← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

ဟီဖေးရန် တစ်‌ချက်လှောင်ရယ်လိုက်ပြီး မျက်၀န်းများ အေးစက်သွား၏။

“ ကောင်းပြီ.. မင်းက ငါတို့ ဟီမိသားစုက ပါရမီရှင်ကို သတ်ရဲမှတော့… ဆက်ပြီး အသက်ရှင်နေစရာမလိုတော့ဘူး…”

“ ရှောင်ဟောင်… ‌ဗဟိုသူတော်စင်အကယ်ဒမီက ကျောင်းသား… ဟမ့် မင်းကို ငါ့သားနဲ့အတူ မြေမြှုပ်ပေးမယ်…”

ရွှစ်…

ဟီဖေးရန်က မိသားစုထံသို့ သတင်းလှမ်းပို့လိုက်ပြီးနောက် အေးစက်သောမျက်၀န်းများဖြင့် လေဟာနယ်အား ဆွဲဖွင့်လိုက်၏။ ထို့နောက် ဗဟိုသူတော်စင် အကယ်ဒမီသို့ တိုက်ရိုက်ရောက်သွားသည်။

“ ရှောင်ဟောင်… ချက်ချင်း ထွက်လာခဲ့စမ်း…”

“ မင်းကို ငရဲပို့ပေးဖို့ ငါရောက်လာပြီ…”

ဘုန်း…

စွမ်းအားပြည့်၀သော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာ၏။

ထို့အပြင် ဟီဖေးရန်က စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းအား အော်လိုက်သည့်အတွက် အသံက အကယ်ဒမီတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

နှောင်းပိုင်းလူသားဘုရင်တစ်ယောက်၏ ဖိအားကြောင့် အကယ်မီမှကျောင်းသားများအားလုံး တောင်ကြီးတစ်လုံး ကျောပေါ်ဖိလိုက်သည့်အလား ခံစားလိုက်ရသည်။

“ မိုက်ရိုင်းလိုက်တာ…”

အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် အကယ်ဒမီအတွင်းမှ အထွတ်အထိပ်လူသားဘုရင်အဆင့် စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ဟီဖေးရန်၏ ဖိအားကို တွန်းဖယ်ပစ်လိုက်၏။

အကယ်ဒမီအတွင်း၌ ဌာနမှူးမျက်နှာက အေးစက်နေပြီး သူ၏ ခန္ဓာကိုယ် တစ်ချက်လှုပ်သွားသည်။ ထို့နောက် ဟီဖေးရန်ရှေ့၌ ချက်ချင်းထွက်ပေါ်လာ၏။

“ မင်းက ဘယ်သူလဲ.. ဘယ်ကသတ္တိနဲ့ ဗဟိုသူတော်စင် အကယ်ဒမီရှေ့လာပြီး ထင်တိုင်းကြဲနေတာလဲ…”

ဌာနမှူးက ဒေါသတကြီးပြောလိုက်ပြီး ဟီဖေးရန်အားမြင်လိုက်လျှင် အနည်းငယ်အံ့ဩသွားပြီး မျက်ခုံးပင့်လိုက်မိသည်။

တစ်ဖက်လူက အားနည်းခြင်းမရှိပေ။ ကျင့်ကြံမှုက လူသားဘုရင်နှောင်းပိုင်းအဆင့်၌ရှိနေပြီး အထွတ်အထိပ်အဆင့်နှင့် နီးကပ်နေချေပြီ။ သာမန်အားဖြင့် ထိုအဆင့်ကျင့်ကြံသူများက ထိပ်တန်းဒေသကြီး(၁၀)ခု၌ အင်းအားစုခေါင်းဆောင်များဖြစ်ကြသည်။

ထိုသို့သောလူများအား အမြဲတစေတွေ့မြင်နိုင်ခြင်းမရှိချေ။ ယခု အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသနည်း။

“ ဟမ့်… ဗဟိုသူတော်စင်အကယ်ဒမီ…”

ဟီဖေးရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဌာနမှူးအား စိုက်ကြည့်လိုက်သည်။

“ ခင်ဗျားတို့ ဗဟိုသူတော်စင်အကယ်ဒမီက သင်ကြားပေးထားတဲ့ ကျောင်းသားကောင်းတစ်ယောက်က ကျုပ်တို့ ဟီမိသားစု လူငယ်ခေါင်းဆောင်ကိုသတ်ခဲ့တယ်… ဘာလဲ.. ဗဟိုသူတော်စင် အကယ်ဒမီက နာမည်အားကိုးနဲ့ ရှင်းပြဖို့စိတ်ကူးမရှိတော့ဘူးလား…”

ဟီဖေးရန်က မျက်၀န်းများက စူးရှနေပြီး အေးစက်စွာပြုံးလျက်

“ ဗဟိုသူတော်စင်အကယ်ဒမီကို မျက်နှာမပျက်စေချင်ရင်.. ရှောင်ဟောင်ကို ကျုပ်ဆီ အမြန်လွှဲပေး… ခင်ဗျားတို့မှာ ကျောင်းသားတွေပေါပါတယ်.. ကျောင်းသားတစ်ယောက်အတွက်နဲ့ ကောင်းကင်ဘုရင်အဆင့် အင်အားစုတစ်ခုနဲ့ ပြသနာမတက်ချင်ဘူးမလား…”

ဟီဖေးရန်က မျက်မှောင်ကြုတ်နေသည့် ဌာနမှူးအား စိုက်ကြည့်လိုက်သည်။

ဗဟိုသူတော်စင် အကယ်ဒမီက သန်မာသည်မှန်သော်လည်း ဟီမိသားစုက ၎င်းတို့အားမကြောက်ပေ။

ဌာနမှူး တင်းကြပ်စွာမျက်မှောင်ကြုတ်ထားပြီး သူ့မျက်၀န်းများထဲ၌ သံသယဖြစ်မှု နှင့် ရှက်စိတ်များ တစ်လှည့်စီဖြစ်ပေါ်နေ၏။ သူများကို သတ်ပြီးလျှင် တာ၀န်ယူရမည်က အမှန်ဖြစ်သော်ငြား သူ့အနေဖြင့် တစ်ဖက်လူ၏ တောင်းဆိုမှုအား လက်ခံရန် အခက်တွေ့နေသည်။ ထိုလူပြောသည့် ရှောင်ဟောင်ဆိုသည့် ကျောင်းသားက ရွှမ်ယီ၏ တပည့်များထဲမှ တစ်ဦးဖြစ်နိုင်သည်။

ထို့အပြင် ဗဟိုသူတော်စင် အကယ်ဒမီအနေဖြင့် မိမိတို့ကျောင်းသားများအား တစ်ပါးသူထံသို့ အလွယ်တကူ လွှဲပြောင်းမပေးနိုင်ချေ။ ထိုလူငယ်က ရွှမ်ယီ၏ တပည့်ဖြစ်နေရာ ပို၍ပင် လွှဲပြောင်းပေးရန် မလွယ်တော့ပေ။

ရွှမ်ယီက အကယ်ဒမီအတွက် အလွန်တန်ဖိုးရှိသူဖြစ်၏။

ဌာနမှူးက သွားမခေါ်ပေးဘဲ မျက်မှောင်ကြုတ်ကာ ငြိမ်ပြီးရပ်နေသည်အားမြင်လျှင် ဟီးဖေးရန်၏ မျက်နှာ ပို၌ မဲမှောင်လာသည်။

သူ တိုက်ခိုက်တော့မည်။

ရွှစ်…

ထိုအချိန်တွင် ရွှမ်ယီက ရှောင်ဟောင်အား အတူခေါ်ပြီး အကယ်ဒမီရှေ့သို့ရောက်လာ၏။

“ မင်းက ရှောင်ဟောင်မလား…”

“ ဗဟိုသူတော်စင် အကယ်ဒမီက စိတ်၀င်စားစရာဘဲ… ဟားဟားဟား.. သေလိုက်တော့…”

ရှောင်ဟောင်အား မြင်လိုက်သည်နှင့် ဟီဖေးရန်၏ မျက်လုံးများ နီရဲလာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာ၏။

ရှောင်ဟောင်အား သူမြင်ဖူးသည်။ တိုက်ပွဲစင်မြင့်၌ (၉)ပွဲဆက်တိုက် အနိုင်ရပြီး စင်မြင့်ကာကွယ်သူဖြစ်သွားပါက ထိုလူ၏ မှတ်တမ်းများ စင်မြင့်၌ ကျန်နေခဲ့မည်။ ထို့ကြောင့် ရှောင်ဟောင်အား မြင်လိုက်သည်နှင့် ဟီဖေးရန် မှတ်မိသွားပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့၏။

ငါ့သားကိုသတ်တာဒီကောင်ဘဲ..

ဒီနေ့ သေကိုသေရမယ်…

ဘုန်း..

ဟီဖေးရန်၏ လက်ထဲတွင် မီးတောက်တစ်ခု ရုတ်တရက်ပေါ်လာပြီး လေဟာနယ်ကိုပင် လောင်ကျွမ်းနေ၏။

ရှောင်ဟောင်အားကြည့်နေသည့် ဟီဖေးရန်၏ မျက်၀န်းများထဲ၌ ရက်စက်လိုသည့် အလင်းတစ်ချက် တောက်ပသွားသည်။

ရွှစ်…

ချက်ချင်း လေဟာနယ် ကွဲအက်သွား၏။

ထိုမီးတောက်က နေလုံးအသေးစားလေးတစ်ခုအလားပင်။ ၎င်းက လေဟာနယ်အား ဖြတ်သန်းကာ ရှောင်ဟောင်ရှေ့သို့ ချက်ချင်းရောက်သွား၏။

မီးအရှိန်ကြောင့် ရှောင်ဟောင်ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသော အနံ့များပင်ထွက်ပေါ်လာပြီး သေခြင်းအငွေ့အသက်ကြောင့် ရှောင်ဟောင် တစ်ကိုယ်လုံး အေးခဲသွားရသည်။

ဟီဖေးရန်က ရှောင်ဟောင်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုခြင်းဖြစ်၏။

သူ့ အမြင်တွင် ထိုတိုက်ကွက်က ၎င်း၏ အသက်အား နှုတ်ယူရန် လုံလောက်သည်။

သို့သော် တောက်ပသော ဓားအလင်းတစ်ချက်…

ဘုန်း..

ဟီးဖေးရန်၏ တိုက်ခိုက်မှုအား ရွှမ်ယီက ၀င်ရောက်တားဆီးလိုက်သည်။

“ အဘိုးကြီး.. ခင်ဗျားက ကျုပ်တပည့်ကို ကျုပ်ရှေ့မှာသတ်ဖို့ ကြိုးစားနေတာလား…”

ရွှမ်ယီက အေးစက်စွာပြောလိုက်ပြီး ဟီဖေးရန်အား ဓားဖြင့်ရွယ်လိုက်၏။

“ ကျုပ်.. ရွှမ်ယီက ခင်ဗျားမျက်လုံးထဲမှ ဘာမှမဟုတ်ဘူးလား…”

ဓားဦးဖြင့် ညွှန်ခံလိုက်ရလျှင် ဟီဖေးရန် ကြက်သီးများထသွား၏။ မသိစိတ်မှ အလွန်အန္တရာယ်များကြောင်း အချက်ပေးနေခဲ့သည်။

“ ရွှမ်ယီ….?”

“ ဘယ်လိုတောင်လဲ…”

ဟီဖေးရန် အလွန်ဒေါသထွက်နေသော်လည်း ရွှမ်ယီဆိုသည့်အမည်က သူ့နားထဲ၌ ဗုံးတစ်လုံး ပေါက်သွားသကဲ့သို့ပင်။ ထိုလူငယ်အား သေချာစိုက်ကြည့်ရင်း အဓိပ္ပါယ်မဲ့သလိုခံစားလိုက်ရ၏။

စောနက သူ၏ တိုက်ခိုက်မှုက တစ်ချက်တည်းသတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။ အထွတ်အထိပ် လူသားဘုရင်အဆင့် ဌာနမှူးပင် သတိမထားမိဘဲ အနည်းငယ်နောက်ကျသွားပါက တားဆီးနိုင်မည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် ထိုတိုက်ခိုက်မှုက ရှောင်ဟောင်အား သတ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ရွှမ်ယီက တကယ်ကြီး တားဆီးလိုက်တာလား…?

သူက မူလဘုရင်အဆင့် နံပါတ်(၁)ဖြစ်ပြီး မူလဘုရင်အဆင့်၌သာ ရှိနေရမည်မဟုတ်လော...?

သို့သော် နှောင်းပိုင်းလူသားဘုရင်များထက်ပင် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသည်ဟု ခံစားနေမိ၏။

ဟီဖေးရန်၏ မျက်လုံးများနီရဲလာကာ မနာလိုမှု နှင့် မလိုလားမှုများ ဖြစ်ပေါ်လာသည်။

ရှောင်ဟောင်က ဗဟိုသူတော်စင်အကယ်ဒမီမှ သာမန်ကျောင်းသားတစ်ဦးဆိုလျှင် ကောင်းကင်ဘုရင်အဆင့် နောက်ခံအားကိုးဖြင့် ဖိအားပေးကာ သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း ရှောင်ဟောင်က ရွှမ်ယီ၏ တပည့်ဖြစ်နေလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ပေ။

ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး၌ အလွန်နာမည်ကြီးသည်။ ‌တချို့ဒေသငယ်လေးများနှင့် ချောင်ကျသော နေရာများမှလွဲလျှင် သူ၏ အမည်အား မသိသူ မရှိသလောက်ပင်။

အဓိကအချက်အနေဖြင့် ရွှမ်ယီနောက်တွင် နှိုင်းဆမရနိုင်လောက်အောင် အစွမ်းထက်သည့် ကောင်းကင်ဘုရင်တစ်ဦးရှိနေသည်။

“ ရွှမ်ယီ… ရှောင်ဟောင်က မင်းတပည့်ဖြစ်နေရင်တောင်.. ငါ့သားကို သတ်ခဲ့အတွက် ဖြေရှင်းချက်တစ်ခုပေးကိုပေးရမယ်….”

ယခုအချိန်တွင် ဟီဖေးရန် အလွန်ဒေါသထွက်နေပြီး မွန်းကြပ်မှုကိုပါ တစ်ပြိုင်တည်း ခံစားနေရ၏။

သနားစရာငါ့သားလေး ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်…

သူ၏ မူလရည်ရွယ်ချက်က ရှောင်ဟောင်အားသတ်ကာ သူ့သားအတွက် နှစ်သိမ့်ပေးရန်ဖြစ်သည်။ သို့သော် ရှောင်ဟောင်က ရွှမ်ယီ၏ တပည့်ဖြစ်နေရာ သူ၏ မူလရည်ရွယ်ချက် အထ‌မမမြောက်နိုင်တော့ပေ။

အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူက ဟာသတစ်ခုမဟုတ်ပေ။

၎င်းက တောင်ပိုင်းတိုက်ကြီးရှိ ထိပ်ဆုံးမှ အင်အားစုများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိနေပြီး သာမန် ကောင်းကင်ဘုရင်အဆင့် အင်အားစုများအား အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသည်။

ထို့ကြောင့် သူ့နောက်ကွယ်မှ မိသားစုအရေးရှေးရှုကာ ၎င်းနှင့် ပြသနာဖြစ်၍ မဖြစ်ပေ။

ထို့ကြောင့် ယခုတွင် ဖြေရှင်းချက်ပေးရန်သာ တောင်းဆိုလိုက်ခြင်းဖြစ်၏။

“…?”

ရွှမ်ယီက ဟီဖေးရန်အားကြည့်ပြီး ပြုံးလိုက်သည်။

“ ခင်ဗျား ကျုပ်ဆီက ဖြေရှင်းချက်လိုချင်တာလား…?”

All Chapters