ချိတ်ပိတ်ခြင်းနည်းစနစ်များ....
Vol. 10 Ch. 153
" တစ်ယောက်ယောက် လာနေသလိုပဲ။ " လူဝကြီးက တစ်စုံတစ်ခုကို သတိပြုမိသွားပြီး တောင်အရပ်သို့ လှည့်ကြည့်လိုက်သည်။
ကျယ်ပြောလှသော ပင်လယ်မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်ခုက အလွန်လျင်မြန်စွာ နီးကပ်လာသည်။
" အဲ့ဒါ နယ်မြေငါးခုက ဒသမအဆင့် ကျင့်ကြံသူလား။ " လူဝကြီး၏ မျက်လုံးများ တောက်ပလာသည်။
တစ်ခါတစ်ရံ နယ်မြေငါးခုမှ ဒသမအဆင့် ကျင့်ကြံသူများက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ရန် လာရောက်ကူညီကြသည်ကို သူကြားဖူးလေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေငါးခုမှ ဒသမအဆင့်များက လျော့နည်းလာပုံရသည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်နီးပါးက နောက်ဆုံး ရောက်လာခဲ့ခြင်း ဖြစ်သည်။
" နယ်မြေငါးခုက အဲ့ဒီကျင့်ကြံသူတွေက အစပိုင်းမှာ အရမ်းမောက်မာတယ်လိူ့ ကြားဖူးတယ်။ လူတိုင်းကို နည်းနည်းတော့ သတိပေးထားဖို့လိုတယ်။ " လူဝကြီးက တွေးလိုက်သည်။
နယ်မြေငါးခုမှ ဒသမအဆင့်များက ပြိုင်ဘက်ကင်းသော တည်ရှိများဖြစ်ကြပြီး သူတို့ကိုသူတို့ အလွန်ဂုဏ်ယူကြလေသည်။ သန်မာသော ကျင့်ကြံသူများ ပြည့်နှက်နေသော မြောက်ပိုင်းပင်လယ်ကို ရုတ်တရက် ရောက်လာသောအခါ သူတို့အတွက် လိုက်လျောညီထွေ ဖြစ်ရန် ခက်ခဲသွားလေသည်။
ဝှစ်....
လူဝကြီးက ချက်ချင်း ပျံသန်းသွားပြီး နယ်မြေငါးခုမှ ဒသမအဆင့်ကို နှုတ်ဆက်ရန်ပြင်လိုက်သည်။ အဓိကမှာ အသစ်ရောက်လာသူက မြောက်ပိုင်းပင်လယ်တွင် မည်သည့်အမှားမှ မလုပ်မိစေရန် သတိပေးရပေလိမ့်မည်။
ထိုအချိန်တွင်....
ဝုန်း....
သူ၏ နောက်မှ အလင်းတန်းအချို့ ပျံသန်းသွားသည်။ သူတို့ကလည်း အသစ်ရောက်လာသူ ဒသမအဆင့်ဆီသို့ ပျံသန်သွားကြသည်။
" အာ..." လူဝကြီးက မျက်လုံးပြူးသွား၏။
" သခင်နာလန်နဲ့ ဒုသခင်တွေ..." လူဝကြီးက အလင်းတန်းများကို မှတ်မိသွားပြီး ပင့်သက်ရှိုက်သွား၏။
သူတို့က မြောက်ပိုင်းပင်လယ်မှ အဆင့် ၁၁ တည်ရှိမှုများ ဖြစ်ကြသည်။
" အဲ့ဒီလူက သခင်နာလန်တို့နဲ့ ရန်ငြိုးရှိတာလား။ "
သခင်နာလန်နှင့် ဒုသခင်တို့ ကိုယ်တိုင်လာသည်ကို မြင်သောအခါ လူဝကြီးက အသစ်ရောက်လာသူအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
သို့သော် သူတို့က အသစ်ရောက်လာသူ၏ အနီးသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားကြသည်။ ထို့နောက် သူတို့က အနည်းငယ် ဦးညွှတ်ပြီး ရိုသေစွာ ပြောလိုက်ကြသည်။
" စီနီယာကို နှုတ်ဆက်ပါတယ်။ "
" မင်းတို့က ငါ့ကို သိတာလား။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။ ကမ္ဘာစိတ်အသိက မြောက်ပိုင်းပင်လယ်မျက်လုံး၏ ပတ်လည်မှ စွမ်းအားကောင်းသော ကျင့်ကြံသူများကို သတိပေးထားပေလိမ့်မည်။
ကမ္ဘာစိတ်အသိက သီးခြားရှိနေပြီး နဝမအဆင့်နှင့် ဒသမအဆင့်များပင် ၎င်းကို ဆက်သွယ်ရန် အရည်အချင်းမပြည့်မီပေ။ ရှောင်ဟော်နှင့် အခြားနှစ်ယောက်က လင်းယွမ်၏ လက်ထဲတွင် သေဆုံးလုနီးပါး မဖြစ်ခဲ့လျှင် ကမ္ဘာစိတ်အသိက ဆင်းသက်လာမည်မဟုတ်ပေ။
သို့သော် အဆင့် ၁၁ ကျင့်ကြံသူများက ကွဲပြားလေသည်။ အဆင့် ၁၁က ဤကမ္ဘာကြီး၏ အကန့်အသတ်ဟု ဆိုနိုင်လေသည်။ နှစ်ထောင်ချီအတွင်း အသန်မာဆုံးက အဆင့် ၁၁ ဖြစ်၏။
လင်းယွမ်က ဤနေရာသို့ လာပြီး မြောက်ပိုင်းပင်လယ်မျက်လုံး၏ အန္တရာယ်ကို ဖြေရှင်းပေးရန် ကမ္ဘာစိတ်အသိနှင့် သဘောတူညီခဲ့သည်။ ကမ္ဘာစိတ်အသိက မည်သည့်အမှားအယွင်းမှ မဖြစ်စေရန် ဤနေရာမှ အဆင့် ၁၁ ကျင့်ကြံသူများကို သဘာဝအတိုင်း ပြင်ဆင်မှုများ ပြုလုပ်ခိုင်းထားခဲ့သည်။
" ဟုတ်ကဲ့ " သခင်နာလန်နှင့် ဒုသခင်များက ရိုသေစွာ ပြောလိုက်ကြသည်။
ထိုအချိန်တွင် သခင်နာလန်က တုန်လှုပ်နေသည်။ မကြာသေးမီက ကောင်းကင်တာအိုက အရေးကြီးသော လူတစ်ယောက်ကို ကြိုဆိုရန် သူတို့ကို ညွှန်ကြားခဲ့သည်။ မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းပေးနိုင်မည့် လူတစ်ယောက်ဖြစ်၏။
ကောင်းကင်တာအို၏ ညွှန်ကြားမှုအောက်တွင် သူတို့အားလုံးက ထိုလူကို မည်သည့်ဆန့်ကျင်မှုမှ မပြုရပေ။ ထိုလူရောက်လာသည်နှင့် မြောက်ပိုင်းပင်လယ်မှ ဒသမအဆင့်များစွာနှင့် အဆင့် ၁၁ ကျင့်ကြံသူများက ထိုလူ၏ အမိန့်ကို နာခံရပေလိမ့်မည်။ သခင်နာလန်က အတိအကျနားမလည်သော်လည်း သူက နာခံရုံသာ ရှိလေသည်။
" ကောင်းတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
၎င်းက ကမ္ဘာ၏ အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့် ကမ္ဘာစိတ်အသိက မတော်တဆမှုများကို ရှောင်ရှားရန် သဘာဝအတိုင်း အကောင်းဆုံး ကြိုးစားပေလိမ့်မည်။
" ဒါပေမယ့်..." လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။
လင်းယွမ်က မြောက်ပိုင်းပင်လယ်သို့ နီးကပ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများသိပ်သည်းမှုက တဖြည်းဖြည်း တိုးလာသည်ကို သိခဲ့ရသည်။ ၎င်းက နယ်မြေငါးခုထက် ဆယ်ဆနီးပါး သိပ်သည်းလေသည်။
မြောက်ပိုင်းပင်လယ်မျက်လုံးက နှစ်ပေါင်းများစွာကြာအောင် ယွမ်ချီများကို စုပ်ယူနေခဲ့သည်။ထို့ကြောင့် နယ်မြေငါးခုမှ ယွမ်ချီသိပ်သည်းမှုကလည်း ဆက်တိုက်ကျဆင်းသွားခဲ့သည်။ မြောက်ပိုင်းပင်လယ်မျက်လုံးက ယွမ်ချီများစွာကို စုပ်ယူခြင်းက အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ ပတ်ဝန်းကျင်ရှိ ယွမ်ချီသိပ်သည်းမှုက သဘာဝအတိုင်း မြင့်တက်လာမည်ဖြစ်သည်။
ဤနေရာမှ ယွမ်ချီသိပ်သည်းမှုက လွန်ခဲ့သော နှစ်တစ်သိန်းနီးပါးက အခြေအနေသို့ ရောက်နေပြီဟု လင်းယွမ်က ခန့်မှန်းလေသည်။ ထိုယွမ်ချီသိပ်သည်းမှုက မြောက်ပိုင်းပင်လယ်၏ မျက်လုံးနှင့် နီးကပ်လာလေ ပို၍ မြင့်လာလေဖြစ်သည်။
" ဒသမအဆင့်နဲ့ အဆင့် ၁၁ တွေ အများကြီးရှိတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ယခု နယ်မြေငါးခုတွင် ဒသမအဆင့်များကို နှစ်ထောင်ချီသောင်းချီကြာမှသာ မွေးထုတ်ပေးနိုင်ခဲ့သည်။ အဆင့် ၁၁ ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းကသာ ထွက်ပေါ်ခဲ့သည်။ ယနေ့ခေတ်လူများအတွက် အဆင့် ၁၁က ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်နေသည်။
သို့သော် မြောက်ပိုင်းပင်လယ်တွင် ဒသမအဆင့် ဆယ်ယောက်ကျော်နှင့် အဆင့် ၁၁ ခြောက်ယောက်ရှိနေလေသည်။ သခင်နာလန်၏ ခွန်အားက အဆင့် ၁၁ အထွတ်အထိပ်ဖြစ်ပြီး အဆင့် ၁၂ နှင့် ခြေလှမ်းတစ်ဝက်သာ လိုတော့လေသည်။ စွမ်းအားကောင်းသော ကျင့်ကြံသူများ ထွက်ပေါ်လာရန် အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်ကို လိုအပ်လေသည်။
မြောက်ပိုင်းပင်လယ်၏ မျက်လုံးအောက်မှ ကြွယ်ဝသော ယွမ်ချီများကြောင့် ထိုကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူများ ထွက်ပေါ်လာသည်မှာ အံ့ဩစရာမရှိပေ။
" ငါ့ကို မြောက်ပိုင်းပင်လယ်မျက်လုံးဆီ ခေါ်သွားပေး။ " စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည်။
" ဒီလမ်းပါ စီနီယာ။ " သခင်နာလန်က လင်းယွမ်ကို ချက်ချင်း ဦးဆောင်ပြီး ခေါ်သွားသည်။
အခြားဒုသခင်ငါးယောက်ကလည်း နောက်မှလိုက်သွားကြသည်။ သူတို့အားလုံးက မြောက်ပိုင်းပင်လယ်မျက်လုံး၏ တည်နေရာသို့ ဦးတည်သွားကြခြင်းဖြစ်သည်။
အဝေးတွင် လူဝကြီးက သခင်နာလန်နှင့် ဒုသခင်ငါးယောက်တို့ ဝန်းရံပြီး ထွက်သွားသော လင်းယွမ်ကို ကြည့်နေသည်။
" သခင်နာလန်နဲ့ ဒုသခင်တွေက ဘာလို့အဲ့လောက် ရိုသေနေကြတာလဲ။ "
လူဝကြီးက မယုံကြည်နိုင်ဖြစ်နေသည်။ သခင်နာလန်နှင့် ဒုသခင်များက ထိုလူကို အလွန်ရိုကျိူးစွာဖြင့် ဆက်ဆံနေကြသည်။
" အဲ့ဒီလူက ဘယ်သူလဲ။ " လူဝကြီးက လင်းယွမ်ကို အာရုံစိုက်လိုက်ပြန်သည်။
သူက လင်းယွမ်ကို နယ်မြေငါးခုမှ ဒသမအဆင့် လူသစ်တစ်ယောက်ဟုသာ ထင်ခဲ့သည်။ ယခု သူ၏ ခန့်မှန်းချက်များက လုံးဝမှားယွင်းနေပုံရသည်။ ဒသမအဆင့် လူသစ်တစ်ယောက်ဖြစ်လျှင် သခင်နာလန်နှင့် ဒုသခင်များက ကြိုဆိုရန်မပြောနှင့် ဂရုစိုက်မည်ပင် မဟုတ်ပေ။
" အင်း ငါ နောက်ထပ် နှစ်နှစ်ဆယ်သာ ထပ်စောင့်ရမှာ မဟုတ်ရင် လိုက်ကြည့်ကြည့်တယ်။ " လူဝကြီးက သက်ပြင်းချလိုက်သည်။ သူက မျှော်စင်တွင် စောင့်ကြပ်ရန် တာဝန်ကျပြီး ထွက်သွားနိုင်ခြင်းမရှိပေ။
သခင်နာလန်နှင့် ဒုသခင်ငါးယောက်တို့၏ လမ်းညွှန်မှုဖြင့် လင်းယွမ်က ကျွန်းတစ်ကျွန်းရှေ့သို့ ရောက်လာသည်။ ၎င်းက ကျွန်းဆိုသည်ထက် သေးငယ်သော တိုက်ကြီးတစ်ခုနှင့်ပင် ဆင်တူလေသည်။
၎င်းက နယ်မြေငါးခုနှင့် မယှဉ်နိုင်သော်လည်း ယခင် လင်းယွမ်ခံစားမိခဲ့သော ဒသမအဆင့် ဆယ်ယောက်ကျော်၏ အော်ရာက ထိုကျွန်းပေါ်မှ လာခြင်းဖြစ်သည်။
" ဒီကျွန်းကို ကျုပ်တို့ကတော့ မြောက်ပိုင်းပင်လယ်ကျွန်းလို့ ခေါ်ပါတယ်။ " သခင်နာလန်က ရှင်းပြလိုက်သည်။
"မြောက်ပိုင်းပင်လယ်မျက်လုံးက အဲ့ဒီမှာပဲ။ " သခင်နာလန်က လက်မြှောက်ပြီး ညွှန်ပြလိုက်သည်။
ကျွန်း၏ မြောက်ဘက်တွင် အနက်ရောင်အက်ကြောင်းကြီးတစ်ခု ရှိနေသည်။ ၎င်းအတွင်းသို့ သေချာကြည့်လျှင် ဟင်းလင်းပြင်တစ်ခုကို တွေ့ရပေလိမ့်မည်။ ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီများက ထိုထဲသို့ စီးဝင်နေကြသည်။
မကြာမီ လင်းယွမ်တို့က မြောက်ပိုင်းပင်လယ်မျက်လုံးရှေ့သို့ ရောက်သွားကြသည်။ အဝေမှကြည့်သည်နှင့် ယှဉ်လျှင် အနီသို့ ရောက်သောအခါ မြောက်ပိုင်းပင်လယ်မျက်လုံးက အလွန်ကြီးမားလှသည်။ ၎င်းက အက်ကြောင်းပုံစံတစ်ခုဖြစ်ပြီး အတွင်းတွင် မဲမှောင်နေသည်။
" အချင်းဝက် မိုင် ၈သိန်းဝန်းကျင် ရှိတယ်။ " လင်းယွမ်က မြောက်ပိုင်းပင်လယ်မျက်လုံး၏ အကျယ်အဝန်းကို ခန့်မှန်းလိုက်သည်။
" မြောက်ပိုင်းပင်လယ်မျက်လုံးက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒသမအဆင့် ကိုးယောက်က အဲ့ဒါကို စောင့်ကြပ်နေတယ်။ ဒါပေမယ့် နှစ်တစ်ရာပြည့်တိုင်း မြောက်ပိုင်းပင်လယ်မျက်လုံးက အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာတယ်။ အဲ့အချိန်ကျရင် ကျုပ်နဲ့ ကျွန်းပေါ်က စွမ်းအားကောင်းတဲ့လူတွေက ချိတ်ပိတ်ခြင်းနည်းစနစ်ကို အသုံးပြုပြီး အဲ့ဒါကို ဖိနှိပ်ရတယ်။ ဒါပေမယ့် အဲ့ဒါက နည်းနည်းပဲ အသုံးဝင်တယ်။ "
" မြောက်ပိုင်းပင်လယ်မျက်လုံးက တဖြည်းဖြည်း ကျယ်ပြန့်လာတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ချီက မြောက်ပိုင်းပင်လယ်မျက်လုံးဟာ အချင်းဝက် မိုင် ၇၅၀၀၀၀ပဲ ရှိခဲ့တယ်။ အခု မိုင်ရှစ်သိန်းပြည့်တော့မယ်။ " သခင်နာလန်က စိုးရိမ်သော အမူအရာနှင့် ပြောလိုက်သည်။
ထိုအတိုင်းဆက်သွားလျှင် နောက်နှစ်ပေါင်းတစ်သိန်းကြာအတွင်း မြောက်ပိုင်းပင်လယ်မျက်လုံးက အချက်ဝက် မိုင်နှစ်သန်းနီးပါး ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူတို့ မည်မျှပင် ကြိုးစားပါစေ အသုံးဝင်တော့မည်မဟုတ်ပေ။
" ငါသိပြီ။ " လင်းယွမ်က စိတ်ထဲမှ နားလည်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
" မင်းတို့ မြောက်ပိုင်းပင်လယ်မျက်လုံးကို ချိတ်ပိတ်ဖို့ အသုံးပြုတဲ့ လျို့ဝှက်နည်းစနစ်တွေအားလုံး ယူခဲ့။ "
လင်းယွမ်၏ လေ့လာချက်အရ မြောက်ပိုင်းပင်လယ်မျက်လုံး၏ အရပ်မျက်နှာ လေးဖက်တွင် စောင့်ကြပ်နေသော ဒသမအဆင့် ကျင့်ကြံသူသုံးယောက်က မြောက်ပိုင်းပင်လယ်မျက်လုံးအပေါ် အလွန်ကောင်းမွန်သော ချိတ်ပိတ်နည်းစနစ်များကို အသုံးပြုနေကြသည်။
မြောက်ပိုင်းပင်လယ်မျက်လုံးက ဖြည်းညင်းစွာ ကျယ်ပြန့်နေသော်လည်း လျို့ဝှက်နည်းစနစ်များ၏ ဖိနှိပ်မှုအောက်တွင် ကျယ်ပြန့်နှုန်းက သိသိသာသာ နှေးကွေးသွားခဲ့သည်။ ထိုနည်းစနစ်များက ကမ္ဘာစိတ်အသိဆီမှ လာခြင်း သို့မဟုတ် ၎င်း၏ လမ်းညွှန်မှုအောက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။
" ဒါက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ဖို့ အသုံးပြုတဲ့ လျို့ဝှက်နည်းစနစ်ပါ။ " သခင်နာလန်က တုန့်ဆိုင်းခြင်းမရှိဘဲ လျို့ဝှက်နည်းစနစ်မှတ်တမ်းတင်ထားသော ကျောက်စိမ်းစာလိပ်ကို ထုတ်ပေးလိုက်သည်။
မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ရန်အတွက် သခင်နာလန်က ထိုလျို့ဝှက်နည်းစနစ်ကို လူတိုင်းသိအောင် မျှဝေထားခဲ့သည်။ လင်းယွမ်က မပြောလျှင်တောင် ကျွန်းပေါ်သို့ ပြန်ရောက်လျှင် သူက ၎င်းကို အလွယ်တကူ ရနိုင်လေသည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ကျောက်စိမ်းစာလိပ်ကို လက်ခံလိုက်သည်။
ထို့နောက် သူတို့က မြောက်ပိုင်းပင်လယ်ကျွန်းပေါ်သို့ ပြန်လာကြသည်။ မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ခြင်းက ချက်ချင်း လုပ်ဆောင်နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်က မျက်လုံးကို လေ့လာပြီး ပြန်လာသည်မှာ သာမန်သာ ဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ခေါင်းငြိမ့်လိုက်သည်။