← Chapters

အခန်း (၂၆၆)

Vol. 18 Ch. 266

အခန်း (၂၆၆)

Vol. 18 Ch. 266

ဓါးရည်ရွယ်ချက် စွမ်းအားက အလွန်ကြီးမားသော မြစ်ကြီးတစ်စင်းအလား ပြောင်းလဲသွားပြီး တောက်ပသော ဓါးအလင်းတန်း တစ်ခုက မှင်သက်စရာကောင်းလောက်သော အရှိန်ဖြင့် ကောင်းကင်သို့ဖြတ်ကျော်သွားလေသည်။

“မင်း…”

ရွှမ်ယီ၏ ဓါးချက်က ဟီဖေးရန် ရှေ့မှ ဖြတ်ကျော်သွားခဲ့သည်။ ဟီဖေးရန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဦးရေပြားများ ထုံကျင်သွားကာ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ သူ အလွန်ထိတ်လန့်သွားပြီး သူ၏ တစ်ကိုယ်လုံး ချွေးစေးများ ရွှဲသွားခဲ့သည်။

ထိုဓါးဖြတ်သန်းသွားချိန်တွင် သူ၏နှလုံးသားထဲ၌ သေခြင်းတရား အငွေ့အသက်များ ပြည့်နှက်သွား၏။ အကယ်၍သူသာ ရှေ့သို့ တစ်လှမ်းဆက်လှမ်းလိုက်လျှင် ထိုဓါးချက်ထိမှန်သွားမည်ဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးသွားခြင်းပင် ဖြစ်နိုင်သည်။

“ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား…”

ရွှမ်ယီက ဟီဖေးရန်အား ရပ်တန့်စေပြီးနောက် ရှေ့သို့လျောက်သွားရင်း စိုက်ကြည့်ကာမေးလိုက်သည်။

“ခင်များပြောခဲ့တဲ့စကားက အတိအကျ ကျုပ်ကို ခြိမ်းချောက်နေတာပဲ…”

“မပြီးသေးဘူး ဆိုမှတော့ အနာဂါတ်ကို‌ ဘာလို့စောင့်နေမှာလဲ …အခုဖြေရှင်းလိုက်လေ…”

ဘုန်း…

စကားဆုံးသည်နှင့် ရွှမ်ယီ၏ဓါးက ဓါးရည်ရွယ်ချက်စွမ်းအားများဖြင့် ဖုံးလွှမ်းသွားပြီး ကောင်းကင်ထက်သို့မြောက်တက်သွားကာ ဟီဖေးရန်အားတိုက်ရိုက်ညွှန်ထားလိုက်၏။

“လောကကြီးမှာ ကျုပ်အမုန်းဆုံးက ကျုပ်ကို ခြိမ်းချောက်တဲ့လူတွေပဲ…”

“ခင်များက ကျုပ်ကို ဒီလောက်တောင် မုန်းတီးနေမှတော့ ကျုပ်ကို ဒုက္ခပေးလာမယ့် အချိန်ကို ဘာလို့စောင့်နေရမှာလဲ…အခု ခင်များကို ‌ဒီမှာ သတ်လိုက်တာက ပိုကောင်းမယ် မဟုတ်လား…”

ရွှစ်…

ရွှမ်ယီ၏ ဓါးက ချက်ချင်း ရှေ့သို့ပြေးထွက်သွား၏။ ဓါးမှထွက်ပေါ်နေသည့် ချီစွမ်းအားက နဂါးငွေ့တန်းတစ်ခုလုံးအား လဲပြိုသွားစေသကဲ့သို့ ဖြစ်နေပြီး အဆုံးမဲ့ ဓါးရည်ရွယ်ချက်စွမ်းအားများကလည်း ၎င်းနှင့်အတူ လိုက်ပါသွားသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ လူတိုင်း ရွှမ်ယီ၏ အလွန်ကြီးစိုးသော ပုံစံကို ခံစားမိလိုက်၏။ ရန်သူက သာမန်လူတစ်ယောက်ဆိုလျှင် ကိစ္စမဟုတ်ချေ။ သို့သော် ထိုလူက ကောင်းကင်ဘုရင်အဆင့် မိသားစုမှ ဖြစ်နေသည်။

ထိုဓါးချက်ကို မြင်လိုက်သည်နှင့် ဟီဖေးရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်ခါသွား၏။

ထိုဓါးချက်နှင့် ထိတွေ့လိုက်သည်နှင့် သူ သေဆုံးသွားရန် သေချာနေသည်။

အထွတ်အထိပ်လူသားဘုရင်အဆင့်နှင့် နီးကပ်နေပြီဖြစ်သော ကောင်းကင်ဘုရင်အဆင့် အင်အားစုမှ ဂုဏ်သိက္ခာကြီးမားသည့် ခေါင်းဆောင်‌တစ်‌ယောက်က အသက် (၂၀) ကျော်အရွယ် လူငယ်လေးဆီမှ ဓါးချက်ကို ရပ်တန့်နိုင်စွမ်း မရှိပေ။

“သူငယ်ချင်းလေး ရွှမ်ယီ ဒီကိစ္စကို ရပ်လိုက်ကြစို့… ဒီကိစ္စမှာ အစအဆုံး ဟီမိသားစုက မှားနေတာပါ… ဖြစ်ခဲ့တဲ့ အရာတွေအတွက် ဟီမိသားစုက ကျေနပ်စွာ တောင်းပန်ပါတယ်…”

ရုတ်တရက် မီတာပေါင်းရာနှင့်ချီ၍ ရှည်လျားသည့် အလင်းတန်းတစ်ခု ရောက်ရှိလာကာ အလွန် အစွမ်းထက်သည့် ဖိအားများလည်း ဖြစ်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအား အတားအဆီး အဖြစ်ပြောင်းလဲသွားကာ ဟီဖေးရန်၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားလေသည်။

ဘုန်း…

အလွန်အစွမ်းထက်သည့် ဓါးစွမ်းအင်မြစ်ကြီးက အတားအဆီးနှင့် ထိတွေ့သွားကာ နားစည်ကွဲထွက်လောက်သည့် အသံကျယ်ကြီး ထွက်ပေါ်လာ၏။

ရွှမ်ယီ၏ ဓါးချက်က အလွန်ကြောက်စရာကောင်းသည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဓါးချက်နှင့် အတားအဆီး ထိတွေ့သွားရာတွင် အတားအဆီးက အနည်းငယ် မှိန်ဖျော့သွားသောကြောင့်ဖြစ်၏။

ရောက်လာသော လူအား ကြည့်လိုက်လျှင် ဌာနမှူးအံ့ဩသွားသည်။

ထိုလူက အစစ်အမှန် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေ၏။

ဘုန်း…

စောနက ဓါးနှင့်အတားအဆီးတို့ ထိခတ်မှုကြောင့် အသံကျယ်ကြီး ထွက်ပေါ်လာရာ အသစ်ရောက်လာသော ကောင်းကင်ဘုရင်ပြောလိုက်သောစကားကို ပတ်ဝန်းကျင်မှလူများ မကြားလိုက်ကြပေ။

သို့သော် ရောက်လာသောလူက ဟီမိသားစုမှ ကောင်းကင်ဘုရင်ဖြစ်ကြောင်း လူတိုင်းနားလည်ထားကြသည်။

ဌာနမှူးအပါအဝင် ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများအားလုံး ထိတ်လန့်မှု ၊ အံ့ဩမှုများဖြင့် ငေးကြည့်နေခဲ့ကြသည်။

ကောင်းကင်ဘုရင်တစ်ယောက် ဤနေရာသို့ ရောက်လာခဲ့သည်။

ထိုလူထံမှ ထွက်ပေါ်နေသည့် ဖိအားများကြောင့် လေဟာနယ်ပင် တုန်ခါနေခဲ့သည်။ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုကဲ့သို့စွမ်းအားမျိုး ထုတ်လွှတ်နိုင်၏။

“ဒုက်ခပဲ…”

အင်္ကျီလက်များထဲမှ လက်သီးအား တင်းကြပ်စွာဆုပ်လိုက်ရင်း ဌာနမှူး ရေရွတ်လိုက်မိသည်။ အသစ်ရောက်လာသော ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူအား ကြည့်နေရင်း သူ၏မျက်လုံးများထဲ၌ စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။

၎င်းက အင်ပါယာအဆင့် ကျင့်ကြံသူ မဟုတ်သည့်တိုင် ကောင်ကင်ဘုရင်အဆင့်တစ်ယောက် ဖြစ်နေသေးသည်။ ကောင်းကင်ဘုရင်အဆင့် ဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၏ အစာကွင်းဆက်ထိပ်ဆုံးမှ ဖြစ်တည်မှုများဖြစ်သည်။

ထိုကဲ့သို့ တည်ရှိမှုက အင်အားစုတစ်ခု၏ အလုံးစုံစွမ်းအားကို တစ်ဦးတည်းမြှင့်တင်ပေးနိုင်စွမ်းရှိသည်။

ရွှမ်ယီ‌ နောက်တွင် ကောင်းကင်ဘုရင်အဆင့်တစ်ယောက် ရှိနေသည့်တိုင်အောင် နယ်ပယ်တူညီသော ကောင်းကင်ဘုရင်အဆင့်နှစ်‌ယောက် တိုက်ခိုက်မည်ဆိုပါက မည်သူအနိုင်ရမည်ဆိုသည်မှာ ခက်ခဲသော ပုစ္ဆာတစ်ခုပင်။

ထို့အပြင် သူတို့နှစ်ယောက် တိုက်ခိုက်လိုက်ပါက ၎င်းတို့ထံမှ ထွက်ပေါ်လာသည့် စွမ်းအားတစ်ပိုင်းတစ်စကပင် ဗဟိုသူတော်စင်အကယ်ဒမီအား အတော်လေးပျက်ဆီးဆုံးရှုံးသွားစေနိုင်စွမ်းရှိသည်။

ဌာနမှူး မထိန်းနိုင်ပဲ မျက်ခုံးပင့်လိုက်မိ၏။ ထို့နောက် သူ၏မျက်လုံးများထဲတွင် အလင်းများ တဖြတ်ဖြတ်ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသော ကျောင်းသားများလည်း လက်ရှိအချိန်က ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်နေပြီဖြစ်ကြောင်း နားလည်ကြ၏။

ရွှမ်ယီ၏ သဘောထားက မည်မျှပင်ခိုင်မာနေစေကာမူ တစ်ဖက်တွင် ရင်ဆိုင်နေရသည့်သူက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၏။

ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မည်သည့်နေရာသို့ ရောက်သွားစေကာမူ ၎င်းတို့အနေဖြင့် မျက်နှာသာပေးခြင်းခံရမည်သာ။

ရှောင်ဟောင်လည်း အလွန်စိုးရိမ်နေမိ၏။

“ဟား..ဟား..ဟား…”

တစ်ဖက်တွင် စိတ်ဝိညာဉ်အလင်းတန်းများဖြင့် ဖုံးလွှမ်းကာ ကာကွယ်ခြင်းခံထားရသော ဟီဖေးရန်က ခေါင်းမော့လျက်အားပါးတရ ရီမောလိုက်သည်။

သူက‌ ရွှမ်ယီအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောခဲ့သည့်တိုင် အလွန်ယုံကြည်မှုပြင်းထန်နေကြောင်းထင်ရှား၏။

ဟီမိသားစုဘိုးဘေး ၊ ဝါရင့်ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ..

သူက ဟီမိသားစုအတွက် စစ်မှန်သော အမွေအနှစ်ဟုဆိုလျှင်လည်းမမှားပေ။

သို့သော် ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်၏။

ဖြန်း…

ထိုကောင်းကင်ဘုရင်က ပြင်ပကမ္ဘာသို့ ရောက်လာသည်နှင့် ဟီဖေးရန်အား ချက်ချင်းပါးရိုက်ချလိုက်သည်။ ဟီဖေးရန် အလွန်အံ့အားသင့်သွား၏။ ဟီးဖေးရန် တစ်ယောက်ထဲသာ အံ့အားသင့်သည်မဟုတ် ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးနှင့် ကျောင်းသားများအားလုံးလဲ အံ့အားသင့်သွားခဲ့ကြသည်။

ခင်များရောက်လာတာနဲ့ ကိုယ့်မိသားစုဝင်ကို ချက်ချင်းပါးရိုက်လိုက်တယ်…!!!

ဘာလို့ဒီလိုလုပ်လိုက်တာလဲ…???

ရွှမ်ယီ၏ မျက်ဝန်းများထဲတွင် လေးနက်သော အဓိပ္ပါယ်တစ်ခုရှိနေခဲ့ပြီး သူက ပြုံးရုံသာ ပြုံးနေခဲ့၏။ သူက ဟီမိသားစု ဘိုးဘေးအား တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ စောနားက သူတိုက်ခိုက်ခဲ့စဉ်တွင် တစ်ဖက်လူ၏အသံအား ရှင်းလင်းစွာကြားလိုက်ရ၏။

ထိုလူက ဟီမိသားစုဘက်မှ မှားနေခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အခြေအနေအား ထိန်းသိမ်းရန် ရောက်လာသည်မှာ ရှင်းပေသည်။

ရွှစ်…

ရွှမ်ယီ၏ နံဘေးလေဟာနယ်ထဲမှနေ၍ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ရေခဲမင်းသမီးအလား အလွန်အေးစက်ကာ လှပသည့် ပင်းယု ထွက်ပေါ်လာသည်။

သူမ၏နှုတ်မှ ရှင်းလင်းစွာမပြောကြားသည့်တိုင် သူမ၏ အမူအယာအရ ရွှမ်ယီဘက်တွင် အခိုင်အမာ ရပ်တည်နေကြောင်းထင်ရှားသည်။

“ဘိုးဘေး…”

ဟီဖေးရန်က အရိုက်ခံလိုက်ရသော ပါးအား လက်ဖြင့်အုပ်ကိုင်လိုက်ပြီး ဟီမိသားစုဘိုးဘေးအား တအံ့တဩကြည့်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း…”

“ဒီလောက် အရှက်ရတာတောင် မလုံလောက်သေးဘူးလား…”

လူတိုင်းမျှော်လင့်ထားသည်နှင့် မတူပဲ ဟီမိသားစု၏ ဘိုးဘေးက ဟီဖေးရန်အား စကားဆက်မပြောစေရန် ပိတ်ဆူလိုက်၏။ ထို့နောက် လက်ယှက်ကာ ဦးညွှတ်၍ ရွှမ်ယီနှင့် ပင်ယုအား တောင်းပန်စကားဆိုလိုက်သည်။

“ဒီနေ့ ကိစ္စက ကျုပ်တို့ ဟီမိသားစုက မှားသွားတာပါ…ဟောဒီက သူငယ်ချင်းလေး ရွှမ်ယီနဲ့ ဗဟိုသူတော်စင်အကယ်ဒမီက မင်းရဲ့တပည့်အပေါ် စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့တယ်ဆိုရင် ဟီမိသားစုကိုယ်စား ကျုပ်တောင်းပန်ပါတယ်…ကျုပ် ဟီဟိုင်ယွင်ရဲ့ စိတ်ရင်းကို ပြသတဲ့အနေနဲ့ လင်းယုန်ဒေသက အထူးထုတ်ကုန်တစ်ခုဖြစ်တဲ့ တိမ်လင်းယုန် ခရစ်စတယ်နဲ့ သန့်စင်ထားပြီးသား မှော်လက်နက် (၅) ခုကို လျော်ကြေးအဖြစ်ပေးအပ်ပါ့မယ်…”

ထို့နောက် ဟီမိသားစုဘိုးဘေးက ထပ်မံဦးညွှတ်လိုက်သည်။

သူ၏ ကိုယ်ဟန်အနေအထားအား အလွန်နှိမ့်ချထား၏။

လူတိုင်းမျှော်လင့်ထားသည်နှင့်မတူပဲ ဂုဏ်သိက္ခာရှိ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူကြီးက ခမ်းနားစွာရောက်လာခဲ့ပြီး ရိုသေစွာ တောင်းပန်စကား ဆို‌နေခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဌာနမှူးအပါအဝင် ကျောင်းသားများအားလုံး မျက်လုံးကျွတ်ကျမတတ်ဖြစ်သွားကြ၏။

ဌာနမှူးက ရွှမ်ယီအား တအံ့တသြငေးကြည့်နေမိသည်။ ရွှမ်ယီ၏ နောက်ကွယ်မှ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူက မည်မျှ အရှိန်အဝါကြီးမားကြောင်း တွေးမိလိုက်ပြီး အလွန် ထိတ်လန့်သွားခဲ့၏။

All Chapters