← Chapters

ပြန်ရောက်လာခြင်း....

Vol. 10 Ch. 156

ပြန်ရောက်လာခြင်း....

Vol. 10 Ch. 156

မြောက်ပိုင်းပင်လယ်မျက်လုံး ပျောက်ကွယ်သွားသောကြောင့် နယ်မြေငါးခု၏ ယွမ်ချီက ပြန်လည်ပြည့်ဝလာမည်ဖြစ်ပြီး နှစ်ငါးရာအတွင်း ဒသမအဆင့် သို့မဟုတ် အဆင့် ၁၁ ကျင့်ကြံသူများ ထွက်ပေါ်လာပေလိမ့်မည်။

" ဟုတ်ကဲ့ " သခင်နာလန်နှင့် အခြားသူများက တုန့်ဆိုင်းခြင်းမရှိ သဘောတူလိုက်ကြသည်။

သူတို့က နှစ်တစ်ထောင် နှစ်တစ်သောင်းကြာအောင် စောင့်ခဲ့ပြီးသောကြောင့် နှစ်ငါးရာလေးက ကိစ္စမရှိတော့ပေ။

" ဒါဆိုရင်..." လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အလင်းစက်များက စွမ်းအားကြီးကျင့်ကြံသူများ၏ နဖူးဆီသို့ ပျံသန်းသွားကြသည်။

ထိုအလင်းစက်များက မြောက်ပိုင်းပင်လယ်ကျွန်း၏ အော်ရာကို သူ၏ စွမ်းအားနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ယောက်ယောက်က မြောက်ပိုင်းပင်လယ်ကျွန်း၏ နယ်စပ်မှ ထွက်သွားသည်နှင့် ထိုအလင်းစက်က အလိုအလျောက် ပျက်ဆီးသွားပေလိမ့်မည်။

" မှတ်ထားပါ။ မင်းတို့က နှစ်ငါးရာပြီးမှ နယ်မြေငါးခုကို သွားနိုင်လိမ့်မယ်။ " လင်းယွမ်က သူတို့ကို နောက်တစ်ကြိမ် သတိပေးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

နယ်မြေငါးခု မဟာရှအင်ပါယာ။

နှစ်ပေါင်း၁၂၀ အတွင်း နွမ်ရှုနှင့် မိုယန်နတ်ဆိုးသခင်တို့က လင်းယွမ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး နယ်မြေငါးခုကို စနစ်တကျအုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ကြီးမားသော အင်ပါယာကို တင်ထောင်ခဲ့ကြပြီး မဟာရှအင်ပါယာဟု အမည်တွင်စေခဲ့သည်။

မဟာရှအင်ပါယာမှ ရှက ရှဟိုယွမ်၏ မျိုးရိုးအမည် ရှ မှ လာခြင်းဖြစ်သညိ။

မဟာရှအင်ပါယာနန်းတော်။

နွမ်ရှုက သူမ၏ နဖူးကို ပွတ်သပ်ပြီး ပင်ပန်းနေပုံရသည်။

မဟာရှအင်ပါယာတွင် ဧကရာဇ်မရှိပေ။ ယခင်က နတ်ဆိုးအရှင် ရှဟိုယွမ်၏ ကွပ်ကဲမှုအောက်တွင် နွမ်ရှုဦးဆောင်သော ဝန်ကြီး ၁၂ယောက်က အင်ပါယာ၏ ကိစ္စများကို ဆောင်ရွက်ခဲ့ကြသည်။

" ကောင်းကင်နဲ့မြေကြီးရဲ့ ယွမ်ချီသိပ်သည်းမှုက ပိုတိုးလာတာလား။ " နွမ်ရှုက ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ရေရွတ်လိုက်သည်။

နှစ်များကြာလာသည်နှင့်အမျှ သူမလည်း နဝမအဆင့်သို့ ရောက်ခဲ့ပြီး နယ်မြေငါးခု၏ ယွမ်ချီစွမ်းအားများ တဖြည်းဖြည်း ပိုမိုကြွယ်ဝလာသည်ကို သတိပြုမိခဲ့သည်။

" အခုကစပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ယွမ်ချီက နောက်ထပ် နှစ်ငါးဆယ်ကြာအောင် တိုးပွားလာလိမ့်မယ်။ အဲ့ဒါဆို ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်ကအတိုင်း ပြန်ဖြစ်လာလိမ့်မယ်။ " ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

နွမ်ရှုက ထိတ်လန့်သွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက ချက်ချင်း နီရဲလာသည်။

" အရှင် " နွမ်ရှုက ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ထပါ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်၏။ " ဒီတိုကင်ဆယ်ခုမှာ ငါ့ရဲ့ စွမ်းအားတွေ ပါဝင်တယ်။ "

" အနာဂတ်မှာ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုနဲ့ ကြုံခဲ့ရင် မင်းက တိုကင်ကို ချိုးလိုက်လို့ရတယ်။ ဒါဆို တိုကင်ထဲက စွမ်းအားက မင်းကို အဆင့် ၁၃ထိ ယာယီတိုးမြှင့်ပေးလိမ့်မယ်။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

၎င်းက သူမထွက်သွားမီ မဟာရှအတွက် ချန်ခဲ့သော အကာအကွယ်တစ်ခု ဖြစ်၏။ နှစ်တစ်သိန်း နှစ်တစ်သန်းကြာလျှင်တောင် အဆင့် ၁၃၏ စွမ်းအားက အရာအားလုံးကို ချေမွပစ်နိုင်ဆဲ ဖြစ်သည်။

" ဟုတ်ကဲ့ " နွမ်ရှုက ခနတုန့်ဆိုင်းသွားပြီး မေးလိုက်သည်။ " အရှင် ကျွန်မတို့ကို ထားခဲ့တော့မှာလား။ "

လင်းယွမ်၏ စကားများက နွမ်ရှုကို မတည်မငြိမ်ဖြစ်စေလေသည်။ အကယ်၍ လင်းယွမ်သာ ဤကမ္ဘာတွင် ရှိနေလျှင် တိုကင်များကို ချန်ထားစရာ အကြောင်းမရှိပေ။

" ကမ္ဘာပေါ်က လူတိုင်းက အချိန်တန်ရင် ခွဲခွာကြရမှာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်ပြီး ပြောလိုက်သည်။

" ဒါဆို အရှင်က ဘယ်သွားမှာလဲ။ " နွမ်ရှုက သတ္တိမွေးပြီး ပြောလိုက်သည်။

" ဘယ်သွားမှာလဲ။ " လင်းယွမ်က ခနစဉ်းစားလိုက်သည်။ " ငါလာခဲ့တဲ့ နေရာကို ငါပြန်သွားရမှာပေါ့။ " လင်းယွမ်က ပျောက်ကွယ်သွားသည်။

နွမ်ရှုက ကြမ်းပြင်တွင် ဒူးထောက်နေဆဲ ဖြစ်ပြီး သူမက စိတ်ရှုပ်ထွေးသော အမူအရာနှင့် ရှိနေသည်။

တောင်ပိုင်းနယ်မြေ။

ထူထပ်သော သစ်တောတစ်ခု၏ အလယ်တွင် လင်းယွမ်က ပေါ်လာသည်။

" ဟမ် " လင်းယွမ်က ကြည့်လိုက်သည်။

ဝေးကွာသော တောင်ပေါ်ရွာလေးတစ်ခုတွင် ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့က သာမန်လူများကဲ့သို့ ကလေးများနှင့် ကစားနေကြသည်။

" အင်း ကံကြမ္မာရဲ့ ကလေးတွေ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

လင်းယွမ်ကြောင့်သာ မဟုတ်လျှင် သူတို့သုံးယောက်က နယ်မြေငါးခုတွင် အသန်မာဆုံး လူများ ဖြစ်လာပေလိမ့်မည်။ သူတို့သုံးယောက်က မြောက်ပိုင်းပင်လယ်မျက်လုံးကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာစိတ်အသိ၏ ပျိုးထောင်ခြင်းခံရသူများ ဖြစ်ကြသည်။

ယခုမူ သူတို့သုံးယောက်က လင်းယွမ်၏ ဖိနှိပ်မှုကြောင့် ဝေလံခေါင်သီသော ရွာလေးတစ်ရွာတွင် ဇာတ်မြှုပ်နေထိုင်ခဲ့ကြလေသည်။

အနောက်ဘက်နယ်မြေ။

လင်းယွမ်က ကန္တာရတစ်ခု၏ အလယ်တွင် ထိုင်လိုက်သည်။

" ထွက်သွားဖို့ အချိန်ကျပြီ။ " လင်းယွမ်က သူ၏ အတွေးများကို ဖြန့်ကျက်လိုက်သည်။ သူ၏ နေထိုင်ချိန်ကုန်ဆုံးရန် ခနသာ လိုတော့လေသည်။

" သိုင်းတာအို..." လင်းယွမ်၏ စိတ်အသိက လျင်မြန်စွာ ပျံ့နှံ့သွားပြီး နယ်မြေငါးခုမှ သိုင်းတာအိုကျင့်ကြံသူများ၏ အသက်စွမ်းအားများကို ခံစားမိလိုက်သည်။

" တစ်နေ့ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားခဲ့ရင်..." လင်းယွမ်က ရေရွတ်လိုက်သည်။

" ဒါဆို မြောက်ပိုင်းပင်လယ်မျက်လုံးက ဒုတိယအကြိမ် ထွက်ပေါ်လာလိမ့်မယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သေးငယ်သော မြောက်ပိုင်းပင်လယ်မျက်လုံးက သူ၏ ရှေ့တွင် ပေါ်လာသည်။

ထို့နောက် သူက ၎င်းကို မျိုချလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ကန္တာရထဲသို့ နစ်မြှုပ်သွားသည်။

ထိုအချိန် ကန္တာရ၏ တစ်ဖက်တွင် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများ စုစည်းသွားပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ခံစားချက်ကင်းမဲ့နေသော ရွှေရောင်မျက်လုံးများ ရှိနေသည်။

၎င်းက လင်းယွမ်နစ်မြှုပ်သွားသော နေရာသို့ တစ်ချက်ကြည့်၍ ယွမ်ချီများအဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။

ကန်လန်ကြယ် ဗဟိုကုန်းမြေနေအိမ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လာသည်။

" ပြန်ရောက်လာပြီလား။ " စိတ်အသိပြန်ရောက်လာသကဲ့သို့ လင်းယွမ်က လျင်မြန်စွာ နိုးထလာခဲ့သည်။

" ရက်နှစ်ဆယ်ကျော်ကြာသွားတာပဲ။ " လင်းယွမ်က အချိန်ကို စစ်ဆေးလိုက်သည်။

နယ်မြေငါးခုကမ္ဘာတွင် နှစ်သုံးရာက မူလကမ္ဘာတွင် လဝက်သာ ကြာမြင့်လေသည်။

" နောက်ဆုံး အစီအစဉ်..." လင်းယွမ်က အားဖြည့်ဆေးအိုးထဲမှ ထွက်ပြီး လသာဆောင်သို့ သွားကာ လက်ရန်းကို မှီပြီး အတွေးနက်နေသည်။

နယ်မြေငါးခုကမ္ဘာမှမထွက်ခွာမီ နောက်ဆုံးအချိန်တွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်နှင့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ တစ်ရ​က်တွင် သူ၏ ခန္ဓာကိုယ်က နယ်မြေငါးခုမှ သိုင်းတာအိုကျင့်ကြံသူများ၏ အသက်စွမ်းအားများကို မခံစားမိတော့လျှင် ကန္တာရ၏ အနက်ရှိုင်းဆုံးတွင် နစ်မြှုပ်နေသော သူ၏ ခန္ဓာကိုယ်က မိမိကိုယ်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။

နယ်မြေငါးခုကမ္ဘာတွင် လင်းယွမ်၏ ခွန်အားက အဆင့် ၁၈ ဖြစ်ပြီး မူလကမ္ဘာသို့ ရောက်သောအခါ သူ၏ခွန်အားက ပဉ္စမအလွှာ အဆင့် ၁၂ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်က မိမိကိုယ်ကို ဖျက်ဆီးလျှင် အနောက်ပိုင်းနယ်မြေတစ်ခုလုံးက ပျက်ဆီးသွားမည်ဖြစ်ပြီး အခြားနယ်မြေများပင် ထိခိုက်နိုင်လေသည်။

ကမ္ဘာစိတ်အသိအတွက် နယ်မြေအချို့ ဆုံးရှုံးလိုက်ရခြင်းက သက်ရောက်မှုမရှိနိုင်သော်လည်း သူမထွက်သွားမီ အနက်ရောင်အမှုန်အဖြစ် ပြောင်းလဲသွားသော မြောက်ပိုင်းပင်လယ်မျက်လုံးကို မျိုချခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်ပေါက်ကွဲသွားသည်နှင့် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုအနက်ရောင်အမှုန်ကို နောက်တစ်ကြိမ်ဖွင့်ကာ မြောက်ပိုင်းပင်လယ်မျက်လုံး အသစ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

၎င်းက ကမ္ဘာစိတ်အသိအတွက် လင်းယွမ်၏ နောက်ဆုံး သတိပေးချက်ဖြစ်သည်။ ကတိတည်မလား။ နှစ်ဖက်လုံးပျက်ဆီးခံမလား။

ကမ္ဘာစိတ်အသိက သူ၏ သတိပေးချက်အားမသိမည်ကို လင်းယွမ်က စိတ်မပူပေ။ မြောက်ပိုင်းပင်လယ်မှ ထွက်လာပြီးနောက် လင်းယွမ်က စောင့်ကြည့်ခံနေရသည့် မသက်မသာခံစားချက်ကို ရရှိခဲ့သည်။

၎င်းက ကမ္ဘာစိတ်အသိပင် ဖြစ်သည်။ နယ်မြေငါးခုကမ္ဘာတွင် လင်းယွမ်၏ ခွန်အားက ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး သူမည်သည့်နေရာကို သွားသည်ဖြစ်စေ ကမ္ဘာစိတ်အသိက သူ့ကို အာရုံစိုက်နေပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်၏ နောက်ဆုံး ရေရွတ်လိုက်သော စကားများကို ဘယ်သူမှမကြာလျှင်တောင် ကမ္ဘာစိတ်အသိက ကြားပေလိမ့်မည်။ ကမ္ဘာစိတ်အသိနားလည်စေရန် လင်းယွမ်က အနက်ရောင်အမှုန်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ယူပြီး ၎င်း၏ ရှေ့တွင် မျိုချလိုက်ခြင်းဖြစ်သည်။

" ဒီဆင်းသက်ခြင်းက..." လင်းယွမ်က ယခုတစ်ကြိမ်၏ အကျိုးအမြတ်များကို စစ်ဆေးလိုက်သည်။

ပထမဆုံး ခွန်အားပင်ဖြစ်၏။ စတုတ္ထအလွှာ အဆင့် ၁၂မှ ယခု ပဉ္စမအလွှာ အဆင့် ၁၂ ဖြစ်သည်။ သူ၏ ခွန်အားက အဆင့်ကြီးတစ်ခု ခုန်တက်သွားခြင်းဖြစ်သည်။

နောက်တစ်ခုက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ခဲ့ခြင်း ဖြစ်သည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပါအဝင် လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော်ကို နားလည်ခဲ့သည်။

လင်းယွမ်က ယခု ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပဉ္စမအလွှာထိ နားလည်သွားပြီး ဆဋ္ဌမအလွှာကို လေ့လာနေပြီဖြစ်သည်။

" အဲ့ဒီ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်၏ အမူအရာက အတွေးနက်သွား၏။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နှစ်သုံးရာ လေ့လာပြီးမှ သူက ပဉ္စမအလွှာထိသာ နားလည်ခဲ့သည်။ အခြားဆင့်ကဲပြောင်းလဲသူများက ၎င်းကို ဘယ်လိုနားလည်နိုင်မှာလဲ။

လင်းယွမ်က ခန့်မှန်းလိုက်သည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံရန် ဖြစ်နိုင်ချေနှစ်မျိုးရှိ၏။

တစ်ခုမှ ၎င်းနှင့် သင့်တော်သော ဆင့်ကဲပြောင်းလဲသူများသာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျင်မြန်စွာ နားလည်နိုင်ပေလိမ့်မည်။

လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အမှန်တကယ် မသင့်တော်ခြင်းဖြစ်သည်။ သူက ၎င်းကို ကောင်းကင်ကိုဆန့်ကျင်သော နာယလည်နိုင်စွမ်းဖြင့် အတင်းအကျပ် ဆင်ခြင်ခဲ့ခြင်းဖြစ်သည်။

အခြားဖြစ်နိုင်ချေတစ်ခုက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်နိုင်ရန် ပစ္စည်းအချို့ လိုအပ်ပေလိမ့်မည်။ ထိုကဲ့သို့ အရာမျိုးမရှိခြင်းကြောင့် လင်းယွမ်၏ နားလည်နိုင်စွမ်းက အလွန်နှေးကွေးခြင်းဖြစ်နိုင်လေသည်။

လင်းယွမ်က ထိုနှစ်ခုလုံးလည်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလေသည်။ ချီခွန်ကြယ်သခင်က သူ့ကို တပည့်အဖြစ် လက်ခံပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ အနည်းငယ်သာ ရှင်းပြခဲ့သည်။

သူက လင်းယွမ်အား ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အသေးစိတ်အချက်အလက်များကို မရှင်းပြခဲ့ပေ။ ချီခွန်ကြယ်သခင်က လင်းယွမ်၏ တိုးတက်မှုက ယခုလောက်မြန်လိမ့်မည်ဟု မထင်ခဲ့သည်မှာလည်း ဖြစ်နိုင်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters