← Chapters

ကမ္ဘာစိတ်အသိဆင်းသက်လာခြင်း...

Vol. 10 Ch. 151

ကမ္ဘာစိတ်အသိဆင်းသက်လာခြင်း...

Vol. 10 Ch. 151

ကမ္ဘာက စိတ်အသိရှိ၏။ ၎င်းက လင်းယွမ် ပထမဆုံးဆင်းသက်ခြင်းတွင် ခံစားမိခဲ့သောအရာဖြစ်၏။

သိုင်းကမ္ဘာတွင် လင်းယွမ်က ၎င်း၏ အကန့်အသတ်ကို ထိတွေ့သောအခါ ကောင်းကင်နှင့် မြေကြီးမှလာသော ဖိအားကို ခံစားမိခဲ့သည်။ ၎င်းက ကမ္ဘာစိတ်အသိ၏ ငြင်းပယ်မှုဖြစ်သည်။

လင်းယွမ်ဆင်းသက်ခဲ့သော ဒုတိယနှင့် တတိယကမ္ဘာများက အထူးဖြစ်သောကြောင့် ထိုခံစားချက်မျိုး မရှိခဲ့ပေ။

လုံဟုကမ္ဘာတွင် ကျန်းဝူဓားနှင့် မူလနတ်ဆိုးစိတ်ဝိညာဉ်ကဲ့သို့ အထက်ဘုံမှ လာသောအရာများရှိခဲ့ပြီး ထိုကမ္ဘာက အဆင့်မြှင့်နိုင်သောကြောင့် ထိုကဲ့သို့ ငြင်းပယ်ခြင်း မရှိခဲ့ပေ။

နတ်လက်နက်ကမ္ဘာတွင် ရှေးဟောင်နတ်ဘုရားက နတ်လက်နက်များ ဖန်တီးရန် ၎င်း၏ နိယာမများကို ဆွဲထုတ်ခဲ့သောကြောင့် ကမ္ဘာ၏ စိတ်အသိက မပြည့်စုံတော့ပေ။

လက်ရှိကမ္ဘာတွင်လည်း လင်းယွမ်က ကမ္ဘာ၏ စိတ်အသိကို ခံစားနေရသည်။ ကမ္ဘာစိတ်အသိဆိုသည်မှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းမရှိဘဲ ကမ္ဘာ၏ လုပ်ဆောင်မှုများကို ထိန်းသိမ်းထားပြီး မူလကမ္ဘာမှ AI များနှင့် ဆင်တူလေသည်။

လင်းယွမ်၏ တတိယပြင်ဆင်မှုမှာ ကမ္ဘာစိတ်အသိက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းကို တားဆီးရန် ဖြစ်သည်။

အကယ်၍ ကမ္ဘာစိတ်အသိက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပစ်မှတ်ထားခဲ့လျှင် ကာကွယ်သူ စစ်ထူမင်ရှိလျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြာရှည်မခံဘဲ မတော်တဆမှု အမျိုးမျိုးဖြစ်ပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

" ကမ္ဘာစိတ်အသိ " လင်းယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

လင်းယွမ်က ကမ္ဘာစိတ်အသိနှင့် တွေ့ဆုံလိုလျှင် ချဉ်းကပ်ခြင်းအပေါ်မူတည်ပြီး လွယ်ကူခြင်း ခက်ခဲခြင်း ရှိပေလိမ့်မည်။

အလွယ်ကူဆုံးနည်းလမ်းမှာ ကံကြမ္မာ၏ ကလေးများမှတစ်ဆင့် ဖြစ်သည်။ ကံကြမ္မာ၏ ကလေးများက ကမ္ဘာ၏ မဟာကံကြမ္မာမှ မွေးဖွားလာခြင်းဖြစ်ပြီး ကမ္ဘာစိတ်အသိ၏ အာရုံစိုက်ခြင်းကို ခံထားရသူများဖြစ်သည်။

လင်းယွမ်က ကံကြမ္မာ၏ ကလေးတစ်ယောက်ကို ရှာပြီး ကမ္ဘာစိတ်အသိနှင့် ဆက်သွယ်နိုင်လေသည်။ ကံကြမ္မာ၏ ကလေးမရှိလျှင်တောင် ကမ္ဘာစိတ်အသိပေါ်လာရန် အခြားနည်းလမ်းများလည်း ရှိသည်။ ၎င်းက ကမ္ဘာကြီးကို ဖျက်ဆီးခြင်း ဖြစ်သည်။ လင်းယွမ်က ထိုနည်းလမ်းကို အသုံးမပြုချင်ပေ။ ၎င်းက ကမ္ဘာစိတ်အသိကို ခြိမ်းခြောက်ခြင်း ဖြစ်သည်။

" ကံကြမ္မာရဲ့ကလေး..." လင်းယွမ်က တွေးလိုက်သည်။

လွန်ခဲ့သော နှစ်တစ်ရာက ထိုက်ယင်မူလစိတ်ဝိညာဉ်ဖြင့် ကံကြမ္မာ၏ ကလေးသုံးယောက်ကို တစ်ကြိမ်မြင်ဖူးပြီး သူတို့၏ အော်ရာကို မှတ်မိနေခဲ့သည်။ သို့သော် မကြာမီ ထိုကလေးသုံးယောက်က နယ်မြေငါးခုမှ ပျောက်ကွယ်သွားခဲ့သည််။

လင်းယွမ်၏ ခန့်မှန်းချက်မှာ ကောင်းကင်နှင့်မြေကြီးက လှုပ်ရှားခဲ့ပြီး ထိုကလေးသုံးယောက်က ထူးကဲသော ကံကောင်းမှုအချို့ တွေ့ကြုံခဲ့ရပေလိမ့်မည်။

" ငါ နည်းနည်းထပ်စောင့်ရမယ်။ " ခနကြာပြီးနောက် လင်းယွမ်က ဆက်လက်ကျင့်ကြံလိုက်သည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် ထိုကလေးသုံးယောက်က နယ်မြေငါးခုတွင် ပြန်ပေါ်လာခဲ့လျှင် သူက ချက်ချင်း ခံစားမိပေလိမ့်မည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်အချို့ကြာသွားခဲ့သည်။

အရှေ့ပိုင်းနယ်မြေ ခရမ်းရောင်ဝါးသစ်တောထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ရုတ်တရက် ကောင်းကင်တွင် လူသုံးယောက်ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ပျံ့နှံ့လာသည်။ ထိုအော်ရာက မိုင်တစ်ရာအထိပင် လွှမ်းခြုံသွားသည်။

" ဟားဟားဟားဟားဟား ငါတို့နောက်ဆုံးတော့ ထွက်လာနိုင်ပြီ။ " ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့က ကျေနပ်စွာ ရယ်လိုက်ကြသည်။

သူတို့၏ အဝတ်အစားများက စုတ်ပြဲနေသော်လည်း သူတို့၏ မျက်လုံးများက အလွန်တောက်ပနေသည်။ ရာစုနှစ်အတွင်း သူတို့က မရေတွက်နိုင်သော စမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ပြီး သူတို့၏ စွမ်းရည်များကို ထုတ်ဖော်နိုင်ခဲ့သည်။

ရာစုနှစ်ကျင့်ကြံပြီးနောက် သူတို့က နဝမအဆင့်မှ ဒသမအဆင့် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ထို့အပြင် သူတို့က မြေအောက်ကမ္ဘာတွင် ပူးပေါင်းတိုက်ကွက်တစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။ သူတို့က ထိုတိုက်ကွက်ကို အသုံးပြုလျှင် အဆင့် ၁၁ သို့မဟုတ် အဆင့် ၁၂ ကိုပင် ယှဉ်တိုက်နိုင်လေသည်။

အချိန်အတော်ကြာပြီး​နောက် သူတို့က စတင်ဆွေးနွေးလိုက်ကြသည်။

" ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ လျို့ဝှက်နည်းစနစ်ကို အသုံးပြုရင် နတ်ဆိုးအရှင် ရှဟိုယွမ်ကိုတောင်...." ရှန်လန်က ထိုနေရာတွင် ရပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ပြင်းပြသော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။

နှစ်ပေါင်းတစ်ရာအတွင်း ရှဟိုယွမ်က သူတို့အတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာသည်။ အကယ်၍ သူတို့သုံးယောက်က ရှဟိုယွမ်ကိုသာ အနိုင်ယူနိုင်ခဲ့လျှင် သူ့ကို တားဆီးနိုင်ရုံသာမက ထိုအိပ်မက်ဆိုး၏ လွှမ်းမိုးမှုမှလည်း လွတ်မြောက်နိုင်ပေလိမ့်မည်။ သူတို့၏ စိတ်များ ပြည့်စုံမှသာ အဆင့် ၁၁သို့ ချိုးဖျက်ခြင်းက အောင်မြင်ပေလိမ့်မည်။

" ဒါဆို..." ရှောင်ဟော်က ရှဟိုယွမ်ကို ဘယ်အချိန်ရှာကြမလဲဟု မေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

" ငါ့ကို ရှာဖို့ မလိုတော့ဘူး။ "

ချက်ချင်း နေနှင့်လက ၎င်းတို့၏ အလင်းရောင်များ ဆုံးရှုံးသွားသကဲ့သို့ ကောင်းကင်က မှောင်ကျသွား၏။ ဆန်းကြယ်သော အော်ရာတစ်ခုက မိုင်တစ်ထောင်ကျော်အတွင်း ပြည့်နှက်သွားသည်။

ကြီးမားသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ခြေလှမ်းအနည်းငယ်အတွင်း သူတို့ရှေ့သို့ ရောက်လာသည်။

" ငါကိုယ်တိုင် လာပြီ။ " ပုံရိပ်ကြီးက ရပ်ပြီး ရှောင်ဟော်နှင့် အခြားသူများကို ငုံ့ကြည့်လိုက်သည်။

" နတ် နတ်ဆိုးအရှင် ရှဟိုယွမ်.... " ရှောင်ဟော်က ဦးရေပြား ထုံကျဉ်သွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒသမအဆင့် စွမ်းအားများက လုံးဝ ငြိမ်သက်သွားခဲ့သည်။

ရှဟိုယွမ်၏ ရှေ့တွင် သူတို့ ဒသမအဆင့်များက ကလေးများကဲ့သို့ ဖြစ်နေလေသည်။

" သူက ဘယ်လိုလုပ်ဒီလောက်သန်မာနေတာလဲ။ " ရှန်လန်က အလွန်စိတ်ပျက်သွားသည်။

ရှဟိုယွမ်၏ မူလစိတ်ဝိညာဉ်က လွန်ခဲ့သော နှစ်တစ်ရာကထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပို၍ သန်မာနေခဲ့သည်။ ရာစုနှစ်အတွင်း သူတို့သာ တိုးတက်လာခြင်းမဟုတ်ဘဲ ရှဟိုယွမ်ကလည်း ပို၍ သန်မာလာသည်။ တိုးတက်နှုန်းက သူတို့ထက်ပင် မြန်နေခဲ့သည်။

" ငါ..." ရှောင်ဟော်က ပါးစပ်ဟပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

သို့သော် ကောင်းကင်မှ ရှဟိုယွမ်က သူ၏ ညာလက်ကို သူတို့ဆီသို့ မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။

ဝုန်း....

ကြောက်စရာကောင်းသောအော်ရာတစ်ခုက ဖိနှိပ်လာသည်။ ရှောင်ဟော်တို့သုံးယောက်က သွေးများအန်လိုက်ရပြီး သူတို့၏ စိတ်အသိများက ဝေဝါးလာသည်။

" ငါတို့သေရတော့မှာလား။ " ယန်ဘီရှင်းက သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကြီးမားပြီး အေးစက်သော စိတ်အသိတစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။

ရှောင်ဟော်က ဖြည်းညင်းစွာ ရပ်လိုက်ပြီး သူ၏ အနီရောင်မျက်လုံးများက ရွှေရောင်ပြောင်းလဲသွားသည်။ သူက လင်းယွမ်ကို ကြည့်လိုက်သည်။ ထိုအကြည့်မှာ ကောင်းကင်က သက်ရှိအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်သည်။

" ကမ္ဘာစိတ်အသိ " လင်းယွမ်က သူ၏ လက်ကို နောက်ပြန်ဆုတ်လိုက်ပြီး ခါးနောက်သို့ပစ်လိုက်သည်။

" နောက်ဆုံးတော့ မင်းကိုယ်တိုင် ထွက်လာပြီပေါ့။ "

ရှောင်ဟော်က မတ်တပ်ရပ်နေပြီး သူ၏ ရွှေရောင်မျက်လုံးများက မည်သည့်ခံစားချက်မှမရှိပေ။

၎င်းကို မြင်သောအခါ လင်းယွမ်က မအံ့ဩပေ။ သူက စစ်ထူမင်၏ ခန္ဓာကိုယ်ကို ဖန်တီးပေးခဲ့ခြင်းဖြစ်သောကြောင့် သူ့အတွက် စစ်ထူမင်၏ ခန္ဓာကိုယ်က သိမ်းပိုက်ရန် အသင့်တော်ဆုံး ခန္ဓာကိုယ်ဖြစ်သည်။

ထို့အတူ ကမ္ဘာစိတ်အသိအတွက်လည်း စိတ်အသိဆင်းသက်ရန် ကံကြမ္မာ၏ ကလေးများက အသင့်တော်ဆုံး ဖြစ်သည်။ ၎င်းသာ ဆန္ဒရှိလျှင် မည်သည့်ကံကြမ္မာ၏ ကလေးများဖြစ်စေ အရာအားလုံးကို ထိန်းချုပ်နိုင်လေသည်။

ကံကြမ္မာ၏ ကလေးသုံးယောက်က လွန်ခဲ့သော ဆယ်စုနှစ်က နယ်မြေငါးခုမှ ပျောက်ကွယ်သွားခဲ့သည်။ ယခု ထိုသုံးယောက်ပေါ်လာသည့်အချိန်တွင် လင်းယွမ်က ခံစားမိပြီး ချက်ချင်း ရောက်လာခြင်းဖြစ်သည်။ အမှန်တော့ လင်းယွမ်က ကံကြမ္မာ၏ ကလေးများကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။ ကမ္ဘာစိတ်အသိ မပေါ်လာလျှင်တောင် သူက နောက်ပြန်ဆုတ်မည်ဖြစ်သည်။

အဆုံးတွင် သူတို့က ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးခံထားရသူများဖြစ်ပြီး သူတို့ကို တိုက်ရိုက်သတ်ဖြတ်ခြင်းက ဖြုန်းတီးရာကျလေသည်။ ထိုအစား သူတို့၏ ခန္ဓာကိုယ်မှ မဟာကံကြမ္မာကို ဖြည်းညင်းစွာ သန့်စင်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

သို့သော် လင်းယွမ်က ကံကောင်းစွာဖြင့် ကမ္ဘာစိတ်အသိကို ထွက်ပေါ်လာစေခဲ့သည်။ ကမ္ဘာစိတ်အသိက ထိုကံကြမ္မာ၏ ကလေးသုံးယောက်ကို အလွန်တန်ထိုးထားသည်မှာ သေချာလေသည်။

လွန်ခဲ့သော ရာစုနှစ်တွင် သူတို့သုံးယောက်က နဝမအဆင့်သာ ရှိပြီး လင်းယွမ်လှုပ်ရှားခဲ့လျှင်တောင် ကမ္ဘာစိတ်အသိက ထွက်ပေါ်လာမည်မဟုတ်ပေ။ နဝမအဆင့် ကံကြမ္မာ၏ ကလေးတစ်ယောက်သေဆုံးလျှင် နောက်ထပ်တစ်ယောက် ထွက်ပေါ်လာပေလိမ့်မည်။

သို့သော် ဒသမအဆင့်ကတော့ အထူးသဖြင့် ထိုသုံးယောက်က ဒသမအဆင့် အထွတ်အထိပ်ဖြစ်ပြီး ဧကာ ဒသမ အဆင့် ၁၁သို့ ရောက်ရန် အနည်းငယ်သာ လိုတော့လေသည်။ သူတို့သုံးယောက်၏ တစ်သားတည်းဖြစ်နေသော အော်ရာကို အသက်သွင်းခဲ့လျှင် အဆင့် ၁၁ သို့မဟုတ် အဆင့် ၁၂ စွမ်းအားကိုပင် ထုတ်နိုင်ပေလိမ့်မည်။ ထိုသုံးယောက်ကို လေ့ကျင့်ပေးခြင်းက ကမ္ဘာစိတ်အသိအတွက် ကြီးမားသော ရင်းနှီးမှုဖြစ်ပြီး သူတို့ကို လင်းယွမ်၏ လက်ထဲတွင် အလွယ်တကူ သေဆုံးခွင့်ပြုမည်မဟုတ်ပေ။

" မင်းရဲ့ တောင်းဆိုချက်ကို ပြောပ။ " ရွှေရောင်မျက်လုံးများနှင့် ရှောင်ဟော်က လေသံမာမာနှင့် ပြောလိုက်သည်။

ယခုအချိန်တွင် ရှောင်ဟော်၏ စိတ်အသိက အိပ်မောကျသွားသကဲ့သို့ ကမ္ဘာစိတ်အသိက အစားထိုးသွားပြီး ဤကမ္ဘာပေါ်မှ အသန်မာဆုံး တည်ရှိမှုတစ်ခု ဖြစ်လာစေသည်။ အလွန်စွမ်းအားကောင်းသော​ကြောင့် လင်းယွမ်ပင် သူနှင့်ယှဉ်နိုင်ရန် မသေချာပေ။

သို့သော် ကမ္ဘာစိတ်အသိက သက်ရှိတစ်မျိုးမဟုတ်ပေ။ ၎င်း၏ လုပ်ဆောင်မှုတိုင်းက စည်းမျဉ်းများကို လိုက်နာရန် လိုအပ်သည်။

" ငါရဲ့ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ထာဝရအမွေဆက်ခံပြီး ဒီကမ္ဘာမှာ နှစ်ထောင်ပေါင်းများစွာကြာအောင် တည်တံ့စေချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

ကမ္ဘာစိတ်အသိ၏ ခွင့်ပြုချက်မရှိလျှင် လင်းယွမ်က ပြင်ဆင်မှုများပြုလုပ်လျှင်တောင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က တောင်ခံနိုင်ရန် ရုန်းကန်ရပေလိမ့်မည်။

လင်းယွမ် ရှိနေစဉ် ဘာမှမဖြစ်နိုင်သော်လည်း သူ ဤကမ္ဘာမှ ထွက်သွားသည်နှင့် ကမ္ဘာစိတ်အသိ၏ ဖိနှိပ်မှုအောက်တွင် ကံကြမ္မာ၏ ကလေးများက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အမြစ်ဖြတ်ချေမှုန်းပစ်ပေလိမ့်မည်။

" မဖြစ်နိုင်ဘူး။ " ရှောင်ဟော်က တိုက်ရိုက်ငြင်းဆန်လိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters