မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ခြင်း....
Vol. 10 Ch. 154
မြောက်ပိုင်းပင်လယ်ကျွန်း အဆင့်မြင့်စံအိမ်တစ်ခု ရှိနေသည်။ ထိုစံအိမ်က ကျွန်းပေါ်တွင် ယွမ်ချီအပေါများဆုံး နေရာတစ်ခုဖြစ်သည်။ ၎က သခင်နာလန်ပိုင်ဆိုင်သော်လည်း လင်းယွမ်ရောက်လာသောကြောင့် ၎က သူ၏ ယာယီတည်းခိုရာနေရာတစ်ခု ဖြစ်သည်။
" တကယ်သက်သောင့်သက်သာရှိတာပဲ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသော ယွမ်ချီများကို ခံစားမိပြီး အနည်းငယ် အံ့ဩသွားသည်။
လင်းယွမ်၏ အဆင့်နှင့် ထိုယွမ်ချီပမာဏက နည်းပါးသော်လည်း နယ်မြေငါးခုနှင့်ယှဉ်လျှင် အဆပေါင်းရာချီ သာလွန်လေသည်။
" ကောင်းပြီ အလုပ်လုပ်ရမယ့်အချိန်ပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
လင်းယွမ်၏ လေ့လာမှုအရ မြောက်ပိုင်းပင်လယ်မျက်လုံးက လူသားများစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်ကို တွေ့ခဲ့ရသည်။ သူက ယခုထက် ပို၍ သန်မာနေလျှင်တောင် မြောက်ပိုင်းပင်လယ်မျက်လုံးကို တိုက်ရိုက်မရှင်းလင်းနိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ သခင်နာလန်နှင့် အျခားသူမ်ား ပြုလုပ်ခဲ့သည့်အတိုင်း ချိတ်ပိတ်နည်းစနစ်များကို အသုံးပြုပြီး မြောက်ပိုင်းပင်လယ်မျက်လုံး၏ ကျယ်ပြန့်မှုကို ဖိနှိပ်ရန်သာ ဖြစ်သည်။
လင်းယွမ်က ကျောက်စိမ်းစာလိပ်ထဲမှ နည်းစနစ်ကို လေ့လာလိုက်သည်။
" မျက်လုံးချိတ်ပိတ်ခြင်းနည်းစနစ် နာမည်က တည့်တိုးဆန်တာပဲ။ " လင်းယွမ်က လျို့ဝှက်နည်းစနစ်၏ နာမည်ကို ကြည့်ပြီး သူ၏ ခေါင်းကို ခါလိုက်သည်။
မျက်လုံးချိတ်ပိတ်ခြင်းနည်းစနစ်က အဆင့်လေးဆင့် ခွဲခြားထားသည်။ စဦး၊ အသေးစားအောင်မြင်မှု၊ အကြီးစားအောင်မြင်မှု၊ ပြီးပြည့်စုံခြင်း။ ပုံမှန်အားဖြင့် ထိုနည်းစနစ်ကို အကြီးစားအောင်မြင်မှုအဆင့်ထိ လေ့ကျင့်နိုင်သူက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်ရန် အရည်အချင်း ပြည့်မီပြီဖြစ်သည်။ သခင်နာလန်နှင့် ဒုသခင်ငါးယောက်တို့က ထိုနည်းစနစ်၏ ပြီးပြည့်စုံခြင်းသို့ ရောက်နေပြီဖြစ်သည်။
လင်းယွမ်က လျို့ဝှက်နည်းစနစ်ကို အကြိမ်ကြိမ် လေ့လာလိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မျက်လုံးချိတ်ပိတ်ခြင်းနည်းစနစ်ကို လေ့လာပြီး မွေးရာပါမျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်ကို နားလည်သွားပါပြီ။ ]
ရက်အချို့ကြာပြီးသောအခါ လင်းယွမ်က မူလ မျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်မှ မွေးရာပါမျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်ကို နားလည်သွားခဲ့သည်။
မြောက်ပိုင်းပင်လယ်ကျွန်းပေါ်ရှိ နောက်ထပ်စံအိမ်တစ်ခုတွင် သခင်နာလန်နှင့် ဒုသခင်ငါးယောက်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" အဲ့ဒီလူက တကယ်ဘယ်သူလဲ။ " ဒုသခင်တစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
သူတို့က ကောင်းကင်တာအို၏ ညွှန်ကြားမှုကို သံသယဝင်ခြင်းမဟုတ်သော်လည်း ထိုလူက နယ်မြေငါးခုမှ လာခြင်းဖြစ်သည်။ သူတို့၏ အမြင်တွင် နယ်မြေငါးခု၏ ယွမ်ချီများက မြောက်ပိုင်းပင်လယ်မျက်လုံးကြောင့် ခြောက်သွေ့နေပြီဖြစ်သည်။ ထိုနေရာက ဒသမအဆင့်တစ်ယောက် ထွက်ပေါ်လာရန်ပက် ခက်ခဲနေသည်။ မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းပေးနိုင်မည့်လူတစ်ယောက်က ဘယ်လိုလုပ်ထွက်ပေါ်လာနိုင်မှာလဲ။
" မင်းက ကောင်းကင်တာအိုကို မေးခွန်းထုတ်နေတာလား။ " သခင်နာလန်က ထိုဒုသခင်ကို စိုက်ကြည့်လိုက်သည်။
" မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျုပ်က သိချင်ရုံပါ။ " ဒုသခင်က သူ၏ ခေါင်းကိုခါလိုက်သည်။
ကောင်းကင်တာအိုကို ဘယ်သူကမေးခွန်းထုတ်ရဲမှာလဲ။
" သိချင်ဖို့လည်း မလိုဘူး။ ကောင်းကင်တာအိုရဲ့ ညွှန်ကြားချက်ကို ငါတို့လက်ခံပြီးကတည်းက အဲ့ဒီလူနဲ့ ငါတို့က အပြည့်အဝပူးပေါင်းဖို့လိုတယ်။ ဘာမှစဉ်းစားဖို့မလိုဘူး။ ငါတို့အကောင်းဆုံးလုပ်ဖို့ပဲ လိုတယ်။ " သခင်နာလန်က ပုံမှန်အတိုင်းပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဒုသခင်များက ခေါင်းများငုံ့လိုက်ကြသည်။
" ငါ့တို့က ဘယ်လိုပူးပေါင်းရမှာလဲ။ " အခြားသူများကို သတိပေးပြီးနောက် သခင်နာလန်က သူ့ဟာသူ ရေရွတ်မိသွားသည်။
လင်းယွမ် စရောက်ကတည်းက ယခုထိ အားလုံးက ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းပေးမည့်ပုံလည်းမပေါ်ပေ။
လဝက်ကြာပြီးသောအခါ လင်းယွမ်က သခင်နာလန်နှင့်အတူ မြောက်ပိုင်းပင်လယ်မျက်လုံးဆီသို့ နောက်တစ်ကြိမ် ရောက်လာသည်။ အနက်ရောင်ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး လင်းယွမ်၏ အကြည့်က တည်ငြိမ်နေသည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လဝက်ကြာလေ့လာပြီးနောက် သူက မျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ရုံသာမက မွေးရာပါမျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်နှင့် မဟာမျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်တို့ကိုလည်း နားလည်နိုင်ခဲ့သည်။
အထူးသဖြင့် မဟာမျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်က မူလမျက်လုံးချိတ်ပိတ်ခြင်းနည်းစနစ်ထက် အဆများစွာ သာလွန်လေသည်။ ထိုနည်းစနစ်ကို အသက်သွင်းရန် အဆင့် ၁၅ ကျင့်ကြံခြင်း ရှိရန် လိုအပ်လေသည်။
ထို့ကြောင့် မြောက်ပိုင်းပင်လယ်ကျွန်း၏ ကျင့်ကြံသူများက မျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်ကိုသာ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ နားလည်နိုင်စွမ်းကလည်း မျက်လုံးချိတ်ပိတ်ခြင်း နည်းစနစ်ကို အဆင့်မမြှင့်တင်နိုင်သောကြောင့် ဖြစ်သည်။
" ကောင်းပြီ။ သူတို့အားလုံးကို ဆုတ်ခွာခိုင်းလိုက်တော့။ ဒီနေ့ကစပြီး မြောက်ပိုင်းပင်လယ်မျက်လုံးကို ငါ့တာဝန်ထားလိုက်။ " လင်းယွမ်က ပြောလိုက်သည်။
ထိုစကားများကြောင့် သခင်နာလည်၏ သူငယ်အိမ်များ ကျုံ့သွား၏။ ပုံမှန်အားဖြင့် မြောက်ပိုင်းပင်လယ်မျက်လုံးကို အရပ်မျက်နှာအသီးသီးမှ စောင့်ကြပ်နေကြသော ကျင့်ကြံသူကိုးယောက်က အနိမ့်ဆုံး ဒသမအဆင့် ရှိသည်။ ထိုသို့ဆိုလျှင်တောင် သူတို့က မြောက်ပိုင်းပင်လယ်မျက်လုံး၏ ကျယ်ပြန့်မှုကို အနည်းငယ် ထိန်းထားနိုင်ရုံသာ ရှိသည်။ ဒသမအဆင့် ကိုးယောက်သာ ဆုတ်ခွာသွားလျှင် မြောက်ပိုင်းပင်လယ်မျက်လုံးက အလွယ်တကူ ကျယ်ပြန့်လာပေလိမ့်မည်။
သူတို့က လင်းယွမ်၏ ခွန်အားကို သံသယဝင်ခြင်းကြောင့်မဟုတ်ဘဲ မြောက်ပိုင်းပင်လယ်မျက်လုံးက အလွန်ကြီးမားနေခြင်းကြောင့် ဖြစ်သည်။ အချင်းဝက် မိုင်ရှစ်သိန်းရှိသော မျက်လုံးကြီးက လူတစ်ယောက်၏ ခွန်အားနှင့် လွှမ်းခြုံရန် မဖြစ်နိုင်ပေ။
" စီနီယာ..." တစ်ဖက်မှ ဒုသခင်တစ်ယောက်က စကားပြောရန် ပြင်လိုက်သည်။
" သူပြောတဲ့အတိုင်းလုပ်။ " ခနစဉ်းစားပြီးနောက် သခင်နာလန်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ " မြောက်ပိုင်းပင်လယ်မျက်လုံးပတ်လည်မှ ဒသမအဆင့် ကျင့်ကြံသူများက ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။
ဝုန်း....
ဖိနှိပ်မှုကို ရပ်တန့်လိုက်သည်နှင့် မြောက်ပိုင်းပင်လယ်မျက်လုံး၏ ကျယ်ပြန့်မှုက သိသိသာသာ အရှိန်မြင့်လာသည်။
" စီနီယာ " ၎င်းကို မြင်သောအခါ သခင်နာလန်က စိတ်ထဲမှ တုန်လှုပ်သွားသည်။
မြောက်ပိုင်းပင်လယ်မျက်လုံး၏ လက်ရှိအရွယ်အစားနှင့် တစ်မီတာ ကျယ်ပြန့်လာလျှင်တောင် ယွမ်ချီများ စုပ်ယူနှုန်းက ထင်ရှားစွာ မြင့်တက်လာမည်ဖြစ်သည်။
" မကောင်းတော့ဘူး။ မြောက်ပိုင်းပင်လယ်မျက်လုံးက သိသိသာသာ ကျယ်ပျံ့လာပြီ။ " ဒုသခင်တစ်ယောက်၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွား၏။
သူက ဆက်မပြောနိုင်မီ မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။
သူတို့၏ ဘေးတွင် ရပ်နေသော လင်းယွမ်က ရုတ်တရက် ရှေ့တစ်လှမ်းတိုးလိုက်ပြီး မြောက်ပိုင်းပင်လယ်မျက်လုံး အထက်သို့ ပျံသန်းသွားသည်။
ဝုန်း....
ထို့နောက် လင်းယွမ်က သူ၏ ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ကို စေလွှတ်လိုက်သည်။ ကျန့်တစ်သိန်းကျော်မြင့်မားသော ယင်နှင့်ယန် မူလစိတ်ဝိညာဉ်တို့က မြောက်ပိုင်းကောင်းကင်မျက်လုံး၏ တစ်ဖက်တစ်ချက်တွင် ရပ်ပြီး လင်းယွမ်က သူတို့၏ အထက်တွင် ထိုင်နေသည်။
ဝုန်း....
ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖုံးလွှမ်း၍ တစ်လက်မမျှပင် မကျယ်ပြန့်နိုင်အောင် တားဆီးသွားသည်။ ထို့နောက် မြောက်ပိုင်းပင်လယ်မျက်လုံးက တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။
" ဒါ...." ဒုသခင်များက တုန်လှုပ်သွားကြသည်။
နှစ်ထောင်ပေါင်းများစွာ ကြာအောင် မြောက်ပိုင်းပင်လယ်မျက်လုံးက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူတို့ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။
" ကမ္ဘာကြီးကို ကယ်တင်လိုက်ပြီလား..." သခင်နာလန်က ကြီးမားသော မူလစိတ်ဝိညာဉ်နှစ်ခု၏ အထက်တွင် ရပ်နေသော ပုံရိပ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။
" ဒီလိုကြွယ်ဝတဲ့ ယွမ်ချီတွေ..." မြောက်ပိုင်းပင်လယ်မျက်လုံး၏ အထက်မှ လင်းယွမ်က အဆုံးမရှိသော ယွမ်ချီများ ဖုံးလွှမ်းခြင်းခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ယခင် ဒသမအဆင့် ကျင့်ကြံသူများက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖိနှိပ်နေစဉ် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများက ရပ်တန့်ခြင်းမရှိဘဲ ၎င်းဆီသို့ ဆက်လက်စီးဆင်းနေကြသည်။
သို့သော် မြောက်ပိုင်းပင်လယ်မျက်လုံး ဖိနှိပ်ခံရပြီးနောက် ယွမ်ချီစွမ်းအားများကို မစုပ်ယူနိုင်သောကြောင့် အားလုံးက လင်းယွမ်ဆီသို့ ရောက်သွားကြသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း ၁၂၀ ကြာသွားခဲ့သည်။
မြောက်ပိုင်းပင်လယ်ကျွန်းတွင် ဒသမအဆင့် ကျင့်ကြံသူများက လီတစ်သောင်းကျော် ကျုံ့သွားသော မြောက်ပိုင်းပင်လယ်မျက်လုံးကို ကြည့်ပြီး ဆွေးနွေးနေကြသည်။
ဤနှစ်တစ်ရာကျော်တွင် သူတို့၏ ဘဝများက သက်သောင့်သက်သာရှိရုံသာမက တုန်လှုပ်မှုများနှင့်လည်း ပြည့်နှက်နေခဲ့သည်။
သက်သောင့်သက်သာ ဖြစ်ခြင်းမှာ သူတို့က မြောက်ပိုင်းပင်လယ်မျက်လုံးကို စောင့်ကြပ်စရာမလိုတော့ဘဲ စိတ်အေးစွာဖြင့် ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။ တစ်ရက်ပြီးတစ်ရက် ကျုံ့သွားသော မြောက်ပိုင်းပင်လယ်မျက်လုံးကို ကြည့်ပြီး သူတို့အားလုံး ဝမ်းသာကြည်နူးရလေသည်။
တုန်လှုပ်မှုများကတော့ လူတစ်ယောက်ဆီမှ လာခြင်းဖြစ်သည်။
ထိုဆန်းကြယ်သော လူက မြောက်ပိုင်းပင်လယ်မျက်လုံးကို နှစ်တစ်ကျော်ကြာအောင် တစ်ယောက်တည်း ဖိနှိပ်ထားခဲ့သည်။ နှစ်တစ်ရာကျော်အတွင်း ထိုလူက မြောက်ပိုင်းပင်လယ်မျက်လုံး၏ အထက်တွင် ထိုင်နေပြီး သူ၏ ကျန့်တစ်သိန်းကျော်မြင့်သော မူလစိတ်ဝိညာဉ်နှစ်ခုက မျက်လုံး၏ တစ်ဖက်ဆီတွင် ရပ်နေကြသည်။
" ငါမင်းကို ပြောပြဦးမယ်။ ငါက အဲ့ဒီ မဟာအရှင်နဲ့ တွေ့လုနီးပါးဖြစ်ခဲ့တယ်။ သခင်နာလန်နဲ့ ဒုသခင်တွေသာ ရောက်မလာခဲ့ရင် ငါက သူနဲ့ ပထမဆုံး စကားပြောရလိမ့်မယ်။ " လူဝကြီးက ဂုဏ်ယူစွာ ပြောလိုက်သည်။ သူက လင်းယွမ် မြောက်ပိုင်းပင်လယ်သို့ ရောက်ချိန်တွင် ပထမဆုံး တွေ့ခဲ့သော လူပင် ဖြစ်သည်။
" သူ့ရဲ့ နောက်ခံက ဘာလဲမသိဘူး။ ဒီလိုစွမ်းအားကြီးတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်မွေးထုတ်ပေးနိုင်တာလဲ။ " ပိန်ပိန်နှင့် ဒသမအဆင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
အစစ်အမှန် နဂါးများကို တိမ်နေသော ရေထဲတွင် မွေးမြူနိုင်ခြင်းမရှိပေ။ ၎င်းက ကျင့်ကြံသူများအတွက် ပုံမှန်အခြေအနေတစ်ခုဖြစ်သည်။ မဟာအရှင်ပင် ထိုမျှစွမ်းအားကောင်းနေလျှင် သူ၏ နောက်ခံကလည်း နိမ့်ကျမည်မဟုတ်ပေ။
မဟာအရှင်ကို မပြောနှင့် သူ၏ ကျန့်တစ်သိန်းကျော်မြင့်သော မူလဝိညာဉ်နှစ်ခုကပင် သူတို့၏ စိတ်များကို တုန်ခါသွားစေရန် လုံလောက်ပေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း