အမှန်ကိုလူတွေမယုံကြ! လူ့အဖွဲ့အစည်းက ပျက်ယွင်းနေပြီ! ၂
Vol. 52 Ch. 766
ဒီဘက်ခေတ်တွင် အချိန်တိုအတွင်း ကိုယ့်လက်ကိုယ့်ခြေနှင့်အောင်မြင်ဖို့မဖြစ်နိုင်သောကြောင့်ပင်။
တစ်ခုတော့သေချာသွားပြီ။ ချင်းလင်စံအိမ်ပိုင်ရှင်က အမှန်တကယ်သုညမှစခဲ့သည်။
ထို့ကြောင့် အရွယ်ရနေပြီဖြစ်သောကျူးဝေမှာ မအံ့ဩဘဲမနေနိုင်။
ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ချင်းလင်ဓာတ်ခွဲခန်း၊ချင်းလင်စံအိမ်နဲ့ချင်းလင်အစားအသောက်ကုမ္ပဏီကို အချိန်တိုအတွင်း သုညကနေဖန်ဆင်းခဲ့တာ။
ဘယ်လောက်အံ့ဩစရာကောင်းလိုက်လဲ?
TV ဇာတ်လမ်း၊ရုပ်ရှင်များတွင် ဒဏ္ဍာရီတောင်ဖြစ်နိုင်သည်။ သူဌေးအကြောင်းမသိရင်တော့ TV ဇာတ်လမ်း၊ရုပ်ရှင်တွေ ဝေဖန်ခံရလိမ့်မည်။
ဘယ်သူမှမယုံရဲသောကြောင့်ပင်။
ဒါရိုက်တာတောင် ဦးနှောက်မရှိသူဟုနာမည်ကြီးသွားလိမ့်မည်။ ဇာတ်လမ်းကိုယုတ္တိရှိရှိမရိုက်နိုင်ဘူးလားပြောကြဦးမည်။
ကျူးဝေလည်း ရတနာသေတ္တာနားကပ်သွားသည်။ သူအံ့ဩနေသော်လည်း အကဲဖြတ်ဖို့မမေ့။ ဒီတစ်ခေါက်သူလာတာ လက်ဝတ်ရတနာအကဲဖြတ်ဖို့။
"သူဌေးချင်... ဒါကျောက်စိမ်းဘုရင်နဲ့အလှသွေးကျောက်လား?''
ကျူးဝေက ကျောက်စိမ်းဘုရင်လက်ကောက်နှင့်အလှသွေးကျောက်ဆွဲသီးကိုခဏကြည့်လိုက်သည်။ သူကအဖြေသိပြီးဖြစ်သော်လည်း မေးလိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်ရှိတဲ့ကျောက်မျက်နှစ်ခုကိုတပြိုင်တည်းတွေ့ရတာ ဒါပထမဆုံးမလား?
"ဟုတ်တယ်!''
ချင်လင်လည်း ခေါင်းညိမ့်အတည်ပြုလိုက်သည်။
ကျူးဝေက ရေရွတ်လိုက်သည်_
"ကျောက်စိမ်းဘုရင်လက်ကောက်နဲ့အလှသွေးကျောက်ဆွဲသီးနှစ်ခုလုံးက ရေခဲအဆင့်ပဲ... ဒီအဆင့်ရှိတဲ့ကျောက်မျက်မျိုးကို စျေးကွက်တန်ဖိုးဖြတ်ဖို့ခက်တယ်... ဒီကျောက်မျက်အဆင့်နဲ့လက်ရာသေသပ်ပုံအရ လက်ဝတ်ရတနာနှစ်ခုလုံးက ယွမ်သန်း ၃၀ အထက်မှာရှိတယ်လို့ပဲကျုပ်ပြောနိုင်မယ်''
ချင်လင်တောင် တန်ဖိုးကိုအံ့ဩသွားသည်။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်က စိုက်ပျိုးရေးဂိမ်းမဟုတ်ဘဲ သတ္တုတူးဖော်ရေးဂိမ်းဖြစ်လာပြီ။ သူတူးရင်းတူးရင်း ကံတက်လာတော့မည်။
သို့သော် စိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်လျှင် သတ္တုတူးဖော်ရေးက အလွန်အန္တရာယ်များပြီး အာမခံချက်လည်းမရှိပေ။
ကျူးချင်က အဘိုးဖြစ်သူ၏စကားကြောင့် ပါးစပ်ကိုလက်နှင့်အုပ်လိုက်မိသည်။
သန်း ၃၀ တန်လက်ကောက်နဲ့ဆွဲသီးကိုဆွဲလိုက်ရရင် ဘယ်လိုများနေမလဲ?
ဒါ ၉၉.၉၉% သောမိန်းကလေးတွေ စိတ်ကူးသာယဉ်နိုင်သောအရာဖြစ်မည်။
ကျူးဝေကအချိန်ယူပြီး တခြားလက်ဝတ်ရတနာများကိုအကဲဖြတ်လိုက်သည်။ ဒီလိုအဆင့်မြင့်ကျောက်စိမ်းကြည်တန်ဖိုးကလည်း မနည်း၊ အားလုံးယွမ်သုံးလေးသန်းကျော်တန်ဖိုးရှိသည်။
သာမန်ကျောက်မျက်များကလည်း တစ်ခုမှယွမ် ၅၀၀၀၀ အောက်မလျော့။ ကျောက်မျက်ဘယ်လောက်များများ ကျောက်စိမ်းဘုရင်နဲ့အလှသွေးကျောက်လိုအဆင်မြင့်ကျောက်မျက်များနှင့်မယှဉ်သာပေ။
လက်ဝတ်ရတနာများကိုအကဲဖြတ်ပြီးနောက် ကျူးဝေနည်းနည်းနွမ်းလျသွားသည်။ ဘာပဲဖြစ်ဖြစ် သူကအရွယ်ရပြီ။ ထို့ကြောင့် ချင်လင်လည်းအကဲဖြတ်ခပေးပြီးနောက် လူကြီးကိုဖိတ်လိုက်သည်_
"အဘိုး... ထမင်းစားသွားပါလား!''
ချင်းလင်ကုမ္ပဏီသူဌေးကဧည့်ခံရင် ဘယ်သူမှငြင်းမည်မဟုတ်။
ကျူးဝေလည်းအတူတူပင်။ ဂုဏ်ရှိသလိုတောင် ခံစားရသည်။
ချင်လင်က လူကြီးအတွက်အကြီးအကဲစားပွဲပြင်ပေးရန် ဆရာလင်းကိုမှာလိုက်သည်။
အကြီးအကဲစားပွဲကိုမြေးအဘိုးနှစ်ယောက်သား မြိန်ရေယှက်ရေစားကြသည်။ နောက်ဆုံးတော့ အကြီးအကဲစားပွဲက ဘာလို့ဒီလောက်စျေးကြီးမှန်း သူတို့သဘောပေါက်ပြီ။
တစ်ခါစားပြီးမေ့နိုင်မည်မဟုတ်သောအရာပင်။
အခုတော့ ချင်းလင်အပန်းဖြေစံအိမ်မှာတစ်လလောက်အားဖြည့်ရမလား သူစဉ်းစားနေပြီ။
ကျူးချင်က လျှာကိုက်မိမတတ် ခပ်သွက်သွက်စားပစ်သည်။
အရသာရှိလွန်းသောကြောင့်ပင်။
ကျောက်စိမ်းမျှော်စင်ပြီးနောက် လူကြီးကအတော်ငြိမ်နေသည်။ ဘာပဲဖြစ်ဖြစ် သူကအရွယ်လည်းရပြီ။
ကျူးချင်ကတော့ စိတ်ကစားတဲ့အရွယ်။ ချင်းလင်ကုမ္ပဏီသူဌေးရဲ့မျက်နှာနဲ့ယွမ်သန်း ၃၀ ကျော်ကျောက်မျက်နှစ်ခုကိုမြင်ခဲ့၍ ဒီအကြောင်း သူများကိုပြောပြီး အံ့ဩတဲ့ပုံတွေ့ရမှဖြစ်မည်။
ဖြစ်ချင်တော့ အဖွဲ့ထဲမှတစ်ယောက်က ချင်းလင်ကုမ္ပဏီသူဌေးအကြောင်းပြောလာသည်။
သူမကချက်ချင်းစာပို့လိုက်သည်:
"ငါဒီနေ့ ချင်းလင်ကုမ္ပဏီသူဌေးနဲ့တွေ့ခဲ့တာ... ငယ်ငယ်ချောချောလေး... နင်သူ့ကိုလုံးဝခန့်မှန်းနိုင်မှာမဟုတ်ဘူး ချန်ချန်''
သူမကမသိသိချင်အောင် တမင်လုပ်လိုက်သည်။ ချင်းလင်ကုမ္ပဏီသူဌေးက အင်တာနက်ဆယ်လီရှောင်ချင်မှန်းသိရင် သူတို့အံ့အားသင့်ကုန်လိမ့်မည်။
သို့သော် အဖွဲ့ထဲကဘယ်သူမှ သူမထင်သလိုဖြစ်မလာ။ ပြန်စာများမှာ:
"လာပြန်ပြီနောက်တစ်ယောက်... ချင်းလင်စံအိမ်ပိုင်ရှင်က အသက် ၄၀... ဒါပေမဲ့ ဘယ်သူမှမတွေ့ဖူးဆိုတာ အားလုံးအသိ''
ငါးကြင်းတံတား ID နှင့်တစ်ယောက်ကချက်ချင်းထေ့ငေါ့ပြီး အသက် ၄၀ လူကြီးတစ်ယောက်ပုံတောင်ပြသည်။
ချင်းလင်စံအိမ်ပိုင်ရှင်ကို အင်တာနက်ပေါ်တွင် ဒီလိုပဲအသိအမှတ်ပြုထားကြသည်။
စိမ့်ရှဲ့ဆိုသောလူကရွဲ့ပြန်သည်_
"ငယ်တယ်.. အရမ်းငယ်.. အရမ်းခန့်... သူ့အရွယ်နဲ့သူဌေးပုံ လိုက်မှလိုက်''
ကျူးချင်နည်းနည်းစိတ်ရှုပ်သွားသည်။
သူမက ခန္တီမယ်တော်လုပ်ဖို့ဆုပန်ထားတာမလို့လား?
ချင်းလင်ကုမ္ပဏီသူဌေးက သူတို့မြေးအဘိုးကို အကြီးအကဲစားပွဲနဲ့ဧည့်ခံလိုက်တယ်ဟုပြောမည်အပြုတွင် 'အတွေးထဲစီးဆင်းခြင်း' အဖွဲ့ထဲမှတစ်ယောက်က အရင်ပြောလာသည်_
"ဟား ဟား... ဒီနေ့လယ်တောင် ချင်းလင်ကုမ္ပဏီသူဌေးက ငါ့ကိုဖိတ်ထားသေးတယ်... ငယ်သလား ချောသလားတော့မသိ''
လူတွေကစပြီး ပြက်ရယ်ပြုတော့သည်။
"ငါသက်သေပြနိုင်တယ်''
ခရမ်းရောင်နှင်းကပြောသည်_
"ငါလည်းအဲမှာရှိတယ်... ချင်းလင်ကုမ္ပဏီသူဌေးကိုယ်တိုင်စီစဉ်ပေးတာ''
လွန်ခဲ့သောည: ''ငါလည်းရှိတာပဲ... ချင်းလင်ကုမ္ပဏီသူဌေးက ငါ့ကိုဂုဏ်ပြုတာ... ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့!''
"အင်း... ငါသက်သေပြလို့ရတယ်... ငါကသူဌေးကိုဝန်ဆောင်မှုပေးတဲ့စားပွဲထိုးလေ!''
အဖွဲ့ထဲမှမှတ်ချက်များကြောင့် ကျူးချင်ဒေါသထွက်လာပြီး ဖုန်းတောင်ပေါက်ခွဲပစ်ချင်သည်။
ဒီကောင်တွေက ဘာလဲ?
သူပြောတာ အကုန်အမှန်တွေလေ။
နောက်ဆုံးတော့ 'အများညီ'ဤ'က 'ကျွဲ'ဖြစ်' ဆိုသောစကားကိုသဘောပေါက်လိုက်ပြီ။ နောက်ပြီး အများကအနည်းကိုမယုံကြ။
ပြီးတော့ အင်တာနက်ပေါ်ကအသက် ၄၀ အရွယ်ပုံကြီးကို ဘယ်ကောင်တင်လိုက်တာလဲ?
ဒီလောက်ငယ်ငယ်ချောချောလေးကို အဘိုးကြီးတဲ့။
…