နိယာမသလင်းကျောက်....
Vol. 10 Ch. 158
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပဉ္မအလွှာကို အဆင့်မြှင့်လိုက်သည်။ ထို့နောက် သူက အသံမက်ဆေ့ချ်တစ်ခုကို ရလိုက်သည်။
" တပည့်လေး ငါ့ကိုလာတွေ့လှည့်။ " ချီခွန်ကြယ်သခင်၏ အသံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။
" ဆရာက တံခါးပိတ်ကျင့်ကြံတာက ထွက်လာပြီလား။ " လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်ပြီး နန်းတော်ကြီးတစ်ခုအတွင်း ပေါ်လာသည်။
" ဆရာကို အရိုအသေပေးပါတယ်။ " လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်နေသော ချီခွန်ကြယ်သခင်ကို အရိုအသေပေးလိုက်သည်။
" အင်း..." ချီခွန်ကြယ်သခင်က လင်းယွမ်ကို သေချာစစ်ဆေးလိုက်ပြီး ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွား၏။
လင်းယွမ်က VR ကမ္ဘာတွင် သူ၏ စွမ်းအားကို ထပ်တူမပြုရသေးဘဲ သူ၏ ရုပ်ခန္ဓာက စတုတ္ထအလွှာ အထွတ်အထိပ်တွင်သာ ရှိနေသည်။
သို့သော် ချီခွန်ကြယ်သခင်က အနည်းငယ် အာရုံစိုက်လိုက်သည်နှင့် လင်းယွမ်၏ စိတ်စွမ်းအားက စတုတ္ထအလွှာထက် ကျော်လွန်နေပြီကို ခံစားမိလိုက်သည်။
" တပည့်လေး မင်းက ပဉ္စမအလွှာကို ရောက်သွားပြီလား။ " ခနတိတ်ဆိတ်သွားပြီးနောက် ချီခွန်ကြယ်သခင်က မေးလိုက်သည်။
" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ကံကောင်းပြီး ပဉ္စမအလွှာကို ရောက်သွားခဲ့တယ်။ " လင်းယွမ်က ငြင်းပယ်ခြင်းမရှိပေ။ လူသားမျိုးနွယ်တွင် မရေတွက်နိုင်သော ပါရမီရှင်များနှင့် ပြည့်နှက်နေသည်။
အဆင့်ကြီးတစ်ခုကို တစ်နှစ် နှစ်နှစ် အတွင်း တက်ရောက်သွားသူများက ကြယ်နယ်မြေများတွင် ရှားပါးသည်ဟု ဆိုနိုင်သော်လည်း စကြာဝဠာလူသားမဟာမိတ်တစ်ခုလုံးတွင်တော့ ပေါများလှပေသည်။
အခြားအရာများမပြောနှင့် ချီခွန်ကြယ်သခင်ပင် ကြယ်ပင်လယ်ခွန်ငယ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် နှစ်အနည်းငယ်အတွင်း လူသားမျိုးနွယ်တစ်ဝက်ကျော်အထိ ကျော်ကြားသော ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် လင်းယွမ်က လူသားမျိုးနွယ်တစ်ယောက်အနေဖြင့် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို မထုတ်ပြဘဲ သူ၏ ထူးကဲသော စွမ်းရည်များကို ထုတ်ပြခဲ့လျှင် ချီခွန်ကြယ်သခင်နှင့် ဉာဏ်ပညာနတ်ဘုရားတို့က သူ့ကို ပို၍ တန်ဖိုးထား ကာကွယ်ပေလိမ့်မည်။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်း နှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်မဟာမိတ်က အရပ်ရှစ်မျက်နှာသို့ နယ်မြေများတိုးချဲ့ခဲ့ပြီး မျိုးနွယ်ခြားများကို နောက်ဆုတ်သွားစေခဲ့သည်။
အထူးသဖြင့် ၎င်းက ပါရမီရှင်များကြောင့်သာ ဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ်မဟာမိတ်က ပါရမီရှင်များကို ကာကွယ်ပြီး ပျိုးထောင်ပေးခြင်းမရှိခဲ့လျှင် ထိုကဲသို့ စွမ်းအားကြီးသူများ ထွက်ပေါ်လာမည်မဟုတ်ပေ။
" တကယ်ကို ပဉ္စမအလွှာရောက်သွားတာပဲ။ " ချီခွန်ကြယ်သခင်က အစတွင် သူအမြင်မှားသည်ဟုသာ ထင်ခဲ့ပြီး နှုတ်ဆိတ်နေခဲ့သည်။
လင်းယွမ်၏ အတည်ပြုချက်ကို ကြားသောအခါမှ သူလက်ခံထားသောတပည့်အသစ်လေးက ထင်ထားသည်ထက် ပို၍ အရည်အချင်းများ ရှိနေသည်ကို နားလည်သွားသည်။
ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခြင်းက ၎င်းနှင့် သင့်တော်သည်ကို ပြသသော်လည်း မသေချာသော ကိစ္စတစ်ခု ဖြစ်နေဆဲပင်။ သို့သော် ယခု လင်းယွမ်၏ စွမ်းဆောင်မှုအရ သူ၏ အနာဂတ်အလားအလာမှာ ပြောစရာပင် မလိုပေ။
" ငါ ခနစဉ်းစားလိုက်ဦးမယ်။ " ချီခွန်ကြယ်သခင်က သူ၏ နားထင်ကို ပွတ်လိုက်သည်။
အစတွင် သူက တံခါးပိတ်ကျင့်ကြံနေစဉ် လင်းယွမ်အတွက် လေ့ကျင့်မှုများကို စီစဉ်ထားခဲ့သည်။
ချီခွန်ကြယ်သခင်က တပည့်များကို လေ့ကျင့်ပေးရာတွင် ကျွမ်းကျင်လေသည်။ သူက လင်းယွမ်၏ တိုက်ပွဲဗီဒီယိုများကို ကြည့်ရှုပြီးနောက် လင်းယွမ်နှင့် သင့်တော်သော လေ့ကျင့်ရေးအစီအစဉ်တစ်ခု ရေးဆွဲခဲ့သည်။
သို့သော် ယခု လင်းယွမ်က ပဉ္စမအလွှာသို့ တက်ရောက်သွားသောအခါ သူ၏ အစီအစဉ်က သဘာဝအတိုင်း အသုံးမဝင်တော့ပေ။
ချီခွန်ကြယ်သခင်က လေ့ကျင့်ရေးအစီအစဉ်ကို စတုတ္ထအလွှာတွင် ကန့်သတ်ထားခြင်းကြောင့်မဟုတ်ပေ။ ထိုလေ့ကျင့်ရေးက ဆဋ္ဌမအလွှာအထိ လွှမ်ခြုံထားပြီး ဆဋ္ဌမအလွှာအား မည်သို့ချိုးဖျက်ရမည်ဟူသော အကြံပေးချက်များပင် ပါဝင်လေသည်။ သို့သော် ထိုလေ့ကျင့်ရေးအစီအစဉ်က ယခင် ချီခွန်ကြယ်သခင်သိသော လင်းယွမ်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။
ယခု လင်းယွမ်က ပဉ္စမအလွှာသို့ ချိုးဖျက်သွားသောကြောင့် သူ၏ စွမ်းရည်များက ချီခွန်ကြယ်သခင် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီး ယခင် လေ့ကျင့်ရေးအစီအစဉ်က လင်းယွမ်၏ လက်ရှိအဆင့်နှင့် ကိုက်ညီခြင်းမရှိတော့ပေ။
" ငါစဉ်းစားဖို့လိုတယ်။ " ချီခွန်ကြယ်သခင်က အလွန်သတိထားနေသည်။
လင်းယွမ်က ပို၍ ပါရမီရှိသည်နှင့် သူက လမ်းညွှန်ပြသပေးရန် လိုအပ်မှုနည်းပါးလေဖြစ်သည်ကို သူသိလေသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများအတွက် သူက ရှေ့တက်ရမည့်လမ်းကြောင်းကို တိုက်ရိုက်လမ်းညွှန်နိုင်လေသည်။
သို့သော် ထိပ်တန်းပါရမီရှင်များအတွက် သူစီစဉ်ထားသော လမ်းကြောင်းမှာ မှန်ကန်ခြင်းရှိမရှိကို မသိနိုင်သောကြောင့် အလွန်ဂရုစိုက်ရလေသည်။ ပါရမီရှင်များက သူတို့၏ လမ်းများကို ကိုယ်တိုင်ရှာဖွေလေ့ရှိပြီး အခြားသူများ ဝင်ရောက်စွက်ဖက်လိုက်လျှင် သူတို့၏ ပါရမီကို ဖိနှိပ်ခံလိုက်ရနိုင်လေသည်။
" ငါ ချီခွန်က တစ်မေ့မှာ ဒီလိုကိစ္စကြောင့် စိတ်ပူရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ " ချီခွန်ကြယ်သခင်က စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။
သူ၏ အရင်တပည့် ၁၂ယောက်က လင်းယွမ်လောက် ပါရမီမကောင်းသောကြောင့် သူက ပေါ့ပေါ့ပါးပါး လမ်းညွှန်နိုင်ခဲ့သည်။
" မင်းအရင်ပြန်သွားလိုက်ဦး။ ငါ အချိန်ယူပြီး စဉ်းစားဖို့လိုတယ်။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ပြောပြီးနောက် အတွေးနက်သွားပြန်သည်။
" ဟုတ်ကဲ့။ " လင်းယွမ်က ဦးညွှတ်လိုက်ပြီး သူ၏ နေရာမှ ပျောက်ကွယ်သွားသည်။
လင်းယွမ်ထွက်သွားပြီးနောက် အနီရောင်နန်းတော်ထဲတွင် ချီခွန်ကြယ်သခင်တစ်ယောက်သာ ကျန်နေခဲ့သည်။
" သူ့ကို ဘယ်လိုလေ့ကျင့်ပေးရမလဲ။ " ချီခွန်ကြယ်သခင်က လေးနက်စွာ တွေးပြီး မျက်မှောင်ကြုတ်နေသည်။
" ရှောင်ဟုန် " ချီခွန်ကြယ်သခင်က ရုတ်တရက် ပြောလိုက်သည်။
" သခင် ရှောင်ဟုန်ရောက်ပါပြီ။ " ၎င်းက ချီခွန်ကြယ်သခင်၏ AI လက်ထောက် ရှောင်ဟုန်ပင် ဖြစ်သည်။
" ငါ လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်က စုဆောင်းထားတဲ့ နိယာမသလင်းကျောက်ရှိသေးတယ် မဟုတ်လား။ "
" ရှိပါတယ် သခင် " ရှောင်ဟုန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" အဲ့ဒီ နိယာမသခင်းကျောက်ကို ငါတပည့်ဆီ ပို့ပေးလိုက်။ " ချီခွန်ကြယ်သခင်က ခနစဉ်းစားပြီး ပြောလိုက်သည်။
" သခင် အဲ့ဒီနိယာမသလင်းကျောက်က..." ရှောင်ဟုန်က ခနရပ်လိုက်သည်။ ၎င်းက ချီခွန်ကြယ်သခင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သောကြောင့် ကိုယ်ပိုင်အတွေးခံစားချက်များနှင့် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
" ဟုတ်ကဲ့။ " ချီခွန်ကြယ်သခင်က တိတ်ဆိတ်နေသောကြောင့် ရှောင်ဟုန်က လက်ခံလိုက်သည်။
ကန်လန်ကြယ်တွင် လင်းယွမ်က VR ကမ္ဘာမှ ထွက်ခွာလာခဲ့သည်။
" ဆရာက ငါ့ကို ဘာလုပ်စေချင်တာလဲ။ " လင်းယွမ်က စိတ်ရှုပ်သွား၏။ သူက ပဉ္စမအလွှာသို့ တက်ရောက်သွားသောကြောင့် ချီခွန်ကြယ်သခင်၏ အစီအစဉ်အချို့အား အဆင်မပြေဖြစ်သွားသည်ကို သူသိလေသည်။
သို့သော် လင်းယွမ်က စဉ်းစားမရဖြစ်နေသည်။ ချီခွန်ကြယ်သခင်ကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်၏ ရှေ့တွင် သူ၏ အစစ်အမှန် ခွန်အားကို မဖုံးကွယ်နိုင်ပေ။
သူက ချီခွန်ကြယ်သခင်နှင့် တွေ့စဉ် သူ၏ ခွန်အားကိုပင် VR ကမ္ဘာတွင် မထည့်သွင်းရသေးသော်လည်း ချီခွန်ကြယ်သခင်က ရိပ်မိသွားခဲ့သည်။
" စိတ်ဝိညာဉ်ရဲ့ စွမ်းအား " လင်းယွမ်က တွေးလိုက်သည်။
စိတ်ဝိညာဉ်စွမ်းအားက ဆင့်ကဲပြောင်းလဲသူများ၏ အခြေခံအကျဆုံး စွမ်းအားဖြစ်ပြီး ချီခွန်ကြယ်သခင်က စတုတ္ထအလွှာထက်ကျော်လွန်သော စိတ်ဝိညာဉ်စွမ်းအားကို အာရုံခံမိပြီး ပဉ္စမအလွှာသို့ ရောက်သွားခဲ့ခြင်းကို သိခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က လေးနက်စွာ စဉ်းစားနေစဉ် ဉာဏ်ပညာနတ်ဘုရား၏ အသံ ထွက်ပေါ်လာသည်။
" လေးစားရပါသော အဆင့်ငါး နိုင်ငံသားလင်းယွမ် နောက်ဆုံးအကဲဖြတ်မှုအရ ပဉ္စမအလွှာကဏ္ဍရဲ့ တန်ဖိုးက ကောင်းမှုအမှတ် နှစ်သိန်းဖြစ်ပါတယ်။ "
" ကောင်းမှုရမှတ် နှစ်သိန်း " လင်းယွမ်က ပြုံးလိုက်သည်။
၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံး၏ တန်ဖိုးမဟုတ်ဘဲ ပဉ္စမအလွှာအတွက်သာ ဖြစ်၏။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌအလွှာသို့ ရောက်နိုင်ချေ ၉၅ ရာခိုင်နှုန်း၊ သတ္တမအလွှာသို့ ရောက်နိုင်ချေ ၂၀ ရာခိုင်နှုန်း၊ အဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၅ ရာခိုင်နှုန်း။ "
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက််လက်များကို ကြည့်လိုက်သည်။
ပဉ္စမအလွှာကဏ္ဍကို တင်ပြပြီးနောက် ဉာဏ်ပညာနတ်ဘုရားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ပြန်လည်ပြောင်းလဲထားခဲ့သည်။
" ဟမ် ဆဋ္ဌမအလွှာကို ရောက်နိုင်ချေက ၁၀၀ ရာခိုင်နှုန်းတောင် မရောက်ဘူး။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွားသည်။
လူသားမျိုးနွယ်မဟာမိတ်၏ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် များထဲတွင် ဆဋ္ဌမအလွှာအောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ဆဋ္ဌမအလွှာကို ရာနှုန်းပြည့်အာမခံနိုင်ခြင်းမရှိပေ။
ပဉ္စမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ဆဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၃၀၊ ၄၀ ရာခိုင်နှုန်းသာ ရှိပြီး ၅၀ ရာခိုင်နှုန်းကျော်သည်မှာ ရှားပါးလေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၉၅ ရာခိုင်နှုန်းရှိသောကြောင့် ပဉ္စမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကြား ထိပ်ဆုံးတွင်ပါဝင်သည်ဟု ပြောနိုင်လေသည်။
" သတ္တမအလွှာကို ရောက်နိုင်ချေက ၁၀ ရာခိုင်နှုန်း တိုးလာတယ်။ အဋ္ဌမအလွှာကို ရောက်နိုင်ချေက ၅ ရာခိုင်နှုန်းကို ရောက်သွားတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
လင်းယွမ်က ပဉ္စမအလွှာကဏ္ဍကို တင်ပြပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အရည်အသွေးမှာ ပြောင်းလဲသွားလေသည်။ မျှော်လင့်ထားသကဲ့သို့ပင် ပဉ္စမအလွှာ၏ မူလစိတ်ဝိညာဉ်သန့်စင်သည့် နည်းလမ်းက ရှားပါးသော နည်းစနစ်တစ်ခု ဖြစ်နေသည်။
အနာဂတ်တွင် မူလစိတ်ဝိညာဉ်ကို သန့်စင်သော ဆင့်ကဲပြောင်းလဲသူအများစုက ကိုယ်ပွားစွမ်းရည်ကဲ့သို့ မူလစိတ်ဝိညာဉ်တစ်ခုကိုသာ ပိုင်ဆိုင်ပေလိမ့်မည်။
" ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ၅၃ လား။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ကြည့်လိုက်သည်။ သူက ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင်တော့ အဆင့်တစ်နေရာတွင် ရှိနေဆဲ ဖြစ်သည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် သူက အဆင့် တစ်ရာမှ အဆင့် ၅၃ သို့ ရောက်သွားခဲ့သည်။ အမှန်တော့ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ရှိ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ပင် အဋ္ဌမအလွှာသို့ ရောက်နိုင်ချေက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထက် နိမ့်ကျပေလိမ့်မည်။
သို့သော် ၎င်းတို့က သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထက် အဆင့်နှစ်ဆင့် ပိုမြင့်လေသည်။
" အဆင့်ငါး နိုင်ငံသားကနေ အဆင့်ခြောက်ကို မြှင့်ဖို့က ကောင်းမှုအမှတ် ငါးသိန်းတောင်။ မင်းတို့ ဘာလို့ဓားပြမတိုက်ကြတာလဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သူက ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၅၃ သို့ရောက်နေသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သော်လည်း စုဆောင်းထားသော ကောင်းမှုအမှတ်များက လိုအပ်သော ငါးသိန်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။
လင်းယွမ်ပင် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရလျှင် အခြားဆင့်ကဲပြောင်းလဲသူများက ထိုကောင်းမှုအမှတ်ပမာဏကို စုဆောင်းရန် နှစ်တစ်ထောင် နှစ်တစ်သောင်းလောက် လိုအပ်ပေလိမ့်မည်။
" ဒါပေမယ့် အဆင့်မြင့်နိုင်ငံသားတွေက အကျိုးခံစားခွင့်တွေ အများကြီးရှိတယ်။ အကျိုးအမြတ်ကိုလိုချင်ရင်တော့ ပေးဆပ်ရမှာပဲ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း