နှစ်ငါးရာတားမြစ်ခြင်း....
Vol. 10 Ch. 155
" ကောင်းပြီ။ သခင်နာလန်က မဟာအရှင်အကြောင်းမပြောရဘူးလို့ ပြောထားတယ်။ မဟုတ်ရင် အပြစ်ပေးခံရလိမ့်မယ်။ " ဒသမအဆင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
" ငါက သိချင်ရုံပါ။ မဟာအရှင်အကြောင်းမကောင်းပြောတာ မဟုတ်ပါဘူး။ " ပိန်ပိန်နှင့် ကျင့်ကြံသူက ပြောလိုက်သည်။
" ဒါနဲ့ သခင်နာလန်က ငါတို့ကို သူ့အကြောင်း မပြောရဘူးလို့သာ ပြောတာ သူတို့ရော မဟာအရှင်အကြောင်းမပြောဘူးလို့ မင်းထင်လား။ "
" သခင်နာလန်နဲ့ ဒုသခင်တွေက အဲ့ဒါကို တားမြစ်ထားတာမလို့ သူတို့လည်း ပြောမှာမဟုတ်ဘူး။ " ပိန်ပိန်နှင့် ကျင့်ကြံသူက ပြောလိုက်သည်။
" မဟာအရှင်က ဘယ်လောက်သန်မာတယ်လို့ မင်းထင်လဲ။ အဆင့် ၁၄လား။ အဆင့် ၁၅လား။ " စံအိမ်တစ်ခုထဲတွင် သခင်နာလန်နှင့် ဒုသခင်များက မြောက်ပိုင်းပင်လယ်မျက်လုံးရှိရာသို့ ကြည့်နေကြသည်။
သူတို့၏ ခွန်အားက မြင့်မားသည်နှင့်အမျှ လင်းယွမ်ကို ကြောက်ရွံ့မှုက ပိုခံစားရလေဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာကြီး၏ ကန့်သတ်ချက်ကို ကျော်လွန်သော ခွန်အားက သူတို့ကို ခုခံရန် တွေးနိုင်မည်ပင် မဟုတ်ပေ။
" မသေချာဘူး။ "
" ဒါပေမယ့် ငါ့အထင် မဟာအရှင်က အဆင့်သတ်မှတ်ချက်တွေထက် ကျော်လွန်သွားပြီထင်တယ်။ မဟာအရှင်ရဲ့ ခွန်အားက ငါတို့စိတ်ကူးကြည့်လို့ မရလောက်ဘူး။ " အခြားဒုသခင်တစ်ယောက်က ပြောလိုက်သည်။
" ကောင်းကင်တာအိုက မဟာအရှင်ရဲ့ စကားကို နာခံရမယ်လို့ ပြောတာ အံ့ဩစရာမရှိဘူး။ " နောက်ထပ်ဒုသခင်တစ်ယောက်ကလည်း စဉ်းစားရင်း ပြောလိုက်သည်။
သခင်နာလန်ကတော့ အဝေးမှ မြောက်ပိုင်းပင်လယ်မျက်လုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်အတွင်း သူက တဖြည်းဖြည်း ကျုံ့သွားသော မြောက်ပိုင်းပင်လယ်မျက်လုံးကို ကြည့်ပြီး သူ၏ စိုးရိမ်စိတ်များကလည်း ပျောက်ကွယ်လာသည်။
" ငါတို့မျိုးဆက်တွေက မြောက်ပိုင်းပင်လယ်မျက်လုံးရဲ့ ခြိမ်းခြောက်မှုကို ခံရတော့မှာ မဟုတ်ဘူး။ " သခင်နာလန်၏ လင်းယွမ်အပေါ် ရိုသေလေးစားမှုက ပို၍ တိုးလာသည်။
" အဲ့ဒါက..." သခင်နာလန်၏ စိတ်ထဲတွင် သံသယတစ်ခုရှိနေသည်။
မြောက်ပိုင်းပင်လယ်မျက်လုံးကို ချိတ်ပိတ်ထားသော်လည်း ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများက ဘာကြောင့် ဆက်ပြီးစီးဆင်းနေတာလဲ။
မြောက်ပိုင်းပင်လယ်မျက်လုံး၏ အထက်တွင် လင်းယွမ်က ထိုင်နေသည်။ မြောက်ပိုင်းပင်လယ်မျက်လုံးက လီတစ်သောင်းကျော်ကျုံ့သွားပြီး သူတစ်ယောက်တည်းခွန်အားဖြင့် ဖိနှိပ်နိုင်ပြီ ဖြစ်သောကြောင့် လင်းယွမ်က သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို ပြန်ခေါ်ထားခဲ့သည်။
" ဒါက တကယ်သက်သောင့်သက်သာရှိတာပဲ။ " လင်းယွမ်က စိတ်ထဲမှ ကျေနပ်နေသည်။
သူက မြောက်ပိုင်းပင်လယ်မျက်လုံးကို အပြည့်အဝ ချိတ်မပိတ်ပစ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများကို ဆက်လက်စုပ်ယူနိုင်ရန် သေးငယ်သော အက်ကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ များပြားသော ယွမ်ချီများ ရောက်လာသည်နှင့် လင်းယွမ်၏ လုယူခြင်းကို ခံခဲ့ရသည်။
နှစ်တစ်ရာကျော်အတွင်း မြောက်ပိုင်းပင်လယ်မျက်လုံးက လင်းယွမ်အတွက် အလုပ်လုပ်ပေးနေခဲ့ပြီး ၎င်းကိုယ်တိုင်ကတော့ တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။
" အဆင့် ၁၈..." လင်းယွမ်က ဖြည်းညင်းစွာ အသက်ရှူလိုက်သည်။ သူပ အဆင့် ၁၈သို့ ရောက်နေပြီဖြစ်သည်။
အဆင့် ၁၈က ဤကမ္ဘာ၏ သတ်မှတ်ချက်ဖြစ်ပြီး မူလကမ္ဘာတွင် ၎င်းက ပဉ္စမအလွှာ အဆင့် ၁၂ ဖြစ်သည်။
" စိတ်မကောင်းစရာပဲ။ ဆဋ္ဌမအလွှာကို တက်တာ ယွမ်ချီနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ " လင်းယွမ်က တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
မူလကမ္ဘာတွင် ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာကို တက်ခြင်းက ပထမအလွှာမှ ပဉ္စမအလွှာသို့ တက်ခြင်းထက် ပိုခက်ခဲလေသည်။
ပဉ္စမအလွှာက နယ်မြေမြှုပ်နှံခြင်းအဆင့် ဖြစ်ပြီး ဆဋ္ဌမအလွှာက ကြယ်ဖျက်ဆီးခြင်းအဆင့်ဖြစ်သည်။ ၎င်းတို့ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။
ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ လမ်းညွှန်မှုရှိသော ဆင့်ကဲပြောင်းလဲသူများအတွက်ပင် ၎င်းက စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူဖြစ်သော လင်းယွမ်အတွက် ပြောစရာပင်မလိုပေ။
လင်းယွမ်တွင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပါအဝင် ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိသော်လည်း ကိုးကားခြင်းက တစ်ခုဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် ဆဋ္ဌမအလွှာကို ဖန်တီးခြင်းက တခြားကိစ္စတစ်ခု ဖြစ်သည်။
" အချိန်ပြည့်ခါနီးပြီ။ " လင်းယွမ်က အောက်မှ မြောက်ပိုင်းပင်လယ်မျက်လုံးကို ကြည့်လိုက်သည်။
အမှန်တော့ လင်းယွမ်က မြောက်ပိုင်းပင်လယ်မျက်လုံးကို လွန်ခဲ့သော နှစ်သုံးလေးဆယ်တည်းက လုံးဝ ချိတ်ပိတ်နိုင်နေပြီဖြစ်သည်။ သို့သော် မြောက်ပိုင်းပင်လယ်မျက်လုံးမှ စုပ်ယူသော စွမ်းအားများကို လုယူရန်အတွက် ယခုအထိ အချိန်ဆွဲထားခြင်းသာ ဖြစ်သည်။
၎င်းကို ကမ္ဘာစိတ်အသိလည်း သတိပြုမိပုံရလေသည်။ သို့သော် ဝင်ရောက်နှောက်ယှက်ခြင်းမပြုပေ။ ကမ္ဘာစိတ်အသိက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းရန် လင်းယွမ်ကို မှီခိုနေရသောကြောင့် သူ့ကို တားဆီးရန် မဖြစ်နိုင်ပေ။
ယခု လင်းယွမ်က ပဉ္စမအလွှာ အဆင့် ၁၂သို့ ရောက်ပြီဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းက ယွမ်ချီနှင့် အနည်းငယ်သာ သက်ဆိုင်တော့လေသည်။ ထို့အပြင် သူ၏ နေထိုင်ချိန်က နောက်ထပ် ဆယ်နှစ်သာ ကျန်ရှိတော့သဖြင့် ထိုနေရာတွင် ဆက်နေရန် မလိုအပ်တော့ပေ။
" ဖိနှိပ်စမ်း။ " လင်းယွမ်က မီတာတစ်ရာရှိသော မြောက်ပိုင်းပင်လယ်မျက်လုံးကို ငုံ့ကြည့်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
ကြောက်စရာကောင်းသော ဖိအားက အောက်သို့ ကျဆင်းလာသည်။ မီတာတစ်ရာရှိသော မြောက်ပိုင်းပင်လယ်မျက်လုံးက ချက်ချင်း ကျုံ့သွားခဲ့သည်။
ကိုးဆယ်မီတာ။
ရှစ်ဆယ်မီတာ။
ခုနှစ်ဆယ်မီတာ။
မြောက်ပိုင်းပင်လယ်မျက်လုံးကို ဆယ်မီတာသို့ ရောက်သွားချိန်တွင် ကြောက်စရာကောင်းသော စိတ်အသိတစ်ခုက မြောက်ပိုင်းပင်လယ်မျက်လုံးကိုဖြတ်ပြီး လင်းယွမ်ဆီသို့ ရောက်လာသည်။
" ရပ်စမ်း...." ကြောက်စရာကောင်းသော စိတ်အသိက လင်းယွမ်နားလည်နိုင်သော စိတ်စွမ်းအားအတက်အကျများကို ထုတ်လွှတ်လိုက်သည်။
" ရပ်ရမှာလား။ " လင်းယွမ်က ပြုံးလိုက်သည်။
ဤနှစ်များတွင် သူက မြောက်ပိုင်းပင်လယ်မျက်လုံး၏ နောက်တွင် စွမ်းအားကောင်းသော တည်ရှိမှုတစ်ခု ရှိနေသည်ကို သတိပြုမိခဲ့သည်။
အကြောင်းမှာ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မြောက်ပိုင်းပင်လယ်မျက်လုံးကို ဂရုတစိုက်လေ့လာချိန်တွင် ဝါးမျိုခြင်းနည်းစနစ်အချို့ကို ဉာဏ်အလင်းရခဲ့သောကြောင့် ဖြစ်သည်။
ထိုဝါးမျိုခြင်းနည်းစနစ်များက ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် မယှဉ်နိုင်သော်လည်း စွမ်းအားကောင်းသော တည်ရှိမှုအချို့၏ နည်းစနစ်များဖြစ်သည်မှာ ထင်ရှားနေသည်။
ထိုစွမ်းအားကောင်းသော တည်ရှိမှုက မြောက်ပိုင်းပင်လယ်မျက်လုံး လုံးဝချိတ်ပိတ်ခံလိုက်ရမှ ထွက်ပေါ်လာမည်ဟု လင်းယွမ်က ထင်ခဲ့သည်။ တစ်ဖက်က သည်းခံနိုင်စွမ်းမရှိတော့မည်ကို သူ မမျှော်လင့်ခဲ့ပေ။
" မင်းရဲ့ လုပ်ရပ်တွေကိုသာရပ်ရင် အရာအားလုံးညှိနှိုင်းလို့ရတယ်။ " ကြောက်စရာကောင်းသော စိတ်အသိက အလောတကြီးဖြစ်နေသည်။
" ငါတို့အပေးအယူလုပ်လို့ရတယ်။ " ၎င်းက ဆက်ပြောလိုက်သည်။
" ငါက အပေးအယူတွေကို စိတ်မဝင်စားဘူး။ " လင်းယွမ်က သူ၏ ဖိနှိပ်ခြင်းကို ရပ်တန့်ခြင်းမရှိဘဲ မြောက်ပိုင်းပင်လယ်မျက်လုံးက ဆက်လက် ကျုံ့သွားခဲ့သည်။
လင်းယွမ်က နှစ်ဖက်ကြား ကွာဟမှုကြီးမားလျှင် သဘောတူညီမှုများကို စိတ်မဝင်စားပေ။ မြောက်ပိုင်းပင်လယ်မျက်လုံး၏ နောက်ကွယ်မှ တည်ရှိမှုက အနည်းဆုံး ဆဋ္ဌမအလွှာရှိပြီး ထိုကဲ့သို့သော တည်ရှိမှုနှင့် ညှိနှိုင်းခြင်းက ကျားကို ၎င်း၏ သားရေနှင့် အပေးအယူလုပ်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။
လင်းယွမ်က ကမ္ဘာစိတ်အသိနှင့် အပေးအယူလုပ်ခဲ့ခြင်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းကဲ့သို့ ကိုယ်ပိုင်ခံစားချက်များ မရှိသောကြောင့် ဖြစ်သည်။
ထို့အပြင် လင်းယွမ်က လိုအပ်ပါက ကမ္ဘာစိတ်အသိနှင့် ရင်ဆိုင်ရန် နည်းလမ်းရှိလေသည်။ အဆိုးဆုံးအခြေအနေတွင် သူက ဘယ်သူမှအကျိုးအမြတ်မရအောင် ဤကမ္ဘာကို ဖျက်ဆီးလိုက်ရုံသာ ဖြစ်သည်။
သို့သော် မြောက်ပိုင်းပင်လယ်မျက်လုံး၏ နောက်ကွယ်မှ တည်ရှိမှုကို ကန့်သတ်ထားရန် လင်းယွမ်တွင် နည်းလမ်းမရှိပေ။ စိုးရိမ်နေရခြင်းထက် ရှောင်ဖယ်လိုက်ခြင်းက ပိုကောင်းလေသည်။
ဝုန်း ဝုန်း ဝုန်း.....
မြောက်ပိုင်းပင်လယ်မျက်လုံးက ဆက်လက်ကျုံ့နေခဲ့သည်။
ငါးမီတာ။
သုံးမီတာ။
တစ်မီတာ။
နောက်ဆုံးတွင် မြောက်ပိုင်းပင်လယ်မျက်လုံး၏ နောက်ကွယ်မှ တည်ရှိမှုက စတင်တိုက်ခိုက်လာသည်။
ဝုန်း....
မမြင်ရသော စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက လင်းယွမ်၏ မူလစိတ်ဝိညာဉ်ဆီသို့ ရောက်လာသည်။
ကံမကောင်းစွာပင် လင်းယွမ်၏ ယင်မူလစိတ်ဝိညာဉ်နှင့် ယန်မူလစိတ်ဝိညာဉ်တို့က ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် ပေါင်းစည်းသွားပြီး စိတ်ဝိညာဉ်ကာကွယ်ရေးနည်းစနစ်ဖြစ်သော စိတ်မျှော်စင်ကလည်း အသက်ဝင်လာခဲ့သည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုက မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြတ်လာရသောကြောင့် ၎င်း၏ စွမ်းအားက လျော့ကျသွားပြီဖြစ်သည်။
နောက်ဆုံး ရက်အနည်းငယ် ကြာပြီးသောအခါ မြောက်ပိုင်းပင်လယ်မျက်လုံးက ဆံချည်မျှင်ထက် သေးငယ်သော အမှုန်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လင်းယွမ်က အနည်းငယ် လှုပ်ရှားလိုက်ပြီး အမှုန်လေးက လင်းယွမ်၏ လက်ထဲသို့ ကျလာသည်။
ထိုမျှ သေးငယ်သော မြောက်ပိုင်းပင်လယ်မျက်လုံးက ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများကို စုပ်ယူနိုင်စွမ်းမရှိတော့ဘဲ မည်သည့်ခြိမ်းခြောက်မှုမှ မရှိတော့ပေ။
ဝှစ်....
လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
သူက မြောက်ပိုင်းပင်လယ်ကျွန်းအထက်တွင် ပေါ်လာသည်။
ထိုအချိန်တွင် သခင်နာလန်၊ ဒုသခင်ငါးယောက်နှင့် ဒသမအဆင့်ကျင့်ကြံသူများက ထိုနေရာတွင် စောင့်နေကြသည်မှာ ကြာပြီဖြစ်သည်။
မြောက်ပိုင်းပင်လယ်မျက်လုံးက ဆယ်မီတာမှ ကျုံ့သွားချိန်တွင် ဤကမ္ဘာမှ ကျင့်ကြံသူများအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက အတိတ်တွင် ကျန်ခဲ့တော့မည်ကို သူတို့က နားလည်လိုက်ကြသည်။ ထို့ကြောင့် သူတို့အားလုံးက ထိုနေရာတွင် ရပ်စောင့်နေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် မြောက်ပိုင်းပင်လယ်မျက်လုံးပျောက်ကွယ်သွားသည်နှင့် လင်းယွမ်ကလည်း ပေါ်လာခဲ့သည်။
" မင်းတို့က ဒီနေရာမှာ နှစ်တစ်ထောင် နှစ်တစ်သောင်းလောက် နေလာခဲ့ပြီးပြီ။ " လင်းယွမ်က သခင်နာလန်နှင့် အခြားသူများကို ကြည့်လိုက်သည်။
လွန်ခဲ့သော နှစ်တစ်သိန်းမှ မြောက်ပိုင်းပင်လယ်မျက်လုံး စတင်ပေါ်လာသည်မှစ၍ ကမ္ဘာစိတ်အသိက စွမ်းအားကောင်းသော ကျင့်ကြံသူများကို ထိုနေရာသို့ တစ်ယောက်ပြီးတစ်ယောက် လွှတ်ခဲ့သည်။ နှစ်ပေါင်းတစ်သိန်းအတွင်း မျိုးဆက်များ တစ်ခုပြီးတစ်ခု ပြောင်းလဲလာခဲ့သည်။
" ဒါပေမယ့် မင်းတို့အားလုံး နယ်မြေငါးခုကို မသွားခင် ဒီနေရာမှာ နောက်ထပ် နှစ်ငါးရာ ထပ်နေရလိမ့်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး သာမန်အတိုင်း ပြောလိုက်သည်။
ယခု လင်းယွမ်ချန်ခဲ့သော နတ်ဆိုးလမ်းစဉ်အင်အားစုများက နယ်မြေငါးခုကို အုပ်ချုပ်နိုင်ဆဲ ဖြစ်သည်။ သို့သော် မြောက်ပိုင်းပင်လယ်ကျွန်းပေါ်မှ လူများ နယ်မြေငါးခုသို့ ရောက်သွားလျှင် ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
ဒသမအဆင့် ဆယ်ယောက်ကျော်နှင့် အဆင့် ၁၁ ခြောက်ယောက်က နယ်မြေငါးခု၏ အခြေအနေကို ပြောင်းလဲရန် လုံလောက်လေသည်။ ထို့ကြောင့် လင်းယွမ်က သူတို့ကို နှစ်ငါးရာ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း