မဟာပညာရှင်ထိုက်အဲ...
Vol. 10 Ch. 159
ချီခွန် VR ကမ္ဘာ။
အလယ်ပိုင်းဧရိယာတွင် ဆင့်ကဲပြောင်းလဲသူများစွာက အဖွဲ့ငယ်လေးများဖြင့် စကားများပြောဆိုနေကြသည်။ ပုံမှန်အားဖြင့် အများစုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပက်သက်၍ ဆွေးနွေးနေကြသည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တစ်ရာက နှစ်ပေါင်းများစွာ ကြာအောင် ပြောင်းလဲခြင်းမရှိဘဲ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သူတို့၏ နေရာများတွင်သာ ရပ်တည်နေကြသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မကြာသေးမီက အဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်ခဲ့ပြီး အဆင့်တစ်ရာတွင် နေရာယူထားသော်လည်း လျင်မြန်သော တိုးတက်မှုအရှိန်ကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ရရှိနေသည်။
" ဒီလမ်းစဉ်ကို ဘယ်ဆင့်ကဲပြောင်းလဲခြင်းပညာရှင်က ဖန်တီးခဲ့တာလဲမသိဘူး။ "
" ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တွေ သူတို့က လူသားမျိုးနွယ်မှာ အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူတွေထက်တောင် ပိုအရေးပါသေးတယ်။ " ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက တိုးတိုးပြောနေကြသည်။
လူသားမျိုးနွယ်မဟာမိတ်တွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များ၏ အဆင့်အတန်းက အလွန်မြင့်မားလှပြီး သူတို့က တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း နယ်စပ်တွင် မျိုးနွယ်ခြားများနှင့် ဆက်တိုက်တိုက်ခိုက်နေသော အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများအောက် နိမ့်ကျခြင်းမရှိပေ။
ဆင့်ကဲပြောင်းလဲခြင်းပညာရှစ်တစ်ယောက်ဖြစ်လာရန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို တင်ပြရန် လိုအပ်လေသည်။ သို့မဟုတ် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ညီမျှသော နည်းပညာဆိုင်ရှာ တီထွင်မှုများနှင့် ရှာဖွေတွေ့ရှိမှုများ ဖြစ်သည်။
၎င်းက လူသားမျိုးနွယ်အတွက် နှစ်တစ်သောင်းမှ နှစ်တစ်သန်းတိုင်အောင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကို မွေးထုတ်ပေးနိုင်သော လမ်းစဉ်တစ်ခု ဖြစ်သည်။
" မင်းဘယ်လိုထင်လဲ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘယ်အချိန်လောက် အဆင့်ထပ်တက်နိုင်လောက်လဲ။ " စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လေးနက်စွာ မေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖန်တီးထားခြင်းဖြစ်လျှင် ၎င်း၏ အဆင့်က အဆင့် ၁၀၀ တွင် ရပ်နေမည်မဟုတ်ပေ။
" အဆင့်ထပ်တက်ဖို့က အချိန်မရွေးဖြစ်နိုင်တယ်။ " အဆင့်သုံး နိုင်ငံသားတစ်ယောက်က ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ပင် သတ္တမအလွှာ သို့မဟုတ် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကျပန်းဖန်တီး၍ မရပေ။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖန်တီးရန် ဂရုတစိုက် စဉ်းစားရန် လိုအပ်ပြီး နောက်ဆုံး နတ်ဘုရားသုံးပါး၏ ခွင့်ပြုချက်လည်း လိုအပ်လေသည်။
" ငါလည်း အဲ့လိုပဲ ထင်တယ်။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးတဲ့ ပညာရှင်ယွမ်က ဉာဏ်ပညာကြွယ်ဝပေမယ့် ငါတို့ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ ဆင့်ကဲ့ပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အချိန်တိုင်း စမ်းသပ်မှုဒဏ်ကို ခံနိုင်ရမယ် မဟုတ်လား။ "
နောက်ထပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
" အဆင့်သတ်မှတ်ချက်က အနည်းဆုံး နောက်သုံးနှစ်လောက်ထိ ပြောင်းလဲမှာမဟုတ်ဘူးလို့ ငါထင်တယ်..."
သူ၏ စကားမဆုံးမီ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ နေ့စဉ်အပ်ဒိတ်လုပ်သည့်အချိန်သို့ ရောက်သွားခဲ့သည်။
ရုတ်တရက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာက ဝေဝါးသွားသည်။ ခနကြာသောအခါ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံး ပြန်လည်ကြည်လင်လာသည်။
" ဟမ် " ရပ်နေသော ဆင့်ကဲပြောင်းလဲသူက သူညွှန်ပြထားသောနေရာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် မရှိတော့သည်ကို တွေ့လိုက်ရသည်။
" ဘုရားရေ... " သူက တစ်စုံတစ်ခု လွဲချော်နေသည်ကို ချက်ချင်း နားလည်လိုက်သည်။
သူ၏ အကြည့်က အထက်သို့ တက်သွားပြီး နောက်ဆုံး အဆင့် ၅၃ နေရာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တွေ့မှ ရပ်တန့်သွား၏။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၁၀၀မှ အဆင့် ၅၃သို့ အဆင့်များစွာ ခုန်တက်သွားပြီး သူတို့၏ သာမန်အတွေးများကို ပြိုကွဲသွားစေခဲ့သည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းက စမ်းသပ်မှုများစွာကို ဖြတ်ကျော်ခဲ့ရသည်။ အဆင့်များစွာကို ခုန်တက်ရန် မပြောနှင့် အဆင့်တစ်ခု ထပ်တက်ရန်ပင် အောင်မြင်မှုများ လိုအပ်လေသည်။
" ပဉ္စမအလွှာကဏ္ဍ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပဉ္စမအလွှာကဏ္ဍကို တင်လိုက်ပြီပဲ။ "
" အဲ့ဒါကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဒီလောက်အဆင့်ထိ တက်သွားတာထင်တယ်။ "
" လေ့လာဖို့ မြန်မြန်ဝယ်ကြစို့။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်လေးဆယ် ငါးဆယ်လောက်ကို ကျော်တက်သွားအောင် ဘယ်ဟာကလုပ်ခဲ့လဲဆိုတာ ငါသိဖို့လိုတယ်။ "
အလယ်ပိုင်းဧရိယာမှ ဆင့်ကဲပြောင်းလဲသူအချို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပဉ္စမအလွှာကို ဝယ်ယူလိုက်ကြသည်။
လူသားမျိုးနွယ်၏ ပိုင်နက် အရှေ့ပိုင်းတွင် ကြီးမားသော ဂြိုလ်ကြီးတစ်လုံး ရှိနေသည်။ ထိုဂြိုလ်က အဆင့်မြင့်အသက်ဂြိုလ်များထက် ကျော်လွန်ပြီး သုတေသနအဖွဲ့အစည်းများ၏ နေရာတစ်ခု ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် အဘိုးကြီးတစ်ယောက်က မျက်နှာပြင်တစ်ခုကို ကြည့်နေသည်။ အလင်းမျက်နှာပြင်ပေါ်တွင် ဖော်မြူလာများနှင့် မရေတွက်နိုင်သော ဒေတာများက လင်းလက်နေသည်။
" ပြီးခါနီးပြီ။ " အဘိုးကြီးက မျက်လုံးများမှိတ်လိုက်ပြီး ဖန်တီးသူများ၏ VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
" အရင်က ငါတင်ခဲ့တဲ့ ပို့စ်ကို တစ်ယောက်ယောက် ဖြေသွားတာလား။ " အဘိုးကြီးက အံ့ဩသွား၏။ သူက လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀၀က မေးခွန်းတစ်ခု တင်ခဲ့ခြင်း ဖြစ်သည်။
နိယာမတစ်ခုတည်းကို လေ့လာခြင်းက ပိုကောင်းပါလား။ သို့မဟုတ် နိယာမများစွာကို လေ့လာခြင်းက ပိုကောင်းပါလား။
နှစ်များတစ်လျှောက် လူများက ထိုမေးခွန်းကို ဖြေခဲ့ကြသော်လည်း အဖြေတစ်ခုမှ သူ့ကို ကျေနပ်စေခြင်းမရှိခဲ့ပေ။
" ကြည့်ရတာပေါ့။ " သူအနားယူနေချိန်တွင် အကျိုးအမြတ်အချို့ ရရှိခြင်းကလည်း ကောင်းသော ကိစ္စဖြစ်သည်။
" စကြာဝဠာထဲမှ နိယာမတွေအများကြီးရှိလို့ နိယာမတစ်ခုကို နိယာမတစ်ခုကို နားလည်ခြင်းက သလာဝအတိုင်ယ ကောင်းမွန်ပါတယ်။ နိယာမအားလုံးကို နားလည်ဖို့ကတော့ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတွေတောင် မစွမ်းဆောင်နိုင်ဘူး။ "
" နိယာမတစ်ခုတည်းကို နားလည်တာက အကန့်အသတ်ရှိပြီး ဖြစ်နိုင်ရင် နိယာမအချို့ကို နားလည်ခြင်းသင့်ပါတယ်။ "
အဘိုးကြီးက သူ၏ ခေါင်းကို ခါလိုက်ပြီး နောက်ဆုံး မှတ်ချက်ကို ကြည့်လိုက်သည်။
" နိယာမတစ်ခုကို နားလည်ပြီး အခြားတာအိုအားလုံးကို လွှမ်းမိုးဖို့ ဒီတာအိုကို အသုံးပြုပါ။ "
အဘိုးကြီးက အံ့အားသင့်သွား၏။ သူက မျက်လုံးများမှိတ်ပြီး ထိုနည်းလမ်း၏ ဖြစ်နိုင်ချေကို စဉ်းစားနေသည်။ " တစ်ခုတည်းနဲ့ လမ်းစဉ်တစ်ထောင်ကို အမိန့်ပေးနိုင်တာလား။ "
နိယာမတစ်ခုကို နားလည်သည်ဖြစ်စေ နိယာမအချို့ကို နားလည်သည်ဖြစ်စေ အဖြေမှာ မိမိအပေါ်တွင် မူတည်လေသည်။
သင်က နိယာမအချို့နှင့် နီးစပ်မှုရှိလျှင် ၎င်းတို့ကို နားလည်ခြင်းက ပိုကောင်းလေသည်။ သို့မဟုတ် သင်က နိယာမတစ်ခုတည်းကို အဆင့်မြင့်မြင့် နားလည်ထားလျှင် ထိုနိယာမကို အာရုံစိုက်ခြင်းက ပိုကောင်းလေသည်။
သို့သော် ယခု နောက်ဆုံးအဖြေက သူ့ကို ဦးတည်ချက်တစ်ခု ပေးနေသည်။
" မဟုတ်သေးဘူး။ တစ်ခုတည်းနဲ့ လမ်းစဉ်တစ်ထောင်ကို အမိန့်ပေးနိုင်ဖို့ အဲ့ဒီတစ်ခုတည်းသော လမ်းစဉ်က လမ်စဉ်တစ်ထောင်ကို ဖိနှိပ်နိုင်ဖို့လိုတယ်။ အဆင့်တူချင်းမှာဆို ဘယ်လိုလုပ်လမ်းစဉ်တစ်ထောင်ကို အမိန့်ပေးနိုင်မှာလဲ။ " အဘိုးကြီးက အချိန်အတော်ကြာ စဉ်းစားနေသည်။
" ဒါပေမယ့် အဲ့ဒီနည်းလမ်းက တကယ်ဖြစ်နိုင်တယ်။ " သူက ရှေ့တွင် ပေါ်နေသော အလင်းမျက်နှာပြင်ကို ဂရုမစိုက်နိုင်တော့ပေ။
" မဟုတ်ဘူး။ ငါ အဲ့ဒီလူနဲ့ ကောင်းကောင်းဆွေးနွေးဖို့ လိုတယ်။ " အဘိုးကြီးက မှတ်ချက်ပေးခဲ့သော လူ၏ အချက်အလက်များကို ရယူရန် ကြိုးစားလိုက်သည်။
" ခွင့်ပြုချက်မလုံလောက်ဘူးလား။ " အဘိုးကြီးက မျက်မှောင်ကြုတ်သွား၏။
" ငါက အဆင့်ရှစ်နိုင်ငံသားတစ်ယောက်ပဲ။ ဘယ်လိုလုပ်ခွင့်ပြုချက်မလုံလောက်တာလဲ။ " အဘိုးကြီးက ရေရွတ်လိုက်သည်။
" ငါလုပ်လို့ရမလား ကြည့်ရအောင်။ " မရေတွက်နိုင်သော ဒေတာအလင်းတန်းများက အဘိုးကြီး၏ မျက်လုံးထဲတွင် လင်းလက်လာသည်။
သို့သော် ထိုခနတွင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
" မဟာပညာရှင် ထိုက်အဲ သင့်ရဲ့ လုပ်ရပ်က လူသားမဟာမိတ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃ကို ချိုးဖောက်နေပါတယ်။ ဆက်လုပ်နေရင် သက်ဆိုင်ရာ ပြစ်ဒဏ်ကို ခံရပါမယ်။ "
" ဟဲဟဲ ဉာဏ်ပညာနတ်ဘုရား ငါက အချက်အလက်တွေ တားဆီးထားတာ ရှိမရှိ ကြည့်ကြည့်တာပါ။ ဥပဒေကို ချိုးဖောက်ဖို့ မရည်ရွယ်ပါဘူး။ " အဘိုးကြီးက ရယ်ပြီး ရှင်းပြလိုက်သည်။
" မဟာပညာရှင် ထိုက်အဲ တားဆီထားတာ ရှိရှိ မရှိရှိ သင်စိုးရိမ်နေဖို့ မလိုပါဘူး။ " ဉာဏ်ပညာနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သည်။
" ကောင်းပြီလေ။ " အဘိုးကြီးက ပြန်ထိုင်လိုက်သည်။ " ဒါနဲ့ ဉာဏ်ပညာနတ်ဘုရား နိုင်ငံသားတိုင်းရဲ့ သတင်းအချက်အလက်တွေကို ကြည့်နိုင်တဲ့ ငါက ဘာလို့ သူ့ရဲ့အချက်အလက်တွေကို ကြည့်ခွင့်မရှိတာလဲ။ " အဘိုးကြီးက ခနရပ်ပြီး မေးလိုက်သည်။
အဘိုးကြီးက အဆင့်ရှစ်နိုင်ငံသားဖြစ်ရုံသာမက ဆင့်ကဲပြောင်းလဲခြင်းပညာရှစ်တစ်ယောက်လည်း ဖြစ်၏။
" မဟာပညာရှင် ထိုက်အဲ သင်က အဲ့ဒီကိစ္စကို သိဖို့ ခွင့်ပြုချက် မလုံလေူက်ပါဘူး။ "
" အို " မဟာပညာရှင် ထိုက်အဲက တိတ်ဆိတ်သွား၏။
တစ်ဖက်လူက သူ့လို မဟာပညာရှင်တစ်ယောက်လား။ မဟုတ်လျှင် သူ၏ အချက်အလက်များကို ထိုမျှတင်းကျပ်စွာ ပိတ်ပင်ထားမည်မဟုတ်ပေ။
" ထားလိုက်တော့ ငါတိုက်ရိုက်ပဲ သွားတော့မယ်။ "
မဟာပညာရှင် ထိုက်အဲက အချိန်တော်ကြာ စဉ်းစားပြီးနောက် သူ၏ မေးခွန်းအောက်တွင် မှတ်ချက်တစ်ခု ချန်ထားလိုက်သည်။ ထိုလူ ဖန်တီးသူများ၏ ကမ္ဘာထဲသို့ ဝင်လာလျှင် ထိုမှတ်ချက်ကို တွေ့ပေလိမ့်မည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း