← Chapters

ဝိုင်တစ်ခွက်နဲ့လန့်ပြေး! ကမ္ဘာ့စမ်းရေချို! ၃

Vol. 52 Ch. 770

ဝိုင်တစ်ခွက်နဲ့လန့်ပြေး! ကမ္ဘာ့စမ်းရေချို! ၃

Vol. 52 Ch. 770

နှစ် ၁၀၀ ချင်းလင်ဆေးဖက်ဝင်ဝိုင် ၁၆ ကတ်တီ၏အာနိသင်များကိုကြည့်ပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။ ယန်ဓာတ်နှင့်ကျောက်ကပ်အားဖြည့်ပေးသောအာနိသင်ကို အမှန်ပင်ထပ်တိုးစေသည်။

ဒါဆို ဒီဝိုင်ကအံ့ဩစရာပဲမလား? ကုန်းကုန်းကလွဲရင် ဒါသုံးပြီးအတော်ထိရောက်လိမ့်မည်။

သက်လုံအားဖြည့်ဝိုင်၊သန္ဓေတည်ဝိုင်ကလွဲရင် အခုဒီဝိုင်က သူ့ဝိုင်သိုလှောင်ခန်းထဲမှာ အကောင်းဆုံးချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်ပြီ။

ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဂိမ်းထဲမှတန်းထုတ်လိုက်သည်။ ဝိုင်သိုလှောင်ခန်းထဲထည့်မည်အပြုတွင် ချန်တပေကရုံးခန်းထဲဝင်လာပြီးအစီရင်ခံသည်_

"သူဌေး... ဝမ်မိသားစုကဆိုတဲ့တစ်ယောက်က သူဌေးကိုတွေ့ချင်လို့တဲ့... သူ့ရည်ရွယ်ချင်ကိုသိမှာပါလို့လည်းပြောလိုက်တယ်... သက်တော်စောင့်တွေပါခေါ်လာတာ... သူ့ကိုမောင်းထုတ်လိုက်ရမလား?''

"ဝမ်မိသားစု?''

'ဝမ်မိသားစု'ဆိုသောစကားကြားပြီး ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။

တရုတ်တိုင်းရင်းဆေးက ဆေးဖက်ဝင်ဝိုင်စမ်းသပ်ပွဲလုပ်မယ်ဆိုတဲ့ ဝမ်မိသားစုလား? ကြည့်ရတာ ဝမ်မိသားစုက မြောက်ပိုင်းဆေးကိုအသုံးချပြီး တောင်ပိုင်းကိုဖိနှိပ်ချင်ပုံရသည်။

လျိုမိသားစုဖိတ်ကြားချက်ကိုငြင်းခဲ့ပြီးပြီ။ အခုမြောက်ပိုင်းဝမ်မိသားစုက သူ့ကိုလာရှာနေပြီတဲ့။

ဒီလူတွေရူးနေတာလား? ဘယ်လိုဖြစ်ဖြစ် သူ့ကိုဆွဲထည့်ချင်နေတာ။

ဝမ်မိသားစုရည်ရွယ်ချက်မကောင်းမှန်း သူတွေးစရာမလို။ ပြဿနာတစ်ခုခုလာရှာတာဖြစ်မည်။

"မောင်းထုတ်လိုက်!''

ချင်လင်ကအမိန့်ပေးလိုက်သည်။ ပြီးမှပြန်စဉ်းစားပြီး စောစောကသူထုတ်လာသောချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုခွက်လေးတစ်ခွက်ငှဲ့ကာ ချန်တပေအား_

"ဒီတစ်ခွက်ပေးပြီး နောက်ထပ်မနှောင့်ယှက်ဖို့ပြောလိုက်''

ချန်တပေကခေါင်းညိမ့်ပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ခွက်ကိုယူကာ လမ်းလျှောက်ထွက်သွားသည်။

ချင်းလင်စံအိမ်ဝင်ပေါက်_

စတုတ္ထမြောက်လူထူးဆန်းဝမ်က သူ့ကိုတကယ်လာရှာသည်။

မြောက်ပိုင်းတိုင်းရင်းဆေးနဲ့ တောင်ပိုင်းကိုဖိနှိပ်ချင်မှတော့ ဘယ်သူ့ကိုမှအလွတ်မပေးနိုင်။ ချင်းလင်စံအိမ်ပိုင်ရှင်ကချမ်းသာပြီးအရှိန်အဝါရှိတယ်ဆိုရင်တောင် သူ့ရည်ရွယ်ချက်မပြည့်မချင်း အနှောင့်အယှက်ဖြစ်မှာမစိုးရိမ်။



ဘာပဲဖြစ်ဖြစ် သူ့ဆေးဖက်ဝင်ဝိုင်က သူများထက်ပိုကောင်းသည်။ သူ့နယ်ပြန်ရောက်ရင် ရာထူးကြီးသူတွေ၊တော်ဝင်မျိုးနွယ်တွေက သူ့ဝိုင်ကိုလိုအပ်လာလိမ့်မည်။ ဝမ်မိသားစုအဆက်အသွယ်တွေကြောင့် သူ့နယ်ထဲမှာသူ့ကိုဘယ်သူမှဘာမှမလုပ်နိုင်။

ဒါပေမဲ့ ချင်းလင်စံအိမ်ပိုင်ရှင်က တကယ်ဘုန်းကြီးတဲ့သူပဲ။ သူ့ကိုဒီလောက်စောင့်ရအောင်လုပ်ထားတယ်။

နောက်ဆုံး လုံခြုံရေးမန်နေဂျာပြန်ထွက်လာသောကြောင့် လူထူးဆန်းဝမ်ကမေးလိုက်သည်_

"ဘယ်လိုလဲ? အခုဝင်လို့ရပြီလား?''

ချန်တပေက ဝမ်ရှစ်ခိုင်အားချင်းလင်ဆေးဖက်ဝင်ဝိုင်ခွက်ပေးကာ ငေါ့လိုက်သည်_

"ကျွန်တော်တို့သူဌေးကပြောတယ်... ဒီဆေးဖက်ဝင်ဝိုင်သောက်ပြီးပြန်တော့တဲ့... နောက်ထပ်လာမနှောင့်ယှက်နဲ့တဲ့''

ထိုစကားကြောင့် စတုတ္ထမြောက်လူထူးဆန်းဝမ်ကမျက်နှာပျက်သွားပြီး တစ်ဖက်ကဘာအကွက်ရွှေ့နေမှန်းနားမလည်တော့ချေ။

သို့သော် ဝိုင်ကိုယူလိုက်သေးသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်မည်။ ဆေးဖက်ဝင်ဝိုင်တစ်ခွက်နဲ့ သူ့ကိုမောင်းထုတ်နေတာလား? ဒီလိုဆိုရင် သူ့ဆေးဖက်ဝင်ဝိုင်က သူတို့ဝမ်မိသားစုထက်သာမှ သူ့ကိုနောက်ပြန်ဆုတ်အောင်လုပ်နိုင်မည်။

ဒါပေမဲ့ ​ဖြစ်နိုင်လို့လား?

လူထူးဆန်းဝမ်က ယုံကြည်မှုအပြည့်နှင့်ပါးစပ်နားကပ်လိုက်သော်လည်း ဝိုင်နံ့ကြောင့်ကြောင်သွားသည်။

ဒီလိုဝိုင်နံ့မျိုး အရင်ကလုံးဝမရဖူး။

ဒီလိုအနံ့ရှိတဲ့ဝိုင်မျိုးရှိတာ ယုံတောင်မယုံနိုင်။ ဒီလောက်အနံ့ကောင်းတာ ဝိုင်သက်တမ်းဘယ်လောက်ဖြစ်မလဲ?

စတုတ္ထမြောက်လူထူးဆန်းဝမ်က ဆေးဖက်ဝင်ဝိုင်ခွက်ကိုပါးစပ်နားကပ်ထားရင်း အမှတ်တမဲ့သောက်ပစ်လိုက်သည်။

ထိုအချိန်တွင် သူလုံးဝအံ့အားသင့်သွားသည်။ သက်တမ်းကိုသူမပြောနိုင်ဘူးဆိုတော့ နှစ် ၁၀၀ ကျော်ပြီပေါ့။



နောက်ပြီး ထိုတစ်ငုံစာဗိုက်ထဲရောက်ရောက်ချင်း ခါးတဝိုက်တွင်ပူနွေးနွေးခံစားရသည်။ အလွန်နေလို့ကောင်းသည်။ သူကိုယ်တိုင်ဆေးဖက်ဝင်ဝိုင်လုပ်သူဖြစ်၍ ဒီအာနိသင်ကိုသူနားလည်သည်။

ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အာနိသင်ကောင်းရတာလဲ?

ခါးတဝိုက်ပူနွေးသွားပြီးနောက် သူ့တကိုယ်လုံးသွေးနှင့်ချီဓာတ်ကောင်းကောင်းစီးဆင်းနေသလိုခံစားရသည်။

စတုတ္ထမြောက်လူထူးဆန်းဝမ်က ရုတ်တရက်မျက်နှာပျက်သွားသည်။ ဒီဆေးဖက်ဝင်ဝိုင်က သူတို့ဝေ့မိသားစုဆေးဖက်ဝင်ဝိုင်ထက် တကယ်ပိုကောင်းသည်။

သူတို့ဆေးဖက်ဝင်ဝိုင်လည်း အကဲဖြတ်ပွဲမှာရှုံးတယ်ဆိုရင် တစ်ဖက်ရဲ့သဘောကဘယ်လိုလဲ? သူ့ကိုနိုင်ရက်သားနဲ့ လျိုမိသားစုကိုလည်းအကဲဖြတ်ပွဲမတက်ပေးဘူး?

သူကဒီအကဲဖြတ်ပွဲကိုမတက်ချင်လို့၊ တရုတ်တိုင်းရင်းဆေးမှာအပြိုင်အဆိုင်မဖြစ်စေချင်လို့ ဒီလိုနည်းသုံးတာများလား?

လူထူးဆန်းဝမ်က ဒီလိုသာတွေးမိသည်။ မဟုတ်ရင် ဩဇာအရှိဆုံးလူက သူ့ကိုလုံးဝမျက်နှာသာမပေးမှာမဟုတ်။

ထိုအချိန်တွင် ခေါင်းအေးအေးနှင့်သေချာစဉ်းစားကြည့်သည်။ တရုတ်တိုင်းရင်းဆေးကိုထောက်ပံပေးဖို့တရားဝင်အတည်မပြုသေး။ အနောက်တိုင်းဆေး၏ခြိမ်းခြောက်မှုကလည်းရှိနေသည်။ ဒီလိုအချိန်မှာအချင်းချင်းပြိုင်ဆိုင်ကြတာ လုံးဝအသိတရားမရှိ။

ရုတ်တရက် စတုတ္ထမြောက်လူထူးဆန်းဝမ်က ချန်တပေကိုခွက်ပြန်ပေးပြီး_

"မင်းတို့သူဌေးကိုပြန်ပြောလိုက်ပါ... ငါသူ့ကိုနားလည်ပြီလို့''

ဒီလိုနှင့် ဝမ်ရှစ်ခိုင်က သူ့လူများနှင့်ပြန်ထွက်သွားသည်။ မပြန်ခင် မမေ့မလျော့စံအိမ်ဘက်လှည့်ပြီး အရိုအသေးပေးခဲ့လေသည်။

ထို့နောက် ကျုံးမင်ဟိုတယ်ပြန်ပြီး မြောက်ပိုင်းတရုတ်တိုင်းရင်းဆေးမိသားစုမျိုးဆက်များကိုပြန်ခိုင်းသည်။

​မြောက်ပိုင်းတိုင်းရင်းဆေးလောကသားများ လုံးဝကြောင်သွားသည်။ သူတို့ပြန်သွားသောအခါ လျိုမိသားစုလည်းကြောင်နေသည်။

ဘာလို့ဝမ်မိသားစုပြန်သွားတာလဲ?

ချင်းလင်စံအိမ်တွင် ချန်တပေကချင်လင်ကိုအစီရင်ခံနေသည်_

"သူဌေး... ဝမ်မိသားစုလူပြန်သွားပါပြီ... သူဌေးကိုနားလည်ပြီတဲ့... စံအိမ်ဘက်ကိုတောင်အရိုအသေပေးခဲ့သေးတယ်''

“???”

ချင်လင်လည်း နည်းနည်းကြောင်သွားသည်။

ဘာလဲဟ?



All Chapters