စိတ်ဝိညာဉ်ပေါင်းစည်းခြင်း....
Vol. 10 Ch. 164
" အမှန်ပဲ။ မစ္စတာလင်းရဲ့ ပါရမီစွမ်းရည်နဲ့ဆို ကန်လန်ကြယ်က အရမ်းသေးငယ်တယ်။ "
" အလယ်အဆင့် ဂြိုလ်တစ်ခုပဲ။ ကျုပ်တို့ ရှန်းဝမ်အဖွဲ့မှာ ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူလည်း ရှိတယ်။ အဲ့ဒါမှ မစ္စတာလင်းနဲ့ သင့်တော်တာ။ ပြီးတော့ အရှင်ရှန်းဝမ်ကလည်း မစ္စတာလင်းအပေါ် မျှော်လင့်ချက်ထားပြီး အနာဂတ်မှာ လမ်းညွှန်မှုအချို့တောင် ပေးနိုင်လိမ့်မယ်။ " ရွှေရောင်ဆံပင်နှင့် ကျိုးဟီက ပြုံး၍ ပြောလိုက်သည်။
အရှင်ရှန်းဝမ် ရှန်းဝမ်အဖွဲ့၏ နောက်မှ ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့်။ ဆဋ္ဌမအလွှာတစ်ယောက်၏ လမ်းညွှန်မှုက ဆင့်ကဲပြောင်းလဲသူများအတွက် မဟာအခွင့်အရေးတစ်ခုပင် ဖြစ်သည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ကြယ်များကို ဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ပြီး သူတို့၏ လမ်းညွှန်မှုအနည်းငယ်က စတုတ္ထအလွှာနှင့် ပဉ္စမအလွှာများကို ဉာဏ်အလင်းပွင့်သွားစေနိုင်လေသည်။ လင်းယွမ်က ထိုအခြေအနေအား ငြင်းပယ်ရန် ခက်ခဲမည်ကို ကျိုးဟီက ယုံကြည်လေသည်။
လင်းယွမ်က ထူးခြားသော စွမ်းရည်ဖြင့် အသက်တစ်ရာအောက်တွင် စတုတ္ထအလွှာသို့ ရောက်နေခဲ့ပြီး အနာဂတ်တွင် ပဉ္စမအလွှာသို့ ရောက်မည်မှာ သေချာလေသည်။ သို့သော် ဆဋ္ဌမအလွှာကို ရောက်ရှိရန် ဝေးကွာသော မျှော်လင့်ချက်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ လမ်းညွှန်မှုက လက်လွှတ်မခံသင့်သော အခွင့်အရေးတစ်ခု ဖြစ်၏။
" စိတ်မကောင်းပါဘူး။ ကျုပ် အခြားအဖွဲ့တွေထဲဝင်ဖို့ စိတ်မဝင်စားသေးဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။
ဘယ်လိုဟာသမျိုးလဲ။ ရွှေရောင်ဆံပင်နှင့် ကျိုးဟီ၏ ပြောပြချက်အရ ရှန်းဝမ်အဖွဲ့သို့ ဝင်ရန် စာချုပ်များစွာ ချုပ်ဆိုရန် လိုအပ်လေသည်။ လင်းယွမ်က သူတို့၏ ဌာနချုပ်သို့ သွားရန်ပင် လိုအပ်လေသည်။ သူက ထိုအဖွဲ့သို့ ဝင်လျှင် အခြားကြယ်နယ်မြေများနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရပေလိမ့်မည်။
ကျိုးဟီ၏ ကမ်းလှမ်းမှုများက သာမန် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများကို ဆွဲဆောင်နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် လင်းယွမ်က ဘယ်သူလဲ။
လင်းယွမ်က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်ဖြစ်ပြီး အင်ပါယာတစ်ခု၏ မင်းသားတစ်ပါးနှင့်ပင် တူလေသည်။
" မစ္စတာလင်း ပြန်မစဉ်းစားတော့ဘူးလား။ " ကျိုးဟီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ရှန်းဝမ်အဖွဲ့က ချီခွန်ကြယ်နယ်မြေမှ မဟုတ်သော်လည်း ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူ ဦးဆောင်သော အဖွဲ့တစ်ခု ဖြစ်လေသည်။ လင်းယွမ်က အခြားရွေးချယ်စရာများ ရှိသောကြောင့် ရှန်းဝမ်အဖွဲ့သို့ မဝင်ရောက်ခဲ့လျှင်တောင် ပြတ်ပြတ်သားသား ငြင်းဆန်ရန် မလိုအပ်ပေ။
" ကျုပ်ပြောသလိုပဲ ကျုပ်စိတ်မဝင်စားဘူး။ ထပ်ပြီးစဉ်းစားမှာလည်း မဟုတ်ဘူး။ " လင်းယွမ်က သူး ခေါင်းကို ခါလိုက်သည်။ သူ၏ လက်ရှိပန်းတိုင်က ဆဋ္ဌမအလွှာသို့ အမြန်ဆုံး ဝင်ရောက်ရန် ဖြစ်သည်။
" ကောင်းပါပြီ။ အရှင်ရှန်းဝမ်က ဒါကို သိရင် စိတ်မကောင်းဖြစ်သွားမှာပဲ။ " ကျိုးဟီက ခါးသီးသော အမူအရာနှင့် ထွက်သွားရန် ပြင်လိုက်သည်။
" မင်းရဲ့ အရှင် ရှန်းဝမ်က ဒီကိုလာပြီး ငါ့ကို ပြဿနာရှာမလို့လား။ " လင်းယွမ်က ပြောလိုက်သည်။
စကြာဝဠာလူသားမဟာမိတ်တွင် ဥပဒေများက တင်းကျပ်ပြီး ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပို၍ စွမ်းအားကောင်းလေ ကန့်သတ်ချက်များ ပို၍ များလေ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များပင် စိတ်ရှိသလို မလှုပ်ရှားနိုင်ဘဲ ဆဋ္ဌမအလွှာကို ပြောရန်ပင် မလိုပေ။
ထိုအရှင်ရှန်းဝမ်က ကန်လန်ကြယ်သို့ လာပြီး လင်းယွမ်ကို ပြဿနာရှာရဲလျှင် သူက ဉာဏ်ပညာနတ်ဘုရားကို တင်ပြလိုက်ရုံသာ ဖြစ်သည်။ သို့သော် အရှင်ရှန်းဝမ်က လာမည်မဟုတ်သည်ကို လင်းယွမ်က သိလေသည်။
" မစ္စတာလင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချောမွေ့နေဖို့ မျှော်လင့်ပါတယ်။ " ရွှေရောင်ဆံပင်နှင့် ကျိုးဟီက လင်းယွမ်ကို ပြောလိုက်သည်။
" ထွက်သွား..." လင်းယွမ်က ကျိုးဟီကို တိုက်ရိုက်နှင်ထုတ်လိုက်သည်။
လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်လျှင် ချီခွန်မျိုးနွယ်၏ ၁၃ယောက်မြောက် တောင်ထိပ်သခင်ဖြစ်သော သူ၏ အဆင့်အတန်းကို ဖော်ပြနိုင်ပြီဖြစ်သည်။ ထိုအချိန်တွင် ရှန်းဝမ်အဖွဲ့ကဲ့သို့ အင်အားစုလေးများက လင်းယွမ်ကို မော့ကြည့်ရပေလိမ့်မည်။
လင်းယွမ်က သစ်သားထိုင်ခုံပေါ်တွင် ထိုင်နေသည်။
" အာရီနာပြိုင်ပွဲတွေ..." လင်းယွမ်က စဉ်းစားလိုက်သည်။
အာရီနာပြိုင်ပွဲများက စကြာဝဠာလူသားမဟာမိတ်တွင် အကျော်ကြားဆုံးထဲမှ တစ်ခုဖြစ်သည်။ ကျော်ကြားပြီး အာရုံစူးစိုက်မှုခံရသောကြောင့် ငွေကြေးအလားအလာများလည်း များစွာ ဖြစ်ပေါ်လာသည်။
ရှန်းဝမ်အဖွဲ့ သို့မဟုတ် အခြားအဖွဲ့က အာရီနာပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ဘာကြောင်း အထူးတလည်ဖွဲ့စည်းထားတာလဲ။ ဂုဏ်သိက္ခာအတွက်လား။ မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြိုင်ပွဲတွင် ပါဝင်ပြီး အဆင့်တစ်ရာ သို့မဟုတ် အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်ပါက မလွဲမသွေ အာရုံစိုက်ခံရပေလိမ့်မည်။
ထို့နောက် သူတို့က ကြော်ညာတစ်ခုခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ တံဆိပ်ကို သူတို့၏ အင်္ကျီများပေါ်တွင် ရေးထိုးထားခြင်းဖြင့် ပိုက်ဆံများ ရှာဖွေနိုင်မည်ဖြစ်သည်။ ကြော်ညာဖြင့် ငွေရှာခြင်းက အသုံးအများဆုံး နည်းလမ်းတစ်ခုသာ ဖြစ်သည်။
အာရီနာပြိုင်ပွဲတိုင်းတွင် လောင်းကစားစျေးကွက်ကိုလည်း ထည့်သွင်းထားသည်။ ပြိုင်ပွဲမစမှီ ကိုယ်ယုံကြည်သော ပြိုင်ပွဲဝင်တစ်ယောက်ကို ရွေးချယ်ပြီး လောင်းကြေးထပ်နိုင်လေသည်။ အနိုင်ရရှိပါက ဆုကြေးငွေများ ရရှိပေလိမ့်မည်။
တရားမျှတမှုရှိစေရန် ဉာဏ်ပညာနတ်ဘုရား၏ စိစစ်မှုအောက်တွင် လုပ်ကြံဖန်တီးထားသော ပွဲများကို ကန့်သတ်ထားလေသည်။
ထို့ကြောင့် အဓိကအင်အားစုများနှင့် ငွေကြေးအာဏာရှိသူများက မထင်မရှားရှိသော အလယ်အဆင့်ဂြိုလ်များမှ အလားအလာရှိသော ဆင့်ကဲပြောင်းလဲသူများကို ရှာဖွေပြီး ကြယ်စနစ်နှင့် ကြယ်နယ်မြေအဆင့် အာရီနာပြိုင်ပွဲများတွင် ပါဝင်ရန် ထောက်ပံ့ပေးကြလေသည်။
စနစ်တကျလေ့ကျင့်မှုမရှိဘဲ အလားအလာရှိသော ဆင့်ကဲပြောင်းလဲသူများက အဓိကအင်အားစုများ၏ ထောက်ပံ့မှုကို ရရှိသောအခါ လျင်မြန်စွာ တိုးတက်လာကြပေလိမ့်မည်။ ကြယ်နယ်မြေအဆင့် ပြိုင်ပွဲများတွင် သူတို့က မြင်းနက်များ ဖြစ်လာကြပေလိမ့်မည်။
နိုင်ငံသားအများစုက ပြိုင်ပွဲတွင် ဆယ်ပွဲ၊ ပွဲနှစ်ဆယ် အနိုင်ရရှိသော ကျော်ကြားသည့်လူများကိုသာ လောင်းကြေထပ်ကြပေလိမ့်မည်။
ပြိုင်ပွဲတွင် အမြတ်အစွန်းများရရှိရန် နည်းလမ်းအမျိုးမျိုးရှိပြီး ရေရှည်အရှိဆုံးမှာ ပရိတ်သတ်များကို စုစည်းပြီး ကြယ်ပွင့်ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ စကြာဝဠာလူသားမဟာမိတ်တွင် ထိပ်တန်းကြယ်ပွင့် ဆင့်ကဲပြောင်းလဲသူများက မရေတွက်နိုင်သော ပရိတ်သတ်များစွာ ရှိပြီး သူတို့၏ လုပ်ဆောင်မှုတိုင်းက လွှမ်းမိုးနိုင်စွမ်း ကြီးမားလေသည်။
" ဒါဆို အဲ့ဒီအဖွဲ့တွေရဲ့ မျက်လုံးထဲမှာ ငါက မြင်းနင်အဖြစ် အရည်အချင်းပြည့်မှီနေပြီပေါ့။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး ခေါင်းခါလိုက်သည်။
လင်းယွမ်က ယခင်ပြိုင်ပွဲများတွင် သူ၏ စတုတ္ထအလွှာ ခွန်အားကိုသာ ပြသခဲ့သည်။ အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများက အဆင့်မြင့်ဂြိုလ်များတွင်ပင် အနည်းငယ်သာ တွေ့ရလေသည်။
သို့သော် ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့်ဂြိုလ်ပေါ်တွင် တစ်ယောက် ထွက်ပေါ်လာရန် နှစ်တစ်ထောင် နှစ်တစ်သောင်း ကြာမြင့်လေသည်။ အလယ်အဆင့်ဂြိုလ်များ၏ ကျင့်ကြံမှု၊ ပညာရေးနှင့် အရင်းအမြစ်များ၏ အဆင့်အတန်းက အဆင့်မြင့်အသက်ဂြိုလ်များထက် များစွာ နိမ့်ကျလေသည်။
ထိုသို့သော် ပတ်ဝန်းကျင်တွင် စတုတ္ထအလွှာသို့ ရောက်ခြင်းက ကံကောင်းခြင်းကြောင့်ဖြစ်လျှင်တောင် အဆင့်မြင့်ဂြိုလ်များပေါ်မှ ထိပ်တန်းဆင့်ကဲပြောင်းလဲသူများထက် အားနည်းနည်မဟုတ်ပေ။ ၎င်းက လင်းယွမ်ကို ရှန်းဝမ်အဖွဲ့က သတိထားမိပြီး ဖိတ်ခေါ်ရသည့် အကြောင်းရင်း ဖြစ်သည်။
" အဓိကအဖွဲ့တွေရဲ့ ဖိတ်ခေါ်မှုက ဆင့်ကဲပြောင်းလဲသူတွေကို နှောက်ယှက်နိုင်ပေမယ့် သူတို့ကိုလည်း ထောက်ပံ့ပေးတာဖြစ်လို့ ဉာဏ်ပညာနတ်ဘုရားက ဒီကိစ္စကို မျက်ကွယ်ပြုထားတာပဲ။ "
" လူသားမျိုးနွယ်ရဲ့ ဥပဒေတွေနဲ့ ကန့်သတ်ထားတဲ့ အဲ့ဒီအဖွဲ့တွေက ပါရမီရှင်တွေနဲ့ စာချုပ်ချုပ်ရင်တောင် တောင်းဆိုမှုတွေက လွန်ကဲမှာမဟုတ်ဘူး။ စာချုပ်ကို ဖောက်ဖျက်ရင်တောင် ပြစ်ဒဏ်တွေက မပြင်းထန်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အကျိုးအမြတ်ရှိလျှင် ပေးဆပ်မှုက ရှိပေလိမ့်မည်။ ၎င်းက ရေးသားမထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။
" ငါ့ရဲ့ စိတ်ဝိညာဉ်ပေါင်းစည်းမှုက..." လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
" အဲ့ဒါ ၁၀ ရာခိုင်နှုန်းပြည့်သွားပြီပဲ။ ဒီနှုန်းအတိုင်းဆို ငါ အများဆုံး နှစ်နှစ်အတွင်း ဆဋ္ဌမအလွှာကို တရားဝင် ဝင်ရောက်သွားလိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
ဆဋ္ဌမအလွှာက ဆင့်ကဲပြောင်းလဲသူများအတွက် အရေးပါသော အဆင့်တစ်ခု ဖြစ်၏။ ဆဋ္ဌမအလွှာအောက်တွင် မည်မျှသန်မာသည်ဖြစ်စေ ရှင်သန်နိုင်ရန် ဂြိုလ်တစ်ခု၏ ပတ်ဝန်းကျင်လိုအပ်လေသည်။
သူတို့က ဂြိုလ်ပြင်သို့ ထွက်ပြီး အာကာသထဲသို့ ရောက်သွားသည်နှင့် သူတို့က အသက်ရှင်ရန် ခက်ခဲလေသည်။ သို့သော် ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် ကြယ်စကြာဝဠာထဲတွင် သွားလာနိုင်ပြီး သူတို့၏ ခွန်အားဆိုင်ရာ အရည်အသွေးပြောင်းလဲသော အဆင့်တစ်ခု ဖြစ်သည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက လုပ်ကြံရန် ခက်ခဲပြီး မိမိကိုယ် ကာကွယ်နိုင်စွမ်းရှိသောကြောင့် လင်းယွမ်က သူ၏ အဆင့်အတန်းဖြစ်သော ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် အဆင့်အတန်းကို ဖော်ပြရန် ဆဋ္ဌမအလွှာသို့ ရောက်ရန် လိုအပ်ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဆဋ္ဌမအလွှာကို လုပ်ကြံရန် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်နီးပါးကို စတေးရန် လိုအပ်သောကြောင့် မျိုးနွယ်ခြားများက မလိုအပ်ဘဲ ဆဋ္ဌမအလွှာများကို လုပ်ကြံရန် မကြိုးစားကြပေ။ ထို့အပြင် ဆဋ္ဌမအလွှာကို သတ်ဖြတ်နိုင်ရန် အာမခံချက်မရှိပေ။
" စိတ်ဝိညာဉ်ပေါင်းစည်းမှုရဲ့ အမြန်နှုန်းက မတည်ငြိမ်သေးဘူး။ အစပိုင်းမှာ မြန်ပြီး နောက်ပိုင်းမှာ နှေးသွားနိုင်တယ်။ ဒါမှမဟုတ် အစပိုင်းမှာ နှေးပြီး နောက်ပိုင်းမှာ မြန်နိုင်တယ်။ "
" ငါ့ရဲ့ လက်ရှိအသွင်ပြောင်းမှုက ပုံမှန်ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
" ဒါပေမယ့် စိတ်ဝိညာဉ်ပေါင်းစည်းမှုက ဆယ်ပုံတစ်ပုံမပြည့်ခင် တခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲနိုင်တယ်။ "
ဆဋ္ဌမအလွှာကို တက်လှမ်းပြီးနောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲလျှင် ပေးဆပ်မှုက ကြီးမားလာပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် လင်းယွမ်က ပဉ္စမအလွှာတွင်သာ ရှိသည်ဟု ပြောနိုင်လေသည်။
" ငါ နားလည်ထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေထဲမှာ အစွမ်းထက်ဆုံးက ရွှမ်ဟွမ်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ ငါသာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းရဲ့ ဦးတည်ချက်အတွက် အဲ့ဒါကို အသုံးပြုခဲ့ရင်...."
လင်းယွမ်က ခနစဉ်းစားပြီးနောက် ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ရွှမ်ဟွမ်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သန်မာလျှင်တောင် လင်းယွမ်ဖန်တီးထားခြင်းမဟုတ်ပေ။ ၎င်းကို အခြေခံဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဖြစ် အသုံးပြုလျှင် အချိန်တိုအတွင်း အကျိုးအမြတ်များ ရရှိနိုင်သော်လည်း ရေရှည်အတွက် တိုးတက်မှုက နှေးကွေးသွားပေလိမ့်မည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း