ပဉ္စမအလွှာ....
Vol. 10 Ch. 157
" ထားလိုက်တော့ ငါအဲ့ဒါကို နားလည်တာက ကောင်းတဲ့အရာပဲ။ " လင်းယွမ်က ခနစဉ်းစားလိုက်ပြီး ထိုအကြောင်းအများကြီး မတွေးရန် ဆုံးဖြတ်လိုက်သည်။
ရွှမ်ဟွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ့အတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပဉ္စမအလွှာ အဆင့် ၁၂သို့ ရောက်ရှိသွားခြင်းမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အရေးပါသော ကဏ္ဍတွင် ပါဝင်လေသည်။ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာအတွက်ပင် ၎င်းတို့က လင်းယွမ်အား လှုံ့ဆော်မှုနှင့် ဦးတည်ချက်များ ပေးခဲ့လေသည်။
" ဆဋ္ဌမအလွှာ..." လင်းယွမ်က ရေရွတ်လိုက်သည်။
သူက ပဉ္စမအလွှာ အဆင့် ၁၂သို့ ရောက်ပြီဖြစ်သောကြောင့် နောက်ထပ်စဉ်းစားရမည့်အရာမှာ ဆဋ္ဌမအလွှာ ဖြစ်သည်။ စကြာဝဠာလူသားမဟာမိတ်တွင် ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ တက်ခြင်းက အရေးပါသော အဆင့်တစ်ခုဖြစ်သည်။
ဆဋ္ဌမအလွှာအဆင့်အောက်တွင် လုံလောက်သော အခြေအနေများ ရှိလျှင် ဆင့်ကဲပြောင်းလဲသူများက သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ပြောင်းလဲနိုင်လေသည်။
ဥပမာ လျှပ်စီးမိုးကြယ်နယ်မြေမှ လိုလန်ဟီက သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ တစ်ခုပြီးတစ်ခု ကျင့်ကြံခဲ့သည်။
အချို့ စကြာဝဠာရတနာများကလည်း လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ဆင့်ကဲပြောင်းလဲခြင်းစွမ်းအားများကို သန့်စင်ပေးပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အသစ်တစ်ခုကို ပြောင်းလဲနိုင်လေသည်။
သို့သော် ဆဋ္ဌမအလွှာကို ရောက်သည်နှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စိတ်ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားပြီး ၎င်းကို ပြောင်းလဲခြင်းက လွယ်ကူသော ကိစ္စတစ်ခု မဟုတ်တော့ပေ။
တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီး ပြောင်းလဲလျှင်တောင် တူညီသော အရင်းအမြစ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုသာ ရွေးချယ်နိုင်သည်။
ဥပမာ ရေအမျိုးအစား ဆင့်ကဲပြောင်းလဲသူက နောက်ထပ် ရေအမျိုးအစား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ ပြောင်းလဲနိုင်သည်။
ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် အလွယ်တကူ နောက်ပြန်လှည့်၍ မရသောကြောင့် အလွန်သတိထားရလေသည်။
" ပထမဆုံး ငါ့ရဲ့ ခွန်အားတွေပြန်ယူရမယ်။ " လင်းယွမ်က ဆဋ္ဌမအလွှာထိ ဦးတည်ချက်ကို ဖမ်းဆုပ်ထားပြီးသော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆဋ္ဌမအလွှာထိ မြှင့်တင်ရန်အတွက် လိုအပ်ချက်များ ရှိနေသေးသည်။
လင်းယွမ်က သူ၏ အခန်းကို ပြန်လာပြီး အနီရောင်စိတ်ဝိညာဉ်အရည်ကို ထုတ်လိုက်သည်။ ၎င်းက ချီခွန်မျိုးနွယ် တောင်ထိပ်သခင်တစ်ယောက်၏ အထူးအခွင့်အရေးဖြစ်သည်။ ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်အနေဖြင့် လင်းယွမ်က အခြေခံစွမ်းအားစုဆောင်ခြင်းအတွက် အချိန်ဖြုန်းနေရန် မလိုအပ်ပေ။
စတုတ္ထဆင်းသက်ခြင်းမတိုင်မီ လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည် တစ်ပုလင်းကို ပြင်ဆင်ထားခဲ့သည်။
လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်များကို မော့သောက်လိုက်သည်။ စတုတ္ထအလွှာ အဆင့် ၁၁မှ အဆင့် ၁၂သို့ တက်ရောက်ချိန်တွင် သူက အနီရောင်စိတ်ဝိညာဉ်အရည် တစ်စက်သာ သောက်ရဲခဲ့ငည်။
သို့သော် ယခု စတုတ္ထအလွှာမှ ပဉ္စမအလွှာသို့ အဆင့်ကြီးတစ်ခု တက်သောကြောင့် စိတ်ဝိညာဉ်အရည်တစ်စက်က သူ့အတွက် လုံလောက်မည်မဟုတ်ပေ။
အနီရောင်စိတ်ဝိညာဉ်အရည်၏ ကြီးမားသော စွမ်းအားများကို လင်းယွမ်က လျင်မြန်စွာ စုပ်ယူလိုက်သည်။
ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် နှစ်ခုလုံးက လျင်မြန်စွာ ပြောင်းလဲနေသည်။
တစ်ရက်နှစ်ရက်ကြာပြီးသောအခါ အစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဟိုမင်က ပတ်ဝန်းကျင်ကို အာရုံခံနေသည်။ ချီခွန်မျိုးနွယ် ၁၃ယောက်မြောက် တောင်ထိပ်သခင်၏ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ တာဝန်က သူ၏ အသက်သေဆုံးရလျှင်တောင် လင်းယွမ်၏ လုံခြုံရေး သေချာစေရန်ဖြစ်သည်။
၎င်းက ဟိုမင်၏ စိတ်ဝိညာဉ်အတွင်း အမြစ်တွယ်နေသော တာဝန်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ သစ္စာစောင့်သိမှုနှင့် ပက်သက်ပြီး ပြဿနာမရှိပေ။
" ဟမ် ဘာဖြစ်တာလဲ။ " ဟိုမင်က ကင်းလှည့်နေစဉ် စွမ်းအားအတက်အကျတစ်ခုကို ခံစားလိုက်ရသည်။
ဟိုမင်က နောက်လှည့်ပြီး အဓိကအဆောက်အဦးကို ကြည့်လိုက်သည်။ ထိုစွမ်းအားအတက်အကျထဲတွင် လင်းယွမ်၏ အော်ရာသာ မရှိလျှင် သူက ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။ ထိုစွမ်းအားအတက်အကျက ပဉ္စမအလွှာတွင် ရှိနေသည်။
" အဲ့ဒါ တောင်ထိပ်သခင်ပဲ..." ဟိုမင်က မျက်မှောင်ကြုတ်သွားပြီး ယုံကြည်ရန် ခက်ခဲနေသည်။
သူမှတ်မိသည်မှာ မကြာသေးမီက လင်းယွမ်၏ ခွန်အားမှာ စတုတ္ထအလွှာ အဆင့် ၁၁ တွင်ရှိနေပြီး ယခု ပဉ္စမအလွှာသို့ ရောက်နေပြီဖြစ်သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" တကယ်ကို ကြယ်သခင်ရဲ့ တပည့် ဖြစ်ထိုက်ပါတယ်။ " ဟိုမင်က သက်ပြင်းချလိုက်သည်။ ချီခွန်ကြယ်သခင်က အမှန်တကယ်ပင် ရတနာတစ်ခု ရထားလေသည်။
" ငါ တောင်ထိပ်သခင်ရဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ "
လင်းယွမ်၏ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဟိုမင်၏ သစ္စာစောင့်သိမှုက လင်းယွမ်အတွက်သာ ဖြစ်သည်။ ချီခွန်ကြယ်သခင်ပင် သူ့ကို အမိန့်မပေးနိုင်ပေ။
" ငါ့ခွန်အားတွေ ပြန်ရပြီ။ " လင်းယွမ်က ထိုင်နေပြီး ပြုံးလိုက်သည်။ သူ၏ ခွန်အားများ ပြန်ရခြင်းက ယခင်ထက် ပို၍ ချောမွေ့နေသည်။
" ချီခွန်မျိုးနွယ် ၁၃ယောက်မြောက် တောင်ထိပ်သခင်တစ်ယောက်ဖြစ်လာတာက ငါ့ရဲ့ စွမ်းရည်အချို့ကို ပြသနိုင်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူက ၁၃ယောက်မြောက် တောင်ထိပ်သခင်တစ်ယောက်မဟုတ်လျှင် ရတနာများ ဝယ်ယူရန်အတွက် စိုးရိမ်နေရလေသည်။ ထို့အပြင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုလည်း ဝယ်ယူရန် လိုအပ်သည်။
" ဒါက ဆယ်ပုံတစ်ပုံကျန်သေးတာပဲ။ " လင်းယွမ်က သူ၏ ရှေ့မှ အနီရောင်စိတ်ဝိညာဉ်အရည်ပုလင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ၎င်းကို သိမ်းဆည်းလိုက်သည်။
" ပဉ္စမအလွှာ အဆင့် ၁၂။ ငါအခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပဉ္စမအလွှာ ကဏ္ဍကို တင်လို့ရပြီ။ " လင်းယွမ်က ထိုင်နေရင်း တွေးလိုက်သည်။
ယခု လင်းယွမ်က ပဉ္စမအလွှာ အဆင့် ၁၂ကို ရောက်နေပြီဖြစ်သောကြောင့် ဆဋ္ဌမအလွှာသို့ တက်ရန်အတွက် စဉ်းစားရန်သာ လိုလေသည်။
" ပဉ္စမအလွှာကဏ္ဍ "
သိုင်းတာအိုဆု့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဒုတိယအလွှာတွင် အစွန်းရေညက်စွမ်းအားနှစ်ခုဖြစ်သော ယင်ယန်ပေါင်းစပ်ခြင်း၏ ထိုက်ကျိတာအိုပါဝင်လေသည်။
တတိယအလွှာတွင် နိယာမများကို နားလည်ခြင်းဖြစ်သည်။
စတုတ္ထအလွှာတွင် ထိုက်ကျိတာအိုပြည့်စုံမှုနှင့် ထိုနိယာမများအပေါ် နက်ရှိုင်းသော နားလည်မှုပါဝင်လေသည်။
ပဉ္စမအလွှာကတော့ မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။ ထိုက်ယင်နှင့် ထိုက်ယန် မူလစိတ်ဝိညာဉ်နှစ်ခု၊ ၎င်းတို့ကို ပေါင်းစပ်ခြင်းက ထိုက်ကျိမူလစိတ်ဝိညာဉ် ဖြစ်၏။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ခက်ခဲမှုကို လျှော့ချရန် လင်းယွမ်က ပဉ္စမအလွှာကဏ္ဍကို အဆင့်သုံးဆင့် ခွဲခြားထားသည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်၊ ထိုက်ယန်မူလစိတ်ဝိညာဉ်၊ နောက်ဆုံး ထိုက်ကျိမူလစိတ်ဝိညာဉ်။ သူတို့က ထိုက်ယင်မူလစိတ်ဝိညာဉ် သို့မဟုတ် ထိုက်ယန်မူလစိတ်ဝိညာဉ် တစ်ခုကိုလည်း လေ့ကျင့်နိုင်သည်။ ၎င်းက ဒုတိယအလွှာကဏ္ဍ၏ ယင်ယန်အဆင့်နှင့် တူညီလေသည်။
လုံဟုကမ္ဘာတွင် ကောင်းကင်သခင်များအားလုံးက ထိုင်ယင် သို့မဟုတ် ထိုက်ယန်စွမ်းအား တစ်မျိုးတည်းကိုသာ လေ့ကျင့်ကြသည်။ ယင်နှင့်ယန် ပေါင်းစပ်ခြင်း၏ ထိုက်ကျိကိုတော့ လင်းယွမ်က ကျင့်ကြံနိုင်ခဲ့သည်။
ထို့ကြောင့်လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပဉ္စမအလွှာကို ထိုက်ယင်ကဏ္ဍ၊ ထိုက်ယန်ကဏ္ဍနှင့် ထိုက်ကျိကဏ္ဍဟူ၍ သုံးပိုင်းခွဲခြားထားသည်။ ထိုအဆင့်သုံးမျိုးကို ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အရည်အချင်းများအလိုက် သင့်တော်ရာကို ရွေးချယ်နိုင်လေသည်။
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်ရဲ့ ပဉ္စမအလွှာမှာ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်ပြီး သူ့ဟာသူ လှုပ်ရှားနိုင်တယ်။ အဲ့ဒါက ကိုယ်ပွား အထူးစွမ်းရည်နဲ့ သွားတူနေတယ်။ " ရုတ်တရက် လင်းယွမ်က တွေးမိသွားသည်။
ကိုယ်ပွားစွမ်းရည်ကို ကြယ်စကြာဝဠာထဲမှ ထူးခြားသော မျိုးနွယ်အချိုက ပိုင်ဆိုင်ကြ၏။ ၎င်းက မူလခန္ဓာကိုယ်မှ ခန္ဓာကိုယ်တစ်ခုကို ခွဲခြားနိုင်လေသည်။
လင်းယွမ်က ပဉ္စမအလွှာသို့ ရောက်သွားချိန်တွင် ကိုယ်ပွားနှင့်တူသော မူလစိတ်ဝိညာဉ်ကို စုစည်းနိုင်ခဲ့သည်။ ၎င်းက အသွေးအသားမရှိသော်လည်း ၎င်း၏ စွမ်းအားက မူလခန္ဓာကိုယ်ထက် များစွာ နိမ့်ကျမည်မဟုတ်ပေ။ အချို့ကဏ္ဍများတွင် ပို၍ပင် သန်မာလေသည်။
ဥပမာ အရှိန် ရုပ်ခန္ဓာ၏ ကန့်သတ်ချက်များမရှိဘဲ မူလစိတ်ဝိညာဉ်၏ အရှိန်က အလွန်လျင်မြန်လှသည်။
အရွယ်အစား မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ်စွမ်းအား၏ စုစည်းမှုဖြစ်သည်။ သီအိုရီအရ ၎င်းက အဆုံးမရှိ ကြီးထွားနိုင်လေသည်။
လင်းယွမ်၏ လက်ရှိခွန်အားနှင့် သူ၏ စွမ်းအားကုန်ထုတ်လျှင် မူလစိတ်ဝိညာဉ်က ပေတစ်သန်းကျော် ကြီးထွားနိုင်လေသည်။
" ငါ့ရဲ့ ယင်နဲ့ယန် မူလစိတ်ဝိညာဉ်က ကိုယ်ပွားနှစ်ခုလို့ ပြောလို့ရတယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ကိုယ်ပွားရှိသူများက ကိုယ်ပွားတစ်ခု ပျောက်ကွယ်သွားလျှင် သိသာသော ပေးဆပ်မှုတစ်ခုတော့ ရှိပေလိမ့်မည်။ အချို့ကိုယ်ပွားများဆိုလျှင် တစ်ခါသေပြီးသည်နှင့် လုံးဝဆုံးရှုံးသွားနိုင်လေသည်။
သို့သော် လင်းယွမ်၏ မူလစိတ်ဝိညာဉ်များက ရုပ်ခန္ဓာ၊ ယင်မူလစိတ်ဝိညာဉ်နှင့် ယန်မူလစိတ်ဝိညာဉ်တို့ တစ်ချိန်တည်းမပျက်ဆီးလျှင် သူတို့ကို ပြန်ခွဲထုတ်နိုင်လေသည်။
ထိုက်ကျိတာအိုတွင် အဆုံးမဲ့ယင်က အဆုံးမဲ့ယန်အဖြစ် ကူးပြောင်းနိုင်ပြီး ယင်နှင့်ယန်က တစ်ခုနှင့်တစ်ခု အသွင်ပြောင်းလဲနိုင်လေသည်။ ထို့ကြောင့် ယန်မူလစိတ်ဝိညာဉ်ပျက်ဆီးသွားလျှင် ယင်မူလစိတ်ဝိညာဉ်မှ ယန်မူလစိတ်ဝိညာဉ်ကို ခွဲထုတ်နိုင်လေသည်။
ရက်အနည်းငယ် ကြာပြီးသောအခါ လင်းယွမ်က ပဉ္စမအလွှာကဏ္ဍကို အပြီးသတ်လိုက်သည်။
လင်းယွမ်က ပဉ္စမအလွှာကဏ္ဍကို တင်ပြရန် ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
သင်ကြားဖြန့်ဝေခြင်း၏ အရေးပါမှုကို နားလည်ပြီးနောက် လင်းယွမ်က သူတစ်ယောက်တည်း သိမ်းဆည်းမထားပေ။ ထို့အပြင် ပဉ္စမအလွှာ၏ ခက်ခဲမှုနှင့် အခြားဆင့်ကဲပြောင်းလဲသူများက မည်မျှပါရမီရှိသည်ဖြစ်စေ ယင်နှင့်ယန် မူလစိတ်ဝိညာဉ်တစ်ခုကိုသာ လေ့ကျင့်နိုင်ပေလိမ့်မည်။
လင်းယွမ်ကဲ့သို့ ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်လျှင်တောင် နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်းကြာပြီးမှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် နယ်မြေငါးခုကမ္ဘာသို့ သွားပြီးနောက် လင်းယွမ်နားလည်လာသည်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသူများက သဘာဝအတိုင်း သူ၏ ဖိနှိပ်မှုကို ခံရပေလိမ့်မည်။ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများအားလုံးကို ဖိနှိပ်နိုင်သော ရှဟိုယွမ်၏ ဖိအားကဲ့သို့ ဖြစ်၏။ သူ၏ ခွန်အားတိုးတက်လာသည်နှင့် ထိုဖိအားကလည်း တိုးတက်လာပေလိမ့်မည်။
VR ကမ္ဘာရှိ နန်းတော်တစ်ခုထဲတွင် အနီရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြောက်စရာကောင်းသော ကြယ်များကဲ့သို့ ဖြစ်နေပြီး အလင်းရောင်နှင့် အပူလှိုင်းများ ထွက်မလာဘဲ ထိန်းချုပ်ခံထားရသည်မှာ ထင်ရှားလေသည်။
" နောက်ဆုံးတော့ ငါ အဲ့ဒီလျို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်သွားပြီ။ " ချီခွန်ကြယ်သခင်က သူ၏ မျက်လုံးကို မှိတ်ပြီး ပြနွဖ်င့်လိုက်သောအခါ ကြယ်များကဲ့သို့သော မျက်လုံးများက ပျောက်ကွယ်သွားသည်။
ထိုလျို့ဝှက်နည်းစနစ်ကို ကျင့်ကြံရန်အတွက် ချီခွန်ကြယ်သခင်က ကြီးမားသော တန်ဖိုးတစ်ခုဖြင့် ကြယ့်အမြုတေ ဆယ်ခုကျော်ကို စုစည်းပြီး ၎င်းတို့ကို သူ၏ မျက်လုံးများထဲတွင် သန့်စင်ခဲ့သည်။
" ငါ့ရဲ့ ချစ်တပည့်လေးက စိတ်မရှည်လောက်တော့ဘူး။ " ချီခွန်ကြယ်သခင်က သူ၏ ၁၃ ယောက်မြောက်တပည့်ကို တွေးမိသွားသည်။
ထိုလျို့ဝှက်နည်းစနစ်ကို ကျင့်ကြံနေချိန်တွသ် ကြယ်အမြုတေများစွာ စွမ်းအားကို ဖိနှိပ်နိုင်ခြင်းမရှိသောကြောင့် ချီခွန်ကြယ်သခင်က လင်းယွမ်ကို တပည့်အဖြစ်လက်ခံပြီး တံခါးပိတ်ကျင့်ကြံရန် ချက်ချင်း ပြန်သွားခဲ့သည်။
" တပည့်လေး ဆရာကိုလာတွေ့လှည့်။ " ချီခွန်ကြယ်သခင်က VR ကမ္ဘာတွင် စစ်ဆေးလိုက်ပြီး လင်းယွမ်တံခါးကျင့်ကြံနေသည် မဟုတ်သောအခါ စာတစ်စောင်ပို့ပြီး ခေါ်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း