ဖိတ်ခေါ်ခြင်း...
Vol. 10 Ch. 163
VR ကမ္ဘာ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအကယ်ဒမီ၏ ကြီးမားသော စာသင်ခန်းထဲတွင် အတန်းမစသေးသော်လည်း ထောင်ချီသော ကျောင်းသားများက ထိာင်ခုံများပေါ်တွင် ထိုင်ပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
" မင်းကြားတယ်မလား။ ဒီတစ်ခါငါတို့ကို သင်ပြပေးမယ့်လူက ကန်လန်ကြယ်ပြိုင်ပွဲရဲ့ ချန်ပီယံ လင်းယွမ်တဲ့။ "
" ဘာမှမကြားရင် ဒီကို အစောကြီးလာပါ့မလား။ "
" အဲ့ဒီလင်းယွမ်က ကန်လန်ကြယ်ရဲ့ နှစ်တစ်သောင်းသမိုင်းအတွင်းမှာ အသက်တစ်ရာအောက် စတုတ္ထအလွှာကို ရောက်နိုင်တဲ့ အသန်မာဆုံးဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်ကို ပိုင်ဆိုင်တယ်။ "
" အင်း ငါ အသက်တစ်ရာမတိုင်ခင် ဒုတိယအလွှာကိုရောက်ရင်တောင် ကျေနပ်ပါတယ်။ "
" မင်းက ဒုတိယအလွှာကို တွေးသေးတာလား။ "
ကျောင်းသားများစွာက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြသည်။ ထိုအတန်းထဲတွင် ထိုင်နေသော ကျောင်းသားများက ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအကယ်ဒမီ၏ အလားအလာရှိသူများဖြစ်ပြီး ကန်လန်ကြယ်၏ အနာဂတ်မျှော်လင့်ချက်များလည်း ဖြစ်သည်။ ယခုအချိန်တွင် သူတို့က ပါမောက္ခရောက်လာမည့်အချိန်ကို စောင့်နေကြသည်။
စင်မြင့်ပေါ်တွင် လူငယ်တစ်ယောက် ပေါ်လာသည်။ ခနအတွင်း အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားကြသည်။ အားလုံး၏ အကြည့်များက လူငယ်အပေါ်သို့ ကျရောက်နေကြသည်။
" အားလုံး မင်္ဂလာပါ။ " လင်းယွမ်က နှုတ်ဆက်လိုက်သည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်း အကယ်ဒမီ၏ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ယောက်အနေဖြင့် လင်းယွမ်က ပါမောက္ခတစ်ယောက်၏ အခွင့်ထူးများကို ခံစားခွင့်ရှိပြီး အနည်းဆုံး သင်ခန်းစာ တစ်ခုနှစ်ခုတော့ ပို့ချသင့်ပေသည်။
လင်းယွမ်က စာအုပ်ထဲမှ အကြောင်းအရာများကို နာရီဝက်ကြာအောင် ရှင်းပြလိုက်သည်။ ထို့နောက် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ကြုံတွေ့နေရသော ပြဿနာများကို ကျောင်းသားများအား မေးမြန်းလိုက်သည်။
" မစ္စတာလင်း " ဆံပင်စည်းထားသော မိန်းကလေးတစ်ယောက်က လက်ထောင်လိုက်သည်။
" မေးပါ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် မစ္စတာလင်း။ " မိန်းကလေးက အံ့ဩသွား၏။ လူများစွယက လက်ထောင်ထားကြသော်လည်း လင်းယွမ်က သူမကို ရွေးချယ်ခဲ့သည်။
" မစ္စတာလင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ ကျွန်မရဲ့ တိုးတက်မှုက..." မိန်းကလေးက သူမ၏ ပြဿနာကို စတင်ရှင်းပြလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက မတူညီသော လမ်းကြောင်းများ ရှိသောကြောင့် ကိုယ်တိုင်လေ့ကျင့်သည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောပြခြင်းက နောက်ဆက်တွဲမေးခွန်းများကို ပို၍ လွယ်ကူသွားစေသည်။
" သိုင်းတာအို ဟမ်..." လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
ယနေ့ခေတ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ကြယ်တွင် အကျော်ကြားဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
ကျောင်းသားတစ်ထောင်တွင် အနည်းဆုံး ဆယ်ပုံတစ်ပုံက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်လာကြသည်။ ထိုကျောင်းသားများက ယခုမှလေ့ကျင့်ကြသောကြောင့် အဆင့်မသတ်မှတ်ရသေးပေ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နောက်ပိုင်းမှာ ထိုက်ယင်နဲ့ ထိုက်ယန် စွမ်းအားနှစ်ခုလုံးကို နားလည်ဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပေမယ့် ကျွန်မက အဲ့ဒီစွမ်းအားနှစ်ခုကို အာရုံခံတာ အရမ်းနှေးနေတယ်။ အဲ့ဒါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျွန်မနဲ့ မသင့်တော်ဘူးလို့ ဆိုလိုတာလား။ " မိန်းကလေးက မဝံ့မရဲမေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ အခြားကျောင်းသားများကလည်း နားစွင့်လိုက်ကြသည်။ သူတို့နှင့် မသက်ဆိုင်လျှင်တောင် ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားများက အဆင့်မြင့်သော စွမ်းအားများဖြစ်သောကြောင့် သူတို့လည်း ထိုအဖြေကို သိချင်ကြလေသည်။ ဆင့်ကဲပြောင်းလဲသူ အများစုက သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးစသည့် အခြေခံ စွမ်းအားများကိုသာ နားလည်ကြလေသည်။
" အဲ့ဒီမေးခွန်းက... " လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။ သူက ဖြေရမည်ဆိုလျှင် အမှန်ကို ပြောပြနိုင်လေသည်။
သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့တွင်သာမက အရာအားလုံးတွင် ယင်နှင့်ယန်ကို ပိုင်ဆိုင်ကြသည်။ ထိုက်ယင်နှင့်ထိုက်ယန်ကို နားမလည်နိုင်လျှင်တောင် ရွှေ၏ စွမ်းအားကို ခံစားနိုင်ပြီး ရွှေစွမ်းအားကို နားလည်သွားလျှင် ၎င်းထဲမှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများကို ရှာဖွေနိုင်လေသည်။
သို့သော် ထိုအဖြေက လင်းယွမ်နှင့် အခြားပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက နားလည်နိုင်သော်လည်း အဆင့်မသတ်မှတ်ရသေးသော ကျောင်းသားအများစုကတော့ နားမလည်နိုင်ပေ။ သူတို့နားမလည်နိုင်လျှင် သူတို့က ၎င်းကို အောင်မြင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်က ၎င်းကို မပြောချင်ပေ။
" ငါလည်း အဲ့ဒီပြဿနာကို ရှာဖွေနေတုန်းပဲ။ ငါ အဖြေကို ရှာတွေ့ရင် မင်းတို့ကို ပြောပြပါမယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ကောင်းပါပြီ။ " မိန်းကလေးက ထူးဆန်းသည်ဟု မခံစားရပေ။
လင်းယွမ်၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က ကန်လန်ကြယ်တွင် အသန်မာဆုံး ဖြစ်လျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသော လူနှင့်ယှဉ်လျှင် ဝေးကွာနေဆဲ ဖြစ်သည်။ ထိုပညာရှင်က မရှင်းပြထားသော မေးခွန်းကို လင်းယွမ် မသိခြင်းက သာမန်သာ ဖြစ်သည်။
သင်ခန်းစာပြီးသောအခါ လင်းယွမ်က VR ကမ္ဘာမှ ထွက်လိုက်သည်။ မြေအောက်လေ့ကျင့်ရေးကွင်းတွင် ထိုင်ပြီး သူက ဆံပင်စည်းထားသော မိန်းကလေး၏ မေးခွန်းကို ပြန်စဉ်းစားနေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူဖန်တီးခဲ့သော လမ်းစဉ်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်အမြင်ပေါ်တွင် လုံးဝ အခြေခံထားသည်။
ပထမအလွှာ။
ဒုတိယအလွှာ ယင်ယန်ကဏ္ဍ။
တတိယအလွှာ ထိုက်ယင်နိယာမ၊ ထိုက်ယန်နိယာမ။
စတုတ္ထအလွှာ။
ပဉ္စမအလွှာ ထိုက်ယင်မူလစိတ်ဝိညာဉ်၊ ထိုက်ယန်မူလစိတ်ဝိညာဉ်၊ ထိုက်ကျိမူလစိတ်ဝိညာဉ်။
အရာအားလုံးက သူ့အပေါ်တွင် အခြေခံထားသည်။
သို့သော် လင်းယွမ်က ဘယ်သူလဲ။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး တစ်ခုမှ တစ်ရာ၊ တစ်ထောင်ထိ မြင်နိုင်လေသည်။ သူက နားလည်နိုင်သည်၊ သဘောပေါက်နိုင်သည်၊ စုပ်ယူနိုင်သည်၊ အခြားသူတွေကရော သူ့လိုလုပ်နိုင်ပါ့မလား။
ဥပမာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဒုတိယအလွှာမှ ထိုက်ယင်၊ ထိုက်ယန်၊ ထိုက်ကျိ။ သို့သော် ထိုက်ကျိကို နားလည်နိုင်ရန် မပြောနှင့် ထိုင်ယန် သို့မဟုတ် ထိုက်ယင်ကို နားလည်ရမ်ပင် အခြားသူများအတွက် ခက်ခဲနေသည်။
လုံဟုကမ္ဘာတွင် ထိုင်ယင်နှင့် ထိုက်ယန်စွမ်းအားကို နားလည်သော ကောင်းကင်သခင်များက နှစ်ပေါင်းရာချီ ပြိုင်ဘက်ကင်းခဲ့ကြသည်။ သူတို့ပင် ၎င်းကို အောင်မြင်ရန် ကျန်းဝူဓားကို မှီခိုရလေသည်။
မူလကမ္ဘာက လုံဟုကမ္ဘာထက် သာလွန်လျှင်တောင် သာမန်နိုင်ငံသားများအတွက် များပြားသော အရင်းအမြစ်များ မရှိပေ။
" ဒုတိယအလွှာက စပြီး သိုင်းတာအိုက သာမန်နိုင်ငံသားတွေနဲ့ မသက်ဆိုင်တော့ဘူး။ " လင်းယွမ်၏ အတွေးများက တုန်လှုပ်သွား၏။
လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဒုတိယအလွှာက ထိုက်ယင် သို့မဟုတ် ထိုက်ယန်ကို နားလည်ရန်ဖြစ်ပြီး ၎င်းကို နားမလည်နိုင်လျှင် ရှေ့ဆက်တိုးတက်ရန် ခက်ခဲသွားပြီဖြစ်သည်။ မရေတွက်နိုင်သော နိုင်ငံသားများက ထိုအဆင့်တွင် ရပ်တန့်သွားကြပေလိမ့်မည်။
လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သိုင်းတာအိုက အကန့်အသတ်များစွာ မရှိသင့်ပေ။ ထိုခနတွင် မရေတွက်နိဒ်သော အသိအမြင်များက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
မကြာသေးမီက ဖန်တီးသူများ၏ VR ကမ္ဘာတွင် ထိုက်ကျိအပြင် အခြားများစွာသော တာအိုများကိုလည်း ထိန်းချုပ်နိုင်ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀၀မှ ပို့စ်တင်ခဲ့သည့်လူက ရှင်းပြခဲ့သည်။
လင်းယွမ်က သိုင်းတာအိုကို ဒုတိယအလွှာမှစ၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး ထိုက်ယင် သို့မဟုတ် ထိုက်ယန် တစ်ခုတည်းကိုသာ လိုအပ်သည့် ကန့်သတ်ချက်များကို ဖယ်ရှားခဲ့သည်။
ယခုအချိန်မှ စ၍ သိုင်းတာအိုလေ့ကျင့်သူများက ထိုက်ယင် သို့မဟုတ် ထိုက်ယန်တို့တွင် ကန့်သတ်ထားခြင်း မရှိတော့ပေ။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လျှပ်စီး၊ ရေခဲနှင့် ထိုကဲ့သို့ အခြားစွမ်းအားများကိုလည်း ဆက်လက်ကျင့်ကြံနိုင်မည်ဖြစ်သည်။
ဒုတိယအလွှာမှ စတင်၍ မိမိနှင့် သင့်တော်သော လမ်းကို ရွေးချယ်ရမည်ဖြစ်ပြီး ပဉ္စမအလွှာတွင် သက်ဆိုင်ရာစွမ်းအား၏ မူလစိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်မည် ဖြစ်သည်။
ပဉ္စမအလွှာမှ မူလစိတ်ဝိညာဉ်များက ယင်မူလစိတ်ဝိညာဉ်နှင့် ယန်မူလစိတ်ဝိညာဉ်တို့သာမက ရွှေမူလစိတ်ဝိညာဉ်၊ ရေမူလစိတ်ဝိညာဉ်နှင့် သစ်သားမူလစိတ်ဝိညာဉ်များလည်း ဖြစ်နိုင်လေသည်။ အဆုံးမရှိဘဲ အရာအားလုံး ပါဝင်လေသည်။ ထိုကဲ့သို့ဖြင့် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံစေခဲ့သည်။
ဝုန်း...
သူ၏ စိတ်ဝိညာဉ်က စတင်တုန်ခါသွား၏။ သူ၏ အော်ရာက စတင်ပြောင်းလဲလာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ဖြည်းညင်းစွာ ဆက်သွယ်နေသည်။
" မမျှော်လင့်ထားမိဘူး။ "
" ဒါက ဆဋ္ဌမအလွှာကို ချိုးဖျက်ဖို့ ငါ့အတွက် အကောင်းဆုံး နည်းလမ်းပဲ။ " လင်းယွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ထိုက်ယင်နှင့်ထိုက်ယန်တို့အပေါ်တွင် ကန့်သတ်မထားတော့ဘဲ ပြည့်စုံစေခြင်းက လင်းယွမ်အတွက် ဆဋ္ဌမအလွှာကို ချိုးဖျက်ရန် အကောင်းဆုံးအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။ ထိုအခွင့်အရေးကို ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာအောင် ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။
ယခင် လင်းယွမ်ပင် ဆဋ္ဌမအလွှာကို မည်သို့ဖြတ်ကျော်ရန် တုန့်ဆိုင်းနေခဲ့သည်။ ယခုမူ အရာအားလုံးက အလွန်ရှင်းလင်းသွားခဲ့သည်။ ၎င်းက ဆဋ္ဌမအလွှာသို့ တက်ရောက်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
တစ်လကြာပြီးသောအခါ လင်းယွမ်က တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သည်။ ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ တက်ရောက်ခြင်းက အချိန်တိုအတွင်း အောင်မြင်နိုင်သော အရာတစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်က ဖြည်းညင်းစွာ အသွင်ပြောင်းလဲရန် လိုအပ်လေသည်။
" ခနအနားယူရမယ်။ " လင်းယွမ်က အနားယူရန် ဆုံးဖြတ်လိုက်သည်။
သူက သက်တမ်းကုန်ဆုံးခါနီးသော ဆင့်ကဲပြောင်းလဲသူများနှင့် မတူပေ။ သူ၏ လက်ရှိအသက်က ၂၀သါ ရှိသေးပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်လေသည်။
" ဟမ် လူတွေအများကြီးက ငါ့ကို ရှာထားကြပါလား။ " လင်းယွမ်က အချက်အလက်များကို ဖွင့်ကြည့်လိုက်သောအခါ သူဆီသို့ လူအချို့လာခဲ့ပြီး သူတံခါးပိတ် ကျင့်ကြံနေသောကြောင့် သူ၏ AI က နှောက်ယှက်ခြင်းမပြုခဲ့ပေ။ လူ ခုနှစ်ယောက် ရှစ်ယောက်က သူထွက်လာမည့်အချိန်ကို စောင့်နေကြလေသည်။
" သူတို့ကို ကြည့်ရအောင်..." လင်းယွမ်က လက်ခံလိုက်သည်။
ရွှေရောင်ဆံပင်များနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က သူ၏ ရှေ့တွင်ပေါ်လာသည်။
" ပုအန်းကြယ်နယ်မြေ ရှန်းဝမ်အဖွဲ့ ကျိုးဟီက မစ္စတာလင်းကို နှုတ်ဆက်ပါတယ်။ " ရွှေရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးက အနည်းငယ် ဦးညွှတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
" ရှန်းဝမ်အဖွဲ့..." လင်းယွမ်က ခနစဉ်းစားလိုက်သည်။
ထိုအဖွဲ့က ပုအန်းကြယ်နယ်မြေတွင် ဆဋ္ဌမအလွှာ တစ်ယောက်နှင့် ကျော်ကြားသော အဖွဲ့တစ်ခုဖြစ်သည်။ ပုအန်းကြယ်နယ်မြေက ချီခွန်ကြယ်နယ်မြေ၏ အိမ်နီးချင်းကြယ်နယ်မြေတစ်ခုဖြစ်ပြီး မကြာခန ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကြလေသည်။
" ပြောပါ ဘာကိစ္စလဲ။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
" ကျုပ်တို့ ရှန်းဝမ်အဖွဲ့က မစ္စတာလင်းကို လာမယ့်ပြိုင်ပွဲအတွက် အဖွဲ့ဝင်တစ်ယောက်အဖြစ် ဖိတ်ခေါ်ချင်လို့ပါ။ မစ္စတာလင်းသာ သဘောတူရင် အခြေအနေတွေက မစ္စတာလင်းအပေါ် မူတည်ပါတယ်။ " ကျိုးဟီက ပြောလိုက်သည်။
" ခင်ဗျားဆိုလိုတာ ကျုပ်က ခင်ဗျားတို့အဖွဲ့ထဲဝင်ပြီး လာမယ့်ပြိုင်ပွဲကို ဝင်ပြိုင်ရမှာလား။ " လင်းယွမ်က ကျိုးဟီကို ကြည့်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း