တာအိုတစ်ခုက တာအိုတစ်သောင်းကို လွှမ်းမိုးတယ်....
Vol. 10 Ch. 161
ပါမောက္ခလု၏ တောက်ပသော မျက်လုံးများကို ကြည့်ပြီး လင်းယွမ်က ထူးဆန်းသွား၏။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် နားလည်မှုတွင် ပါမောက္ခလုမပြောနှင့် လူသားမဟာမိတ်မှ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများပင် လင်းယွမ်ကို မယှဉ်နိုင်ပေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သူမှာ လင်းယွမ်ပင် မဟုတ်ပါလား။
လင်းယွမ်က မေးခွန်းထုတ်လျှင်တောင် အဖြေကို သူက ဆုံးဖြတ်နိုင်လေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ၏ အဆင့်အတန်းက အလွန်အရေးပါလေသည်။ အထူးသဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ် ဖြစ်၏။ ပုံမှန်အားဖြင့် လင်းယွမ်က သူ၏ အဆင့်အတန်းကို ထုတ်ဖော်မည်မဟုတ်ပေ။
ချီခွန်ကြယ်နယ်မြေတွင် စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အတွေ့အကြုံရှိသော အဆင့်မြင့် ဆင့်ကဲပြောင်းလဲခြင်း ပညာရှင်တစ်ယောက် ဖန်တီးထားခြင်းဖြစ်သည်ဟု ထင်နေကြသည်။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တွေက ဘယ်သူတွေလဲ။ သူတို့က လူသားမျိုးနွယ်အတွက် အရေးပါရုံသာမက အဓိကထောက်တိုင်များပင် ဖြစ်ကြလေသည်။ လူသားမျိုးနွယ်၏ အပြင်မှ မျိုးနွယ်ခြားများက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များကို လုပ်ကြံသတ်ဖြတ်ရန် အမြဲတမ်း ချောင်းမြောင်းနေကြသည်။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက စစ်မြေပြင်တွင် ပေါ်လာကြခြင်း မရှိသော်လည်း သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၊ လျို့ဝှက်နည်းစနစ်များနှင့် နည်းပညာအောင်မြင်မှုများကြောင့် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှလေသည်။ သူတို့က တစ်ခါတစ်ရံ စစ်ပွဲ၏ ရလဒ်ကိုပင် ပြောင်းလဲပေးနိုင်လေသည်။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လူသားမျိုးနွယ်အတွက် အလွန်အရေးပါလှသောကြောင့် သူတို့ကို တင်းကျပ်စွာ ကာကွယ်ပေးထားသည်။ ထို့အပြင် သူတို့က အားနည်းကြခြင်းမရှိဘဲ သူတို့ကို သူတို့ ကာကွယ်နိုင်စွမ်းရှိကြလေသည်။ မျိုးနွယ်ခြားများက သူတို့ကို လုပ်ကြံရန်မပြောနှင့် သူတို့၏ တည်နေရာကိုပင် ရှာဖွေနိုင်စွမ်းမရှိကြပေ။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်သည်ကို ထုတ်ဖော်ခဲ့လျှင် မျိုးနွယ်ခြားများက တုန့်ဆိုင်းခြင်းမရှိဘဲ လုပ်ကြံကြပေလိမ့်မည်။ သူတို့က ဆဋ္ဌမအလွှာများကို စတေးရမည်ဆိုလျှင်တောင် လင်းယွမ်ကို ပစ်မှတ်ထားကြဦးမည်ဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖန်တီးသည်ဟု ဘာလို့ယူဆကြတာလဲ။ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကိုရော ဘာလို့အဲ့လိုမထင်ကြတာလဲ။
အကြောင်းမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာမှာ အလွန်မြင့်မားသောကြောင့်ပင် ဖြစ်သည်။ သာမန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူတစ်ယောက်က ထိုကဲ့သို့ အဆင့်မြင့်သော လမ်းစဉ်ကို မဖန်တီးနိုင်ပေ။
များပြားသော အသိပညာများနှင့် အဆင့်မြင့်သော ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်သာ ထိုကဲ့သို့ အံ့ဩစရာကောင်းသော လမ်းစဉ်ကို ဖန်တီးနိုင်လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာသို့ မရောက်သေးသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖန်တီးခဲ့သည်ကို မျိုးနွယ်ခြားများက သိကြလျှင့် သူတို့က လင်းယွမ်ကို ဆက်လက်ကြီးထွားခွင့်ပြုမည်မဟုတ်ပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ ရောက်နိုင်ချေရှိသောကြောင့် လင်းယွမ်ကလည်း လူသားမျိုးနွယ်၏ နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဖြစ်လာရန် အခွင့်အရေးရှိလေသည်။ လင်းယွမ်ကို လုပ်ကြံခြင်းက ကြီးမားသော ပေးဆပ်မှုရှိလျှင်တောင် လင်းယွမ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ််က မျိုးနွယ်ခြားများ၏ သန်မာသော လူများစွာကို ကျဆုံးသွားနိုင်ချေရှိလေသည်။
လင်းယွမ်က စဉ်းစားနေစဉ် ပါမောက္ခလုက သူ၏ အသိအမြင်များကို ပြောပြလိုက်သည်။
" ငါ့အထင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခွန်အားအပေါ် အခြေခံထားတာမဟုတ်ဘဲ စိတ်နဲ့ဝိညာဉ်စွမ်းအားကို ပေါင်းစပ်တာပဲ။ " ပါမောက္ခလုက ပြောလိုက်သည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအကယ်ဒမီ၏ အခြားပါမောက္ခများကလည်ယ ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။ ပါမောက္ခပြောသည်မှာ မှန်နိုင်သော်လည်း လင်းယွမ်ပြောသည်မှာလည်း မမှားပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာရာတွင် လူတိုင်း ကိုယ်ပိုင်အတွေးများနှင့် အသိအမြင်များ ရှိကြလေသည်။ ၎င်းက သာမန်သာ ဖြစ်၏။
လင်းယွမ်၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က ကန်လန်ကြယ်တွင် အကောင်းဆုံးဖြစ်ပြီး သူက အသက်တစ်ရာမပြည့်မီ စတုတ္ထအလွှာသို့ ရောက်ခဲ့လေသည်။ ထို့ကြောင့် လင်းယွမ်၏ အချိန်အများစုက လေ့ကျင့်ရာတွင် ကုန်ဆုံခဲ့သည်မှာ သေချာလေသည်။
တစ်ဖက်တွင် ပါမောက္ခလု၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က လင်းယွမ်နှင့်မယှဉ်နိုင်သော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကန်လန်အဆင့်ထဲသို့ ရောက်လာသည်နှင့် သူက ဝယ်ယူလေ့လာခဲ့သောကြောင့် ၎င်းအပေါ် သူ၏ နားလည်မှုနက်ရှိုင်းနေခြင်းမှာ သာမန်သာဖြစ်သည်။
" ကောင်းပြီ။ မစ္စတာလုနဲ့ မစ္စတာလင်းတို့က သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေ ရှိကြတာပဲ။ "
" လူတိုင်းက ကွဲပြားတဲ့အမြင်တွေ ရှိပေမယ့် ငါတို့အားလုံးက လူသားမျိုးနွယ်ကို အကျိုးပြုနေကြတာပဲ။ မစ္စတာလင်းက စိတ်ထဲမထားနဲ့။ မစ္စတာလုက အဲ့လိုပဲ။ တစ်ခါတစ်လေ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တယ်။ " ပါမောက္ခချူးက ရယ်ပြီး ပြောလိုက်သည်။
" အဲ့ဒါ အဆင်ပြေပါတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ သူက ထိုကိစ္စကို စိတ်ထဲမထားပေ။
ပါမောက္ခလုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ချီးကျူးခြင်းမှာ လင်းယွမ်ကို ချီးကျူးခြင်းနှင့် အတူတူပင် ဖြစ်သည်။
" အဲ့ဒါကောင်းတယ်။ " ပါမောက္ခချူးက ခေါင်းငြိမ့်လိုက်သည်။
VR ကမ္ဘာ၏ ကိုယ်ပိုင်နေရာသို့ ပြန်ရောက်သောအခါ လင်းယွမ်က ပါမောက္ခများ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် သူတို့၏ အမြင်များကို စဉ်းစားပြီး သူ၏ အသိအမြင်များက ပို၍ တိုးပွားလာလေသည်။ လေ့ကျင့်ခြင်းနှင့် သင်ယူခြင်းက တစ်ယောက်တည်း မပြီးဘဲ တစ်ခါတစ်ရံ အပြင်လောကနှင့် ထိတွေ့ဆက်ဆံရလေသည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူ၏ အသိအမြင်များနှင့် ဉာဏ်အလင်းများက ပို၍ နက်ရှိုင်းလာမည်မှာ သေချာလေသည်။
လင်းယွမ်က သူ၏ အချက်အလက်များကို စစ်ဆေးနေစဉ် ဖန်တီးသူများ၏ VR ကမ္ဘာမှ သတိပေးချက်တစ်ခု ရောက်နေသည်ကို တွေ့လိုက်ရသည်။
" တစ်ယောက်ယောက် ငါ့ကို ဆက်သွယ်ထားတာလား။ " လင်းယွမ်က သိချင်သွား၏။ သူက ဖန်တီးသူများ၏ ကမ္ဘာတွင် အသစ်ဖြစ်သောကြောင့် အသိမိတ်ဆွေများလည်း မရှိပေ။
လင်းယွမ်က ဖန်တီးသူများ၏ VR ကမ္ဘာကို ဝင်လိုက်သည်။ " အဲ့ဒီပို့စ်ကို တင်ခဲ့တဲ့လူလား။ "
လင်းယွမ်က အနည်းငယ် လေးနက်သွား၏။ ထိုပို့စ်၏ မေးခွန်းမှာ နိယာမတစ်ခုတည်းကို နားလည်ခြင်းက ပိုကောင်းလား သို့မဟုတ် နိယာမအချို့ကို နားလည်ခြင်းက ပိုကောင်းလား။
ထိုအချိန်တွင် လင်းယွမ်က သူ၏ အမြင်ကိုသာ ဖြေခဲ့ခြင်းဖြစ်ပြီး ပို့စ်တင်သူက စာပြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဆုံးတွင် ထိုပို့စ်က လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀၀က တင်ခဲ့ခြင်း ဖြစ်သည်။
" နိယာမတစ်ခုက တစ်သောင်းကို ဘယ်လိုလွှမ်းမိုးနိုင်မှာလဲ။ အချိန်မဟာတာအိုလား၊ လေဟာနယ်မဟာတာအိုလား။ " လင်းယွမ်က ပို့စ်တင်သူ၏ ပြန်စာကို ဖတ်ပြီး အတွေးနက်သွား၏။
သူက သူ၏ ထိုက်ကျိတာအိုနှင့် တာအိုအမျိုးမျိုးကို လွှမ်းမိုးခဲ့သော်လည်း အချိန်မဟာတာအိုနှင့် လေဟာနယ်မဟာတာအိုတို့က လင်းယွမ်အတွက် ဝေးကွာနေဆဲ ဖြစ်သည်။
အချိန်နိယာမဖြစ်စေ လေဟာနယ်နိယာမဖြစ်စေ နှစ်ခုလုံးက အဆင့်မြင့်နိယာမများဖြစ်ကြပြီး ဆဋ္ဌမအလွှာ ကျော်လွန်မသာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ လင်းယွမ်က ယခု ပဉ္စမအလွှာသာ ရှိသေးပြီး သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အချိန်နှင့် လေဟာနယ်ကို ထိတွေ့နိုင်ရုံသာ ရှိသည်။
" နိယာမတွေကို ဖွဲ့စည်းပုံအဖြစ် အသုံးပြုပြီး အခြားနိယာမတွေကို အသားအဖြစ် အသုံးပြုရင် တစ်ခုက တာအိုတစ်သောင်းကို လွှမ်းမိုးနိုင်လိမ့်မယ်။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် စာပြန်လိုက်သည်။
မဟာပညာရှင် ထိုက်အဲက သမ်းဝေနေပြီး ယခု သူ၏ သုတေသနလုပ်ငန်းက ရပ်တန့်သွားသောကြောင့် လာမည့်ဆယ်စုနှစ်အတွင်းလွတ်လပ်စွာ နေနိုင်ပြီဖြစ်သည်။
" ဟမ် စာပြန်တာလား။ " မဟာပညာရှင် ထိုက်အဲက ချက်ချင်း သတိထားမိလိုက်သည်။ သူက ဖန်တီးသူများ၏ ကမ္ဘာတွင် အမှတ်အသားပြုလုပ်ခဲ့သောကြောင့် မည်သည့်အချိန်တွင်မဆို သတိပေးချက်ရမည်ဖြစ်သည်။
" ဖွဲ့စည်းပုံ၊ အသား။ " မဟာပညာရှင်ထိုက်အဲက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ " မင်းက မင်းရဲ့ ကိုယ်ပိုင် နိယာမဖွဲ့စည်းပုံကို ဘယ်လိုတည်ဆောက်မှာလဲ။ "
ကန်လန်ကြယ်ပေါ်တွင် လင်းယွမ်က နောက်ထပ် မေးခွန်းတစ်ခုကို ရလိုက်သည်။ " ဒီလူက အဲ့ဒီမှာ ထိုင်နေတာထင်တယ်။ "
လင်းယွမ်က သတိထားပြီး ပြန်ပြောလိုက်သည်။ " ထိုက်ယင်စွမ်းအားနဲ့ ထိုက်ယန်စွမ်းအားကို ပေါင်းစပ်ပြီး တာအိုတစ်သောင်းကို လွှမ်းမိုးနိုင်တယ်။ "
" အဲ့ဒါ....သူက ကမ္ဘာတစ်ခုဖွင့်လှစ်ဖို့ စီစဉ်နေတာလား။ " မဟာပညာရှင်ထိုက်အဲက လင်းယွမ်နှင့် စကားပြောရင်း အံ့ဩနေသည်။
လင်းယွမ်က အခြားဆင့်ကဲပြောင်းလဲခြင်းပညာရှင်မဟုတ်သည်မှာ ထင်ရှားလေသည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်လာရန် လူတစ်ယောက်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနိုင်ရန် လိုအပ်လေသည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက အနည်းဆုံး အဋ္ဌမအလွှာတွင် ရှိကြလေသည်။ လင်းယွမ် သူ့ကို ပေးသော အဖြေများမှာ မှန်နေသော်လည်း အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားလေသည်။
ထိုက်ယင်နှင့် ထိုက်ယန်ကို ပေါင်းစပ်ပြီး နယ်ပယ်တစ်ခု ဖန်တီးခြင်းက ကမ္ဘာဖွင့်လှစ်ခြင်းနှင့် တူညီလှသည်။
" အံ့ဩစရာပဲ။ အဋ္ဌမအလွှာကို မရောက်ခင် ဘယ်သူ့လမ်းညွှန်မှုမှမပါဘဲ ကမ္ဘာတစ်ခုဖွင့်လှစ်ဖို့ ပြင်ဆင်ထားပြီ။ ဒီလိုအကန့်အသတ်မရှိတဲ့ အလားအလာက... " မဟာပညာရှင်ထိုက်အဲက ရေရွတ်လိုက်သည်။
" ဉာဏ်ပညာနတ်ဘုရားက သူ့ကို အနီးကပ်စောင့်ရှောက်နေတာ အံ့ဩစရာမရှိဘူးပဲ။ "
သူ့လို ဆင့်ကဲပြောင်းလဲခြင်းပညာရှင် တစ်ယောက်ပင် ဉာဏ်ပညာနတ်ဘုရား၏ စောင့်ကြည့်မှုအောက်တွင် ရှိပြီး သူ၏ လှုပ်ရှားမှုများကို ကာကွယ်တားဆီးရန်လည်း ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်သာ ရူးသွပ်သွားလျှင် ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်လေသည်။
" နောက်ထပ် မေးခွန်းနည်းနည်းမေးကြည့်ရအောင်..." မဟာပညာရှင်ထိုက်အဲက စိတ်ဝင်စားသွားပြီး ထိုကဲ့သို့ စွမ်းရည်ရှိသော ဂျူနီယာတစ်ယောက်ကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။
မဟာပညာရှင်ထိုက်အဲနှင့် လင်းယွမ်တို့က နာရီဝက်ကြာ စကားပြောနေခဲ့ကြသည်။
" ဒါ..." မဟာပညာရှင်ထိုက်အဲက အသိပညာအချို့ မျှဝေပြီးနောက် အံ့ဩနေသည်။
လင်းယွမ်က ကမ္ဘာဖွင့်လှစ်ခြင်းနည်းလမ်းများကို လုံးဝ မသိသည်ကို မဟာပညာရှင်ထိုက်အဲက တွေ့ခဲ့ရသည်။ သို့သော် သူနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က ထိုနည်းလမ်းများကို ကြောက်စရာကောင်းအောင် နားလည်လာသည်ကို တွေ့ခဲ့ရသည်။ မဟာပညာရှင်ထိုက်အဲပင် တုန်လှုပ်သွားခဲ့သည်။
" သူက ဟန်ဆောင်နေတာလား တကယ်မသိတာလား။ " မဟာပညာရှင် ထိုက်အဲက ဝေခွဲမရဖြစ်သွား၏။
လင်းယွမ်၏ စကားများအရ သူက ကမ္ဘာဖွင့်လှစ်ခြင်းအား တစ်ခါမှမကြားဖူးသည်မှာ ထင်ရှားနေသည်။ သို့သော် သူက တစ်ခါမှမကြားဖူးသော်လည်း ခနအတွင်း လျင်မြန်စွာ နားလည်သွားခဲ့သည်။
" ပါရမီရှင်ပဲ တကယ်ပြိုင်ဘက်ကင်းပါရမီရှင်ပဲ။ " မဟာပညာရှင်ထိုက်အဲက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
" အမ် သူထွက်သွားပြီလား။ " မဟာပညာရှင် ထိုက်အဲက လင်းယွမ် VR ကမ္ဘာမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း