← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

ဟမ်…!

အစွမ်းထက်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး နေထိုင်ရာ ဓားဂိုဏ်းတစ်ခုတွင်

ဂိုဏ်းမှ ဓားများအားလုံး လေထဲပြေးတက်သွားပြီး ပန်းတစ်ရာစံအိမ်ရှိရာဘက်သို့ ဦးတည်သွားသည်။

ထောင်ပေါင်းများစွာသော ဓားများ လေထဲတွင်စုဆုံသွားပြီး ဧရာမ ဓားကြီးတစ်ချောင်းအလား ပြောင်းလဲပြီး ဦးတည်ရာတစ်ခုတည်းသို့ ရွေ့လျားနေ၏။

အခြေအနေကို ရိပ်မိလိုက်လျှင် ဓားဂိုဏ်းမှ ခေါင်းဆောင် ဘုရင်အဆင့်ကျင့်ကြံသူ အမူအရာပြောင်းသွားသည်။

သူ၏ နောက်ကျောမှ ဓားပါ ထွက်သွားတော့မည်ဟန် ပြုလာလျှင် အလွန်ထိတ်လန့်သွား၏။

ရွှစ်…

နောက်ကျောမှ ဓားအား ဆွဲထုတ်ကာ လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

ပန်းတစ်ရာစံအိမ်ရှိရာဘက်သို့ အလွန်လေးနက်သော မျက်၀န်းများဖြင့်‌ ငေးကြည့်လိုက်၏။

ဒေသတစ်ခုလုံးရှိ နယ်မြေအသီးသီးမှဓားများ ပိုင်ရှင်တို့၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားခဲ့သည်။

ဓားရည်ရွယ်ချက်က အဘယ်နည်း…?

“ ဆရာ… ဦးတည်ချက်ကိုကြည့်လိုက်.. အဲ့တာ လျှိုဖန်း ဘုရင့်နိုင်ငံဘက်မဟုတ်လား… တစ်ယောက်ယောက် ဘုရင်အဆင့်တက်သွားတာများလား….”

ဓားဂိုဏ်း ဘုရင်အဆင့်ကျင့်ကြံသူနောက်မှ မောက်မာမှုကင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

စကားပြောလိုက်သူက ဓားဂိုဏ်းမှ ပါရမီအကောင်းဆုံးသော တပည့်ဖြစ်၏။ သူက ငယ်သေးသည့်တိုင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်နေပြီဖြစ်ပြီး ဂိုဏ်း၏ အနာဂါတ်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။

ထိုလူငယ်၏အမြင်တွင် ဤမျှ ခမ်းနားသော မြင်ကွင်းက ဘုရင်အဆင့်ကို တစ်စုံတစ်ယောက် ချိုးဖျက်သွားသောကြောင့်သာ ဖြစ်ရမည်။

“ ဘုရင်အဆင့်လား…”

ဓားဂိုဏ်းမှ အစွမ်းထက် ပါရမီရှင် ဘုရင်အဆင့်ကျင့်ကြံသူ၏ မျက်၀န်းများက အားကျမနာလိုမှုများပြည့်နေခဲ့ပြီး

“ မဟုတ်ဘူး… သူက လူသားဘုရင်အဆင့်ကို ချိုးဖျက်သွားတာ…”

“ လူသားဘုရင်အဆင့်လား… အဲ့တာဘာများလဲ…”

လူငယ်၏ မျက်၀န်းများ ရှုပ်ထွေးသွားသည်။

ဘုရင်အဆင့် ကျင့်ကြံသူ ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး သူ၏ မျက်၀န်းထဲ၌ အလင်းတစ်ချက် လက်သွားသည်။

သူက လူသားဘုရင်အဆင့်ကျင့်ကြံသူနှင့် ဆုံးဖူးသည်ဖြစ်ရာ ၎င်းတို့ မည်မျှအစွမ်းထက်ကြောင်းသိထား၏။ ပတ်၀န်းကျင်မှ သိချင်စိတ်များပြည့်နေသည့် မျက်၀န်းများဖြင့်ကြည့်နေသော တပည့်များအားကြည့်ကာ လေးစားမှုများပြည့်နေသော လေသံဖြင့်

“ အဲ့ဒီအဆင့်… လောလောဆယ် မင်းတို့အနေအထားနဲ့ ထိတွေ့နိုင်ဖို့ အဝေးကြီးလိုသေးတယ်…”

“ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်.. လူသားဘုရင်တစ်ယောက်က ငါ့လိုလူမျိုးကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်… ငါတို့ ဂိုဏ်းတစ်ခုလုံး ပေါင်းလိုက်ရင်တောင် ယှဉ်နိုင်မှာမဟုတ်ဘူး….”

ဘုန်း…

ပတ်၀န်းကျင်မှ တပည့်များအားလုံး မျက်လုံးများ ပြူးကျယ်သွား၏။

သူတို့အမြင်တွင် သူတို့၏ ဆရာဖြစ်သူက ဒေသတစ်ခုလုံး၌ ထိပ်တန်းဖြစ်နေချေပြီ။ သာမန်အခြေအနေများတွင် ၎င်းတို့ဆရာအမည်ပြောလိုက်သည်နှင့် မျက်နှာသာပေးခံရမည်သာ။

သို့သော် ယခု ဘာကြားလိုက်ရသနည်း…?

လက်တစ်ချောင်းကိုတောင် မယှဉ်နိုင်ဘူးတဲ့လား…

ထိုအချိန်တွင် ပန်းတစ်ရာစံအိမ်၌

ကောင်းကင်ထက်မှ ရွှမ်ယီ၏ အရှိန်အဝါများကို မြင်လိုက်ရပြီးနောက် လူတော်တော်များများ တစ်စုံတစ်ခုအား မှန်းဆပြီးဖြစ်၏။ ချက်ချင်း ကောင်းကင်ထက်၌ ရှိနေဆဲလူများအား လှမ်းအော်လိုက်ကြသည်။

“ လူသားဘုရင်ရှေ့မှာ ဘယ်လိုတောင် မလေးစားကြတာလဲ…”

“ မြန်မြန် အောက်ဆင်းကြစမ်း…”

ရွှမ်ယီထံမှ ထွက်ပေါ်နေသည့် စွမ်းအား အတက်အကျများက လူသားဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ပြီးကြောင်းထင်ရှားသည်။ မူလဘုရင်များပင် နိမ့်ကျသေး၏။ လူသားဘုရင်တစ်ယောက် ရှေ့တွင် မည်သူက ဂုဏ်ဆာနိုင်မည်နည်း။

ထွက်ပေါ်လာသည့် စကားများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး အလျင်အမြန် အောက်သို့ ပြေးဆင်းလာကြ၏။ ထို့နောက် ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုအား မော့ကြည့်ကာ အသက်ပင် ရဲရဲမရှုဝံ့ကြတော့ချေ။

သူတို့ဒေသတစ်ခုလုံး လူသားဘုရင်အား ယှဉ်နိုင်စွမ်းမရှိချေ။

လူသားဘုရင်တစ်ဦး၏ တည်ရှိမှုက ကောင်းကင်ကြီးတမျှကြီးမား၏။

ဇီသာသံစဉ်အား လာနားထောင်ရုံဖြင့် လူသားဘုရင်တစ်ယောက်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ သူတို့ အလွန်ကံကောင်းလှ၏။

ဘုန်း…

ကောင်းကင်ထက်၌ ရွှမ်ယီ ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူ၏ မျက်လုံးများပွင့်လာသည်နှင့် အလွန်စူးရှ တောင်ပသည့် ဓားအလင်းထွက်ပေါ်လာပြီး နေ‌ရောင်ပင် ၎င်းနှင့်ယှဉ်ပါက မှေးမှိန်သွားသည့်အလားပင်။

“ လူသားဘုရင်အဆင့်ကို အောင်မြင်စွာချိုးဖျက် ဖြတ်ကျော်နိုင်ခဲ့တဲ့ စီနီယာကို ဂုဏ်ပြုပါတယ်…”

ပတ်၀န်းကျင်မှ စီနီယာကျသူများ ၊ ခေါင်းဆောင်များအားလုံး လေးစားစွာ ဦးညွှတ်လိုက်ကြ၏။

ရွှမ်ယီက လူအုပ်ကြားထဲမှ ကြောင်အနေသော နတ်သမီး မြောင်ယင်ထံသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။

“ ဒီနေ့ ငါ့ရဲ့အောင်မြင်မှုမှာ မင်းရဲ့ ဇီသာ သံစဉ်က အများကြီးအထောက်အကူပြုခဲ့တယ်… မင်းရဲ့ ကျင့်ကြံမှုက နိမ့်ကျနေပေမယ့် ဂီတနဲ့ပတ်သက်ပြီး အများကြီးအစွမ်းထက်တယ်… အထူးသဖြင့် မင်းစပြီးဖျော်ဖြေလိုက်တဲ့အခါ ဘုရင်အဆင့်ကျင့်ကြံသူနဲ့တောင် နှိုင်းယှဉ်လို့ရတယ်…”

ရွှမ်ယီက စိတ်လှုပ်ရှားနေဟန်ရသော နတ်သမီးမြောင်ယင်အားကြည့်ကာ တစ်ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

သူက တစ်ပါးသူထံမှ အကျိုးကျေးဇူးဖြစ်ထွန်းထားသည်ဖြစ်ရာ တစ်ခုခုပြန်လုပ်ပေးမှ အဆင်ပြေလိမ့်မည်။

ထို့အပြင် နတ်သမီးမြောင်ယင်ဆိုသည့် မိန်းကလေး ဇီသာတီးခတ်ခဲ့စဉ်က ဥပဒေသစွမ်းအားများကိုပင် ဆွဲဆောင်စုစည်းစေနိုင်ခဲ့သည်။ ရွှမ်ယီ၏ အမြင်တွင် သူမ ဘိုးဘေးတို့၏ စွမ်းအားက ထိုဖြစ်စဉ်တွင် အဓိကနေရာကပါ၀င်နေသော်လည်း သူမကလည်း ခေသူတစ်ယောက်မဟုတ်ချေ။ ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာသေးမီ ဥပဒေသစွမ်းအားများအား ထိန်းချုပ်အသုံးပြုနိုင်ရန်မှာ အလွန်ရှားပါးလွန်းလှသည်။

“ ‌ဟုတ်ပြီ.. မင်း သူတော်စင်ဒေသက ဗဟိုသူတော်စင် အကယ်ဒမီကို သွားချင်လား…”

ဝှစ်ရှ်…

ရွှမ်ယီက ကျောက်စိမ်း တံဆိပ်ပြားလေးတစ်ခုထုတ်ပြီး သူ၏ စိတ်ဝိညာဉ်အမှတ်အသား ထည့်သွင်းကာ နတ်သမီးမြောင်ယင်အား ပေးလိုက်၏။

“ မင်းရဲ့ ဇီသာနည်းစနစ်တွေက အရမ်းကောင်းမွန်ပေမယ့် တိုးတက်ဖို့အခြေအနေတွေအများကြီးကျန်သေးတယ်… ဇီသာတာအိုနဲ့ပတ်သက်ပြီး ငါမကျွမ်းကျင် နားမလည်ပေမယ့်… ဗဟိုသူတော်စင်အကယ်ဒမီမှာ ဇီသာအရမ်းထူးချွန်တဲ့ ဆရာတစ်ယောက်ရှိတယ်…”

“ မင်း ဆန္ဒရှိရင် ဒီတံဆိပ်ပြားကိုယူပြီး ဗဟိုသူတော်စင် အကယ်ဒမီကိုသွားလို့ရတယ်… အဲ့ခါကျရင် ပိုပြီး သိမ်မွေ့အစွမ်းထက်တဲ့ ဇီသာပညာရပ်တွေကို သင်ယူနိုင်လိမ့်မယ်…”

“ သွားချင်တာ မသွားချင်တာကတော့ မင်းသဘောပါဘဲ…”

စကားဆုံးသည်နှင့် ရွှမ်ယီက သူမအားကြည့်ကာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

တစ်ခဏ အကြာတွင် ရွှမ်ယီ၏ နံဘေးမှ လေဟာနယ်အက်ကွဲသွားကာ ရွှမ်ယီလည်း နေရာမှ ပျောက်ကွယ်သွားလေသည်။

“ ဗဟိုသူတော်စင်အကယ်ဒမီ… ထိပ်တန်းအကယ်ဒမီကြီး(၅)ခုထဲက တစ်ခု….”

နတ်သမီးမြောင်ယင်က ကျောက်စိမ်းတံဆိပ်ပြားအား တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ရေရွတ်လိုက်သည်။ သူမ မျက်၀န်းများက အမျိုးအမည်မသိသော အလင်းများဖြင့် တောက်ပလာ၏။

အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက်

“ အခွင့်အရေးက ရှေ့ရောက်လာမှတော့… ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မှာလဲ….”

…

ရွှမ်ယီက လေဟာနယ်အား ဖြတ်သန်းကာ ဗဟိုသူတော်စင် အကယ်ဒမီသို့ ပြန်လာခြင်းဖြစ်၏။

သူက လူသားဘုရင်အဆင့်သို့ ချိုးဖျက်ရန် အခွင့်အလမ်းရှာဖွေဖို့အတွက် အကယ်ဒမီမှ ထွက်ခွာလာခြင်းဖြစ်သည်။ ယခုတွင် ရည်ရွယ်ချက် အထမြောက်အောင်မြင်သွားပြီဖြစ်ရာ ပြန်ချိန်ရောက်ချေပြီ။

….

ထိုအချိန်တွင် လင်းယုန်ဒေသ၌…

လင်းယုန်ဒေသက ထိပ်တန်းဒေသကြီး(၁၀)ခုအတွင်းပါ၀င်သည်။

လင်းယုန်ဒေသတွင် ကလေးသူငယ်များမှ သက်ကြီးရွယ်အိုများအထိ သိုင်းပညာအား အလွန်အလေးနက်ထားကာ ထောက်ခံအားပေးကြ၏။

လင်းယုန်ဒေသတွင် သိုင်းပြိုင်ပွဲများက ထုံးတမ်းအစဉ်အလာ တစ်ခုအလားပင်။ သူငယ်ချင်းများလည်း အားလျှင် စုဝေးကာ သိုင်းပညာယှဉ်ပြိုင်လေ့ရှိ၏။

‌အိမ်ထောင်ပြုလိုလျှင်တောင် သိုင်းပညာအရင်ယှဉ်ပြိုင်ရသည်။ သူတို့သမီးအား လက်ထပ်ခွင့်မရခင် သူမ၏ မိသားစုဆွေမျိုးများ အရှေ့တွင် သိုင်းပညာအစွမ်းပြသရန် လိုအပ်၏။

All Chapters