← Chapters

ဝိုင်တစ်ခွက်နဲ့လန့်ပြေး! ကမ္ဘာ့စမ်းရေချို! ၂

Vol. 52 Ch. 769

ဝိုင်တစ်ခွက်နဲ့လန့်ပြေး! ကမ္ဘာ့စမ်းရေချို! ၂

Vol. 52 Ch. 769

ထိုစကားကြောင့် စတုတ္ထမြောက်လူထူးဆန်းဝမ်ကမျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး_

"ချင်းလင်ဆေးဖက်ဝင်ဝိုင်မပါရင် ပျင်းစရာကြီး... လျိုမိသားစုကရှုံးရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်မပါလို့လို့ဆင်ခြေပေးလိမ့်မယ်... ကြည့်ရတာ ချင်းလင်စံအိမ်ကိုငါသွားရမယ်ထင်တယ်''

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က လျိုစန်းဖုန်းတို့တရုတ်တိုင်းရင်းဆေးဆရာများကို သိပ်ပြီးစိတ်ထဲမထား။ နေ့လယ်ပိုင်းစံအိမ်ကိစ္စများလုပ်ပြီးနောက် သူ့ရုံးခန်းထဲထိုင်ပြီး ဂိမ်းဇာတ်ကောင်ကိုသတ္တုတွင်းဆက်တူးစေသည်။

ဒီတစ်ခါအဆင့်တက်ပြီး နွေဦးသတ္တုတွင်းမှာပွင့်သောအလွှာပိုများသည်။ သို့ရာတွင် သုံးလေးလွှာတူးပြီး ၂၈ လွှာရောက်ချိန်တွင် ကမ္ဘာ့စမ်းရေနှင့်အထူးမြေကြီးမှလွဲ၍ ကျောက်စိမ်းကြည်နှစ်ခုသာရသည်။ တော်ဝင်ကျောက်စိမ်းထပ်မရတော့။

ကြည့်ရတာ သူဒီနေ့ကံသိပ်မကောင်း။ သို့သော် သူ့ဂိမ်းဇာတ်ကောင်သက်လုံအားကုန်ခါနီးတွင် ၂၈ လွှာဆက်တူးခိုင်းရာ စနစ်အသိပေးချက်ထွက်လာသည်။

(ဂုဏ်ယူပါတယ်... ကမ္ဘာ့စမ်းရေချို ၅ ကတ်တီရပါတယ်!)

အသိပေးချက်ရရချင်း ကမ္ဘာ့စမ်းရေထပ်ရသည်ဟုချင်လင်ထင်လိုက်သည်။ သေချာကြည့်မှ ဒီလိုမဟုတ်။

ဒီတစ်ခါတူးရတာ ကမ္ဘာ့စမ်းရေချိုပဲ!

ကမ္ဘာ့စမ်းရေနှင့်စာလုံးတစ်လုံးသာကွာသည်။

နောက်ပြီး ကမ္ဘာ့စမ်းရေကစည်ပိုင်းနှင့်၊ ကမ္ဘာ့စမ်းရေချိုက အလေးချိန်နှင့်။ ၅ ကတ်တီပဲရတယ်ဆိုတော့ ကမ္ဘာ့စမ်းရေချိုကပိုအဖိုးတန်တဲ့သဘော။

ချင်လင်က ပစ္စည်းအသစ်ကိုအရမ်းသိချင်နေသည်။

ဂိမ်းဇာတ်ကောင်သက်လုံကုန်တော့မည်ဖြစ်၍ သူလည်း သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

တစ်ချိန်တည်းလိုလို ကမ္ဘာ့စမ်းရေချိုမှတ်ချက်ကိုကြည့်လိုက်သည်:

((အလွန်ရှားပါး) ကမ္ဘာ့စမ်းရေချို: ဆန်းကြယ်)



(မြေအောက်နက်ထဲမှရသော အထူးစမ်းရေဖြစ်ပြီး ကမ္ဘာ့ဩဇာဓာတ်ပါသည်။ အလွန်ရှားပါးသည်။ ကမ္ဘာ့စမ်းရေချိုကို ဝိုင်နှင့် ၃၀% အထိရောစပ်သည်ဟုဆိုကြသည်။ ၃ လစိမ်ပြီးလျှင် ဝိုင်နံ့နှင့်အရသာကို +၃ အထိတက်စေသည်။

အထူးအာနိသင်: ဝိုင်အရည်အသွေးတစ်ဆင့်တက်နိုင်သည်! (အများဆုံး +၃))

ကမ္ဘာ့စမ်းရေချိုအရည်အသွေးကိုကြည့်ပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။ အလွန်ရှားပါးအရည်အသွေးက သူထင်ထားတဲ့အတိုင်း။

ကမ္ဘာ့စမ်းရေထက်ပိုရှားသည်။

အရည်အသွေးက 'ဆန်းကြယ်'တဲ့။ ပုံမှန်အတိုင်းဆို ဒီလိုအရည်အသွေးတိုက်ရိုက်မရေးထားသောပစ္စည်းမျိုးတွင် အလွန်ထူးဆန်းသောအာနိသင်၊အရည်အသွေးရှိတတ်သည်။

နောက်ပြီး ကမ္ဘာ့စမ်းရေချိုအရည်အသွေးက လုံးဝပြိုင်ဘက်ကင်း။ အဓိကအရည်အသွေးနှစ်မျိုးပါသည်:

တစ်ခုက ဝိုင်နံ့နှင့်အရသာကိုတိုးတက်စေပြီး နောက်တစ်ခုက ဝိုင်အရည်အသွေးကိုတစ်ဆင့်တက်စေသည်။

ဒီတော့ မူလ +၂ က +၃ ဖြစ်မယ့်သဘော။

နောက်ပြီး အရည်အသွေးမှာ ဆေးဖက်ဝင်ဝိုင်မပါလို့မပြောထား။ ဘာပဲဖြစ်ဖြစ် ဆေးဖက်ဝင်ဝိုင်ကလည်း ဝိုင်ထုတ်ကုန်။

ဒီတော့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ထဲထည့်ရင် +၂ က +၃ ဖြစ်မည်။

ဒီအရည်အသွေးက အကန့်အသတ်ရှိသည်။ အမြင့်ဆုံး +၃ အထိသာရောက်နိုင်သည်။

တစ်နည်းပြောရရင် အရည်အသွေး +၃ ရှိပါက ကမ္ဘာ့စမ်းရေချိုအာနိသင်မပြနိုင်တော့။

အာနိသင်ကြည့်ပြီး ချင်လင်သက်ပြင်းချလိုက်သည်။ သူ့မှာသက်လုံဝိုင်ရှိသေးသည်။

သက်လုံဝိုင်ရဲ့အာနိသင်ကိုပြောစရာမလိုတော့။ အသက်ချီဓာတ်အားဖြည့်ပေးပြီး အရေးကြီးချိန်တွင်အသက်ကယ်နိုင်သည်။ အရင် လီမိသားစုကလူကြီးကို ဒီသက်လုံဝိုင်နှင့်ကယ်ခဲ့သည်။

သို့ရာတွင် သက်လုံဝိုင်၏ချီဓာတ်အားဖြည့်ပေးသောအာနိသင်က +၃ ရှိသည်။ ထိုအာနိသင်ထဲ ကမ္ဘာ့စမ်းရေချိုထပ်ထည့်လို့မရတော့။

မဟုတ်လို့ ချီဓာတ်အားဖြည့်ပေးတဲ့အာနိသင် +၄ ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ?



နှမြောစရာ။

သို့သော် ကမ္ဘာ့စမ်းရေချိုအာနိသင်က အတော်လေးအသုံးတည့်သေးသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ အာနိသင် +၂ သာရှိသည်။ အကယ်၍ ယန်ဓာတ်၊ ကျောက်ကပ်၊ သွေးနှင့်ချီဓာတ်အာနိသင်ကိုထပ်တိုးနိုင်ရင် အလွန်အစွမ်းထက်သွားမည်။

နောက်ပြီး ၃၀% အရ ၁၆ ကတ်တီရောနိုင်မည်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး ဝိုင်သိုလှောင်ခန်းထဲဝင်ကာ သိုလှောင်ခန်းထောင့်မှဝိုင်စည်တစ်လုံးကိုရှာလိုက်သည်။

ထိုစည်ပိုင်းမှာ နှစ် ၁၀၀ သက်တမ်းရှိသောချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ ပုံမှန်အားဖြင့် နှစ် ၁၀၀ သက်တမ်းရောက်သောဆေးဖက်ဝင်ဝိုင်ကို သူကဂိမ်းထဲမှထုတ်လေ့ရှိသည်။ နှစ် ၁၀၀ လွန်ရင် သက်တမ်းကအရမ်းများပြီ။ လက်တွေ့ဘဝကလူတွေအံ့ဩကုန်မည်စိုး၍ ဂိမ်းထဲမထားတော့။ ဂိမ်းထဲမှာနည်းနည်းဆိုလုံလောက်ပြီ။

ချင်လင်က ထိုနှစ် ၁၀၀ ချင်းလင်ဆေးဖက်ဝင်ဝိုင်စည်ပိုင်းကို ဂိမ်းထဲယူလာသည်။

(ချင်းလင်ဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၃)

(နှစ် ၁၀၀ ဝန်းကျင်သက်တမ်းရှိသော အထူးဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အထူးအာနိသင်ရှိသည်။ အရသာ၊အထိအတွေ့အလွန်ကောင်းသည်။

ဝိုင်နံ့ +၃၊ အရသာ +၃၊ သွေးနှင့်ချီဓာတ်ကောင်းစေခြင်း +၂၊ ကျောက်ကပ်နှင့်ယန်ဓာတ်အားကောင်းစေခြင်း +၂၊ မကြာခဏဆီးသွားခြင်းနှင့်ဆီးထွက်ကျခြင်းကိုသက်သာစေခြင်း +၂!)

နှစ် ၁၀၀ ချင်းလင်ဆေးဖက်ဝင်ဝိုင်အနံ့နှင့်အရသာက +၃ အဆင့်ရှိသည်။

ဒါကြောင့်လည်း နှစ် ၁၀၀ ဆေးဖက်ဝင်ဝိုင်ကိုရွေးချယ်ခြင်းပင်။ ဒီလိုနှင့် အနံ့နှင့်အရသာအာနိသင်ကိုဖယ်ပြီး ကျန်အထူးအာနိသင်ကို တခြားအာနိသင်သုံးမျိုးထဲပေါင်းထည့်နိုင်မည်။

မကြာခဏဆီးသွားခြင်းနှင့်ဆီးထွက်ကျခြင်းကိုသက်သာစေခြင်းအာနိသင်ကိုထပ်မပေါင်းသရွေ့ အဆင်ပြေသည်။

ထို့နောက် ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင် ၁၆ ကတ်တီနှင့် ကမ္ဘာ့စမ်းရေချို ၅ ကတ်တီကိုရောလိုက်သည်။

အခုတော့ ဝိုင်ကိုသုံးလဆက်စိမ်ထားရုံသာ။

နောက်ပြီး ဂိမ်းထဲမှာ ၃ လက လက်တွေ့ဘဝတွင် နောက်နေ့မနက်ဆိုရလောက်ပြီ။

ချင်လင်ကအလုပ်ပြီးသောအခါ ဂိမ်းထဲမှထွက်လာသည်။

နောက်တစ်နေ့ စံအိမ်သို့ပစ္စည်းများပို့ပြီးနောက် သူ့ရုံးခန်းထဲပြန်လာပြီး အမြန်ဆုံးဂိမ်းထဲဝင်သည်။ ထို့နောက် မနေ့ကကမ္ဘာ့စမ်းရေချိုနှင့်ရောထားသော ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုကြည့်လိုက်သည်။

(ချင်းလင်ဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၃)

(နှစ် ၁၀၀ ဝန်းကျင်သက်တမ်းရှိသော အထူးဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အထူးအာနိသင်ရှိသည်။ အရသာ၊အထိအတွေ့အလွန်ကောင်းသည်။

ဝိုင်နံ့ +၃၊ အရသာ +၃၊ သွေးနှင့်ချီဓာတ်ကောင်းစေခြင်း +၂၊ ကျောက်ကပ်နှင့်ယန်ဓာတ်အားကောင်းစေခြင်း +၃၊ မကြာခဏဆီးသွားခြင်းနှင့်ဆီးထွက်ကျခြင်းကိုသက်သာစေခြင်း +၂!)



All Chapters