← Chapters

ဂုဏ်ထူးဆောင် ပါမောက္ခ.....

Vol. 10 Ch. 160

ဂုဏ်ထူးဆောင် ပါမောက္ခ.....

Vol. 10 Ch. 160

ကန်လန်ကြယ် ဗဟိုကုန်းမြေနေအိမ်တွင် လင်းယွမ်က ထိုင်နေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များက သူ၏ ရှေ့တွင် ပေါ်လာသည်။

ပထမအလွှာ - ၃၆၇၈၃ ယောက်

ဒုတိယအလွှာ - ၄၉၄ ယောက်

တတိယအလွှာ - ၀ ယောက်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်တစ်ခုစီမှ ဆင့်ကဲပြောင်းလဲသူအရေအတွက်ကို ကြည့်လိုက်သည်။

စကြာဝဠာလူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲသူများက သူတို့၏ နာမည်အစစ်များဖြင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဝယ်ရပြီး ဆင့်ကဲပြောင်းလဲသူများအဖွဲ့တွင် စာရင်းသွင်းရလေသည်။

သူတို့က အဆင့်တက်သည်နှင့် ဆင့်ကဲပြောင်းလဲခြင်းအဖွဲ့သို့ သွားပြီး သူတို့၏ အချက်အလက်များကို ပြင်ဆင်ရလေသည်။

ရလဒ်အနေဖြင့် လူသားမဟာမိတ်၏ တရားဝင်ဒေတာများက ဆင့်ကဲပြောင်းလဲသူအရေအတွက်ကို ဖော်ပြနိုင်လေသည််။

သို့သော် အချို့ဆင့်ကဲပြောင်းလဲသူများက ဒုတိယအလွှာသို့ ရောက်သွားကြသော်လည်း အခြားကိစ္စများကြောင့် သူတို့၏ အချက်အလက်များကို ပြင်ဆင်ရန် မေ့နေသူများလည်း ရှိလေသည်။ ထိုကဲ့သို့ ကိစ္စများက ရှားပါးလေသည်ယာ

" ဒီနေ့အထိ တတိယအလွှာကို ဘယ်သူမှမရောက်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တတိယအလွှာတွင် နိယာမသဘောတရားများ ပါဝင်လာပြီဖြစ်သည်။

လင်းယွမ်က တတိယအလွှာကို ဖန်တီးချိန်တွင် နတ်လက်နက်ကမ္ဘာ၌ ရှိခဲ့ပြီး ကောင်းကင်ကိုဆန့်ကျင်သော နာယလည်နိုင်စွမ်းဖြင့် နတ်လက်နက်များကို လေ့လာခဲ့သည်။ မူလကမ္ဘာမှ ဆင့်ကဲပြောင်းလဲသူများကတော့ လင်းယွမ်ကဲ့သို့ မလုပ်နိုင်ကြပေ။

ထို့ကြောင့် လင်းယွမ်ဖန်တီးခဲ့သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပြည့်စုံသော လမ်းညွှန်မှုဖြင့်ပင် တတိယအလွှာသို့ ရောက်ရန် လွယ်ကူမည်မဟုတ်ပေ။

" ငါ အချိန်ရရင် လမ်းညွှန်ဗီဒီယိုတစ်ခုလောက် လုပ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းက အနာဂတ် အန္တိမအသိအမြင်အတွက် အကျိုးကျေးဇူးများရရှိမည်ဖြစ်သောကြောင့် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသော ဆင့်ကဲပြောင်းလဲသူများ၏ အခက်အခဲကို လျှော့ချပေးရန် လိုအပ်လေသည်။

၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲလမ်းစဉ်၏ ဆင့်ကဲပြောင်းလဲသူအရေအတွက်ကို တိုးစေရုံသာမက သူ့အတွက် ဝင်ငွေလည်း ရရှိမည်ဖြစ်သည်။

" ပဉ္စမအလွှာကို နောက်ထပ် လူတစ်ရာဝယ်ပြီးသွားပြီ။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ရောင်းချမှုအရေအတွက်ကို ကြည့်ပြီး ပဉ္စမအလွှာ၏ နောက်မှ ၁၂၆ ဟူသော ဂဏန်းများကို တွေ့လိုက်ရသည်။

၎င်းက ပဉ္စမအလွှာကို လူ ၁၂၆ ယောက် ဝယ်ပြီးပြီကို ဆိုလိုလေသည်။

လင်ယွမ်က ပဉ္စမအလွှာ စျေးနှုန်းကို သန်းငါးရာ သတ်မှတ်ထားသည်။

ပထမအလွှာ - တစ်သောင်း

ဒုတိယအလွှာ - ငါးထောင်

တတိယအလွှာ - ငါးသန်း

စတုတ္ထအလွှာ - သန်းငါးဆယ်

ပဉ္စမအလွှာ - သန်းငါးရာ

ပဉ္စမအလွှာကဏ္ဍကို လူတစ်ရာကျော် ရောင်းချပြီးသောကြောင့် ငါးဆယ်ဘီလီယံကျော် ရရှိပြီကို ဆိုလိုလေသည်။ အဆင့်မြှင့်ပြီး မကြာမီ ဝယ်ယူသာအရေအတွက်က တိုးလာခဲ့သည်။

အချို့ဆင့်ကဲပြောင်းလဲသူများက လေ့ကျင့်ရန် မဟုတ်ဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်အဆင့်တွင် ၅၃ ဖြစ်နေသောကြောင့် လေ့လာရန်အတွက်လည်း ဝယ်ယူကြသည်။ ၎င်းက အဆင့်များစွာကို ခုန်ကျော်လာသောကြောင့် ဆင့်ကဲပြောင်းလဲသူများ၏ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေလေသည်။

ညနေပိုင်းတွင် လင်းယွမ်က လေ့ကျင့်မှုပြီးဆုံးသွားပြီး သူ၏ မိသားစုနှင့်အတူ ထမင်းလက်စုံစားရန် အပြင်သို့ ထွက်လာသည်။

လင်းယွမ်က သူ၏ အချိန်အများစုကို လေ့ကျင့်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး သူ၏ မိသားစုနှင့် တစ်ချိန်လုံး ရှိမနေနိုင်သောကြောင့် မိသားစုနှင့်အတူ မကြာခန ထွက်တွေ့လေ့ရှိသည်။

" အကို ငါ အခု ပထမအလွာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာပြီ။ " လင်းယိက ထမင်းစားနေရင်း ပြောလိုက်သည်။

လင်းယွမ်က စတုတ္ထအလွှာသို့ ရောက်ပြီးနောက် လင်းယိအတွက် ခြင်ဆီသန့်စင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။ လင်းယွမ်၏ ခွန်အားဖြင့် ခြင်ဆီသန့်စင်ခြင်းက လင်းယိအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာသည်။ ထိုအခြေခံနှင့် သူမက မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုမဆို လေ့ကျင့်နိုင်လေသည်။

" ယွမ်အာ သားက မငယ်တော့ဘူးနော်။ လေ့ကျင့်တာကိုပဲ အဓိကအာရုံစိုက်ရင်တောင် အိမ်ထောင်ပြုဖို့ စဉ်းစားသင့်တယ်။ " လုချုံးက ပြောလိုက်သည်။

ယခု လင်းယွမ်ကြောင့် လင်းမိသားစုက တုန်နင်မြို့တွင်သာမက ကန်လန်ကြယ်တွင်ပင် အရေးပါသော မိသားစုတစ်ခု ဖြစ်လာသည်။

" စောပါသေးတယ်။ အချိန်ရောက်မှ သားတို့အဲ့အကြောင်း ပြောကြတာပေါ့။ " လင်းယွမ်က သာမန်အတိုင်း ပြန်ဖြေလိုက်သည်။

ကမ္ဘာပေါ်မှ စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တိုးတက်ရန် အာရုံစိုက်ကြပြီး အခြားအရာများကို ဘေးဖယ်ထားကြသည်။ လင်းယွမ်လည်း ထို့အတူပင် ဖြစ်၏။ မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ ခွန်အားကသာ အရာရာဖြစ်၏။

" သခင် လူတစ်ယောက် လာလည်ပါတယ်။ " AI လက်ထောက်၏ အသံက လင်းယွမ်၏ နားထဲတွင် ထွက်ပေါ်လာသည်။

" ဘယ်သူလဲ။ " လင်းယွမ်က မေးလိုက်၏။

" ကန်လန်ကြယ်ရဲ့ အုပ်ချုပ်သူ စုန်ဝူယန်ပါ။ "

အဓိကအဆောက်အဦး၏ ဧည့်ခန်းထဲတွင် လင်းယွမ်နှင့် စုန်ဝူယန်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

" မင်းက ကန်လန်ကြယ်ရဲ့ နှစ်တစ်သောင်းအတွင်းမှာ တွေ့ရခဲတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ " စုန်ဝူယန်က လင်းယွမ်ကို အလွန်ကျေနပ်လေသည်။

မကြာသေးမီက ပြိုင်ပွဲတွင် လင်းယွမ်က သူ၏ စတုတ္ထအလွှာ စွမ်းအားဖြင့် အားလုံးကို လွှမ်းမိုးခဲ့သည်။ သူ့လို အုပ်ချုပ်သူတစ်ယောက်အတွက်ပင် အသက်တစ်ရာအောက် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အရေးပညသော လူတစ်ယောက် ဖြစ်လေသည််။

" ကံကောင်းလို့ပါ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။

" ကံကောင်းတာလား။ ကန်လန်ကြယ်ရဲ့ နှစ်တစ်သောင်းအတွင်းမှာ လင်းယွမ် မင်းတစ်ယောက်ပဲ အဲ့လိုကံကောင်းခဲ့တယ်။ " စုန်ဝူယန်က ရယ်စရာပြောလိုက်သည်။

" ဒါပေမယ့် ချီခွန်ကြယ်သခင်ရဲ့ စမ်းသပ်မျိုနဲ့ပက်သက်ပြီး စိတ်ထဲသိပ်မထားနဲ့။ " စုန်ဝူယန်က နှစ်သိမ့်လိုက်သည်။

လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို မကျော်ဖြတ်နိုင်ခြင်းမှာ လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ထိုအချိန်တွင် လင်းယွမ်က စတုတ္ထအလွှာတွင် ရှိနေသော်လည်း ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူ တစ်သောင်းကျော်တွင် အနည်းငယ်သာ အောင်မြင်ခဲ့ကြသည်။

ချီခွန်ကြယ်သခင်၏ စမ်းသပ်မှုတွင် ရှုထောင်အမျိုးမျိုးကို စမ်းသပ်ခြင်းဖြစ်သောကြောင့် ရှုထောင့်တစ်ခုတည်း သန်မာရုံနှင့် စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ပေ။

" စိတ်မကောင်းစရာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်ပြီး စိတ်မကောင်းသော အမူအရာ ပေါ်လာသည်။

ပြိုင်ပွဲတွင် လင်းယွမ်က သူ၏ စတုတ္ထအလွှာ ခွန်အားကိုသာ ပြသခဲ့သည်။ ချီခွန်ကြယ်သခင်က ဉာဏ်ပညာနတ်ဘုရားပေးပို့သော ပြိုင်ပွဲဗီဒီယိုကို ​ကြည့်ပြီး သူ၏ အမြင်နှင့် အကဲဖြတ်၍ လင်းယွမ်ကို ရွှေရောင်သင်္ကေတပေးအပ်ခဲ့လေသည်။

ချီခွန်ကြယ်သခင်ကဲ့သို့ အခြားသန်မာသူများကလည်း လင်းယွမ်၏ အစစ်အမှန်ခွန်အားကို အတည်မပြုနိုင်ပေ။ သူတို့က လင်းယွမ်ကို သာမန်စတုတ္ထအလွှာ တစ်ယောက်ဟုသာ ထင်ကြပေလိမ့်မည်။

ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲသူများက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဝင်သည်မှာ တစ်သောင်းကျော်လေသည်။ ရလဒ်အနေဖြင့် လင်းယွမ်က စမ်းသပ်မှုကို မကျော်ဖြတ်နိုင်သည်မှာ အပြင်လူများအတွက် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

" အုပ်ချုပ်သူစုန် ဒီကိုဘာကိစ္စရှိလို့လာတာလဲ။ " စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။

" ငါ မစ္စတာလင်းကို ဒုက္ခပေးစရာလေး တစ်ခုရှိနေလို့ပါ။ " စုန်ဝူယန်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " မစ္စတာလင်းက ကန်လန်ကြယ်မှာ အသက်အငယ်ဆုံး စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဆိုတော့ ငါတို့က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအကယ်ဒမီရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ တစ်ယောက်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်။ "

" စိတ်မပူပါနဲ့။ အဲ့ဒါက ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုပါပဲ။ မစ္စတာလင်းလာရမယ့် ကိစ္စလေးတွေကလွဲရင် စိတ်ရှိသလို နေနိုင်ပါတယ်။ "

" မစ္စတာလင်းက ကန်လန်ကြယ်က ထွက်သွားရင်တောင် ဂုဏ်ထူးဆောင်ဘွဲ့ကို ဖျက်သိမ်းမှာမဟုတ်ဘဲ အကျိုးအမြတ်တွေ ဆက်ရနေမှာပါ။ " စုန်ဝူယန်က ပြောပြီး လင်းယွမ်၏ တုန့်ပြန်မှုကို ဂရုတစိုက်လေ့လာနေသည်။

ကန်လန်ဆင့်ကဲပြောင်းလဲခြင်း အကယ်ဒမီက ကန်လန်ကြယ်၏ အဆင့်မြင့် အကယ်ဒမီတစ်ခုဖြစ်ပြီး ဂြိုလ်ပေါ်မှ လူငယ်ပါရမီရှင်များ စုစည်းနေသော နေရာတစ်ခု ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များဖြစ်သောကြောင့် အသက်တစ်ရာအောက် စတုတ္ထအလွှာ ဖြစ်နေသော လင်းယွမ်က သူတို့ကြားတွင် လွှမ်းမိုးနိုင်စွမ်းကြီးသော လူတစ်ယောက်ဖြစ်လာသည်။

လင်းယွမ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်း အကယ်ဒမီ၏ ဂုဏ်ထူးဆောင် ပါမောက္ခ တစ်ယောက် ဖြစ်လာလျှင် ထိုကျောင်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးမည်မှာ အမှန်ပင် ဖြစ်သည်။

" ပြဿနာမရှိဘူး။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် လက်ခံလိုက်သည်။

လက်ခံရသည့်အကြောင်းရင်းမှာ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့က သူ့ကို ကန့်သတ်ထားခြင်းမရှိဘဲ လွတ်လပ်ပြီး သူက ကျောင်းသားများကို သင်ကြားရလျှင်တောင် ၎င်းက VR ကမ္ဘာဖြစ်သောကြောင့် နေအိမ်မှ ထွက်သွားရန် မလိုအပ်ပေ။ ထို့အပြင် သူက လူသားငွေတစ်သောင်းကိုလည်း လစဉ်ရနေမည်ဖြစ်သည်။

လင်းယွမ်၏ လက်ရှိချမ်းသာမှုနှင့် ထိုပမာဏငွေက ဘာမှမဟုတ်ပေ။ အခြားဆင့်ကဲပြောင်းလဲသူများကို လမ်းညွှန်ပေးခြင်းက လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ကြီးမားသော အကျိုးအမြတ်များ ရမည်မှာ သေချာလေသည်။

" အဲ့ဒါဆို ဒီကိစ္စက အဆင်ပြေသွားပြီပေါ့။ " စုန်ဝူယန်က သက်ပြင်းချလို​က်သည်။ သူက မလာမီ လင်းယွမ် ငြင်းလိုက်မည်ကို စိုးရိမ်နေခဲ့သည်။

လင်းယွမ်က ဂုဏ်ထူးဆောင် ပါမောက္ခတစ်ယောက်ဖြစ်လာလျှင်တောင် ကန်လန်ဆင့်ကဲပြောင်းလဲခြင်း အကယ်ဒမီတွင် သူ၏ မျက်နှာကို ပြရန် မလိုအပ်ပေ။

VR ကမ္ဘာတွင် ကန်လန်ဆင့်ကဲပြောင်းလဲခြင်း အကယ်ဒမီမှ ပါမောက္ခများနှင့် အခြားသူများက လင်းယွမ်ကို ကိုယ်တိုင်ကြိုဆိုခဲ့ကြသည်။

" ပါမောက္ခလင်းက တကယ်ကို ငယ်ရွယ်ပြီး ထူးချွန်တာပဲ။ ကျုပ်တို့လူအိုကြီးတွေ ရှက်မိပါတယ်။ " ပါမောက္ခချူးက ရယ်ပြီး ပြောလိုက်သည်။

သူက စီနီယာများထဲမှ လူတစ်ယောက်ဖြစ်ရုံသာမက ဒုကျောင်းအုပ်တစ်ယောက်လည်း ဖြစ်သည်။

" ငါက ဒီလိုပါရမီရှင်တစ်ယောက်နဲ့ ​တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ " မစ္စတာလုက လေးစားစွာ ပြောလိုက်သည်။

ခနစကားပြောပြီးသောအခါ စကားခေါင်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များသို့ ရောက်သွားခဲ့သည်။ အားလုံးက ဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် ပါမောက္ခများဖြစ်ကြသောကြောင့် ဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်တွင်လည်း အသိပညာများ ရှိကြသောကြောင့် အလွယ်တကူ ဆွေးနွေးနိုင်ကြလေသည်။

ခေါင်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သို့ ပြောင်းလဲသွားသောကြောင့် လက်ရှိနာမည်ကြီးနေသော သိုင်းတာအိုဆင့်ကဲပြောင်းလဲလမ်းစဉ်ကလည်း မပါမဖြစ်ပေ။

ချီခွန်ကြယ်တွင်ပင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သောကြောင့် ၎င်း၏ စတင်ရာ ကန်လန်ကြယ်တွင်လည်း ၎င်း၏ ကျော်ကြားမှုက သဘာဝအတိုင်း မြင့်မားလှသည်။

ကျွမ်းကျင်သူများနှင့် ပါမောက္ခများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမသုံးဆင့်ကို လေ့လာရန်အတွက် ဝယ်ယူထားခဲ့ကြသည်။

အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် လင်းယွမ်က တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ပါမောက္ခချူးက လင်းယွမ်ကို တစ်ယောက်တည်းမဖြစ်စေချင်သောကြောင့် စကားပြောလိုက်သည်။

" ပါမောက္ခလင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်လိုမြင်လဲ။ "

စကားသံထွက်ပေါ်လိုက်သည်နှင့် အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့က လင်းယွမ်၏ အမြင်ကို နားစွင့်လိုက်ကြသည်။ သူတို့ကလည်း ကန်လန်ကြယ်၏ သမိုင်းတွင် ပါရမီအရှိဆုံး ဆင့်ကဲပြောင်းလဲသူ၏ အမြင်ကိုလည်း ကြားချင်ကြလေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သွေးနဲ့ ချီစွမ်းအားအပေါ် အခြေခံထားတယ်..." လင်းယွမ်က သူ၏ အမြင်များကို ပြောလိုက်သော်လည်း ပထမအလွှာနှင့် ဒုတိယအလွှာတွင်သာ ကန့်သတ်ထားသည်။

ပတ်ဝန်းကျင်မှ အခြားသူများက တိတ်ဆိတ်စွာ နားထောင်နေရင်း မကြာခန ခေါင်းငြိမ့်နေကြသည်။ လင်းယွမ်၏ စကားဆုံးသည်နှင့် အားလုံးက စတင်ဆွေးနွေးလိုက်ကြသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် ကျုပ်ရဲ့ အမြင်လား။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။ အခြားမေးခွန်းတစ်ခုဖြစ်လျှင် သူ့အတွက် အခက်အခဲဖြစ်နိုင်သော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကတော့ ပြဿနာမရှိပေ။

ပါမောက္ခလုနှင့် အခြားပါမောက္ခများက ခနကြာ ဆွေးနွေးလိုက်ကြပြီးနောက် ပြောလိုက်သည်။ " ပါမောက္ခလင်း မင်းရဲ့ နားလည်မှုက ကောင်းပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နက်ရှိုင်းမှုကို မဖမ်းဆုပ်နိုင်တဲ့ ရှုထောင်အချို့တော့ ရှိနေတယ်။ "

" ကျုပ်ရဲ့နားလည်မှုက လိုအပ်ချက်တွေရှိနေတာလား။ " လင်းယွမ်က အတွေးနက်သွား၏။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters