Chapters

အမှန်ကိုလူတွေမယုံကြ! လူ့အဖွဲ့အစည်းက ပျက်ယွင်းနေပြီ! ၃

Vol. 52 Ch. 767

အမှန်ကိုလူတွေမယုံကြ! လူ့အဖွဲ့အစည်းက ပျက်ယွင်းနေပြီ! ၃

Vol. 52 Ch. 767

ချင်းလင်အပန်းဖြေစံအိမ်_

သို့ရာတွင် လင်းဖန်ကချင်ရွှေ့ကန်းခေါ်ပြီး ချင်လင်ရုံးခန်းထဲရောက်လာသည်။ ချင်လင်နဲ့ကျောက်မိုချင်းအခမ်းအနားပြီးတဲ့အထိ သူကူညီပေးရမည်။

"ရှောင်လင်... မင်းအမေက ငါ့ကိုမွေးသက္ကရာဇ်ပေးထားပြီ... ငါနေ့ကောင်းရက်သာရွေးခိုင်းထားမယ်''

ချင်ရွှေ့ကန်းက သူ့ကိုမြင်မြင်ချင်းပြောသည်_

"မင်းအမေနဲ့ငါက လက်ဆောင်စာရင်းပြင်ထားမယ်... အရင်ဆုံး ပဏာမအနေနဲ့ ငါ့ကိုရွှေစ ၅ စပေးရုံပဲ... ပြီးရင် ခန်းဝင်ပစ္စည်းစာရင်းကို မင်းအမေနဲ့ငါတိုင်ပင်မယ်... အချိန်ကျရင် ကျောက်မိသားစုကိုပို့တာပေါ့''

တင်တောင်းရာတွင် သတို့သားမိသားစုက သတို့သမီးအိမ်သွားပြီး ခန်းဝင်ပစ္စည်းကိစ္စဆွေးနွေးရန်လိုသည်။ ထိုအချိန်တွင် ရွှေစ ၅ စတန်ဖိုးအပြင် ခန်းဝင်ပစ္စည်းအရေအတွက်စသည်ပါသောစာရင်းနှင့်သွားရသည်။

သတို့သမီးဘက်ကကျေနပ်လျှင်လက်ခံပြီး နေ့ကောင်းရက်သာရွေးရသည်။

ပုံမှန်အတိုင်းဆို သတို့သမီးဘက်ကအဆင်သင့်လက်ခံတာရှားသည်။ ယခုအထိ အခြေအနေတစ်ခုကရှိနေမြဲ:

သတို့သမီးဘက်ကပိုရချင်၊ သတို့သားဘက်ကလျော့ပေးချင်။

ထို့ကြောင့် မော်ဒန်ခေတ်တွင် ခန်းဝင်ပစ္စည်းကြောင့်ပြတ်စဲရသောအတွဲများ ပိုများလာသည်။

အရင်က စာရင်းအင်းအင်တာဗျူးတဲ့ပျင်းစရာအစီအစဉ်တစ်ခုရှိတယ်ဟုတ်? လက်ကျန်သတို့သား၊သတို့သမီး ၁၀ ယောက်ရှိရင် အိမ်ထောင်ဖက်လုံးဝမရှာနိုင်သူများမှလွဲ၍ အများစုက ခန်းဝင်ပစ္စည်းကြောင့်ခွာပြဲရသည်။

သတို့သမီးဘက်က သမီးဖြစ်သူကိုတန်ဖိုးကြီးစေချင်သည်။ မိတ်ဆွေရဲ့သမီးက ယွမ် ၃၀၀၀၀၀ ရပြီး ကိုယ့်သမီးက ယွမ် ၈၈၈၀၀ ပဲရရင် လုံးဝကျေနပ်မည်မဟုတ်။ အပြင်ထွက်ရင်မျက်နှာငယ်ရမည်။

သတို့သားဘက်ကမူ ငွေကုန်ကြေးကျမခံဘဲ မိန်းမယူနိုင်သည်ဟုတွေးကြသည်။

အထူးသဖြင့် မိတ်ဆွေရဲ့သားက ယွမ် ၈၈၈၀၀ နဲ့ မိန်းမရသွားပြီး သူတို့မိသားစုက ယွမ် ၃၀၀၀၀၀ တောင်သုံးလိုက်ရမှန်းသိရင် စိတ်မချမ်းမသာဖြစ်ကြလိမ့်မည်။

ထို့ကြောင့် ခန်းဝင်ပစ္စည်းအများစုခွဲပြီး သား၊သမီးအရွယ်ရောက်ရင်ထွက်ခွာသွားမှာစိုးရိမ်သည်။

ယနေ့ခေတ်တွင် ခန်းဝင်ပစ္စည်းကလည်း ဇနီးမောင်နှံများအတွက် တောင်တန်းသဖွယ်ဖြစ်လာပြီး 'ငွေကကံ'ဟုဆိုကြသည်။

ထို့ကြောင့် ဒီနေ့ခေတ်လူငယ်များလည်း အလွန်စိတ်ရှုပ်နေကြသည်။ အိမ်ထောင်ရေးကပျော်စရာကောင်းလား သူတို့မသိတော့။ ဘယ်လိုလုပ်ပြီး သူတို့ဘဝမှာမိသားစုအမွေခွဲတဲ့အရာဖြစ်လာပါလိမ့်?

ဒီလူ့အဖွဲ့အစည်းက ပျက်ယွင်းနေပြီဟုသာဆိုချင်တော့သည်။

"ကောင်းပါပြီ ဦးလေးရွှေ့ကန်း''

ချင်လင်လည်းခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူပြင်ဆင်ထားသောကျောက်မျက်လက်ဆောင်စာရင်းကိုမိတ္တူဆွဲပြီး ချင်ရွှေ့ကန်းဆီပေးလိုက်သည်။

ချင်ရွှေ့ကန်းကစာရင်းယူပြီး အနီရောင်စာရွက်နှင့် မိတ္တူပြန်ဆွဲလိုက်သည်။ လက်ရေးစုတ်တံနှင့်ပြန်ကူးတာအကောင်းဆုံးပင်။

သို့ရာတွင် စာရင်းမြင်ပြီးသူကြောင်သွားသည်။ ကျောက်မျက်ရတနာတွေက တသီကြီး:

ကျောက်စိမ်းဘုရင်လက်ကောက်(သန်း ၃၀)၊ အလှသွေးကျောက်ဆွဲသီး(သန်း ၃၀)၊ ကျောက်စိမ်းကြည်ဆွဲသီး...

ထိုပစ္စည်းများမြင်ပြီး ချင်ရွှေ့ကန်းမှာ သူ့သားနဲ့ချွေးမစောစောရပြီး မြေးမလေးမွေးရင်အကောင်းသားဟုတွေးမိလေသည်။

ဒီသတင်းသာပြန့်သွားရင် သာမန်လူတွေရဲ့ခန်းဝင်ပစ္စည်းဖိုးက အကြီးအကျယ်တက်ဦးမည်။

ချင်လင်ရဲ့လက်ရှိစီးပွားကသာမန်ဖြစ်သော်လည်း ရုံချန်းသားများက ဒီလိုမထင်။ သူတို့သမီးလေးမဆိုးဘူးထင်အောင် ဆင်ခြေရှာကြလိမ့်မည်။

ချင်ရွှေ့ကန်းက စိတ်လှုပ်ရှားပြီး သက်ပြင်းချမိသည်။ တကယ်တော့ ဘာမှဆွေးနွေးစရာမလို။ ချင်လင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေနဲ့တင် လုံလောက်ပြီ။

တင်တောင်းတာ ဘယ်သူကဒီလောက်ထုတ်မှာလဲ?

ချင်လင်က ချင်ရွှေ့ကန်းနှင့်လင်းဖန်ကိုလိုက်ပို့ပြီးနောက် ကျောက်မိုချင်းကိုလည်း Wechat မှစာပို့လိုက်သည်:

"မင်းအိမ်ကိုလာတင်တောင်းတော့မလို့... ဝမ်းသာလား?''

သို့သော် ကျောက်မိုချင်းကညာပြီး_

"ကျွန်မလက်ထပ်ဖို့တောင် သေချာမသိသေးဘူး!''

"ဒါပေမဲ့ ကိုယ်ကသေချာပေါက်လက်ထပ်မှာ!''

ချင်လင်က ဂုဏ်ယူနေသောအီမိုဂျီပုံထပ်ပို့လိုက်သည်။ လက်ထပ်စာချုပ်ချုပ်ပြီး ကိုယ်ဝန်တောင်ရနေပြီ။ လက်ထပ်မယ်ဆိုတာ ဘာလဲ?

ဒါပေမဲ့ တစ်ခါတလေ အိမ်ထောင်သည်တွေမှာ ဒီလိုကြည်နူးစရာလေးတွေလိုအပ်တယ်မလား?

ချင်လင်နှင့်ကျောက်မိုချင်းက ပျော်ပျော်ရွှင်ရွှင်ပြောနေကြစဉ် ရုတ်တရက်ခေါင်းကိုက်စရာလူတစ်ယောက်ရောက်လာလေသည်။