နည်းပညာပေါက်ကြား? ပေးဆပ်ရမယ့်အချိန်! ၃
Vol. 52 Ch. 773
(လျှို့ဝှက်နည်းနှင့်လုပ်ထားသော အထူးချိုချဉ်ခရမ်းချဉ်ဆော့ဖြစ်သည်။
အရသာကောင်းခြင်း +၂၊ အတွေ့အထိ +၂၊ စားကောင်းခြင်း +၂၊ နှုတ်မြိန်ခြင်း +၂၊ ဆီးများစေခြင်း +၁၊ ရေငတ်ပြေစေခြင်း +၁!)
…
(ချင်းလင်ခရမ်းချဉ်ဆော့: အရည်အသွေး ၂)
……
(ချင်းလင်ခရမ်းချဉ်ဆော့: အရည်အသွေး ၂)
အရည်အသွေး ၂ ဆော့အားလုံး အတွေ့အထိ၊ အရသာ၊ နှုတ်မြိန်ခြင်း အရည်အသွေးအားလုံး +၂ ဖြစ်သွားသည်။ ဆော့အသစ်တွင် ဆီးများခြင်း၊ရေငတ်ပြေစေခြင်း +၁ စသော အရည်အသွေး ၁ ၏အာနိသင်ကိုလည်းဆက်ထိန်းထားသည်။
တစ်နည်းဆိုသော် ဆော့မှာဆေးဖက်ဝင်တန်ဖိုးရှိ၍ သက်ဆိုင်ရာလက်မှတ်လျှောက်ထားနိုင်သည်။
ဆော့ကြော်ငြာအတွက်လည်း အလွန်အသုံးတည့်သည်။
ဘာပဲဖြစ်ဖြစ် ကလေးတွေက အပူကြောက်ပြီး ကယ်လိုရီစားရတာသဘောကျ၍ ဆီးအရောင်ရင့်ပြီး မအီမသာဖြစ်ကြသည်။ ဆီးကောင်းစေသောအာနိသင်က အသုံးတည့်သည်။
နောက်ပြီး ကလေးများကအစာမကြေဖြစ်တတ်၍ ရေငတ်ပြေစေအာနိသင်က အစာအိမ်နှင့်အူအတွက်ပိုကောင်းသည်။
ဒီအရည်အသွေး ၂ ဆော့နဲ့ဆို ချင်းလင်ဆော့က ဒီနှစ်ဆော့စျေးကွက်ကိုအပြည့်အဝလွှမ်းမိုးနိုင်လိမ့်မည်။
ဆော့မှတ်ချက်များဖတ်ပြီးမှ ချင်လင်ကစိတ်သက်သာရာရပြီး ဂိမ်းထဲမှထွက်လာသည်။
သို့သော် နောက်တစ်နေ့တွင် တန့်ကွမ်းကမနက်အစောကြီးလာရှာသည်။ သူကအံ့ဩနေသောမျက်နှာနှင့်_
"ဥက္ကဌချင်... ကျွန်တော်အစီရင်ခံစရာရှိတယ်!''
"ဘာဖြစ်လို့လဲ?''
ချင်လင်က တန့်ကွမ်း၏ထူးထူးဆန်းဆန်းမျက်နှာကိုကြည့်ရင်းမေးလိုက်သည်။
တန့်ကွမ်းကသူ့ဖုန်းမြန်မြန်ထုတ်ပြီး ဗီဒီယိုတစ်ပုဒ်ပြကာ_
"ဥက္ကဌချင်... ဒါဒီမနက် ရှင်းကျန့်တယ်ကဟင်နရီမိသားစုကနေထွက်လာတဲ့သတင်းပါ''

ချင်လင်ကဖုန်းယူပြီး ဇဝေဇဝါနှင့်ကြည့်လိုက်သည်။
ဟင်နရီမိသားစုမှာ ရှင်းကျန့်တယ်တွင်အကြီးဆုံးဆော့ကုမ္ပဏီဖြစ်သည်။ ထိပ်တန်းဆော့ဘရန်း ၁၀ ခုထဲတွင် အင်အားအရှိဆုံးကုမ္ပဏီလည်းဖြစ်သည်။ ရောင်းအားက ထိပ်တန်းဘရန်း ၁၀ ခုတွင် ထိပ်ဆုံးဝင်သည်။
သို့ဆိုရင်တောင် ဟင်နရီမိသားစုဆော့စျေးကွက်ကို ချင်းလင်ဆော့ကဖြည်းဖြည်းချင်းဝါးမျိုနေသည်။
ဟင်နရီမိသားစု၏ထုတ်ကုန်အသစ်ဖြစ်သောဆော့အသစ်ကို မကြာမီကြေညာတော့မည်!
ဗီဒီယိုကြည့်ပြီး ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။
ထိုဆော့ဘရန်းများ၏စျေးကွက်ကို ချင်းလင်ဆော့ကခြယ်လှယ်ထားပြီ။ ချင်းလင်ဆော့အရသာကိုသိ၍ဖြစ်မည်။ ရုတ်တရက်ထုတ်ကုန်အသစ်ထုတ်ပြီး သူတို့ကိုယ်သူတို့ယုံကြည်မှုအပြည့်ရှိနေကြသည်။
တစ်နှစ်ကျော်ပြီဖြစ်၍ ချင်းလင်ဆော့လုပ်နည်းက ပေါက်ကြားကောင်းပေါက်ကြားနိုင်သည်။
ထိုအတွေးနှင့် ချင်လင်သက်ပြင်းချလိုက်သည်။
အစားအသောက်လုပ်နည်းတွေကဆိုးတာပဲ။ ပေါက်ကြားဖို့လွယ်လိုက်တာ။
"ချင်းလင်အစားအသောက်ကုမ္ပဏီမှာကိုယ်ပိုင်ဓာတ်ခွဲခန်းဆောက်ဖို့ရံပုံငွေရှိလား?''
ချင်လင်က တန့်ကွမ်းကိုအလောတကြီးမေးလိုက်သည်။
တန့်ကွမ်းကခေါင်းညိမ့်ပြီး_
"ဟုတ်ကဲ့... လုပ်ငန်းပုံမှန်လည်ပတ်မှုကိုအထိအခိုက်မရှိဘဲ နောက်ထပ်ဓာတ်ခွဲခန်းဆောက်လို့ရပါတယ်''
"ဓာတ်ခွဲခန်းကိုအမြန်ဆုံးဆောက်ရမယ်... ပြီးရင် ဆော့နဲ့ဖျော်ရည်အမျိုးအစားတွေလေ့လာဖို့ အဖွဲ့တစ်ဖွဲ့ခေါ်မယ်''
ချင်လင်ကတန်းပြောလိုက်သည်။
သူတို့က အရည်အသွေး ၂ ခရမ်းချဉ်ဆော့လုပ်နိုင်နေပြီ။ အရင်နည်းပေါက်ကြားသွားရင်တောင် ကိစ္စမရှိ။ အရည်အသွေး ၁ ခရမ်းချဉ်ကလုပ်နည်းမဟုတ်၊ စပ်မျိုးဖြစ်၍ ပျိုးထောင်ရန်မလွယ်ချေ။
သို့ဆိုရင်တောင် စျေးကွက်ကိုအရည်အသွေး ၂ ဆော့နှင့်လွှမ်းမိုးပြီး စျေးကွက်ကိုထိန်းသိမ်းထားရဦးမည်။ ဆက်တိုက်သုတေသနလုပ်ခြင်း၊ ပစ္စည်းအသစ်ထုတ်ခြင်းနှင့် စျေးကွက်ကိုဦးဆောင်နိုင်လိမ့်မည်။
…

'ဟင်နရီမိသားစုဆော့'မှာ နှစ်ပေါင်း ၁၅၀ တိုင်တိုင်နာမည်ကြီးခဲ့သောဘရန်းဖြစ်သည်။ ဒီနေ့အထိတိုးတက်နေပြီး အကြီးဆုံးဆော့စျေးကွက်ကိုပိုင်ဆိုင်ထားသည်။ ကမ္ဘာ့တစ်ဝန်းရောင်းအား ပုလင်းရေသန်း ၆၅၀ နှင့် အထုပ်ရေဘီလီယံ ၁၁ သန်းအထိရှိသည်။ အလွန်အင်အားကောင်းသည်ဟုဆိုနိုင်သည်။
ရောင်းအားအများစုကဘယ်နိုင်ငံလဲသိသာသည်။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံလူဦးရေက ကမ္ဘာမှာအကြီးဆုံးစျေးကွက်ဖြစ်နေသည်။
ဟင်နရီမိသားစုဆော့ရှယ်ယာမှာ ၁၆% ဖြစ်ပြီး ချင်းလင်ဆော့ရုတ်တရက်ပေါ်လာသောကြောင့် ဟင်နရီမိသားစု၏ရှယ်ယာကျလာသည်။
ဟင်နရီမိသားစု၏အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သောတာဝန်ခံ Lude က တရုတ်ပြည်တွင် အကြီးတန်းစီမံရေးကိုဗီဒီယိုအစည်းအဝေးကျင်းပနေသည်။
Lude က ဗီဒီယိုထဲမှသက်လတ်ပိုင်းလူဖြူတစ်ဦးကို ရိုရိုသေသေမျက်နှာထားနှင့်_
"မစ္စတာဟင်နရီ... ရုံးချုပ်ကအချက်အလက်အတိုင်း ခရမ်းချဉ်အသစ်လုပ်ထားပါပြီ''
ဟင်နရီမှာ ရှင်းကျန့်တယ်တွင်မျိုးရိုးနာမည်ဖြစ်သည်။ တည်ထောင်သူဟန်လီဟင်နရီ၏မြေး ဂျက်ဟယ်ရီဖြစ်သည်။
"ချင်းလင်ဆော့နဲ့ဘာလို့ယှဥ်တာလဲ?''
ဟင်နရီကချက်ချင်းမေးသည်။
ဒီလောက်နှစ်တွေအများကြီး ဟန်အဖွဲ့အစည်းလက်ထဲက အတားအဆီးမရှိဘဲစျေးကွက်လုယူနိုင်ခဲ့တဲ့ တစ်ခုတည်းသောထုတ်ကုန်။ ဒီစျေးကွက်ရှယ်ယာကိုပြန်ယူရမှာပေါ့။
အခုလုပ်နည်းသိအောင်လုပ်ထားပြီး အရသာမပြောင်းစေဘဲဆော့အသစ်ထုတ်ရန် ပါဝင်ပစ္စည်းပြောင်းထားသည်။ ဒီချင်းလင်ဆော့ကို သူအားနာမည်မဟုတ်။ စျေးကွက်ရှယ်ယာပြန်ယူပြီး ဒီနယ်ပယ်ရဲ့ဘုရင်ကဘယ်သူမှန်းသိအောင်ပြချိန်တန်ပြီ။
စျေးကွက်ရှယ်ယာပြန်ယူရုံတင်မက၊ သင်ခန်းစာလည်းပေးရမည်။
"မစ္စတာဟင်နရီ... အရသာက သူတို့ထက်မညံ့ဘူး... ကျွန်တော်တို့စကြော်ငြာနေပြီ... တခြားပြင်ဆင်ထားတာတွေနဲ့ဆို ၁၀ ရက်အတွင်းတရားဝင်ထွက်နိုင်လိမ့်မယ်... အခုအတူတူဖြစ်သွားပြီဆိုတော့ ထုတ်ကုန်အရည်အသွေးချင်းမယှဉ်ဘဲ စီးပွားရေးဗျူဟာချင်းယှဉ်ရတော့မယ်... သူတို့ပြန်ပေးဆပ်ရမယ်''
"အင်း!''
ရလဒ်ကြောင့် ဂျက်ဟင်နရီကျေနပ်နေသည်_
"ဟန်ဆော့ကလည်း သူတို့နည်းကိုသိသွားပြီတဲ့... သူတို့နဲ့ဆက်သွယ်ပြီး အတူတူလုပ်လို့ရတယ်''
ရှင်းကျန့်တယ်မှနောက်ထပ်ဆော့ဘရန်းကြီးဟန်ဆော့ကလည်း ပြည်တွင်းထိပ်တန်းဆော့ဘရန်း ၁၀ ခုတွင်တစ်ခုအပါအဝင်ဖြစ်သည်။
အခုပြည်တွင်းဆော့ကုမ္ပဏီနှစ်ခုက ချင်းလင်ဆော့လုပ်နည်းကို တစ်ခုပြီးတစ်ခုသိကုန်ကြသည်။ ဂျက်ဟင်နရီ၏ရည်ရွယ်ချက်ကရှင်းသည်။ သူတို့အင်အားပေါင်းပြီး ချင်းလင်ဆော့ကိုဖိနှိပ်ချင်သည်။
ချင်းလင်ဆော့ကိုပထုတ်နိုင်သရွေ့ တခြားဆော့ဘရန်းတွေဒီနည်းကိုမသိခင် အရင်ဆုံးရှုံးထားသောစျေးကွက်ရှယ်ယာကိုပြန်ယူနိုင်ရုံသာမက အရင်ထက်ပိုကြီးသောစျေးကွက်ကိုလည်းရနိုင်သည်။
ချင်းလင်ဆော့ကိုဝိုင်းဖို့ ဂျက်ဟင်နရီလုံးဝစိတ်မပူ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်ကုမ္ပဏီက တစ်နှစ်ကျော်သာရှိသေးသည်။ ငွေအရင်းအနှီးက သူတို့ကိုမယှဉ်နိုင်။
အရင်းအနှီးနဲ့တန်ဖိုးချင်းပြိုင်ရင် ချင်းလင်ဆော့ကိုဆွဲချပြီးအလဲထိုးနိုင်သည်။
သူဒီလိုပဲယုံကြည်ထားသည်။