ဝိုင်တစ်ခွက်နဲ့လန့်ပြေး! ကမ္ဘာ့စမ်းရေချို!
Vol. 52 Ch. 768
လျိုစန်းဖုန်းကိုမြင်ပြီး ချင်လင်ခေါင်းကိုက်သွားသည်။
အရင်တစ်ခေါက်က သူတို့တရုတ်တိုင်းရင်းဆေးဝိုင်အရသာခံပွဲကို သူစိတ်မဝင်စားကြောင်းသေချာပြောခဲ့သည်။
သူ့တံခါးပေါက်ထပ်ရောက်လာမယ်လို့ ဘယ်ထင်မလဲ?
သူပြောတာမရှင်းလို့လား?
"သူဌေးချင်... မင်းကစီးပွားကြီးတော့ အလုပ်ရှုပ်မှန်းသိပါတယ်... အဲဒါကြောင့် တောင်ပိုင်းကတရုတ်တိုင်းရင်းဆေးမိသားစုနဲ့ဆွေးနွေးခဲ့တာ... ပွဲကိုရုံချန်းမှာလုပ်မယ်... မြောက်ပိုင်းကဝေ့မိသားစုနဲ့တရုတ်တိုင်းရင်းဆေးမိသားစုက သန်ဘက်ခါကျင်းပဖို့ထောက်ခံတယ်''
လျိုစန်းဖုန်းကပြုံးပြုံးနှင့်ပြောသည်။
"ကျွတ်.. ကျွတ်''
ချင်လင် လုံးဝပြောစရာမရှိတော့_
"လူကြီးမင်းလျို... ဒီဆေးဖက်ဝင်ဝိုင်အရသာခံပွဲကို ကျွန်တော်တကယ်စိတ်မဝင်စားပါဘူး''
ဒီတရုတ်တိုင်းရင်းဆေးမိသားစုတွေ သူတို့ဟာသူတို့ပြိုင်ကြတာ။ ဘာလို့သူ့ကိုဆွဲထည့်နေတာလဲ?
ပြီးတော့ အထက်လူတွေကဘာမှမပြောဘဲ သူကဘာလို့လတ်လျားလတ်လျားလိုက်ပါနေမလဲ? ငြိမ်ငြိမ်လေးထိုင်ပြီး အထက်လူတွေစီစဉ်တာ နားထောင်လိုက်ရင်ပြီးရောမလား?
အရင်တစ်ခေါက်က ရှင်းအောင်ပြောခဲ့ရက်နဲ့။ ရုံချန်းကိုခေါ်ပြီးပွဲလုပ်မယ်လို့ ဘယ်ထင်မလဲ?
ဒါအကြပ်ကိုင်တာမလား?
ချင်လင်စကားကြောင့် လျိုစန်းဖုန်းကယ်ရာမဲ့သွားပြီး_
"သူဌေးချင်... မင်းအလုပ်များမှန်းသိပါတယ်... ဒါပေမဲ့ ဝေ့မိသားစုဆေးဖက်ဝင်ဝိုင်ကို ငါအဆက်အသွယ်တွေကနေတဆင့် မြည်းကြည့်ပြီးပြီ... သူတို့ဆေးဖက်ဝင်ဝိုင်က ငါတို့တောင်ပိုင်းထက် တကယ်ပိုကောင်းတယ်... မင်းရဲ့ဆေးဖက်ဝင်ဝိုင်ကလည်း တောင်ပိုင်းကပဲလေ... ဘာမှမလုပ်ဘဲထိုင်ကြည့်မနေပါနဲ့''
ဒါစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းပင်။ ဒီလိုလုပ်တာ လူငယ်ဒေါသထွက်နိုင်မှန်း လျိုစန်းဖုန်းသိသည်။
ဒါပေမဲ့ သူ့ချင်းလင်စံအိမ်ကလည်း ဆေးဖက်ဝင်ဝိုင်နဲ့နာမည်ကြီးနေတာ။
ဒါကိုဆင်ခြေပေးလိုက်တာနဲ့ ဒေါသထွက်ရင်တောင် အင်တင်တင်နဲ့သဘောတူရမှာမလား?
တောင်ပိုင်းတရုတ်တိုင်းရင်းဆေးအတွက်အကျိုးရှိရင် သူအနှောင့်အယှက်ပေးရကျိုးနပ်ပြီ။
ထိုစကားကြောင့် ချင်လင်မျက်နှာပျက်သွားပြီး_
"လူကြီးမင်းလျို... ကျွန်တော်စိတ်မဝင်စားဘူးလို့ပြောပြီးပြီထင်ပါတယ်... ကျွန်တော်အလုပ်လုပ်ရဦးမှာမလို့ လက်ခံစကားမပြောနိုင်တော့ပါဘူး''

ဒါသူ့ကိုထွက်သွားခိုင်းတာ။
လျိုစန်းဖုန်းအထင်လွဲနေပြီ။ ချင်လင်ရဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က တရုတ်တိုင်းရင်းဆေးအမွေမဟုတ်။ ဂိမ်းစနစ်က။
ချင်လင်တကယ်ဒုက္ခရောက်နေသည်။ သူတရုတ်တိုင်းရင်းဆေးမှအကျိုးအမြတ်ရခဲ့၍ ဝန်ကြီးလုကိုကူညီခဲ့သလို ပါဝင်ပေးချင်သည်။
ဒါပေမဲ့ အားနာပါးနာလုပ်ပေးမယ့်သဘောမဟုတ်။ အထူးသဖြင့် ဒီပွဲမှာပါဖို့အကြပ်ကိုင်ခံရတာမျိုး။
လျိုစန်းဖုန်းက နောင်တရနေပြီ။ သူဌေးချင်က သူ့အကွက်ထဲမဝင်ဘဲ သူ့ကိုပြတ်ပြတ်သားသားထွက်သွားခိုင်းမည်ဟုမထင်မိပေ။ ခဏလောက်ဘာပြောရမှန်းမသိဘဲ ထွက်လာရတော့သည်။
လျိုစန်းဖုန်းက ကျုံးမင်ဟိုတယ်ပြန်ရောက်လာပြီး တောင်ပိုင်းတရုတ်တိုင်းရင်းဆေးမိသားစုအဖွဲ့ဝင်များနှင့်တန်းတွေ့သည်။
သူပြန်ရောက်လာသည်ကိုမြင်မြင်ချင်း_
"ဘယ်လိုလဲ? သူဌေးချင်သဘောတူလား?''
"ဟုတ်တယ်... သူ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ကပဲ ဝေ့မိသားစုဆေးဖက်ဝင်ဝိုင်ကိုနိုင်မှာ''
“……”
သူတို့အားလုံး ဝေ့မိသားစုဆေးဖက်ဝင်ဝိုင်နှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုမြည်းဖူးကြသည်။ ဝေ့မိသားစုဆေးဖက်ဝင်ဝိုင်က သူတို့ထက်ပိုကောင်းသော်လည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုမမီ။
"သူဌေးချင်ကငြင်းလိုက်တယ်"
လျိုစန်းဖုန်းသက်ပြင်းချလိုက်သည်။
သူ့စကားကြောင့်မျက်နှာပျက်ကုန်၏။ ဘာပဲဖြစ်ဖြစ် ဆေးဖက်ဝင်ဝိုင်မရရင် တောင်ပိုင်းတရုတ်တိုင်းရင်းဆေးလောကတစ်ခုလုံးအရှက်ရလိမ့်မည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်က ဝေ့မိသားစုထက်လုံးဝသာနိုင်တယ်။

တရုတ်တိုင်းရင်းဆေးမိသားစုတချို့က အလျှော့မပေးချင်။ နောက်တစ်နေ့တွင် လျိုစန်းဖုန်းနှင့်အတူ ချင်းလင်စံအိမ်ရောက်သွားသည်။
ဖြစ်ချင်တော့ ချင်းလင်စံအိမ်ထဲမဝင်ခင် လုံခြုံရေးအဖွဲ့ကတားမြစ်တာခံရသည်။
ချန်တပေက လျိုစန်းဖုန်းတို့ကိုကြည့်ပြီး_
"အားလုံးပဲ စိတ်မကောင်းပါဘူး...
စံအိမ်ဧည့်သည်စာရင်းမှာမပါတဲ့အတွက် ထွက်သွားပေးပါ''
"ငါမင်းတို့သူဌေးနဲ့သိတယ်... မနေ့ကပဲတွေ့သေးတာ''
လျိုစန်းဖုန်းက အလောတကြီးပြောသည်။
"အားနာပါတယ်... ဧည့်သည်စာရင်းမှာမပါလို့ထွက်သွားပေးပါ... မဟုတ်ရင် တာဝန်အတိုင်းလုပ်ရပါလိမ့်မယ်''
ချန်တပေက လူကြီးကိုအေးစက်စက်ကြည့်လိုက်သည်။ ဒါကြောင့် သူဌေးကဝင်ခွင့်မပေးဖို့မှာထားတာကိုး။
တားမြစ်ခံရသောကြောင့် လျိုစန်းဖုန်းတို့မျက်နှာပျက်ကုန်သည်။
ဒီလိုဆက်ဆံတာမျိုး ဘယ်တုန်းကခံဖူးလို့လဲ?
လုံခြုံရေးအစောင့်တွေမောင်းထုတ်တာခံရတယ်တဲ့။
သူတို့ဆေးဖက်ဝင်ဝိုင်ကိုလိုချင်တဲ့အာဏာရှိသူဌေးတွေတောင် သူတို့ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံကြတာ။
သို့ရာတွင် သူတို့ထက်ဆေးဖက်ဝင်ဝိုင်ပိုကောင်းပြီးပိုချမ်းသာသော ချင်းလင်စံအိမ်ပိုင်ရှင်အကြောင်းတွေးမိသောအခါ စိတ်မဆိုးနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ထွက်လာရလေသည်။
တစ်ရက်ကုန်လွန်သွားသည်။
ရုံချန်းတွင်လည်း တရုတ်တိုင်းရင်းဆေးမိသားစုမှလူတချို့ရှိသည်။ ထိုလူများမှာ မြောက်ပိုင်းတရုတ်တိုင်းရင်းဆေးလောကသားများဖြစ်ပြီး ဝေ့မိသားစု၏စတုတ္ထမြောက်လူထူးဆန်းဝမ်ကဦးဆောင်သည်။
'စတုတ္ထမြောက်လူထူးဆန်း'ဆိုသောနာမည်ကထူးဆန်းသော်လည်း သူ့ဘိုးဘေး'တတိယမြောက်လူထူးဆန်း'ကိုအတုယူထားခြင်းပင်။
ဝေ့မိသားစုနာမည်ကြီးရသောအကြောင်းရင်းကလည်း 'တတိယမြောက်လူထူးဆန်းသမားတော်'ဆိုသော TV ဇာတ်လမ်းတွဲကြောင့်ဖြစ်သည်။ ဒါရိုက်တာက ဝေ့မိသားစုနှင့်ရင်းနှီးသည်။
နောက်ပြီး ဝေ့မိသားစုက အနည်းဆုံးဆေးဖက်ဝင်ဝိုင်အပိုင်းတွင် တရုတ်တိုင်းရင်းဆေးအမွေကိုလုံးဝဆက်ခံထားနိုင်သည်။
ဒါကြောင့်လည်း ဆေးဖက်ဝင်ဝိုင်အရသာစမ်းသပ်ရန်အကြံပြုခြင်းပင်။
မြောက်ပိုင်းတရုတ်တိုင်းရင်းဆေးပညာရှင်များက ကျုံးမင်ဟိုတယ်တွင်တည်းသည်။ ကော်မတီက ဟိုတယ်တွင်ခန်းမတစ်နေရာငှားပေးထားသည်။
"လျိုမိသားစုက ရုံချန်းမှာလုပ်ရန်ရွေးချယ်ခဲ့တာ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကြောင့်''
မြောက်ပိုင်းတရုတ်တိုင်းရင်းဆေးမိသားစုဝင်တစ်ဦးကဆိုသည်။
"ငါသတင်းရထားတယ်''
နောက်တစ်ယောက်ကပြောသည်_
"ချင်းလင်စံအိမ်ပိုင်ရှင်က လုံးဝစိတ်မဝင်စားဘူးလို့ကြားတယ်... လျိုမိသားစုကလူတွေ စံအိမ်အပြင်မှာရပ်နေရတာတဲ့''