အရင်းရှင်ဗျူဟာ! ချင်းလင်ဆော့ရှုံးမှာ!
Vol. 52 Ch. 774
ဟင်နရီမိသားစု၏ထုတ်ကုန်အသစ်ခရမ်းချဉ်ဆော့က ရုတ်တရက်ထွက်လာပြီး အကြီးအကျယ်ကြော်ငြာနေသောကြောင့် အင်တာနက်ပေါ်တွင်အာရုံစိုက်ခံနေရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချင်းလင်ဆော့ကိုတွေးမိစေသည်။
ချင်းလင်ဆော့အရသာက အင်အားအကောင်းဆုံးဟင်နရီမိသားစု၏ဆော့အပါအဝင် ထိပ်တန်းဘရန်း ၁၀ ခုထက်အများကြီးပိုကောင်းသည်။
ချင်းလင်ဆော့အောင်မြင်လာသောကြောင့် ဟင်နရီမိသားစု၏စျေးကွက်ရှယ်ယာလည်းဘောင်ကျဉ်းသွားပြီး အားလုံးကိုချင်းလင်ဆော့ကသိမ်းပိုက်သွားသည်။
အခုဒီလောက်ကြာပြီးမှ ထုတ်ကုန်အသစ်ရုတ်တရက်ထွက်လာပြီးကြော်ငြာတာ ချင်းလင်ဆော့နဲ့ပတ်သက်မှုမရှိပါဆိုရင် ယုံရခက်ခက်ပင်။
ပြီးတော့ ဟင်နရီဆော့ကြော်ငြာပြီးနောက်ပိုင်း နောက်ထပ်ဟန်ဘရန်းဆော့ကလည်း ထုတ်ကုန်အသစ်ထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာနေသည်။
ခရမ်းချဉ်ဆော့ဘရန်းနှစ်ခုက သူတို့ထုတ်ကုန်များကိုကြော်ငြာနေရင်း မြို့အသီးသီးတွင် ခရမ်းချဉ်ဆော့အရသာခံပွဲလုပ်ရန်အင်အားစုနေသည်။
အရသာခံရသည့်ရည်ရွယ်ချက်က ရှင်းသည်။ သူတို့ဆော့က ချင်းလင်ဆော့နှင့်အရသာတူမှန်း အားလုံးသိအောင်လုပ်ပြီး အရင်းရှင်အကွက်ရွှေ့ခြင်းပင်။
ဟန်နှင့်ဟင်နရီ၏ခရမ်းချဉ်ဆော့အရသာခံပွဲက ဆော့ကြိုက်သူများကိုဆွဲဆောင်လိုက်လေသည်။
တစ်ချိန်တည်းတွင် ပြည်တွင်းအကြီးဆုံးစျေးကွက်ရှယ်ယာနှင့်ထျန်းဟိုင်ဆော့ဘရန်းကိုလည်းသတိပြုမိကြသည်။
အရင်နှစ်များက ထျန်းဟိုင်၏သူဌေးကျွမ်စစ်ရှီးမှာခေါင်းကိုက်နေခဲ့သည်။
စျေးကွက်ထဲရုတ်တရက်ပေါ်လာသော ချင်းလင်ဆော့က သူတို့ထျန်းဟိုင်ဆော့စျေးကွက်ကိုဝါးမြိုသွားသည်။
သူတို့ဘာမှမတတ်နိုင်သောကြောင့် လုပ်နည်းရနိုးနိုးနှင့်သာရင်းနှီးမြှုပ်နှံခဲ့သည်။ သို့ရာတွင် သူတို့ပုံတူကူးသောလုပ်နည်းက ရှင်းကျန့်တယ်မှခရမ်းချဉ်ဆော့ဘရန်းနှစ်ခုလောက်မကောင်းမှန်းသိသာသည်။

ရှင်းကျန့်တယ်ဘရန်းနှစ်ခုဖြစ်သော ဟန်နှင့်ဟင်နရီက ထုတ်ကုန်အသစ်ထွက်ပြီဖြစ်၍ ချင်းလင်ဆော့လုပ်နည်းကိုဓာတ်ခွဲနိုင်ပုံရသည်။
အခုဒီလောက်ငွေကုန်ကြေးကျခံပြီး အရသာခံပွဲလုပ်တာ ချင်းလင်ဆော့ကိုပစ်မှတ်ထားဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘရန်းများကိုဖြေရှင်းချင်တာဖြစ်မည်။
ရှင်းကျန့်တယ်ဘရန်းနှစ်ခုက တကယ်ချင်းလင်ဆော့ကိုဓာတ်ခွဲနိုင်တာဆိုရင် အရည်အသွေးနိမ့်တဲ့သူတို့ဆော့ထုတ်ကုန်တွေကို ညှာပါ့မလား?
အဲဒီအချိန်မှ ချင်းလင်ဆော့လုပ်နည်းမရရင် သူတို့စီးပွားရေးကိုလက်လွှတ်ရလိမ့်မည်။
"သူဌေး... ကျွန်တော် ကုမ္ပဏီသုံးခုလုံးကဆော့ရခဲ့ပြီ''
လူတစ်ယောက်က ဆော့ပုလင်းသုံးလုံးကိုင်၍ ပြေးဝင်လာပြီး ကျွမ်စစ်ရှီးစားပွဲပေါ်တင်လိုက်သည်။
ဟန်နှင့်ဟင်နရီမိသားစုကအသစ်ထုတ်သောဆော့နှင့် ချင်းလင်ဆော့လည်းပါသည်။
ကျွမ်စစ်ရှီးကလက်နှေးမနေဘဲ ပုလင်းသုံးလုံးကိုဖွင့်လိုက်သည်။ ထို့နောက် လက်နှင့်တို့၍ ပါးစပ်ထဲထည့်လိုက်၏။
အရင်ဆုံးချင်းလင်ဆော့ကိုအရသာခံလိုက်သည်။ ချင်းလင်ဆော့စျေးကွက်ထဲရောက်လာပြီးနောက်ပိုင်း သူတစ်ကြိမ်မကမြည်းဖူးသည်။
ထို့နောက် ဟင်နရီနှင့်ဟန်မိသားစုဆော့အသစ်ကိုမြည်းလိုက်သည်။ အရသာခံပြီးနောက် သူ့မျက်နှာသိပ်မကောင်း။
အရသာနှင့်အထိအတွေ့က ချင်းလင်ဆော့ထက်မညံ့။
ရှင်းကျန့်တယ်ကုမ္ပဏီနှစ်ခုက ချင်းလင်ဆော့လုပ်နည်းကိုလုံးဝရသွားပြီ။
"ချင်းလင်ဆော့ဒုက္ခရောက်သလို ငါတို့ဒုက္ခရောက်မှာလည်းဖြစ်နိုင်တယ်''
ကျွမ်စစ်ရှီးက မတတ်သာဘဲသက်ပြင်းချလိုက်သည်။
ထျန်းဟိုင်ဆော့ဘက်တင်မဟုတ်။ တခြားပြည်တွင်းဆော့ဘရန်းများလည်း ဆော့ဘရန်းသုံးခုအကြောင်းနှင့်သူတို့အခြေအနေမကောင်းမှန်းသိကြသည်။

ရှင်းကျန့်တယ်ရဲ့နည်းပညာက အထင်ကြီးစရာကောင်းတုန်းပါပဲလား။
ကုမ္ပဏီနှစ်ခုလုံး ချင်းလင်ဆော့လုပ်နည်းကို သူတို့ထက်မြန်မြန်ရခဲ့သည်။ အရင်းရှင်ကုမ္ပဏီနှစ်ခုက ချင်းလင်ဆော့ကိုကိုင်တွယ်နေရင်း သူတို့စျေးကွက်ကိုပါဝါးမြိုသွားလိမ့်မည်။
မကြာမီ ဆော့သုံးမျိူးအရသာမြည်းပွဲအကြောင်း အင်တာနက်ပေါ်တွင်သတင်းများပြည့်နှက်သွားလေသည်။
ချင်းလင်ကုမ္ပဏီက နာမည်ကြီးနေသည်။ သတင်းကပိုပိုပြန့်လာ၍ တစ်ယောက်ပြီးတစ်ယောက်အာရုံစိုက်လာကြသည်။
"ချင်းလင်ဆော့ဒုက္ခရောက်ပြီ... ရှင်းကျန့်တယ်ကုမ္ပဏီနှစ်ခုက ချင်းလင်ဆော့လုပ်နည်းရသွားပြီ''
"အရသာက တထပ်တည်းလိုလိုပဲ... ဟင်နရီနဲ့ဟန်ဆော့က လိုက်မီတယ်''
အရင်က စျေးကွက်ထဲမှာ ချင်းလင်ဆော့ကိုမတားမြစ်နိုင်ခဲ့။ အခုရှင်းကျန့်တယ်ဘရန်းနှစ်ခုက အပီအပြင်ပြန်တိုက်တော့မည်။
အကောင်းဘက်ကမြင်ပြီး ပုံမှန်ထင်နေသောပြည်သူများလည်းရှိသည်။ သို့ရာတွင် နည်းနည်းထူးနေသောမှတ်ချက်များလည်းရှိသည်ပင်။
"ငါဆော့သုံးခုလုံးမြည်းကြည့်ပြီးပြီ... ဟန်နဲ့ဟင်နရီမိသားစုဆော့အသစ်က ချင်းလင်ဆော့ထက်လုံးဝပိုကောင်းတယ်''
"ဟင်နရီဆော့ကပိုကောင်းတာ... ပါဝင်ပစ္စည်းပိုကောင်းတာဖြစ်မယ်!''
"အရသာချင်းအတူတူ ဟင်နရီဆော့ကိုပဲရွေးမယ်... ဘာပဲဖြစ်ဖြစ် နာမည်ရှိပြီးသားဘရန်းကြီးလေ''
"အရသာတူတယ်ဆိုမှတော့ ဟန်နဲ့ဟင်နရီဆော့ကပိုကောင်းမှာပေါ့... သူတို့ကနည်းပညာမြင့်တယ်... အတွေ့အကြုံပိုများတယ်''
ထိုမှတ်ချက်များက ချင်းလင်ဆော့ကိုသိမ်ငယ်အောင်ပြောထားသည်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ ဘနားနားတွေမှမျိုးမတုံးဘဲ။ နောက်ပြီး ဟန်နှင့်ဟင်နရီမိသားစုက နောက်ကွယ်မှခြယ်လှယ်ထားသောကြောင့် ဒီလိုမှတ်ချက်တွေပိုပိုများလာသည်။
အင်တာနက်ပေါ်မှကိစ္စများကြောင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အာရုံစိုက်လာကြသည်။
ဒီအတောအတွင်း ချင်းလင်ကုမ္ပဏီက အရှိန်ကောင်းကောင်းနှင့်ဖွံ့ဖြိုးလာသည်။ အားလုံးက သူ့အလားအလာကိုသိသော်လည်း ချင်းလင်ကုမ္ပဏီမှာဘယ်တုန်းကမှဒုက္ခမရောက်ခဲ့သောကြောင့် သူ့အင်အားကိုဘယ်သူမှနားမလည်နိုင်အောင်ဖြစ်နေသည်။
ဒီတစ်ခါတော့ ချင်းလင်ကုမ္ပဏီဒုက္ခလှလှရောက်ပြီ။ ချင်းလင်ကုမ္ပဏီကျဉ်းထဲကြပ်ထဲရောက်တာလည်း ဒါပထမဆုံး။ ဒီအခြေအနေကိုကျော်လွှားနိုင်မည့်ချင်းလင်ကုမ္ပဏီ၏ဗျူဟာနှင့်လုပ်နိုင်စွမ်းကို အားလုံးကြည့်ရင်ကြည့်ရနိုင်သည်။
ဒီပြဿနာကိုမဖြေရှင်းနိုင်ရင် ချင်းလင်ကုမ္ပဏီအပေါ်အထင်အမြင်သေးသွားမည်၊ ဒါမှမဟုတ် အရင်ကအထင်ကြီးလွန်းခဲ့တာလည်းဖြစ်ကောင်းဖြစ်မည်။