← Chapters

အခန်း (၂၆၈)

Vol. 18 Ch. 268

အခန်း (၂၆၈)

Vol. 18 Ch. 268

ထိုကိစ္စ ဗဟိုသူတော်စင် အကယ်ဒမီတွင် ပျံ့နှံ့သွားပြီးနောက် သိပ်မကြာခင် ကျောင်းသားသစ်ပြိုင်ပွဲကြီးက စတင်တော့မည်ဖြစ်၏။

ကျောင်းသားသစ်ပြိုင်ပွဲက လွန်ခဲ့သော တစ်နှစ်က အကယ်ဒမီသို့ အသစ်၀င်ရောက်လာသည့် ကျောင်းသားများသီးသန့်ပြိုင်ပွဲဖြစ်သည်။ ၎င်းက နာမည်နှင့် အပြင်ပန်းကြည့်လျှင် ဗဟိုသူတော်စင်အကယ်ဒမီ၏ အတွင်းရေးကိစ္စဟု ထင်ရသည့်တိုင် အမှန်တွင် ထိုမျှ မရိုးရှင်းပေ။

ကျောင်းသားသစ်ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်က ကျောင်းသားသစ်များကြားမှ အစွမ်းထက်ဆုံး ကျောင်းသား(၁၀)ယောက်ကို ရွေးချယ်ရန်ဖြစ်သည်။

ထို(၁၀)ယောက်က ဗဟိုသူတော်စင် အကယ်ဒမီအား ကိုယ်စားပြုပြီး တောင်ပိုင်းတိုက်ကြီးမှ ကျန်ထိပ်တန်း အကယ်ဒမီကြီး(၄)ခုနှင့် ယှဉ်ပြိုင်ရပေလိမ့်မည်။ အကယ်ဒမီ(၅)ခူမှ ကျောင်းသားများအကြား ယှဉ်ပြိုင်မှုဆိုလျှင်လည်း မမှားချေ။

ထိုပြိုင်ပွဲက အကယ်ဒမီ(၅)ခုမှ ကျောင်းသားများ၏ အရည်အချင်းအား တောင်ပိုင်းတစ်ကြီးတစ်ခုလုံးသို့ ထုတ်ဖော်ပြသသွားမည့်ပွဲလည်းဖြစ်၏။

ထို့အပြင် ပြိုင်ပွဲရလဒ်က အကယ်ဒမီကြီး(၅)ခု၏ အဆင့်သတ်မှတ်ချက်နှင့်လည်း ဆက်နွယ်နေသည်။ ထို့ကြောင့် ထိုပြိုင်ပွဲက အကယ်ဒမီ တစ်ခုချင်းစီတိုင်းအတွက် အလွန်အရေးကြီး၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားအားလုံး အဓိက အာရုံစိုက်ကြသည့် ပွဲဖြစ်ပြီး ရှားပါးအချိန်အခါတစ်ခုလည်းဖြစ်ပေသည်။

ပြင်ပနယ်မြေများသို့ ခရီးလွန်နေသည့် ဆရာများ ၊ စီနီယာကျောင်းသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အကယ်ဒမီသို့ အပြေးပြန်လာနေကြ၏။

အကြောင်းအရင်းကမူ သက်ဆိုင်ရာ နည်းပြဆရာများအတွက် ရပ်တည်ခြင်း ၊ ဂျူနီယာလေးများအား အားပေးခြင်း နှင့် အပျော်တမ်းပွဲကြည့်ရန်အတွက်ဖြစ်သည်။

အကျဉ်းချုပ်ပြောရလျှင် ကျောင်းသားသစ်ပြိုင်ပွဲက ‌အတိအကျကြေငြာထားခြင်းမရှိသည့် စုဝေးပွဲကြီးတစ်ခုပင်။ ပြန်လာနိုင်သည့် အခြေအနေနှင့် အချိန် ရှိသူများအားလုံး အကယ်ဒမီသို့ အပြေးပြန်လာကြလေ့ရှိသည်။ ယခုအချိန်က ဗဟိုသူတော်စင်အကယ်ဒမီ၌ လူအစည်ဆုံးအချိန်လည်းဖြစ်၏။

ကျောင်းသို့ပြန်ရောက်လာသည့် ကျောင်းသားဟောင်းများ ဤရက်ပိုင်းတွင်ဖြစ်ခဲ့သည့် ကိစ္စများ၏ သတင်းများ ကြားသိခဲ့ရသည်။

ဤသို့ဖြင့် စီနီယာကျောင်းသား/သူ များက ဂျူနီယာများအား အသေးစိတ် မေးမြန်းလိုက်ကြ၏။

“ အကယ်ဒမီမှာ ဘာတွေဖြစ်ခဲ့တာလဲ…”

ကျောင်းသားသစ်များ လက်ခံပြီးနောက် နည်းပြဆရာများက ၎င်းတို့၏ ကျောင်းသားဟောင်းများနှင့် အသစ်များအား အတူတကွ ပူးတွဲသင်ကြားပေးခဲ့သည်။ ၎င်းတို့ဆက်ဆံရေးက ဆရာတူ ညီအစ်ကိုမောင်နှစ်မများနှင့် မခြားပေ။ ထို့ကြောင့် သက်ဆိုင်ရာ ဂျူနီယာများအား မေးမြန်လိုက်သည်က အဆင်ပြေပေသည်။

“ ရှောင်ဟောင်က လင်းယုန်ဒေသ ၊ ဟီမိသားစုက ပါရမီရှင်ကို သတ်ခဲ့တယ်…”

ကျောင်းသားတစ်ချို့က ‌ပြန်လည်ဖြေကြားလိုက်ကြ၏။

“ ရှောင်ဟောင်…? သူက ဘယ်သူတုံး…”

မေးလိုက်သူက စီနီယာကျောင်းသူ စုန့်ဟွာဖြစ်၏။ ထိုအဖြေက သူမအတွက် ပဟေဠိဖြစ်သွားစေသည်။

ကျောင်းသားသစ်လက်ခံသည့်အချိန်က သူမလည်း ရှိနေခဲ့ပြီး ကျောက်ပြားကြီးထက်၌ ထိုအမည်အား မတွေ့ခဲ့ရပေ။ လွန်ခဲ့သော တစ်နှစ်က ထိုအမည်အား မကြားဖူးခဲ့ချေ။

“ ဟီ မိသားစုက ပါရမီရှင်ကို အနိုင်ယူခဲ့တယ်လား….”

အဓိက အချက်ကို သတိထားမိလိုက်ပြီး စုန့်ဟွာ အံ့အားသင့်သွား၏။ ထို့နောက် ဂျူနီယာ ကျောင်းသားအသစ်အား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ထိုကျောင်းသားသစ် အမည်က ဝူပိုင်ဖြစ်ပြီး ရိုးသားသူတစ်ဦးဖြစ်ကြောင်း ဆရာထံမှ ကြားသိခဲ့ရ၏။ သူက မလိမ်လောက်ပေ။

ယခုအချိန်တွင် ရှောင်ဟောင် မည်သူဖြစ်ကြောင်း အရေးမကြီးသေးချေ။ အဓိက အရေးကြီးသည့်အရာက ဟီမိသားစုဖြစ်၏။ သူမ ပြင်ပကမ္ဘာ၌ လျှောက်သွားနေတာ ကြာပြီဖြစ်ရာ လင်းယုန်ဒေသ ဟီမိသားစုအကြောင်း ကောင်းစွာသိထားသည်။ လင်းယုန်ဒေသက ထိပ်တန်းဒေသကြီး(၁၀)ခုထဲမှဖြစ်သည့်အပြင် ဟီမိသားစုက ကောင်းကင်ဘုရင်အဆင့် မိသားစုကြီးတစ်ခုလည်းဖြစ်၏။ မည်မျှ ကြောက်မက်ဖွယ်နည်း…?

ပိုပြီး အရေးကြီးသည့်အရာက သူမ မှတ်မိတာမမှားလျှင် ဟီမိသားစုမှ လူငယ်မျိုးဆက်များအကြားတွင် ပါရမီရှင် တစ်ဦးတည်းသာရှိ၏။

“ ဟီဖေးထန် အသတ်ခံလိုက်ရပြီလား…”

စုန့်ဟွာက ဝူပိုင်အား သေချာစိုက်ကြည့်လိုက်သည်။

အသတ်ခံလိုက်ရသောလူက ဟီဖေးထန် အမှန်တကယ်ဖြစ်ခဲ့လျှင် ဗဟိုသူတော်စင်အကယ်ဒမီအတွက် မလွယ်ကူလှပေ။

ဝူပိုင် အနည်းငယ်အံ့ဩသွား၏။ ထိုနာမည်နှင့် ပတ်သက်ပြီး သေချာမမှတ်မိသည်ဖြစ်ရာ ခေါင်းကုတ်လိုက်ပြီး

“ အဲ့တာတော့ မသိဘူး… ကျွန်တော်ကြားခဲ့သလောက်ဆိုရင် အသတ်ခံလိုက်ရတာ ဟီမိသားစုခေါင်းဆောင်ရဲ့သားဘဲ… ဒါပေမယ့် ဘာပြသနာမှမရှိခဲ့ဘူး… ဟီမိသားစု ခေါင်းဆောင်လည်း ဘာမှမလုပ်နိုင်ခဲ့ဘူးလေ…”

ဟီမိသားစုခေါင်းဆောင် ၊ နှောင်းပိုင်းဘုရင်အဆင့်ကျင့်ကြံသူ….

စုန့်ဟွာ၏ နှလုံးသား အနည်းငယ် တုန်ခါသွားပြီး မျက်၀န်းများတစ်ဖျတ်ဖျတ်လက်သွားသည်။

ဝူပိုင်ပြောစကားအရဆိုလျှင် ဟီမိသားစုခေါင်းဆောင်ဆိုတိုင် အကယ်ဒမီသို့ရောက်လာခဲ့သည်။

သို့ဆိုပါက သူမ အထင်မမှားလောက်ပေ။

သေဆုံးသွားသူက ဟီမိသားစု အမွေဆက်ခံသူ ဟီဖေးထန်သာ ဖြစ်ရမည်။

“ ဟီမိသားစုခေါင်းဆောင်ကိုယ်တိုင် အကယ်ဒမီကိုရောက်လာခဲ့တာပဲ….”

စုန့်ဟွာ စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်၏။

ဟီမိသားစုမှ ပါရမီရှင် အမွေဆက်ခံသူအား သတ်နိုင်သည်ကို ထောက်ချင့်ကြည့်လျှင် ထို ရှောင်ဟောင်အား ဗဟိုသူတော်စင် အကယ်ဒမီ၌ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ဟီမိသားစုခေါင်းဆောင် ကိုယ်တိုင်ရောက်လာခဲ့သည်ဖြစ်ရာ အကျိုးဆက်က မလွယ်ကူတော့ပေ။

ဝူပိုင်က အဆုံးသတ်ကို မပြောရသေးသည့်တိုင် သူမ စိတ်ထဲတွင် ရှောင်ဟောင်တစ်ယောက် အခြေအနေမကောင်းလောက်ဟု ကောက်ချက်ချလိုက်လေသည်။

သူမ လင်းယုန်ဒေသရောက်ခဲ့စဉ် ဟီမိသားစုခေါင်းဆောင်က ဟီဖေးထန်အား မည်မျှ အကာအကွယ်ပြုကြောင်း ကြားသိခဲ့ရသည်။ ဟီမိသားစုက ကောင်းကင်အဆင့်အင်အားစု ဖြစ်ရုံသာမက အမွေဆက်ခံသူကလည်း တစ်ဦးတည်းသာရှိပြီး မိသားစုခေါင်းဆောင်က ၎င်းအား အချစ်ဆုံးဖြစ်သည်။

ဟီဖေးထန်အား သတ်ဖြတ်လိုက်ခြင်းက ဟီမိသားစုခေါင်းဆောင် ရူးမသွားမှ ထူးဆန်းပေလိမ့်မည်။ ကောင်းကင်ဘုရင်အဆင့် အင်အားစုထံမှ ဖိအားအောက်တွင် အကယ်ဒမီအနေဖြင့် ရှောင်ဟောင်အား ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။ သူတို့လက်ထဲသို့ ထည့်ပေးလိုက်ခြင်း သို့မဟုတ် အကယ်ဒမီမှ ထုတ်ပယ်လိုက်ခြင်းပင် ဖြစ်နိုင်၏။

ထိုအခိုက်တန့်တွင် ဝူပိုင်၏ စိတ်ထဲ၌ ထိုအချိန်က မြင်ကွင်းအား ပြန်လည်မြင်ယောင်လာပြီး စိတ်လှုပ်ရှားသွားလေသည်။ ကောင်းကင်ဘုရင်အား ရွှမ်ယီ အပြစ်တင်ကြိမ်းမောင်းနေသည့်မြင်ကွင်းအား သူဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။

“ ဟီမိသားစုခေါင်းဆောင်ပဲမဟုတ်ဘူး.. နောက်ဆုံး ဟီမိသားစုက ဘိုးဘေးတောင် ရောက်လာခဲ့တယ်…”

ကောင်းကင်ဘုရင်အဆင့် အင်အားစုမှ လာသော ကျောင်းသားများပင် မိမိတို့ အင်အားစုမှ ကောင်းကင်ဘုရင်လွဲ၍ ကျန်ကောင်းကင်ဘုရင်များအား မြင်ဖူးသည်မှာ အလွန်ရှားသည်။

ကောင်းကင်ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး ဦးညွှတ်ကာ တောင်းပန်နေသည့်မြင်ကွင်းက မြင်လိုက်ရသူတိုင်းအား အလွန်စိတ်လှုပ်ရှားသွားစေခဲ့၏။

“ ကောင်းကင်ဘုရင်အဆင့် ဘိုးဘေးလား…?”

စုန့်ဟွာ ပို၍ပင် အံ့ဩသွားပြီး မျက်ခုံးပင့်ကာ ခေါင်းယမ်းလိုက်မိသည်။

ဟီမိသားစု ဘိုးဘေးကိုယ်တိုင်ရောက်လာခဲ့သည်တဲ့လား…?

ဗဟိုသူတော်စင်အကယ်ဒမီက ရှောင်ဟောင်အား ကာကွယ်လိုလျှင်တောင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူရှေ့တွင် ဖြစ်နိုင်ချေ အလွန့်အလွန် နည်းပါးသွားတော့မည်။

“ ဒါဆို ရှောင်ဟောင်… သူ သေသွားလောက်ပြီပေါ့….”

စုန့်ဟွာ၏ လေသံက အလွန်သေချာသယောင်‌ဖြစ်နေ၏။

သို့သော် ဝူပိုင်၏ မျက်နှာထက်တွင် အားရကျေနပ်ဟန်များရှိနေပြီး စီနီယာအစ်မအားကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။

သူက မျက်မြင်တွေ့ခဲ့ရသည်တိုင် ကောင်းကင်ဘုရင်တစ်ဦးရောက်လာခဲ့သည် ယခုထိ မယုံကြည်နိုင်သေးပေ။

“ အဲ့လိုမဟုတ်ဘူး… ရှောင်ဟောင်က ဆရာရွှမ်ရဲ့ တပည့်ဘဲ… ဘာအန္တရာယ်မှ မရှိခဲ့ဘူး…”

“ အဲ့တုန်းက ဟီ ဘိုးဘေး တိုက်ခိုက်တော့မယ်လို့ ကျွန်တော်တို့အားလုံး ထင်ခဲ့ကြတယ်.. ဒါပေမယ့် အဖြစ်အပျက်က လုံး၀ကို ယုံချင်စရာတောင်မကောင်းဘူး… ဟီ ဘိုးဘေးက မတိုက်ခိုက်ခဲ့အပြင် ဆရာရွှမ်ကိုလည်း ဦးညွှတ်ပြီးတောင်းပန်ခဲ့သေးတယ်… ပြီးတော့ ဟီမိသားစု ခေါင်းဆောင်ကို ခေါ်ပြီး ပြန်သွားရော…”

All Chapters