← Chapters

မြောက်ပိုင်းပင်လယ်မျက်လုံး.....

Vol. 10 Ch. 152

မြောက်ပိုင်းပင်လယ်မျက်လုံး.....

Vol. 10 Ch. 152

ဤကမ္ဘာ၏ အကြွင်းမဲ့ အုပ်စိုးသူအနေဖြင့် သူက ပထမအဆင့်မှ ဒသမအဆင့်ထိသာ ဤကမ္ဘာနှင့် အသင့်တော်ဆုံး ဖြစ်သည်ကို ရှင်းလင်းစွာ သိလေသည်။

သိုင်းတာအိုကျင့်ကြံခြင်းစနစ်က မူလကျင့်ကြံခြင်းစနစ်ထက် အားနည်းသော်လည်း နယ်မြေငါးခုတွင် ထိုလမ်းစဉ်ကို တိုးတက်ခွင့်ပေးခြင်းက ကောင်းမွန်သောအရာမဟုတ်သည်ကို ကမ္ဘာစိတ်အသိက နားလည်လေသည်။

သီးခြားတည်ရှိမှုတစ်ခု၏ အမှတ်အသားရှိနေသော ထိုကျင့်ကြံခြင်းစနစ်က အချိန်ကြာမြင့်စွာ ဖွံ့ဖြိုးတိုက်တက်ရန် ခွင့်ပြုလိုက်လျှင် သူ့ကို လွှမ်းမိုးနိုင်လာလိမ့်မည်ဖြစ်သည်။

လင်းယွမ်ဖြတ်သန်းခဲ့သော တတိယကမ္ဘာနှင့်ယှဉ်လျှင် ယခုကမ္ဘာက ပို၍ ပြည့်စုံးပြီး ကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချနိုင်လေသည်။

" မဖြစ်နိုင်ဘူး..." လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။

ကမ္ဘာစိတ်အသိက ချက်ချင်း ထွက်မသွားသေးသောကြောင့် ညှိနှိုင်းရသေးကြောင်းကို ပြသနေသည်။

ခရမ်းရောင်ဝါးသစ်တော၏ အပြင်တွင် ရှန်လန်နှင့် ယန်ဘီရှင်းတို့က ဖြူဖတ်ဖြူရော် ဖြစ်နေကြသည်။ ကမ္ဘာစိတ်အသိက ရှောင်ဟော်ထံသို့ ဆင်းသက်လာပြီးနောက် သူတို့နှစ်ယောက်ကို အဝေးသို့ ပို့ခဲ့လေသည်။ လင်းယွမ်နှင့် ၎င်းတို့ပြောသောစကားများကို သူတို့အား မကြားစေချင်သည်မှာ ထင်ရှားလေသည်။ လင်းယွမ်ကလည်း ၎င်းကို ငြင်းပယ်ခြင်းမရှိပေ။

" ရှောင်ဟော် သူ..." ယန်ဘီရှင်း၏ နှုတ်ခမ်းများက အနည်းငယ် တုန်ခါနေသည်။

နတ်ဆိုးအရှင် ရှဟိုယွမ်၏ စွမ်းအားက သူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ ရှဟိုယွမ်နှင့် မတွေ့မီ သူတို့က ကိုယ်ပိုင်အစီအစဉ်များနှင့် ကြီးမားသော ရည်မှန်းချက်များ ရှိခဲ့လေသည်။

သူတို့က ရှဟိုယွမ်ကို အရင်တိုက်ခိုက်ကြမလား။ ရှဟိုယွမ်က သူတို့ကို အရင်တိုက်ခိုက်လာရင်ရော။ အကယ်၍ သူတို့က ရှဟိုယွမ်ကို ရှုံးနိမ့်ခဲ့လျှင် သူတို့ရဲ့ အသက်ကို ဘယ်လိုကယ်တင်မလဲ။

သို့သော် သူတို့က ရှဟိုယွမ်နှင့် အမှန်တကယ် ရင်ဆိုင်ရချိန်တွင် သူတို့၏ အတွေးများက မည်မျှ နုံအသည်ကို တွေ့ခဲ့ရသည်။ ပြင်ဆင်မှုများစွာက အကြွင်းမဲ့ခွန်အား၏ ရှေ့တွင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ရှဟိုယွမ်၏ ရှေ့တွင် သူတို့သုံးယောက်က စီရင်ချက်ကို စောင့်ဆိုင်းနေသော ပုရွက်ဆိတ်များကဲ့သို့ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်ခဲ့ပေ။

ရှန်လန်နှင့် ယန်ဘီရှင်းတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ဒသမအဆင့် ကျင့်ကြံသူများအနေဖြင့် သူတို့အဝေးသို့ မပို့ခံရမီ ရှောင်ဟော်က အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့ကြသည်။

" ဖြစ်နိုင်တာ..." ရှန်လန်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။

သူက လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းမှ အဆင့် ၁၁ ကျင့်ကြံသူ၏ အမွေအနှစ်ကို ဆက်ခံခဲ့ပြီး ကမ္ဘာစိတ်အသိကဲ့သို့ လျို့ဝှက်ချက်များစွာကို သိခဲ့ရသည်။

သို့သော် အဆင့် ၁၁ ကျင့်ကြံသူက ကမ္ဘာစိတ်အသိကို အခြားနာမည်များဖြင့် ဖော်ပြခဲ့သည်။

ကောင်းကင်တာအို။

ကောင်းကင်အရှင်သခင်။

" အခု ငါတို့ဘာလုပ်ကြမလဲ။ " ယန်ဘီရှင်းက တိုးညှင်းစွာ မေးလိုက်သည်။ သူမက ခရမ်းရောင်ဝါးသစ်တောဆီသို့ ကြည့်လိုက်သည်။

" ငါတို့ဘာလုပ်သင့်လဲ။ " ရှန်လန်က ခနစဉ်းစားပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ " ဒီမှာပဲစောင့်ကြတာပေါ့။ "

ယန်ဘီရှင်း၏ စကားက သူတို့ ထွက်သွားရန် အခွင့်အရေးရှိသည်ဟု ပြောခြင်းကို သူနားလည်လေသည်။

သို့သော် သူတို့က မြေအောက်ကမ္ဘာမှ ပေါ်လာပြီး ခနတွင် ရှဟိုယွမ်က ရောက်လာခဲ့သည်။ ထို့ကြောင့် ရှဟိုယွမ်က သူတို့ကို ရှာရန် အလွန်လွယ်ကူသည်မှာ ထင်ရှားလေသည်။ ရှဟိုယွမ်၏ ခွန်အားနှင့် သူတို့ ထွက်သွားရန် အခွင့်အရေးရှိလျှင်တောင် လွတ်မြောက်နိုင်စွမ်းမရှိဘဲ နောက်တစ်ကြိမ် ဖမ်းခံရပေလိမ့်မည်။

ထိုအစား ထိုနေရာတွင် စောင့်ပြီး အခြေအနေကို ကြည့်ခြင်းက ပိုကောင်းလေသည်။ ရှောင်ဟော်က ရှဟိုယွမ်ကို ဖျောင်းဖျနိုင်ခဲ့လျှင် သူတို့က ထွက်ပြေးရန် မလိုတော့ပေ။ ထို့အပြင် ဆွေးနွေးမှုအဆင်မပြေလျှင် သူတို့က ကမ္ဘာအဆုံးထိ ထွက်ပြေးလျှင်တောင် အဆုံးသတ်က သေခြင်းနှင့်ပင် ရင်ဆိုင်ရပေလိမ့်မည်။

ထိုစကားကို ကြားသောအခါ ယန်ဘီရှင်းက တိတ်ဆိတ်သွား၏။ သူမလည်း ထိုအချက်များကို စဉ်းစားမိလေသည်။

နာရီဝက်ကြာပြီးသောအခါ ယန်ဘီရှင်းနှင့် ရှောင်ဟော်တို့၏ အကြည့်အောက်တွင် အဝေးမှ ခရမ်းရောင်ဝါးသစ်တောက ကြည်လင်လာသည်။ ၎င်းကိုမြင်သော်လည်း သူတို့နှစ်ယောက်က လှုပ်ရှားရဲခြင်းမရှိဘဲ နောက်ထပ် နှစ်နာရီထပ်စောင့်ပြီးမှသာ သတ္တိမွေး၍ ဝါးသစ်တောဆီသို့ ချဉ်းကပ်သွားကြသည်။

မကြာမီ သူတို့က သတိမေ့နေသော ရှောင်ဟော်ကို တွေ့လိုက်ရသည်။ ရှဟိုယွမ်ကတော့ ထိုနေရာတွင် မရှိတော့ပေ။ သူတို့နှစ်ယောက်က ရှောင်ဟော်ကို လျင်မြန်စွာ ဖေးမလိုက်ကြပြီး သူတို့၏ နည်းလမ်းများဖြင့် သတိပြန်လည်အောင် လုပ်လိုက်ကြသည်။

မကြာမီ ရှောင်ဟော်က သတိပြန်ရလာသည်။

" ဘာဖြစ်သွားတာလဲ။ " ရှောင်ဟော်က သူ၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ခံထားရသကဲ့သို့ ခေါင်းကိုက်သွား၏။

ယန်ဘီရှင်းနှင့် ရှန်လန်တို့က ဖြစ်ပျက်သမျှကို ချက်ချင်း ပြောပြလိုက်ကြသည်။

" ငါက အခြားလူတစ်ယောက်လို ပြောင်းသွားတယ်လို့ ခံစားနေရတယ်။ " ရှောင်ဟော်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး အတွေးနက်နေသည်။

သူတို့သုံးယောက်က ခနစကားပြောလိုက်ကြပြီး ရှဟိုယွမ်အကြောင်းတော့ မပြောရဲကြတော့ပေ။

လင်းယွမ်က ကောင်းကင်တွင် ရပ်ပြီး အတွေးနက်နေသည်။ သူက ကမ္ဘာစိတ်အသိနှင့် နာရီဝက်ကြာ ညှိနှိုင်းပြီးနောက် သဘောတူညီမှု ရရှိခဲ့သည်။

ကမ္ဘာစိတ်အသိက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ နှောက်ယှက်ခြင်းမပြုဘဲ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဤကမ္ဘာတွင် ဖြန့်ဝေရန် ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ၎င်းက လင်းယွမ်၏ မျှော်လင့်ချက်များနှင့်လည်း ကိုက်ညီလေသည်။

သူထွက်သွားပြီးနောက် ကမ္ဘာစိတ်အသိက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဆန့်ကျင်ခြင်းမပြုဘဲ နှစ်တစ်သောင်းကျော်ကြာအောင် ဖြန့်ကျက်ခွင့်ပြုမည်ဖြစ်သည်။ နှစ်ပေါင်းတစ်သောင်းကျော်ကြာလျှင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က လူပေါင်းများစွာ လေ့ကျင့်နေမည်ဖြစ်ပြီး ၎င်းက ဤကမ္ဘာတွင် အခြေခိုင်သွားပြီဖြစ်သည်။

မှန်၏။ ကမ္ဘာစိတ်အသိက ထိုကဲ့သို့ လိုက်လျောခြင်းမှာ လင်းယွမ်ပေးခဲ့သော ကတိကြောင့် ဖြစ်သည်။

" မြောက်ပိုင်းပင်လယ်ရဲ့ မျက်လုံး..." လင်းယွမ်က ခေါင်းမော့ပြီး မြောက်ပိုင်နယ်မြေကို ကြည့်လိုက်သည်။ အတိအကျပြောရလျှင် အဆုံးမဲ့ပင်လယ်၏ မြောက်ပိုင်းသို့ ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာက လင်းယွမ်က ထိုနေရာတွင် ယွမ်ချီများကို အဆက်မပြတ် ဝါးမျိုနေသော တွင်းနက်တစ်ခု ရှိနေသည်ကို တွေ့ခဲ့ရသည်။

ထိုတွင်းနက်က မြောက်ပိုင်းပင်လယ်၏ မျက်လုံးဟု ကမ္ဘာစိတ်အသိက ပြောခဲ့လေသည်။ မြောက်ပိုင်းပင်လယ်မျက်လုံးက လွန်ခဲ့သော နှစ်​ထောင်ပေါင်းများစွာက ဤကမ္ဘာတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီများက တဖြည်းဖြည်း ယုတ်လျော့လာပြီး ကမ္ဘာ၏ ကန့်သတ်ချက်ကလည်း တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။

ကမ္ဘာစိတ်အသိ၏ အားထုတ်မှုကြောင့် နယ်မြေငါးခုတွင် ဒသမအဆင့်များ မွေးဖွားလာခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုအောက်တွင် သူတို့က မြောက်ပိုင်းပင်လယ်မျက်လုံးကို ချိတ်ပိတ်ရန် သို့မဟုတ် ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။

သို့သော် အကျိုးသက်ရောက်မှုက နည်းပါးလှသည်။ သူတို့က မြောက်ပိုင်းပင်လယ်မျက်လုံး ကြီးထွားလာခြင်းကိုသာ တားဆီးနိုင်ခဲ့သည်။ သို့သော် မြောက်ပိုင်းပင်လယ်မျက်လုံးကတော့ ယွမ်ချီများကို ဆက်လက်ဝါးမျိုနေခဲ့သည်။

ကမ္ဘာစိတ်အသိ၏ ပြောပြချက်အရ ယွမ်ချီများ သိပ်သည်းမှုအများဆုံးနေရာက နယ်မြေငါးခုမဟုတ်ဘဲ မြောက်ပိုင်းပင်လယ်မျက်လုံး၏ တည်နေရာဖြစ်သည်ကို သိခဲ့ရသည်။

နှစ်ထောင်ပေါင်းများစွာအတွင်း ကမ္ဘာစိတ်အသိက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းရန် သန်မာသူများစွာကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။ ထို့ကြောင့် သူတို့က ထိုနေရာတွင် နေထိုင်ကြပြီး မြောက်ပိုင်းပင်လယ်မျက်လုံးနေရာက ဒသမအဆင့်များ မရှားဘဲ ဒသမအဆင့်များပင် ရှိနိုင်လေသည်။

" ကမ္ဘာစိတ်အသိက အဲ့ဒီကံကြမ္မာရဲ့ ကလေးသုံးယောက်ကို ပျိုးထောင်ပြီး မြောက်ပိုင်းပင်လယ်ရဲ့ မျက်လုံးကို ဖိနှိပ်ဖို့ မျှော်လင့်ခဲ့တာပဲ။ "

" မြောက်ပိုင်းပင်လယ်ရဲ့ မျက်လုံး.... " လင်းယွမ်က အတွေးနက်နေသည်။

သူက ကမ္ဘာစိတ်အသိကို မြောက်ပိုင်းပင်လယ်မျက်လုံးအား ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားမည်ဟု ကတိပေးခဲ့ပြီး အောင်မြင်ရန် အာမမခံခဲ့ပေ။ သို့သော် ကမ္ဘာစိတ်အသိနှင့် ဆွေးနွေးခြင်းမရှိလျှင်တောင် လင်းယွမ်က မြောက်ပိုင်းနယ်မြေသို့ သွားမည်ဖြစ်သည်။

မြောက်ပိုင်းပင်လယ်မျက်လုံးကိုသာ ယွမ်ချီများ ဆက်လက်ဝါးမျိုခွင့်ပြုခဲ့လျှင် ကမ္ဘာကြီး၏ ကျင့်ကြံခြင်းကန့်သတ်ချက်က အောက်ဆုံးထိ နိမ့်ကျသွားပေလိမ့်မည်။ အဆုံးတွင် ဤကမ္ဘာကြီးပင် ဝါးမျိုခြင်းခံရနိုင်လေသည်။

လင်းယွမ်၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကလည်း အဆုံးတွင် ပျောက်ကွယ်သွားပေလိမ့်မည်။

" မြောက်ပိုင်းပင်လယ်ကို သွားကြည့်ရတာပေါ့။ " လင်းယွမ်က မြေအောက်နန်းတော်ငို့ မပြန်ဘဲ မြောက်ပိုင်းပင်လယ်သို့ ပျံသန်းသွားသည်။

ယခု နယ်မြေငါးခုက တည်ငြိမ်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာမှ အင်အားစုများ၏ အကြွင်းအကျန်များက ပုန်ကန်ခဲ့လျှင်တောင် အခြေအနေတစ်ခုလုံးကို ထိခိုက်စေမည်မဟုတ်ပေ။

နွမ်ရှု၊ မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများက လင်းယွမ်၏ စည်းမျဉ်းများနှင့်အညီ နယ်မြေငါးခုကို တင်းကျပ်စွာ အုပ်ချုပ်နေသောကြောင့် အဓိကပြဿနာများ မဖြစ်နိုင်ပေ။

ဝှစ်....

မျက်စိတစ်မှိတ်အတွင်း လင်းယွမ်က နယ်မြေငါးခုမှ ထွက်လာပြီး အဆုံးမဲ့ပင်လယ်၏ အထက်သို့ ရောက်လာသည်။

ကြောက်စရာကောင်းသော လေများက ပြင်းထန်စွာ တိုက်ခတ်နေပြီး သာမန် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်များက ရပ်တည်နိုင်စွမ်းရှိမည်မဟုတ်ပေ။ သို့သော် ထိုပြင်းထန်သော လေများက လင်းယွမ်နှင့် ကျန့်တစ်ရာအဝေးတွင်သာ တိုက်ခတ်နေကြသည်။

" ကမ္ဘာစိတ်အသိက ဒသမအဆင့်တွေပဲ ဆင့်ခေါ်တာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။ နဝမအဆင့်များပင် ထိုပင်လယ်ကို ဖြတ်ကျော်ရန် ရုန်းကန်ရပေလိမ့်မည်။

မြောက်ပိုင်း အဆုံးမဲ့ပင်လယ်တွင် အဖြူရောင်မျှော်စင်တစ်ခု ရှိနေသည်။ မျှော်စင်၏ ထိပ်တွင် လူဝကြီး တစ်ယောက်ထိုင်နေသည်။

" နောက်ထပ် နှစ်နှစ်ဆယ်ပဲ ကျန်တော့တယ်။ ပြီးရင် ငါက ပြန်ပြီး ကောင်းကောင်းအနားယူလို့ရပြီ။ " သူက သက်ပြင်းချလိုက်သည်။

ထိုနေရာတွင် ကြီးမားသော ပင်လယ်ထဲတွင် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာအောင် ထိုင်နေရလျှင် ဒသမအဆင့်တစ်ယောက်ပင် ငြီးငွေ့နေပေလိမ့်မည်။

" မြောက်ပိုင်းပင်လယ်မျက်လုံးက ဘယ်အချိန်ပျောက်ကွယ်သွားမလဲဆိုတာ ငါသိချင်မိတယ်။ အဲ့ဒီမှာ မြောက်ပိုင်းပင်လယ်က ကျွန်းတွေထက် ပိုကျယ်ပြီး ပိုသာယာတဲ့ နယ်မြေငါးခု ရှိတယ်လို့ ငါကြားဖူးတယ်။ " လူဝကြီးက တိတ်ဆိတ်စွာ တွေးလိုက်သည်။

မွေးကတည်းက မြောက်ပိုင်းပင်လယ်၏ ကျွန်းပေါ်တွင် နေထိုင်ခဲ့ရသောကြောင့် သူတို့က သလာဝအတိုင်း နယ်မြေငါးခုကို သွားကြည့်ချင်ကြလေသည်။

" သခင်နာလန်နဲ့ ဒုသခင်တွေက ငါတို့ကို ထွက်သွားခွင့်မပြုကြဘူး။ " လူဝကြီးက ရှုံ့မဲ့ပြီး ပြုံးလိုက်သည်။

သခင်နာလန်နှင့် ဒုသခင်များက မြောက်ပိုင်းပင်လယ်၏ အဆင့် ၁၁ ကျင့်ကြံသူများဖြစ်သကဲ့သို့ အမြင့်ဆုံးအာဏာရှိပြီး မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ရန် ကျင့်ကြံသူများစွာကို အမိန့်ပေးထားကြသည်။

" ဟင် တစ်ယောက်ယောက် လာနေသလိုပဲ။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters