ယီထံမှ အနည်းငယ်မျှရုန်းမထွက်နိုင်သည်ဖြစ်ရာ ရွှမ်ယီက သူ့ထက် များစွာသန်မာနေမည်ဖြစ်ကြောင်း နားလည်ထား၏။
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်နိုင်သည်။
“ ရပါတယ်…”
ရွှမ်ယီက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ထိုလူအားဆွဲခေါ်ကာ ပျံသန်းလိုက်ပြီး ချင်းဒေါင်ကျွန်းသို့ ဦးတည်လိုက်၏။
ထိုအခါ သယ်ဆောင်ခြင်းခံလိုက်ရသောလူ အလွန်အံ့ဩသွားသည်။ သူက ရွှမ်ယီအား မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိ၏။ သူထင်တာမှန်သည်။ ထိုလူက လေထဲ၌ ပျံသန်းနေနိုင်သည်ဖြစ်ရာ အမှန်တကယ် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်၏။
ထိုအချိန်တွင် လူများစွာတို့ ချင်းဒေါင်ကျွန်းဆီသို့ အပြေးသွားနေကြသည်။ ဒေသခံများသာမဟုတ်ဘဲ တခြားမြို့များ နယ်မြေများမှ လူများလည်းပါ၀င်၏။
ကျင့်ကြံသူတစ်ယောက်အတွက် သီချင်းတစ်ပုဒ်က မည်မျှ ကောင်းနိုင်သနည်း…?
ကျင့်ကြံသူများအတွင် သီချင်းတစ်ပုဒ်တီးခတ်ရန် အခက်အခဲမရှိချေ။
သို့သော် သံစဉ်တေးသွားမှ တစ်ဆင့် ညာဏ်အလင်းရစေနိုင်သော သီးချင်းများကမူ အလွန့်အလွန်ရှားပါးလှ၏။
ထိုကဲ့သို့ သီချင်းမျိုးက နားထောင်ရန် ထိုက်တန်သည်ထက် ပိုပေသည်။
ဝှစ်ရှ်…
အလင်းတန်းတစ်ခုတောက်ပလာပြီး ဂုဏ်ယူနေသော မျက်နှာဖြင့် လူတစ်ယောက် ဟိတ်ဟန်အပြည့်ဖြင့်ထွက်ပေါ်လာကာ ပတ်၀န်းကျင်မှ လူများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
ရွှစ်…
နောက်ထပ် အလင်းတန်းတစ်ခုလင်းလက်သွားပီုး ပုံရိပ်တစ်ခု ထွက်ပေါ်လာရာ ကြည့်နေသူတိုင်း အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
“ ဒါက.. ရှဟောင်ရှန်းဘဲ… သူက နတ်သမီးမြောင်ယင်ကို လက်ထပ်မယ်ဆိုပြီး ကြေငြာထားတဲ့လူဘဲ… သူလည်း ရောက်လာပြီ…”
ရွှေရောင်အလင်းတန်းများဖြင့် တော်၀င်အရှိန်အဝါက ပတ်၀န်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လျှိုဖန်း ဘုရင်နိုင်ငံတော်က မင်းသား…
တော်၀င်မင်းသား၏ ထွက်ပေါ်လာသောအခါ ပွတ်လောရိုက်နေမှုက ချက်ချင်းငြိမ်ကျသွား၏။ မည်သူမှ ခေါင်းမော့ပြီး မျက်လုံးချင်းမဆုံဝံ့ကြချေ။
ဘုန်း…
အလွန်ကြီးမားသော ဖိအားကြီးတစ်ခုထွက်ပေါ်လာပြီး လေဟာနယ်အက်ကြောင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။ ရှဟောင်ရှန်းနှင့် လျှိုဖန်းမင်းသားတို့ နှစ်ယောက်လုံး ရောက်လာသူအား အရိုအသေပေးလိုက်ကြသည်။ အသစ်ရောက်လာသူက ပို၍ အင်အားကြီးသော အဖွဲ့အစည်းမှဖြစ်ကြောင်း ထင်ရှား၏။
ထိုရောက်လာသော ဘုရင်အဆင့် ကျင့်ကြံသူနောက်တွင် ငယ်ရွယ်သော ကျင့်ကြံသူ အများပြားတန်းစီ ရပ်နေကြသည်။ ကြည့်ရသည်မှာ ထိုလူ၏ အမွေခံတပည့်များ ၊ သားမြေးများ ဖြစ်ဟန်ရပြီး နတ်သမီး မြောင်ယင်၏ သံစဉ်အားနားထောင်ရန် ခေါ်လာခြင်း ဖြစ်ဟန်ရသည်။
လူအုပ်ကြီးထဲတွင်ရပ်နေသည့် ရွှမ်ယီက ထိုဘုရင်အဆင့်ကျင့်ကြံသူအား စိတ်၀င်တစားကြည့်နေ၏။ ထိုလူက မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး လက်တစ်ဖက်ယမ်းရုံဖြင့် ချေမှုန်းနိုင်စွမ်းရှိသည်။ သို့သော် ထိုမူလဘုရင်အဆင့် ဤဒေသတွင် အထွတ်အထိပ်သော တည်ရှိမှုတစ်ခူ ဖြစ်နေချေပြီ။
ဒေသကြီးတစ်ခုမှ အုပ်စိုးရှင်တစ်ယောက်က သီချင်းသံစဉ်အား နားထောင်ရန် အမှန်တကယ် ရောက်လာခဲ့သည်လော…?