← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

လင်းယုန်ဒေသတွင် လွန်ခဲ့သော နှစ်သောင်းဂဏန်းလောက်ကတည်းက တိုက်ပွဲစင်မြင့်တစ်ခု ဖန်တီးခဲ့သည်။

တိုက်ပွဲစင်မြင့်ဟု အမည်တွင်သော်လည်း ပတ်လည်တွင် လက်ရန်းများ လုံး၀မပါ၀င်ဘဲ ခိုင်မာစွာတည်ဆောက်ထားသည့် စင်မြင့်တစ်ခုသာဖြစ်သည်။ ၎င်းအာ စိတ်ဝိညာဉ်စွမ်အင် စက်ဝိုင်းတစ်ခုက ဝိုင်းပတ်ကာကွယ်ထား၏။

၎င်းကို အစွမ်းထက်ရုန်းများဖြင့် ဖန်တီးထားပြီး အတွင်းမှ စွမ်းအားများ ဖြာထွက်လာသည်နှင့် ပွဲကြည့်သူများ မထိခိုက်စေရန် ၎င်းက စုပ်ယူသွားပေလိမ့်မည်။

ဤသို့ဖြင့် တိုက်ပွဲကွင်းပြင်နေရာက လင်းယုန်ဒေသတွင် စီးပွားရေး ၊ လူမူရေး ဗဟိုချက် ဖြစ်လာခဲ့၏။ ပြင်ပဒေသမှ လူများအတွက် ၎င်းက သိုင်းယှဉ်ပြိုင်သည့်စင်မြင့်တစ်ခုသာ။ သို့သော် တိုက်ပွဲစင်မြင့်ထက်၌ စည်းမျဉ်းက အလွန်ရိုးရှင်းသည်။ ဓားများ လှံများ၌ မျက်လုံးမပါသည်ဖြစ်ရာ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်မှရမည်။

သွေသံရွှဲရွှဲဖြင့် တိုက်ပွဲများကသာ လင်းယုန်ဒေသမှလူများအား တက်ကြွစေနိုင်စွမ်းရှိသည်။

အစစ်အမှန် သူရဲကောင်းများက သေခြင်း ၊ ရှင်ခြင်းကြားအခြေအနေများမှ ထွင်ပေါ်လာခြင်းဖြစ်၏။

ရွှမ်ယီက တပည့်များထဲမှ တစ်ဦးဖြစ်သော ရှောင်ဟောင်က နှစ်ဖက်သွားဓားရှည်တစ်ချောင်းကိုင်ဆောင်ပြီး တိုက်ပွဲအတွေ့အကြုံရရန်အတွက် စင်မြင့်အထက်သို့တက်လာသည်။

သူက လင်းယုန်ဒေသ၌ တိုက်ခိုက်လိုနေ၏။

“ ဓားတစ်ချောင်းနဲ့အတူ အစွမ်းထက်ကျင့်ကြံသူတွေကို ချေမှုန်းပစ်မယ်… ဒါမှ ငါက ဆရာ့ခြေရာကို လိုက်နင်းနိုင်မှာ…”

ရှောင်ဟောင်၏ မျက်၀န်းအကြည့်များက အလွန်ခိုင်မာပြတ်သားနေသည်။

ပထမဆုံးတိုက်ပွဲတွင်

ဓားတစ်ချက်ဖြင့် အနိုင်ယူခဲ့၏။

ဒုတိယတိုက်ပွဲ

ဓားအလင်းများ လင်းလက်သွားကာ နိုင်သွားပြန်သည်။

ဤသို့ဖြင့်

နောက်ထပ်ပွဲစဉ်များလည်း ဆက်လက် အနိုင်ရခဲ့၏။

နိုင်ပွဲများ ဆက်လက်ရရှိပြီးနောက် တိုက်ပွဲကွင်းပြင်ရှိ လင်းယုန်ဒေသမှ ပရိတ်သတ်များ ရှောင်ဟောင်အပေါ် အာရုံစိုက်မိလာကြသည်။

တိုက်ပွဲစင်မြင့်များအား ကြီးကြပ်သူပင် ဂရုစိုက်မိလာ၏။

“ ဒါကတော့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပဲဖြစ်ပါတယ်… လက်ရှိ‌မှာတော့ သူက ဓားတစ်ချောင်းနဲ့ ဆက်လက်အောင်ပွဲဆင်နေဆဲပါဘဲ ခင်ဗျာ… အခုချိန်အထိဆိုရင် (၇)ပွဲဆက်တိုက် အနိုင်ရထားပါပြီ… “

“ တိုက်ပွဲစင်မြင့်က စည်းကမ်းတွေအရဆိုရင် မင်းအနေနဲ့ (၉)ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ဆက်ပြိုင်လို့မရတော့ဘူးနော်.. ဒါပေမယ့် မင်းရဲ့နာမည်ကို စင်မြင့်ထက်မှာ ချန်ထားခဲ့နိုင်လိမ့်မယ်…”

ကြီးကြပ်သူ၏ ကြေငြာသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး ပရိတ်သတ်အများအပြားကို ဆွဲဆောင်လိုက်သည်။

နဂိုတည်းက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲက အပြစ်ပြောစရာအရှိအောင် စိတ်၀င်စားစရာအတိဖြစ်ပြီး ယခုအချိန်တွင် ထိုလူငယ်က နိုင်ပွဲဆက်နေ၏။

ယနေ့ သန်မာသူတစ်ယောက်က ထပ်မံပြီး မှတ်တမ်းရေးထိုးသွားတော့မှာလား…

ပရိတ်သတ်အများအပြား ရောက်လာချိန်တွင် ရှောင်ဟောင်က (၈)ယောက်မြောက် ပြိုင်ဘက်နှင့် စတင်တိုက်ခိုက်နေပြီဖြစ်၏။

‌ရောက်လာသူများ နိုင်ပွဲဆက်နေသည့် လူငယ်ထံမှ ဓားအလင်းများဖြာထွက်လာသည်ကို မြင်လိုက်ရသည်။ တစ်ဖက်တွင်မူ ပြိုင်ဘက်က ဓားကြီးတစ်ချောင်းအားကိုင်ဆောင်ထားပြီး ရှောင်ဟောင်၏ ဓားချက်‌များအောက်တွင် အကြီးအကျယ်ဖိနှိပ်ခံနေရကာ ခုခံနိုင်စွမ်းမရှိတော့ပေ။

“ ဒါက.. လုံး၀ အစွမ်းထက် ဓားသမားတစ်ယောက်ဘဲ…”

“ ဟုတ်တယ်.. အံ့အားသင့်စရာဘဲ.. သူ့ပြိုင်ဘက်က ပြန်တိုက်နိုင်စွမ်းတောင်မရှိဘူး…”

“ သူက ငါတို့လင်းယုန်ဒေသကမဟုတ်ဘူး… ပြင်ပဒေသကနေ လာပြီးယှဉ်ပြိုင်တာဖြစ်မယ်… သူ့ရဲ့ နောက်ဆုံးပြိုင်ဘက်က ဘယ်သူဖြစ်လောက်မလဲ…”

လူတစ်ချို့က ရေရွတ်လိုက်ကြ၏။ ရှောင်ဟောင်က အစွမ်းထက်သည်မှန်သော်လည်း ပြင်ပဒေသမှလူများ တိုက်ပွဲစင်မြင့်၌ ‌ဗိုလ်စွဲနိုင်ရန် အလွန်ခက်သည်။ ပုံမှန်အတိုင်းဆိုလျှင် ၎င်းတို့အား ရပ်တန့်ရန် နောက်ဆုံးပွဲတွင် လင်းယုန်ဒေသမှ အဆင့်တူပြီး အလွန်အစွမ်းထက်သော ပညာရှင်များအား စေလွှတ်တိုက်ခိုက်စေလေ့ရှိသည်။

သိုင်းပညာနှင့်ပတ်သက်ပြီး အလွန်လေးစားကြသည့်တိုင် ပြင်ပဒေသမှလူများ လာရောက်ဖိနှိပ်အစွမ်းပြခြင်းအား သဘောမတွေ့ကြချေ။ အနှစ်ချုပ်လိုက်ရမည်ဆိုလျှင် ပြင်ပဒေသမှ ကျင့်ကြံသူအများစု ၎င်းတို့ နောက်ဆုံးပွဲစဉ်၌ အမြဲတမ်းနီးပါး ရှုံးနိမ့်လေ့ရှိကြ၏။

အနည်းငယ်မျှကြာပြီးနောက် နောက်ဆုံးတိုက်ပွဲအတွင် ရှောင်ဟောင်၏ပြိုင်ဘက် ထွက်ပေါ်လာချေပြီ။

သူကလည်း အခြေတည်ဝိညာဉ်အဆင့်ဖြစ်ပြီး လင်းယုန်ဒေသမှ ကောင်းကင်နဂါးဟု တင်စားခံထားရသူဖြစ်၏။ သူ၏ အမည်က ဟီဖေးထန်ဖြစ်ပြီး အဆင့်တူတွင် ပြိုင်ဘက်မရှိသလောင်ပင်။

ဘုန်း…

ပရိတ်သတ်များလုံး စိတ်လှုပ်ရှားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

ထိုလူငယ်၏ နောက်ခံက မရိုးရှင်းချေ။ လင်းယုန်ဒေသမှ ကောင်းကင်ဘုရင်အဆင့် အင်အားစုများထဲမှ တစ်ခုဖြစ်ပေသည်။ ထို့အပြင် ဟီဖေးထန်က တိုက်ပွဲစင်မြင့်၌ အလွန်ကျော်ကြား၏။ အများက သူ့အား တိုက်ပွဲစင်မြင့်ချိုးဖျက်သူဟု သိထားကြသည်။

အဓိပ္ပါယ်က ရိုးရှင်း၏။ ဟီဖေးထန် ရောက်လာသည်နှင့် ပြိုင်ဘက်က ၎င်း၏ နောက်ဆုံးပွဲ၌ ရှုံးစမြဲပင်။

သူက အမြဲတမ်းနီးပါး နောက်ဆုံးပွဲများ၌သာ ပေါ်လာတတ်၏။

ဤနေရာသို့ ရောက်နေကြသူတိုင်း ဟီဖေးထန်အား မသိသူမရှိသလောက်ပင်။

သို့သော် ယခုနောက်ပိုင်း ဟီဖေးထန် တိုက်ခိုက်သည်က အလွန်ရှားပါးလာ၏။ သူ့မျက်လုံးထဲ ၀င်နိုင်လောက်သည့် ပြိုင်ဘက်မရှိသောကြောင့်ပင်။

သို့သော် ယခုတိုက်ပွဲတွင် ရှေ့ထွက်လာချေပြီ။

“ ဒီပွဲက ပွဲကောင်းတစ်ခုဖြစ်လိမ့်မယ်…”

ပရိတ်သတ်များထဲမှ တစ်ယောက်က သေချာနေဟန်ဖြင့်ပြောလိုက်၏။

ဤတိုက်ပွဲက ကြည့်ရကျိုးနပ်မည်မှာ အမှန်ပင်။

ရှောင်ဟောင်၏ တိုက်ပွဲစင်မြင့်ရှိရာသို့ တဖြည်းဖြည်း လူများ စုပြုံရောက်လာသည်။ တောက်ပသောမျက်၀န်းများဖြင့် တိုက်ပွဲအား စောင့်မျှော်နေကြ၏။

ရှောင်ဟောင် အနည်းငယ်အံ့ဩသွားသည်။

လက်ရှိအခြေအနေအား သူနားလည်ထား၏။

လင်းယုန်ဒေသသို့ရောက်လာစဉ် စုံစမ်းထားခဲ့သော သတင်းများအရ ဤတစ်ကြိမ် သူ့ ပြိုင်ဘက်က ကောင်းကင်ဘုရင်၏ မျိုးဆက်ဖြစ်သည်။ အဆင့်တူတွင် အလွန်အစွမ်းထက်ကြောင်း ကြားဖူးထား၏။

ထိုလူက သူ့အား ဖိအားပေးနိုင်ရန် သေချာသည်။

ဟမ့်…

ထိုသို့တွေးလိုက်ပြီးသည်နှင့် သူ၏ ဓားရှည်အား သေချာဆုပ်ကိုင်ကာ ဘေးသို့ဆန့်တန်းလိုက်ပြီး တိုက်ပွဲဆာလောင်မှုကြောင့် သွေးများဆူပွက်လာ၏။

သူ၏ စိတ်အခြေအနေအား ထိပ်ဆုံးသို့ရောက်ရန် ချိန်ညှိလိုက်သည်။

သူက အကောင်းဆုံးကြိုးစားချင်၏။

ရွှစ်…

အလင်းတန်းတစ်ခုနှင့်အတူ ဟီဖေးထန် စင်မြင့်ထက်၌ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်နှင့်ဖြစ်ကာ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးနေ၏။

သူက ရှောင်ဟောင်အား စိုက်ကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

ဝိုး…

ပတ်၀န်းကျင်မှ အားပေးသံများထွက်ပေါ်လာပြီး တိုက်ပွဲကွင်းပြင်အား တုန်ခါသွားစေ၏။

ထိုလူက တိုက်ပွဲအနည်းငယ်သာ အနိုင်ရထားသူဖြစ်ကြောင်း သိလိုက်ပြီးနောက် ရှောင်ဟောင်၏ မျက်နှာက လေးနက်တည်ကြည်သွားလေသည်။

သူက ဆန့်ကျင်နိုင်မည်ဟု ယုံကြည်ချက် ရှိလာ၏။ စိတ်အခြေအနေတိုးတက်သွားသည်ဖြစ်ရာ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အကောင်းဆုံး အခြေအနေ၌ ရှိနေတော့မည်။

“ လာခဲ့… တိုက်ကြစို့…”

ဟီဖေးထန်က ရှောင်ဟောင်က တိုက်ခိုက်ရန် အချက်ပေးလိုက်ပြီး သူ၏ လခြမ်းသဏ္ဍန်ဓားမော့အား ထုတ်ယူလိုက်ပြီး အရှိန်အဟုန်အပြည့်ဖြင့် ပြေးတက်သွား၏။ ‌သူ၏ ရှည်လျားသော ဆံပင်များက လေနှင့်မျောလွင့်နေကာ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး မျက်နှာထက်၌ မာနကြီးဟန်များ အထင်းသားပေါ်လွင်နေသည်။

သူက တိုက်ပွဲစင်မြင့်ထက်၌ အခြေတည်ဝိညာဉ်အဆင့်ချင်းတိုက်ခိုက်ရာတွင် ရှုံးနိမ့်သည်မှာ အလွန်ရှား၏။ ယခုအချိန်တွင် အစွမ်းထက် ဓားသမားတစ်ဦးရောက်နေကြောင်း သတင်းကြားလိုက်ပြီး ၎င်း၏ အစွမ်းအစကိုသိချင်လာသည်။

ပုံမှန်လူများဆိုပါက ခေါင်းထဲပင်မထည့်ချေ။

တိုက်ပွဲစင်မြင့်က သူ့နယ်မြေဖြစ်၏။ အခြေတည်ဝိညာဉ်အဆင့်၌ အကြွင်းမဲ့ဘုရင်ဟုဆိုလျှင်လည်း မမှားချေ။

ရှောင်ဟောင်က ပြိုင်ဘက်က အရှိန်ကြောင့် အံ့အားသင့်သွားပြီး အစွမ်းကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်၏။

သူ၏ စိတ်ဝိညာဉ်စွမ်းအားများ လက်ထဲမှ ဓားထံသို့စီးဆင်းသွားပြီး ဓားအသွားထက်၌ မီးတောက်များ ဖုံးအုပ်သွားလေသည်။

ထို့နောက် ရှေ့သို့တစ်လှမ်းတက်ကာ ဓားကိုင်ထားသော ညာလက်အား မြှောက်လိုက်၏။

ဘုန်း….

All Chapters