← Chapters

နည်းပညာပေါက်ကြား? ပေးဆပ်ရမယ့်အချိန်! ၂

Vol. 52 Ch. 772

နည်းပညာပေါက်ကြား? ပေးဆပ်ရမယ့်အချိန်! ၂

Vol. 52 Ch. 772

မှတ်ချက်ကြည့်ပြီး ဗန်ဂိုးပန်းချီကားဟုပြောရမည်။

ချင်လင်ကအမှတ်မဲ့ဂိမ်းထဲမှထွက်ပြီး ကွန်ပျူတာထဲဝင်ကာ အချက်အလက်ရှာလိုက်သည်။ အင်တာနက်ပေါ်တွင် အမှန်ပင်ဒီပန်းချီကားအကြောင်းသတင်းများတွေ့ရသည်။

နည်းနည်းတော့ အံ့ဩစရာ!

ပန်းချီကားဂိမ်းထုတ်ကုန်ဆိုတော့ အပြင်ကအစစ်မဖြစ်နိုင်ဘူးမလား?

ဒါမှမဟုတ် ဒီပန်းချီကားက သင်္ဘောနဲ့တကယ်မြှုပ်သွားပြီး စနစ်ရဲ့ထူးခြားတဲ့သဘာဝနဲ့ ပြန်ဖန်တီးထားတာလား?

ချင်လင်အတွေးများနေစဉ် သူ့ဖုန်းမြည်လာသည်။ ချင်လုံပင်။

သူကဖုန်းကိုင်လိုက်ရာ ချင်လုံအသံကိုကြားရသည်_

"ချင်လင်... ခရမ်းချဉ်မျိုးအသစ်မှည့်ပြီ... မင်းလာကြည့်ချင်လား?''

"မှည့်ပြီလား?''

ချင်လင်နည်းနည်းအံ့ဩသွားသည်။

ခရမ်းချဉ်က ဂိမ်းမျိူးစေ့မဟုတ်။ လက်တွေ့ဘဝမှသာမန်မျိူးစေ့ကို မျိုးစိတ်ပြောင်းထားခြင်းဖြစ်သည်။

အစ်ကိုလီမှတ်တမ်းအရ ပထမခရမ်းချဉ်မျိုးစိတ်ပြောင်းတွေ့ချိန်က စိုက်ပျိုးချိန်အလွန်တိုသွားသည်။ အခုကြည့်ရတာ မျိုးစိတ်ပြောင်းခရမ်းချဉ်က သူထင်ထားတာထက်ပိုပြီး အပင်ဖြစ်မြန်ပုံရသည်။

ချင်လင်သဘောတူလိုက်သည်။

အရည်အသွေး ၁ ခရမ်းချဉ်နှင့် ချင်းလင်ဆော့ကိုအဆင့်မြင့်ရမည်ဖြစ်၍ သူသွားကြည့်ရမည်။

ဖုန်းချပြီးနောက် အပန်းဖြေစံအိမ်မှထွက်ကာ ချင်လုံ၏ခရမ်းချဉ်စိုက်ခင်းထဲမောင်းသွားသည်။

စိုက်ခင်းရောက်သောအခါ ချင်လုံကသူ့ကောင်မလေးရှန်ရှန်နှင့်အသင့်စောင့်နေသည်။ အခုနှစ်ယောက်သားဆက်ဆံရေးက အတည်တကျဖြစ်သွားပြီ။

ရှန်ရှန်ကလည်း ခရမ်းချဉ်စိုက်ခင်းတွင်အလုပ်ကြိုးစားနေသောချင်လုံကိုအဖော်ပြုပေးချင်သည်။ အနည်းဆုံးတော့ အခုထိရေလှောင်တမံငါးမျှားနေတဲ့သူမအရင်ကောင်လေးနဲ့စာရင် ချင်လုံက သူမကိုစိတ်သက်သာရာရစေသည်။

"ချင်လင်!''

ချင်လုံကချင်လင်ကိုမြင်ပြီး ချက်ချင်းရောက်လာသည်။

ရှန်ရှန်ကလည်း နှုတ်ဆက်သည်။

"အစ်ကိုလုံ... ခရမ်းချဉ်တွေပြပါဦး''

ချင်လင်ကနှုတ်ဆက်ပြီး​ပြောသည်။

"ငါ့နောက်လိုက်ခဲ့''

ချင်လုံက ချင်လင်ကိုစိုက်ခင်းထဲခေါ်သွားသည်။ ခဏအကြာ ကျယ်ပြောသောခရမ်းချဉ်စိုက်ခင်းထဲရောက်သွားသည်။

သူ့ရှေ့ကခရမ်းချဉ်မှာ သာမန်ခရမ်းချဉ်ထက်ကိုင်းကြီးပြီး အပင်ကပိုရှည်၊ပိုစိပ်သည်။

ကြပ်သိပ်နေသောခရမ်းချဉ်ပင်များကြားတွင် မှည့်ပြီးနီရဲနေသောခရမ်းချဉ်သီးများ အမှန်ပင်ရှိနေသည်။

နောက်ပြီး မျိုးစိတ်ပြောင်းဖြစ်၍ ထိုအရည်အသွေး ၁ ခရမ်းချဉ်များက သာမန်ခရမ်းချဉ်များထက်သိသိသာသာပိုကြီးပြီး လုံးဝိုင်းသည်။

"တစ်ပတ်လောက်ဆို ဒီခရမ်းချဉ်တွေလုံးလုံးမှည့်ပြီ''

ချင်လုံကရှင်းပြသည်။

"အစ်ကိုလုံ... ကျွန်တော့်ကိုခရမ်းချဉ်နည်းနည်းခူးပေးပါ... ကျွန်တော်အပြန်ယူသွားမယ်''

ချင်လင်က ချင်လုံကိုမှာသည်။

ချင်လုံခေါင်းညိမ့်လိုက်သည်။ သူကအိတ်ရှာပြီး ခရမ်းချဉ်တစ်သုတ်ခူးကာ ချင်လင်ဆီပေးလိုက်သည်။

ချင်လင်က ချင်လုံနှင့်ခဏစကားပြောပြီး ခရမ်းချဉ်များကိုအပန်းဖြေစံအိမ်ပြန်ယူလာသည်။ ရုံးခန်းထဲရောက်သောအခါ ဂိမ်းထဲယူသွားပြီး မှတ်ချက်ကိုကြည့်သည်:

(ခရမ်းချဉ်: အရည်အသွေး ၁)

(အထူးခရမ်းချဉ်မျိုးဖြစ်သည်:

အရသာ +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁၊ ဆီးချိုကျစေခြင်း +၁၊ ရေငတ်ပြေစေခြင်း +၁!)

ပြန်စိုက်ထားသောမျိုးစိတ်ပြောင်းခရမ်းချဉ်များတွင် မူလအရည်အသွေးများရှိသေးသည်။

အခု ဒီအရည်အသွေး ၁ ခရမ်းချဉ်နဲ့လုပ်တဲ့ခရမ်းချဉ်ဆော့အာနိသင်ကိုကြည့်ရတော့မည်။

ထိုအတွေးနှင့် ချင်လင်က ထိုအရည်အသွေး ၁ ခရမ်းချဉ်များကိုဂိမ်းထဲမှထုတ်ပြီး တန့်ကွမ်းဆီဖုန်းဆက်ကာ အရည်အသွေး ၁ ခရမ်းချဉ်အကြောင်းပြောပြသည်။ ထို့နောက် ချင်းလင်ကုမ္ပဏီ၏စက်ရုံဝန်းထဲတန်းသွားလိုက်သည်။

စက်ရုံဝန်းကားပါကင်တွင်ကားရပ်လိုက်သောအခါ တန့်ကွမ်းကအသင့်စောင့်နေသည်။

"ဥက္ကဌချင်! ခရမ်းချဉ်ရော?''

တန့်ကွမ်းရှေ့တိုးလာသည်။

ချင်လင်က ခရမ်းချဉ်များပေးရင်မေးလိုက်သည်_

"ထုတ်လုပ်ရေးလိုင်းအသင့်ဖြစ်ပြီလား?''

"ဟုတ်ကဲ့''

တန့်ကွမ်းကခေါင်းညိမ့်ပြီး_

"စမ်းသပ်ထားတဲ့ထုတ်လုပ်ရေးလိုင်းအသစ်ရှိနေတာ... အရင်ဆုံး အဲဒါသုံးပြီးထုတ်လို့ရတယ်''

ချင်လင်က တန့်ကွမ်းနှင့်စက်ရုံထဲဝင်ပြီး ထုတ်လုပ်ရေးလိုင်းဆီရောက်လာသည်။ ထို့နောက် တန့်ကွမ်းက ဝန်ထမ်းလေ့ကျင့်ပေးနေသောလူတစ်ယောက်ကိုလက်ယပ်ခေါ်လိုက်သည်။

"ဥက္ကဌချင် ဥက္ကဌတန့်... ဘာလုပ်ပေးရမလဲ?''

ထိုလူကအနားရောက်သည်နှင့် သူတို့နှစ်ဦးကိုရိုရိုသေသေပြောသည်။

ချင်လင်က ဒီလူကိုကောင်းကောင်းမှတ်မိပြီး အထင်ကြီးထားသည်။ စက်ရုံလေးတုန်းက ပထမဆုံးဝန်ထမ်းအသုတ်ထဲမှဖြစ်မည်။ အခုမန်နေဂျာဖြစ်နေပုံရသည်။

တန့်ကွမ်းက ခရမ်းချဉ်သီးအိတ်ပေးပြီး ညွှန်ကြားလိုက်သည်_

"ဒီခရမ်းချဉ်တွေသုံးပြီး ဆော့ထုတ်ပါ''

"ကောင်းပါပြီ ဥက္ကဌတန့်!''

ထိုလူကပြန်ဖြေပြီး ခရမ်းချဉ်ကိုထုတ်လုပ်ရေးလိုင်းဆီယူသွားကာ ဆော့လုပ်ရန်အမိန့်ပေးလိုက်သည်။

ထုတ်လုပ်ရေးစက်ဖွင့်သည်နှင့် အရည်အသွေး ၁ ခရမ်းချဉ်များထည့်ပြီး စထုတ်လုပ်သည်။

သိပ်မကြာခင် အရည်အသွေး ၁ ချင်းလင်ခရမ်းချဉ်ဆော့ထုတ်လုပ်ပြီးသွားသည်။

ခရမ်းချဉ်ဆော့ကိုအအေးခံပြီးနောက် စောစောကလူက ဘူးနှင့်ထည့်ကာ တန့်ကွမ်းနှင့်ချင်လင်ရှေ့ချပေးသည်။

တန့်ကွမ်းကဆော့ယူပြီးဖွင့်လိုက်သည်။ သူကနည်းနည်းတို့ပြီး ပါးစပ်ထဲထည့်ကာအရသာခံလိုက်သည်။

နောက်ခဏတွင် သူ့မျက်လုံးဝင်းလက်သွားပြီး_

"ဥက္ကဌချင်... ခရမ်းချဉ်မျိုးအသစ်သုံးပြီးတော့ ဆော့အရသာပိုကောင်းလာတယ်... အတော်တိုးတက်သွားတယ်''

ချင်လင်လည်း ခရမ်းချဉ်ဆော့ယူပြီး နည်းနည်းတို့ကာအရသာခံလိုက်သည်။

အရင်က သာမန်ခရမ်းချဉ်မှအရည်အသွေး ၁ ဆော့ရအောင်ကြိုးစားဖူး၍ ကွာခြားမှုကိုသူတန်းသိသည်။ ဒီအရည်အသွေး ၁ ခရမ်းချဉ်နှင့်လုပ်ထားသောဆော့က အများကြီးပိုကောင်းသည်။ တစ်တို့တို့ပြီး တစ်ခုခုစားချင်သလိုတောင်ဖြစ်လာသည်။

ဒါနှုတ်မြိန်ခြင်းအာနိသင်ကြောင့်မှန်း သူသိသည်။ နောက်ပြီး အာနိသင်ကအလွန်ထက်သည်။

"ဒီဆော့တွေထုပ်ပေးပါ... ပြန်ယူသွားချင်လို့''

ချင်လင်မှာလိုက်သည်နှင့် ထိုလူကရိုရိုသေသေတုံ့ပြန်ပြီး ခပ်သွက်သွက်ပြင်ဆင်ပေးသည်။

မကြာမီ ချင်လင်က ချင်းလင်ဆော့နှင့် အပန်းဖြေစံအိမ်ရုံးခန်းပြန်ရောက်လာသည်။ တံခါးလော့ချပြီးနောက် ဆော့ကိုဂိမ်းထဲယူသွားကာ မှတ်ချက်ကိုကြည့်လိုက်သည်:

(ချင်းလင်ဆော့: အရည်အသွေး ၂)

All Chapters