← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

စကားဆုံးသည်နှင့် စုန့်ဟွာ အလွန်အံ့အားသင့်သွား၏။ သူမ ခန္ဓာကိုယ်လေးပင် အနည်းငယ်တုန်ခါသွားပြီး ဝူပိုင်အား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ကောင်းကင်ဘုရင်ရောက်လာပြီး ဆရာရွှမ်ယီ ကို တောင်းပန်ခဲ့တယ်လား…?

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ဘုရင်အဆင့် အင်အားစုမှ ပါရမီရှင်တစ်ယောက်အား သတ်ဖြတ်ခဲ့လျှင် ၊ ထိုအသတ်ခံလိုက်ရသူက ကောင်းကင်ဘုရင်၏ မျိုးဆက်မဟုတ်သည့်တိုင် ကျိုးကြောင်းကိုက်ညီသည့် ဖြေရှင်းချက်မပေးနိုင်ပါက ကောင်းမွန်သော အဆုံးသတ်မရှိနိုင်ပေ။

အင်အားစုတစ်ခုမှ အမွေခံ ပါရမီရှင်ကို သတ်ဖြတ်ခြင်းက ထိုအင်အားစု၏ အနာဂါတ် တိုးတက်ခြင်းလမ်းကြောင်းကို ဖြတ်တောက်လိုက်သည်နှင့် မခြားပေ။

အဆုံးမဲ့ ပြသနာအား သယ်ဆောင်လာခြင်းဖြစ်၏။

သို့တိုင် ထိုကောင်းကင်ဘုရင်က အဘယ်ကြောင့် ရွှမ်ယီနှင့်တွေ့ချိန် ထိုမျှ နှိမ့်ချခဲ့ရသနည်း…?

စုန့်ဟွာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး နှလုံးသားထဲ၌ မနာလို အားကျမှုများပြည့်သွား၏။

“ ‌ခိုင်မာတဲ့နောက်ခံရှိတာ အရမ်းကောင်းတာပဲ… ဆရာရွှမ်ယီက အရမ်းအံ့ဩဖို့ကောင်းတယ်… ငါသာ သူ့တပည့်ဖြစ်ခဲ့ရင်…….”

ဝူပိုင်က စိတ်အားထက်သန်စွာ ရေရွတ်နေသည့် စီနီယာအစ်မအားကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။

မည်သူက‌ ထိုသို့မဖြစ်ချင်မည်နည်း..?

ဆရာရွှမ်၏ မှော်ဆေးပညာက အံ့ဩဖို့ကောင်းလွန်းသည်။ သူ၏ ဓားပညာဆိုလျှင် အပြစ်ပြောစရာကိုမရှိပေ။ ထို့အပြင် အသက်အရွယ်နှင့် ကျင့်ကြံမှုကလည်း ပြိုင်စံရှားဖြစ်၏။

ကောင်းကင်ဘုရင်တစ်ယောက်ရှေ့၌ပင် အလွန်ကြီးစိုးနိုင်စွမ်းရှိသေးသည်။

ယခုတွင် ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများအကြား ဆရာရွှမ်၏ တပည့်မဖြစ်ချင်တာ ဘယ်သူရှိမည်နည်း။

ဗဟိုသူတော်စင်အကယ်ဒမီသို့ ကျောင်းသားဟောင်းများနှင့် ဆရာများ ပြန်ရောက်လာပြီး သိပ်မကြာမီ အားလုံးစောင့်မျှော်နေသည့် ကျောင်းသားသစ်ပြိုင်ပွဲကြီး စတင်လိုက်တော့၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာ(၃၆)ယောက်နှင့် ၎င်းတို့၏ တပည့် (၁၀၀၀)ကျော်တို့က ပြိုင်ပွဲအတွက် အသင့်ဖြစ်နေကြချေပြီ။

ကျောင်းသားသစ်ပြိုင်ပွဲက ဗဟိုသူတော်စင် အကယ်ဒမီအတွင် အလွန်အရေးပါသည်။ အနိုင်ရရှိသော ထိပ်ဆုံး(၁၀)ယောက်က ကျန် အကယ်ဒမီကြီး(၄)ခုနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်၏။ ထိုအခါ ၎င်းတို့အမည်က တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

နာမည်ကျော်ကြားမှုက အတိအကျအကောင်အထည်ရှိသော အကျိုးသက်ရောက်မှု မရှိသည်တိုင် လူတိုင်းအမြင်တွင် ကျော်ကြားမှုက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ရောက်သွားပါက တောင်ပိုင်းတိုက်ကြီး၏ ချီယွမ် ကောင်ချီးပေးမှုကို ရလိမ့်မည်ဖြစ်ပြီး နဂါးတစ်ကောင်အလား ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် ကောလဟာလများ၏ ကံကြမ္မာကောင်းဖြစ်စေ ၊ မိမိတို့ နည်းပြဆရာများအတွက်ဖြစ်စေ ၊ ကိုယ့်ခွန်အားကို သက်သေပြရန်ဖြစ်စေ… အတိုချုပ်ပြောရလျှင် ကျောင်းသားသစ်များအားလုံး ကြီးကျယ်ခမ်းနားသည့် ‘ သုံည ကိုး-သုံး ‘ ပြိုင်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေကြချေပြီ။

ကျောင်းသားသစ်ပြိုင်ပွဲကြီးအား အကယ်ဒမီကောင်းကင်ယံရှိ လေထဲ၌ မျောလွင့်နေသော တိုက်ပွဲစင်မြင့်ကြီးထက်၌ ကျင်းပမည်။

၎င်းက ပတ်လည်တွင် ပွဲကြည့်ရန်ခုံများဖြင့် ၀န်းရံထားပြီး အလယ်တွင် သိုင်းစင်မြင့်တစ်ခုရှိသည့် ယှဉ်ပြိုင်ကွင်းကြီးတစ်ခုဖြစ်၏။ ယခုတွင် ထိုင်ခုံများ၌ ကျောင်းသားဟောင်းများဖြင့် စည်ကားနေသည်။ ကိုယ့်အဖွဲ့နှင့်ကိုယ် စကားများပြောဆိုနေကြပြီး လေထုက တက်ကြွနေ၏။

ဘုန်း…

မိုးချုန်းသံများထွက်ပေါ်လာပြီး အလွန်ဂုဏ်ယူနေဟန်ဖြင့် ပုံရိပ်တစ်ခု ကွင်းထဲ ၀င်ရောက်လာပြီး ပတ်၀န်းကျင်မှ အာရုံစိုက်မှုများအား ဆွဲဆောင်လိုက်၏။

သူက လီလင်းဖြစ်ပြီး ကျောင်းသားသစ်လက်ခံစဥ် ကျောက်စိမ်းဖြူလှေကားထိပ်မှ ကျောက်ပြားကြီးထက်တွင် အဆင့်(၃၆၀၀)ရခဲ့သူဖြစ်၏။ သူက ရွှမ်ယီနှင့် လွဲချော်ခဲ့ရသည့်တိုင် အားနည်းသည်ဟု မဆိုလိုပေ။ ယခု တွင် ခန္ဓာကိုယ်အား လျှပ်စီးများ၀န်းရံနေပြီး မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်နေကာ သူ၏ အရှိန်အဝါက ထူးထူးခြားခြားဖြစ်နေသည်။

“ ကောင်းတယ်ဟေ့…”

တချို့လူများက အော်ဟစ် အားပေးလိုက်ကြ၏။

သူ့ ခန္ဓာကိုယ်အား ၀န်းရံနေသည့် မိုးကြိုးလျှပ်စီးများအား ကြည့်ရသည်မှာ မိုးကြိုးဝိညာဉ်ခန္ဓာကိုယ်က ကြောက်မက်ဖွယ်အဆင့်ထိ တိုးတက်နေပြီဖြစ်ကြောင်း သိနိုင်သည်။

ရွှစ်…

လေအေးတစ်ချက် ဝှေ့ယမ်းသွားပြီး နောက်ထပ် အရည်အချင်းရှိသည့် ကျောင်းသားသစ်တစ်ယောက် ရောက်ရှိလာသည်။ သူက ၀တ်ရုံရှည်အား၀တ်ဆင်ထားပြီး ပတ်၀န်းကျင်မှ အာရုံများကို ဆွဲဆောင်လိုက်ပြန်၏။

မီးတောက်များ၀န်းရံထားသည့် လူငယ်တစ်ယောက်ကလည်း ၎င်း၏ ဦးခေါင်းအား တတ်နိုင်သမျှ မြှင့်ထားကာ အရှိန်အဝါကို အဆုံးအစွန်ထိ ထုတ်ဖော်ပြီး ၀င်ရောက်လာသည်။

ထိုကျောင်းသားသစ်များသာမက နည်းပြဆရာများကလည်း တိုက်ပွဲစင်မြင့်ကြီးအထက်မှ လေဟာနယ်အားခွဲဖွင့်ကာ စင်မြင့်ထက်သို့ ဆင်းသက်လာနေကြ၏။

ကျောင်းသားသစ်ပြိုင်ပွဲက အလွန်အရေးကြီးသည်ဖြစ်ရာ နည်းပြဆရာများအားလုံး ရောက်လာကြသည်။

ဤသို့ စုဝေးပွဲက ရှားပါးသည်ဖြစ်ရာ ကျောင်းသားဟောင်းများစွာလည်းရောက်ရှိနေပြီး အလွန်လှုပ်ရှားသက်၀င်နေတော့၏။

ဝှစ်ရှ်…

အစိမ်းရောင်၀တ်စုံဖြင့် ကျောင်းသားဟောင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာ၏။ ထိုသူအားမြင်လျှင် ပတ်၀န်းကျင်မှ ကျောင်းသားဟောင်းများ အပြင်းအထန် ဆွေးနွေးလိုက်ကြသည်။

“ ဒါ ကျန်အကယ်ဒမီ(၄)ခုနဲ့ ပြိုင်ပွဲမှာ ပါ၀င်ခဲ့တဲ့ ကုန်ရီရှန်မလား… သူ့ကို မတွေ့ဖြစ်တာတောင်ကြာပြီ… အခု သူ့ကိုကြည့်ရတာ အဆုံးကိုမမြင်နိုင်တဲ့ ချောက်ကြီးတစ်ခုလိုဘဲ… ကြောက်စရာခံစားချက်တစ်ခု ရနေတယ်….”

လူတစ်ချို့ အံ့ဩသွားကြ၏။

ထိုလူအား မြင်တွေ့ရသည်မှာ အလွန်ရှားသည်ဖြစ်ရာ တစ်ခဏကြာ စိုက်ကြည့်နေမိကြသည်။

“ ငါကို ဘာလို့ကြည့်နေကြတာတုံး…. ကျောင်းသားသစ်တွေကိုပဲ ကြည့်ပါဟ… ဒါနဲ့ ဗဟိုသူတော်စင်အကယ်ဒမီကို ကိုယ်စားပြုဖို့ (၁၀)ယောက်က ဘယ်သူတွေဖြစ်မလဲ မသိဘူး…”

ပတ်၀န်းကျင်မှ အကြည့်များကို ခံစားမိလိုက်သဖြင် ကုန်ရီရှန်က အနည်းငယ်ရယ်မောလိုက်ပြီး ၎င်းတို့အား မေးခွန်းထုတ်လိုက်သည်။

ထိုစကားအား ကြားလိုက်သည့် ကျောင်းသားဟောင်းများ ချက်ချင်း အာရုံပြောင်းသွားပြီး စတင်ဆွေးနွေးကြတော့၏။

ကျောင်းသားသစ်များကြားမှ အသန်မာဆုံး (၁၀)ယောက်က ဗဟိုသူတော်စင် အကယ်ဒမီအား ကိုယ်စားပြုရမည်။

၎င်းတို့က ကုန်ရီရှန်ကဲ့သို့ ဗဟိုသူတော်စင် အကယ်ဒမီအား ကိုယ်စားပြုကာတိုက်ခိုက်ပြီး မရေမတွက်နိုင်သော လူများ၏ အာရုံကို ဆွဲဆောင်မည်နိုင်ဖြစ်သည်။

“ ငါ့အမြင် ဆရာရွှမ်ရဲ့ တပည့်ရှောင်ဟောင်က နေရာတစ်ခု ရမှာသေချာတယ်… ဘာလို့ဆို သူက ဟီမိသားစုက အမွေဆက်ခံသူကိုတောင် ဓားတစ်ချက်နဲ့ သတ်ခဲ့တယ်လေ…”

ထိုစကားအား ကြားလိုက်ရသူတိုင်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

ဟိုတလောက ဖြစ်ခဲ့သည့် အကယ်ဒမီအပြင်မှ ပဋိပက္ခက အကယ်ဒမီအတွင်း ပျံ့နှံ့နေပြီးဖြစ်သည်။ ထို့ကြောင့် ‌အများစုက ရှောင်ဟောင်၏ ခွန်အားနှင့် ပတ်သက်ပြီး သိထားကြ၏။

ဟီမိသားစုမှ ဟီဖေးထန်က အဆင့်တူ၌ အလွန်အစွမ်းထက်သူများထဲ ပါ၀င်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ခွန်အားက လျှော့တွက်မရချေ။

၎င်းအား ဓားတစ်ချက်ဖြင့် ရှောင်ဟောင်၏ ခွန်အားက ထိပ်တန်းတွင်ရှိနေမည်မှာ သေချာသည်။

ဗဟိုသူတော်စင် အကယ်ဒမီမှ လူအနည်းငယ်မျှသာ ထိုသို့လုပ်နိုင်စွမ်းရှိပေလိမ့်မည်။ ထို့ကြောင့် ရှောင်ဟောင်က ထိပ်တန်း(၁၀)ယောက်ထဲသို့ ‌သေချာပေါက်၀င်မည်ဟု ယုံကြည်နေကြ၏။

“ အင်း.. ဆရာရွှမ်ရဲ့ ကျောင်းသားတွေအပေါ် သင်ကြားမှုစကေးက အရမ်းကြမ်းလွန်းတယ်…”

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်၏။ ရွှမ်ယီ၏ တံခါးအဖွင့်အတန်း နည်းပါးလွန်းသည်က စိတ်မကောင်းစရာပင်။ ရွှမ်ယီထံတွင် တစ်ရက်သင်ကြားခြင်းက ကျန်နည်းပြများထံ အချိန်တော်တော်ကြာအောင် သင်ကြားသည်နှင့် ညီမျှ၏။ ရွှမ်ယီ၏ အတန်းတွင် သင်ကြားဖူးသူတိုင်း ထိုအကျိုးကျေးဇူးကို ကောင်းစွာနားလည်ကြသည်။

ကျောင်းသားသစ်လက်ခံစဉ် ရှောင်ဟောင်၏ ခွန်အားက ဟိုးးး အောက်ဆုံးတွင် ရှိနေသော်လည်း ယခုတွင် ကောင်းကင်သို့တိုင်အောင် မြင့်တက်သွားချေပြီ။ ယခုတွင် လူအနည်းငယ်သာ ၎င်းနှင့် ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်ရာ သူတို့ အားမကျဟုဆိုလျှင် လိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရွှမ်ယီ၏ သင်ကြားမှုစွမ်းရည်အကြောင်း တွေးမိလိုက်လျှင် သူတို့ခေါင်းထဲသို့ ရွှမ်ယီ၏ ကျန်တပည့်များအကြောင်း ၀င်ရောက်လာ၏။

တပည့်သစ်လက်ခံခြင်းအခမ်းအနား၌ ရွှမ်ယီက ဆရာသစ်တစ်ယောက်သည့်အပြင် ကျောင်းသား(၆)ယောက်သာ ရရှိခဲ့၏။ ၎င်းတို့အထဲမှ (၂)ဦးက အထူးစုဆောင်းထားခြင်းဖြစ်သည်။ ( မင်ယွဲ့ရှုနဲ့ ကိုင်လင်းအာကိုပြောတာပါ)

ကျန် နည်းပြဆရာများနှင့်ယှဉ်လျှင် ရွှမ်ယီ၏ တပည့်အရေအတွက်က အလွန်နည်းပါးလှ၏။

အစပိုင်းတွင် ဟာသတစ်ခုအဖြစ်ထင်မှတ်ခဲ့ကြသော်လည်း ယခုတွင် ထို(၆)ယောက်က အလွန်ဆန်းကျယ်သည့် ဆရာသခင်၏ တပည့်များဖြစ်နေပြီး ၎င်းတို့အနေဖြင့် အားကျရုံသာတတ်နိုင်တော့သည်။

တိုက်ပွဲစင်မြင့်ကြီးထက်မှ ကွင်းပြင်သို့ ရွှမ်ယီက တပည့်(၆)ယောက်အား ဦးဆောင်ကာ ၀င်ရောက်လာသည်အားမြင်လိုက်လျှင် တစ်စုံတစ်ယောက်၏ နှလုံးသားထဲ ရဲတင်းသည့် အတွေးတစ်ခု ၀င်ရောက်လာလေသည်။

သူက မနေနနိုင်ဘဲ ရေရွတ်မိလိုက်၏။

“ ဆရာရွှမ်ယီရဲ့ တပည့်(၆)ယောက်… သူတို့အားလုံး ထိပ်တန်း(၁၀)ယောက်ထဲ ၀င်သွားရင်ရော…..”

ထိုစကားသံထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်မှလူများလည်း အတွေး၀င်လာကာ ထိတ်လန့်သွားပြီး ရွှမ်ယီ၏ တပည့်(၆)ယောက်အား မနေနိုင်ဘဲ ငေးကြည့်မိလိုက်ကြ၏။

All Chapters