← Chapters

နည်းပညာပေါက်ကြား? ပေးဆပ်ရမယ့်အချိန်!

Vol. 52 Ch. 771

နည်းပညာပေါက်ကြား? ပေးဆပ်ရမယ့်အချိန်!

Vol. 52 Ch. 771

တရုတ်တိုင်းရင်းဆေးမိသားစုကြားစိတ်ရှုပ်စရာကိစ္စများကို ချင်လင်အာရုံမစိုက်တော့။

နောက်ပိုင်း ကျောက်မိုချင်းကိစ္စနှင့် သူအလုပ်များနေသည်။

ဦးလေးရွှေ့ကန်းက ပွဲကျင်းပမည့်ရက်ရွေးထားသည်။ ဒီမတိုင်ခင် သူ့အမေကိုအိမ်ဟောင်းပြန်ခေါ်လာသည်။ အခမ်းအနားမလုပ်ခင် သူတို့ဘိုးဘေးများကိုကန်တော့ရသည်။

ဒါသူတို့ဓလေ့ပင်။

ပွဲနေ့ရောက်သောအခါ ကျောက်မိုချင်းလည်းသူနှင့်ခဏခွဲပြီး ကျောက်မိသားစုဆီပြန်ရသည်။

အခမ်းအနားအတွင်း လက်ဝတ်ရတနာများ၊ တန်ဖိုးရှိပစ္စည်းများ၊ ခန်းဝင်ပစ္စည်းများစာရင်းအားလုံးကို နိမိတ်ကောင်းသော သာမန်အသုံးအဆောင်၊ သာမန်ခန်းဝင်ပစ္စည်း ၈၈၈၈၈ အဖြစ်ပြောင်းရသည်။

ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်က ဒီလိုလုပ်ဖို့တောင်းဆိုထားသည်။

ပထမစကားပြောကြသောအခါ လက်ဝတ်ရတနာစာရင်းကြောင့် သူတို့လုံးဝအံ့အားသင့်သွားသည်။

ယွမ်သန်း ၃၀ တန်လက်ကောက်ကြောင့် ကျောက်မိသားစုနာမည်ကြီးသွားလိမ့်မည်။

သို့သော် သူတို့ကနာမည်မကြီးချင်။ သူတို့ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးနားချင်းတွေ ဒီအကြောင်းသိရင် သူတို့သာမန်ဘဝကိုအနှောင့်အယှက်ဖြစ်နေမည်။

ချင်လင်ကမိုချင်းကိုသီးသန့်ပေးပြီး အပြင်လူများမြင်အောင် စာရင်းမိတ္တူဆွဲနိုင်သည်။

သူ့ယောက္ခမတွေကတောင်းဆိုမှတော့ ချင်လင်ကသူတို့ပြောသလိုလုပ်ရသည်။

စေ့စပ်ပြီးနောက် ဧည့်သည်များဧည့်ခံခြင်း၊ လက်ဖက်ရည်ဝိုင်းဖွဲ့ခြင်း၊ မိတ်ဆက်ခြင်း၊ နာမည်ပြောင်းခြင်း၊ လက်စွပ်လဲလှယ်ခြင်း၊ မင်္ဂလာပွဲနေ့သတ်မှတ်ခြင်းစသည်တို့လုပ်ရမည်။

နောက်ပြီး အားလုံးကိုတစ်နေ့တည်းလုပ်ရမည်မဟုတ်။ အရင်ဆုံး သတို့သားကရှေ့ထွက်ပြီး နောက်မှသတို့သမီးကလာရသည်။ ကရိကထအလုပ်များအားလုံးပြီးရန် တစ်လခန့်အချိန်ယူရသည်။

ဒါချင်လင်နှင့်ကျောက်မိုချင်းအတွက် ထူးခြားသောအတွေ့အကြုံဖြစ်သည်။

အထူးသဖြင့် ကျောက်မိုချင်းကကြည်နူးနေသည်။

သူနှင့်ချင်လင် ပြန်ချိန်းတွေ့ကြသလိုပင်။

လဝက်ကြာပြီးနောက် စေ့စပ်ပွဲကိစ္စများပြီးလျှင် မင်္ဂလာရက်သတ်မှတ်လိုက်သည်။

နှစ်ဖက်မိဘဆန္ဒအရ ကျောက်မိုချင်းမှာကိုယ်ဝန်နှင့်ဖြစ်၍ မင်္ဂလာပွဲကိုအမြန်ဆုံးကျင်းပစေချင်သည်။

သို့သော် ဒီအတွက် ကျောက်မိုချင်းကသူ့စိတ်ကူးနှင့်သူရှိသည်။ သူမကမင်္ဂလာနေ့ကို နောက်နှစ်ဩဂုတ်လတွင်ကျင်းပချင်သည်။ သူမနှင့်ချင်လင်၏ ၅ နှစ်မြောက်နှစ်ပတ်လည်ဖြစ်သောကြောင့်ပင်။

တစ်ခါတရံ မိန်းကလေးများက ဒီလိုအထူးနေ့များကိုစိတ်စွဲတတ်သည်။

ချင်လင်လည်း သူ့ဇနီးဆန္ဒကိုသဘောတူသည်။

လင်းဖန်၊ ချန်ရှောက်နှင့် ကျောက်ရှန်ဟုန်တို့မိဘများကလည်း လူငယ်များကိုပျော်စေချင်သည်။ သူတို့ဆန္ဒထက်သန်၍ ကျောက်မိုချင်း၏ရွေးချယ်ချက်ကိုသာ အသိအမှတ်ပြုရသည်။

ထို့ကြောင့် လဝက်သီးခြားစီနေပြီးမှ ကျောက်မိုချင်းက စံအိမ်ပြန်ရွှေ့လာသောကြောင့် အသစ်စက်စက်ဇနီးမောင်နှံလို ချင်လင်ကခံစားရသည်။

ကျောက်မိုချင်းကိုယ်ဝန်ရှိနေလို့ သူဘာမှမလုပ်နိုင်တာ နှမြောစရာ။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကသူ့ရုံးခန်းစားပွဲတွင် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်နေသည်။ သူ့ဂိမ်းဇာတ်ကောင်ကိုရေကန်သတ္တုတွင်းသွားစေသည်။

ဒီအတောအတွင်း သူလည်းနွေဦးသတ္တုတွင်းအလွှာများကို အချိန်ယူပြီးတူးနေခဲ့သည်။

ဒီတစ်ကြိမ်တွင် နွေဦးသတ္တုတွင်းက ၃၅ လွှာအထိပွင့်ခဲ့သည်။

ဖြစ်ချင်တော့ နောက်အလွှာများတွင် ​သာမန်သတ္တုများ၊ အထူးမြေကြီး၊ ကမ္ဘာ့စမ်းရေနှင့် သာမန်ကျောက်မျက်များအပြင် ဘာမှထူးထူးခြားခြားမတွေ့ချေ။

ရေကန်သတ္တုတွင်းထဲဝင်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်အား စတူးစေသည်။

နောက်ဆုံးအခေါက်က ရေကန်သတ္တုတွင်းကို ၁၀ လွှာအထိတူးခဲ့သည်။ ဒီတစ်ကြိမ်တွင် ၁၁ လွှာထဲတန်းဝင်စေသည်။

ကြည့်ရတာ သူ့ကံသိပ်မကောင်းသေး။ ၁၁ လွှာတူးပြီး ခါတိုင်းလို ရွှေ၊ ငွေ၊ ကြေးနီများသာရသည်။

ထို့နောက် ဂိမ်းဇာတ်ကောင်အား ၁၂ လွှာထဲဝင်စေသည်။

ဒီတစ်ကြိမ်တွင် အလွှာတဝက်မကျိုးခင် မထင်ထားသောစနစ်အသိပေးစာပေါ်လာသည်။

(ဂုဏ်ယူပါတယ်... နစ်မြှုပ်နေသောသင်္ဘောမှရတနာသေတ္တာတွေ့ပါတယ်!)

ဂိမ်းထဲ၌ ဂိမ်းဇာတ်ကောင်ခြေရင်းတွင် ရတနာသေတ္တာပုံပေါ်လာသည်။ ထို့နောက် အိတ်ထဲရောက်သွားသည်။

ရေကန်သတ္တုတွင်းမှာ သမုဒ္ဒရာအခံရှိ၍ တူးဖော်ရရှိသောအမျိုးအစားပိုများသည်။

သင်္ဘောပျက်မှရတနာသေတ္တာကိုကြည့်လိုက်ရာ စာပေါ်လာ၏:

(ပင်လယ်ထဲနစ်မြှုပ်နေသောသင်္ဘောပျက်ပေါ်မှရတနာသေတ္တာဖြစ်သည်။ ဖွင့်ကြည့်လျှင် ထင်မှတ်မထားသောထူးထူးခြားခြားပစ္စည်းများပါလိမ့်မည်။)

ထိုစာကြောင့် ချင်လင်ကဂိမ်းဇာတ်ကောင်အား ရတနာသေတ္တာကိုတန်းဖွင့်စေသည်။ စနစ်စာပေါ်လာပြန်၏:

(သင်္ဘောပျက်ရတနာသေတ္တာကိုဖွင့်သည့်အတွက်ဂုဏ်ယူပါတယ်... ကိုလံဘတ်ရွှေပြား ၁၀ ပြားနဲ့အမည်မသိပန်းချီကားတစ်ချပ်ရပါတယ်!)

စာမြင်ပြီး ချင်လင်ကြောင်သွားသည်။

ရွှေပြားကမထူးဆန်းသော်လည်း 'ကိုလံဘတ်'ဆိုသောစကားလုံးကြောင့် ထူးခြားနေသည်။

ကိုလံဘတ်က နာမည်ကြီးပင်လယ်ခရီးသည်။ သူ့ခရီးက ကမ္ဘာတွင်ပုံရိပ်အကြီးကြီးရှိခဲ့သည်။

ဒီရွှေပြားက ကိုလံဘတ်နဲ့ဆက်စပ်နေတယ်ဆိုတော့ ရှေးဟောင်းရွှေပြားပေါ့။

ဒီတော့ အမည်မသိပန်းချီကားကလည်း ရှေးဟောင်းပစ္စည်းဖြစ်မည်။

ချင်လင်က အမည်မသိပန်းချီကားကိုစူးစမ်းလိုက်ရာ ထူးထူးခြားခြားပင်လယ်ထဲရှိသောနေကြာပန်းပုံဖြစ်နေသည်။ နည်းနည်းစိတ်ကူးယာဉ်ဆန်ပြီး Sci-Fi မျိုးဖြစ်သည်။

ပန်းချီကားညာဘက်ထောင့်အောက်ခြေတွင် ဗင်းဆင့်၏အနုပညာနာမည်ပါသည်။

ဘယ်အနုပညာရှင်ဗင်းဆင့်လဲ သူမသိ။ တကယ့်ဗင်းဆင့်လား၊ ဒါမှမဟုတ် ဂိမ်းဒီဇိုင်းဆွဲသူလား?

ချင်လင်ကသူ့ကွန်ပျူတာဖွင့်ပြီး ဗင်းဆင့်ကိုရိုက်ရှာလိုက်သည်။ ပေါ်လာသောအကြောင်းအရာများကြည့်ပြီး သူနည်းနည်းအံ့ဩသွားသည်။

ဗန်ဂိုး!

ဗန်ဂိုးရဲ့လက်ရာ!

ဗန်ဂိုးမှာ ပုံနှိပ်စာအုပ်ထဲဖော်ပြကြသလို လူသိများသောပုဂ္ဂိုလ်တစ်ဦးပင်။

နောက်ပြီး အခု ဗန်ဂိုးရဲ့ပန်းချီလက်ရာအားလုံး အလွန်တန်ဖိုးကြီးနေသည်။ စုဆောင်းမှုအများဆုံးပန်းချီကားတစ်ချပ်လည်းရှိပြီး လေလံတန်ဖိုးက သန်း ၁၀၀ အသာလေးကျော်နိုင်သည်။

ဒီပန်းချီကားကဘာဖြစ်လို့လဲ သူမသိချေ။

ချင်လင်ကချက်ချင်း ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် ပန်းချီကားကိုကြည့်လိုက်သည်။

သူဝင်ကြည့်မှ ပန်းချီကားကနည်းနည်းဟောင်းနေပြီး သမိုင်းဝင်ခံစားချက်မျိုးရသည်။

တစ်ခါတည်း မှတ်ချက်ကိုလည်းကြည့်လိုက်သည်:

(ပင်လယ်ထဲမှနေကြာပန်းချီကား: နာမည်ကြီးပန်းချီကား!)

(နာမည်ကြီးအနုပညာရှင်ဗန်ဂိုးဆွဲထားသော စိတ္တဇ Sci-Fi ပန်းချီကားဖြစ်သည်။ ကိုလံဘတ်၏လက်အောက်ငယ်သားတစ်ဦးရခဲ့သောပန်းချီကားဟုဆိုကြသည်။ နောက်ပိုင်း ပင်လယ်ဓားပြတိုက်ခံရပြီး ပန်းချီကားအစပျောက်သွားသည်!)

All Chapters