← Chapters

အခန်း (၂၇၀)

Vol. 18 Ch. 270

အခန်း (၂၇၀)

Vol. 18 Ch. 270

တိုက်ပွဲစင်မြင့်ထက်တွင် ယုလင်းလုံ၏ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ပွင့်ဆင်မြန်းထား၏။ သူမက ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးမျှဖြစ်သည့်တိုင် သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက လူအများစုကို တုန်လှုပ်သွားစေသည်။

မင်ယွဲ့ရှုက ကျက်သရေရှိစွာ ရပ်နေခဲ့သည်။ သူမ မျက်၀န်းများက တောက်ပနေပြီး စင်မြင့်ထက်၌ အနည်းငယ်မျှ ထိတ်လန့်မှုမရှိဘဲ ယုံကြည်မှုအပြည့်ရှိနေ၏။

ကျန်းချန်က တပည့်လက်ခံခြင်းအခမ်းအနား၌ ဓားနည်းပြဆရာများအကြား အခြေအတင်ဖြစ်စေခဲ့သူဖြစ်သည်။ ဓားဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး ဓားတာအို မျိုးစေ့ကောင်းဟုလည်း လူသိများ၏။

ကိုင်လင်းအာအတွက်မူ သူမက ပြင်ပသို့ထွက်ခဲသော်လည်း မှော်ဆေးတာအိုနှင့် သိုင်းတာအိုလမ်းကြောင်း တစ်ပြိုင်တည်းလျှောက်လှမ်းနေကြောင်း လူအများသိထားကြ၏။ သူမသာ အခြားဆရာတစ်ယောက်၏ တပည့်ဖြစ်ပါက လူများထံတွင် ကဲ့ရဲ့ဝေဖန်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

လမ်းကြောင်းနှစ်ခုအား တစ်ပြိုင်တည်းလျှောက်လှမ်းခြင်းက အဘယ်မှာလျှင် လွယ်ကူအံ့နည်း။

သို့သော် သူမက ထိုလမ်းကြောင်းနှစ်ခုလုံး၌ အလွန်ထူးချွန်သည့် ရွှမ်ယီ၏ တပည့်ဖြစ်ရာ မည်သူမှ ဘာမျှမပြောကြချေ။

အနီရောင်၀တ်စုံဖြင့် ကိုင်လင်းအာအကြောင်း သူတို့သိပ်မသိပေမယ့် အားမနည်းကြောင်း ခံစားမိနေ၏။

[ ရှောင်ဖန်နဲ့ ရှောင်ဟောင် ရှောင်မိသားစုသွားချိန်မှာ Engလိုရေးတဲ့လူ ရေးတဲ့အတိုင်းပြန်ခဲ့လို့ နည်းနည်းလွဲနေပါတယ်…။ ဒီနေရာမှာတော့ အကယ်ဒမီကို ရောက်လာတုံးကအတိုင်းဖြစ်သွားပါပြီ ရှောင်ဖန်က အစ်မ ရှောင်ဟောင်က မောင်ပါ…။ အခု Xiao Hong’s Older sister လို့ရေးထားပါတယ်….]

ရှောင်ဖန် အတွက်မူ သူမက ရှောင်ဟောင်၏ အစ်မဖြစ်ပြီး သူမ၏ ခွန်အားကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိသည့်တိုင် သူမလည်း အားနည်းရန် မဖြစ်နိုင်ပေ။

ဒီလို စုဖွဲ့မှုမျိုး….

“ ရှူး….”

လူများ အသက်ပြင်းပြင်းရှိုက်လိုက်မိကြ၏။ သူတို့မျက်၀န်းများက တောက်ပနေလေသည်။

ဒီလိုဆိုရင် ဆရာရွှမ်ယီမှာ တပည့်(၆)ယောက်ရှိပြီး.. (၆)ယောက်လုံး ထိပ်တန်း(၁၀)ယောက်ထဲ ၀င်နိုင်တော့မှာလား…?

နေရာက (၁၀)နေရာသာရှိပြီး ရွှမ်ယီ၏ တပည့်များက ထက်၀က်ကို သိမ်းပိုက်သွားနိုင်ချေရှိနေသည်။

ဤသို့ဆိုလျှင် ထိပ်တန်း(၁၀)နေရာ စာရင်းအား သိမ်းပိုက်ထားသည်နှင့် မခြားတော့ချေ။

“ ဟုတ်တယ်.. ဟုတ်တယ်.. ဒါဖြစ်နိုင်တယ်…”

“ လွန်ခဲ့တဲ့ (၁)နှစ်တုန်းက ရှောင်ဟောင်ဆိုတာ ဘာမှမဟုတ်ဘူး… ဒါပေမယ့် အခုအရမ်းသန်မာနေပြီ… ပြီးတော့ ဆရာရွှမ်ယီရဲ့ ကျန်တပည့်တွေကလည်း အားနည်းပုံမရဘူး… ပိုပြီး သန်မာနေဖို့တောင်ဖြစ်နိုင်တယ်….”

လူတိုင်း မျက်လုံးများ တောက်ပသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့နှလုံးသားထဲ၌ အတွေးတစ်ခု တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေသည်။

“ ဒါဆို… ပြိုင်ပွဲမှာ ဘယ်သူ ပထမနေရာ ရနိုင်လောက်မလဲ…”

ပြိုင်ပွဲတွင် မည်သူ ပထမဖြစ်မည်နည်း…?

ထိုမေးခွန်းက လူတိုင်း၏ ရင်ခုန်သံများ မြန်သွားစေသည်။

ပြိုင်ပွဲတွင် အလွယ်အနေဖြင့် ထိပ်တန်း(၁၀)ယောက်ဟု ခေါ်ဆိုနေခဲ့သော်လည်း အဆင့်(၁) ၊ (၂) ၊ (၃) ၊ (၄) စသည်ဖြင့် ခွဲခြားဦးမည်။ အဆင့်(၁) ရရှိသူ၏ ဆရာ ဆိုသည့် နာမည်က နောက်ထပ် တပည့်သစ်များ လက်ခံချိန်တွင် အလွန်အရေးပါ၏။

မိမိတို့ မိသားစုမှ ကလေးများအား အကောင်းဆုံး နည်းပြဆရာထံ၌ သင်ကြားရန် မည်သူက မလိုလားမည်နည်း။

ထိုသို့မေးလိုက်သော်လည်း လူအများစု စိတ်ထဲတွင် အဆင့်(၁) နေရာအား ကိုယ်တိုင် ဆုံးဖြတ်ထားပြီးသား ဖြစ်ကြ၏။

“ ငါထင်တာတော့ ဆရာရွှမ်ယီရဲ့ တပည့်တွေထဲက တစ်ယောက်ပဲဖြစ်မယ်…”

ရွှမ်ယီ၏ တပည့်များအပေါ် အလွန်ယုံကြည်မှုရှိနေသူ တချို့က ပြောလိုက်ကြ၏။

ရွှမ်ယီက ကိုယ်တိုင်လည်း အလွန့်စွမ်းထက်ပြီး သင်ကြားမှုကလည်း အရမ်းကောင်းမွန်လှသည်။ ဗဟိုသူတော်စင် အကယ်ဒမီမှကျောင်းသားများအတွက် စံပြဆရာတစ်ဦးပင်။

ထို ကျောင်းသား(၆)ယောက်လုံး ဆရာရွှမ်ယီ လက်အောက်၌ တစ်နှစ်တိတိ ပညာသင်ကြားခဲ့ကြသည်။ ၎င်းတို့က ပြိုင်ပွဲက အလွန်ထူးချွန်စွာ စွမ်းဆောင်ပြရန် လူတစ်ချို့မျှော်လင့်နေကြ၏။

“ ရှောင်ဟောင် ဖြစ်နိုင်မလား…?”

“ လွန်ခဲ့တဲ့ (၁)နှစ်က သူက အောက်ဆုံးမှာရှိနေပေမယ့်… အခု တစ်ကျော့ပြန်လာပြီး အသန်မာဆုံး ဖြစ်နေနိုင်တယ် မထင်ဘူးလား…?”

ပြောလိုက်သူ၏ မျက်၀န်းများက အလွန်တောက်ပလျက်ရှိသည်။

သူက နောက်ခံကောင်းမွန်သည့် နေရာမှရောက်လာသည့် လူဘော်ကျော့များအား အထင်မကြီးပေ။

ဗဟိုသူတော်စင် အကယ်ဒမီသို့ရောက်လာသူများက ၎င်းတို့ သက်ဆိုင်ရာဒေသများ၌ ပါရမီရှင်များချည်းသာ။

နောက်ခံအားကိုးဖြင့် လိုတိုင်းရနေသူများက ၎င်းတို့အများစုအမြင်တွင် အဆင်ပြေလှပေ။

ရှောင်ဟောင်က ဘာမှမရှိသည့်ဘ၀မှရောက်လာခဲ့ပြီး ယခုတွင် အလွန်အစွမ်းထက်လာပြီး ကောင်းကင်ဘုရင်အဆင့်အင်အားစုမှ အမွေဆက်ခံသူကိုပင် သတ်ခဲ့၏။

ထိုလုပ်ရပ်က လူအများအား အထင်ကြီးသွားစေခဲ့သည်။

“ ဒါက သိပ်တော့မသေချာဘူး… ဘာလို့ဆို ယုလင်းလုံရှိသေးတယ်… သူမကို မေ့ထားလို့မရဘူး… သူမက သူတော်စင်ဒေသ အရှေ့ကောင်းကင်က ယုမိသားစုက လာတာ… အဆင့်(၁)က သူမ ဖြစ်ကောင်းဖြစ်နိုင်တယ်….”

ယုလင်းလုံက ဗဟိုသူတော်စင် အကယ်ဒမီ၌ အစွမ်းမပြရသေးသည့်တိုင် လူအများအမြင်တွင် သူတော်စင်ဒေသမှ ဘီလူးကြီး(၅)ကောင်တွင် အပါအ၀င်ဖြစ်သည့် ကောင်းကင်ဘုရင်အင်အားစုဖြစ်သော ယုမိသားစုမှ ဆင်းသက်လာရာ ထင်ထားသည်ထက် ပိုသန်မာလောက်သည်။

ထို့အပြင် ယုလင်းလုံကလည်း ရွှမ်ယီ၏ တပည့်များထဲမှ တစ်ဦးဖြစ်၏။

ပရိတ်သတ်များကြားတွင် ယုလင်းလုံဘက်မှ ထောက်ခံအားပေးနေသူတချို့လည်းရှိသည်။

သို့သော် လူအများစုက သူတော်စင်ဒေသမှ ပြိုင်ဘက်ကင်းပါရမီရှင်အပေါ် ပို၍ ယုံကြည်ချက်ထားနေကြ၏။

ဝှစ်ရှ်…

တိုက်ပွဲစင်မြင့်ထက်၌ ပုံရိပ်တစ်ခု ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရောက်လာပြီး ၎င်းထံမှ ထွက်ပေါ်လာသည့် စစ်ပွဲအငွေ့အသက်နှင့် လူသတ်ငွေ့များက ကျောင်းသားသစ်တော်တော်များများ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

စူးရှသော မျက်၀န်းများ ၊ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်နှင့်အတူ ဓားရှည်ကိုင်ဆောင်ထားသည့် အနက်၀တ်လူငယ်တစ်ဦး ဖြည်းညှင်းစွာထွက်ပေါ်လာ၏

“ ဒီဝူဖန်….”

ထိုအနက်၀တ်လူငယ်အားမြင်လိုက်လျှင် လူတော်တော်များများငြိမ်သက်သွား၏။

ယုလင်းလုံနှင့် ရှောင်ဟောင်အပေါ် အမြင်ကောင်းရှိသူများပင် ၎င်းတို့၏ နှလုံးသားထဲ၌ ဒီဝူဖန်နှင့် ပတ်သက်ပြီး နက်ရှိုင်းသော အမြင်များရှိသည်။

သူက ကျောင်းသားသစ်လက်ခံခြင်းအခမ်းအနားပြီးမှ အကယ်ဒမီသို့ အထူး၀င်ခွင့်ဖြင့် ရောက်လာသည့်ကျောင်းသားဖြစ်၏။

သူက အသက်(၁၇)နှစ်သာရှိသေးပြီး အင်ပါယာအဆင့်ကျင့်စဉ်အား လေ့ကျင့်ထားကာ အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ရောက်ရှိနေသူဖြစ်ပြီး ပြိုင်ဘက်ကင်းစစ်သည်တော်တစ်ပါးအဖြစ် လူသိများသည်။

သူက အစွမ်းထက်ဆုံး စိတ်ဝိညာဉ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သည့် စစ်ပွဲနတ်ဘုရားခန္ဓာကိုယ်အား ပိုင်ဆိုင်ထား၏။ သူမွေးဖွားသည့်အချိန် အတိတ်နိမိတ်များပင် ဖြစ်ပေါ်ခဲ့သည်။ သူတော်စင်ဒေသ၏ ကောင်းကင်တစ်၀က်လောက်ကို သွေးတိမ်များဖုံးလွှမ်းသွားပြီး တိုက်ပွဲခေါ်သံများ အဆက်မပြတ်ထွက်ပေါ်ခဲ့သည်ဟု ဆိုကြ၏။

ကြီးပြင်းလာပြီးနောက် သဘာ၀အတိုင်း တိုက်ခိုက်နိုင်စွမ်း အလွန်ထက်မြက်သူ တစ်ဦးဖြစ်လာခဲ့သည်။

အဓိကအနေဖြင့် ဒီဝူဖန်က သူတော်စင်ဒေသ မြောက်ပိုင်းရှိ ဒီမိသားစုဖြစ်၏။

ဒီမိသားစုက ကောင်းကင်ဘုရင်အဆင့်အင်အားစုတစ်ခုဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များက အလွန်ကြီးမားလှ၏။

ဒီမိသားစု အနာဂါတ်တိုးတက်ရေးအတွက် ရှေးရှုပြီး သီးခြားကျင့်ကြံနေသည့် ကောင်းကင်ဘုရင်ပင် ဒီဝူဖန်အား လေ့ကျင့်သင်ကြားပေးရန် ထွက်လာလေ့ရှိသည်။ အဆုံးတွင် ထို ကောင်းကင်ဘုရင် ဘိုးဘေးကိုယ်တိုင် ဒီဝူဖန်က အဆင့်တူတွင် ပြိုင်ဘက်ကင်းကြောင်း ကြွေးကြော်ခဲ့၏။ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းပင်ရှိနေသည်။

ဒီဝူဖန်၏ ဘ၀တစ်လျှောက်လုံး ကောင်းကင်ဘုရင် ဘိုးဘေး၏ ချစ်ခင်မှု ၊ ပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့ခြင်းဖြစ်၏။

သူက အကယ်ဒမီသို့ ၀င်ရောက်ပြီးသည်နှင့် သူတော်စင်ဒေသမှ အဓိကဂိုဏ်းကြီးများ ၊ ပါရမီရှင်များအား သွားရောက် စိန်ခေါ်တိုက်ခိုက်ခဲ့သည်။

ဒီဝူဖန်က ပြိုင်ဘက်ကင်းသိုင်းပညာနှလုံးသား တည်ဆောက်နေခြင်းဖြစ်၏။

ဂိုဏ်းတစ်ခုက ထိုလုပ်ငန်းစဉ်အား နှောက်ယှက်ရန် ကြိုးပမ်းခဲ့၏။ သူတို့က ဒီဝူဖန်နောက်ကွယ်မှ ကောင်းကင်ဘုရင်ကိုလည်း ကြောက်ရွံ့သည်ဖြစ်ရာ အလွန်အကျွံမလုပ်ဝံ့ဘဲ ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူအား ချုံခိုတိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။

သို့သော် ၎င်းက ဒီဝူဖန်လက်ချက်ဖြင့် သေသွားခဲ့၏။ ထိုသတင်းကြောင့် မရေမတွက်နိုင်သော လူများ အလွန်အမင်း ထိတ်လန့် အံ့အားသင့်သွားခဲ့ရသည်။

ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူပင် ဖြစ်သော်ငြား စစ်ပွဲနတ်ဘုရား၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ထိုကိစ္စပြီးနောက် ဒီဝူဖန်က သူတော်စင်ဒေသ လူငယ်မျိုးဆက်တစ်ခုလုံး၌ နံပါတ်(၁) အဖြစ် သတ်မှတ်ခံရလုနီးပါးဖြစ်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် သူက ထိုဂုဏ်ပုဒ်အပေါ် ခြေချထားပြီဖြစ်၏။

ဘုရင်တစ်၀က်အဆင့်ဆိုသည်မှာ ဘုရင်နယ်မြေ၏ စွမ်းအားတချို့ကို ယူငင်အသုံးပြုနေနိုင်ပြီဖြစ်သည်။

ဗဟိုသူတော်စင် အကယ်ဒမီမှ စီနီယာကျောင်းသားများပင် ဘုရင်တစ်၀က်အဆင့်အား အနိုင်မယူနိုင်လောက်ပေ။ အလွန်ဆုံး သိုင်းကွက် အနည်းနှင့် အများသာ တိုက်ခိုက်နိုင်ပေလိမ့်မည်။

“ ဒီဝူဖန်ရောက်လာပြီဆိုမှတော့.. ပထမနေရာက သူ့လက်ထဲပဲရောက်သွားမှာ စိုးမိတယ်…”

အကယ်ဒမီမှ အကြီးအကဲတစ်ချို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခေါင်းယမ်းကာ ရယ်မောလိုက်ကြ၏။ သူတို့မျက်၀န်းများထဲ၌ နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေခဲ့သည်။

ဒီဝူဖန်က ဗဟိုသူတော်စင်အကယ်ဒမီသို့ ပုံမှန်အတိုင်း ၀င်ခွင့်ဖြေပြီး ရောက်လာသူမဟုတ်ပေ။ ဒီမိသားစု၏ တောင်းဆိုမှုအရ အထူး၀င်ခွင့်ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

All Chapters