မောက်ထိုက်လိုတည်ငြိမ်! ချင်းလင်ဆော့ကံဆိုးပြီလား?
Vol. 52 Ch. 777
ဟန်နှင့်ဟင်နရီမိသားစုလုပ်ရပ်မှာ ဖုံးကွယ်မရ။
စျေးချင်းပြိုင်ပြီး ချင်းလင်ဆော့ကိုတိုက်ခိုက်ခြင်းမှာ အရင်းရှင်စျေးကွက်တွင်သုံးနေကျနည်းဗျူဟာတစ်ခုဖြစ်သည်။
သို့သော် တရုတ်ပြည်တွင် စံနှုန်းညီအဖိုးနည်းဆော့တောင် ၄ ယွမ်ရှိသည်။ ထို့ကြောင့် တစ်ဖက်ကပေးသော ၈ ယွမ်မှာ ထင်ထားသည်ထက်ဟိုဘက်လွန်နေ၏။
လုပ်နည်းအသစ်ပါဝင်ပစ္စည်းတန်ဖိုးက လုံးဝတူမည်မဟုတ်၊ ၈ ယွမ်ချင်းစျေးပြိုင်မှန်းသိသော်လည်း ချင်းလင်ဆော့ကအစီရင်ခံရင်တောင် ဒီတလောအရှုပ်ပုံကြီးဖြစ်ဦးမည်။
ဒီအတောအတွင်း ရှင်းကျန့်တယ်ကုမ္ပဏီနှစ်ခုက ချင်းလင်ဆော့စျေးကွက်ကိုတတိတိစားရန်အချိန်ရသည်။
ထိုအချိန်တွင် အားလုံး၏အာရုံက ချင်းလင်ဆော့အပေါ်ပုံကျလာသည်။ အထူးသဖြင့် စီးပွားရေးသတင်းထောက်များပင်။
ဒီအခြေအနေကို ချင်းလင်ဆော့ကတုံ့ပြန်ရမည်မှန်း အားလုံးသိကြသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီ_
တန့်ကွမ်းလည်း သူ့ရုံးခန်းထဲတွင် ချန်ဟယ်နှင့်ဒေသဆိုင်ရာကိုယ်စားလှယ်များကိုဧည့်ခံနေသည်။
ဟန်နဲ့ဟင်နရီမိသားစုက ဒီအကွက်ရွှေ့မှတော့ ဒေသဆိုင်ရာကိုယ်စားလှယ်များငြိမ်မနေနိုင်တော့။ ၈ ယွမ်စျေးကို သူတို့လုံးဝမဖြေရှင်းနိုင်။ ဘာပဲဖြစ်ဖြစ် သူတို့ဝယ်စျေးက ၁၁ ယွမ်ဖြစ်နေသည်။
"ဒါရိုက်တာတန့်''
ချန်ဟယ်က စိတ်ပူသံနှင့်_
"ခင်ဗျားနဲ့ဥက္ကဌချင်မှာ ဘယ်လိုစိတ်ကူးရှိလဲ? သူတို့နည်းကို ကျုပ်တို့မဖြေရှင်းနိုင်ဘူး''
တခြားဒေသကိုယ်စားလှယ်များကလည်း ဝင်ပြောသည်_
"ဥက္ကဌတန့် စဉ်းစားပါဦး!''
"ဟုတ်တယ်... ဒီကောင်တွေက ညစ်လွန်းတယ်''
“…”
ဒီဒေသကိုယ်စားလှယ်တွေဘာလို့ဒီလောက်လောနေလဲ တန့်ကွမ်းသဘောပေါက်သည်။
သူသာဝှက်ဖဲကိုမသိထားရင် သူလည်းစိတ်ပူနေရမည်။
"အထွေထွေမန်နေဂျာချန်... စိတ်မပူပါနဲ့... အရင်ဆုံးပြစရာရှိတယ်''
တန့်ကွမ်းက စားပွဲပေါ်မှဖုန်းယူပြီး ဖုန်းဆက်ကာညွှန်ကြားလိုက်သည်_
"ငါ့ရုံးခန်းထဲကို ခရမ်းချဉ်ဆော့အသစ်ပုလင်းနည်းနည်းပို့ပေးပါ''
ချန်ဟယ်တို့ကိုယ်စားလှယ်များက ငတုံးမဟုတ်။
ဥက္ကဌတန့်ကလုံးဝမလောဘဲ ထုတ်ကုန်အသစ်အကြောင်းပြောနေသောကြောင့် သူတို့တန်ပြန်အစီအစဉ်ဖြစ်မည်ဟုခန့်မှန်းမိသည်။
နောက်ပြီး ဒီအကွက်က အောင်ပွဲခံနိုင်လိမ့်မည်။ မဟုတ်ရင် ဥက္ကဌတန့်ဒီလောက်တည်ငြိမ်နေဖို့မဖြစ်နိုင်။
မကြာမီ ချန်ဟယ်တို့ဆီ ခရမ်းချဉ်ဆော့ပုလင်းများရောက်လာသည်။
ထိုဆော့ပုလင်းများက သူတို့လက်ရှိရောင်းနေသောပုလင်းများနှင့်ထုတ်ပိုးပုံနည်းနည်းကွာသည်။
ထုတ်ကုန်အသစ်ဖြစ်ရင် ထုတ်ပိုးမှုပုံစံမတူတတ်။
တန့်ကွမ်းလည်း ချန်ဟယ်တို့အား_
"အထွေထွေမန်နေဂျာချန်... ဒီခရမ်းချဉ်ဆော့အသစ်ကိုမြည်းကြည့်ပါ''
ချန်ဟယ်တို့က လက်နှေးမနေ။ ဟန်နှင့်ဟင်နရီမိသားစုကိုတုံ့ပြန်မည့် ကုမ္ပဏီ၏ထုတ်ကုန်အသစ်မှန်းသူတို့သိသည်။ သူတို့ပြန်တိုက်ရမည့်လက်နက်ပင်။
ချန်ဟယ်ကဆော့အသစ်ကိုဖွင့်ပြီး နည်းနည်းတို့ကာမြည်းလိုက်သည်။
တစ်တို့စားပြီး သူ့မျက်နှာကလန့်သွားပုံနှင့်_
"ဥက္ကဌတန့်... ဒီဆော့က အရင်ဟာထက်အများကြီးပိုကောင်းနေပါလား?''
အကောင်းနှင့်အဆိုးကွာခြားချက်က သိသာသည်။ အရသာခံပြီး ခွဲခြားပြောနိုင်၏။
တခြားဒေသကိုယ်စားလှယ်များလည်းအံ့ဩသွားသည်။
ဒါကြောင့် ဥက္ကဌတန့်ကလုံးဝစိတ်မပူတာကိုး။
ဟန်နှင့်ဟင်နရီမိသားစုက ချင်းလင်ဆော့လုပ်နည်းသိသွားသော်လည်း မူလလက်ဟောင်းသာဖြစ်သည်။ ထုတ်ကုန်သစ်အရသာကို လက်ဟောင်းကမယှဉ်နိုင်။ မိုးနှင့်မြေလိုကွာနေသည်။
ဒီတော့ ထုတ်ကုန်အသစ်ထွက်လာရင် ဟန်နဲ့ဟင်နရီမိသားစုတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီ။ သူတို့လုံးဝပြန်လှန်နိုင်မည်မဟုတ်။
လုပ်နည်းက အရင်နည်းဟောင်းမှန်း ဒေသဆိုင်ရာကိုယ်စားလှယ်များမသိကြ။ ခရမ်းချဉ်မျိုးစိတ်အသစ်ပြောင်းသွားခြင်းသာ။
"ဥက္ကဌတန့်... အခုဘယ်လိုလုပ်ကြမလဲ? ဒီထုတ်ကုန်အသစ်ကိုချက်ချင်းကြော်ငြာမှာလား?''
ကုမ္ပဏီမှာထုတ်ကုန်အသစ်ရှိမှန်းသိ၍ ချန်ဟယ်မလောတော့။
ဥက္ကဌတန့်နှင့်ဥက္ကဌချင်မှာ သူတို့အစီအစဉ်နှင့်သူတို့ရှိလိမ့်မည်။ သူတို့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရုံသာ။
တခြားဒေသကိုယ်စားလှယ်များလည်း အတူတူပင်။ အနိုင်ရမည်မှန်းသေချာရင် တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနေနိုင်ကြမည်။
"ချင်းလင်စံအိမ်သွားပြီး ဥက္ကဌချင်ဘာပြောမလဲနားထောင်ရအောင်''
တန့်ကွမ်းလည်းပြောပြောဆိုဆိုထပြီး ချန်ဟယ်တို့ကိုယ်စားလှယ်များကို ချင်းလင်စံအိမ်ခေါ်သွားသည်။
…
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်လည်း ချန်ရှန်းဖေနှင့်စကားပြောနေသည်။ သူကဖုန်းထဲဆက်ပြီး_
"ကောင်းပါပြီ... ကျွန်တော်နားလည်ပါပြီ... လောင်ချန် ကျေးဇူးအများကြီးတင်ပါတယ်!''
ဖုန်းချပြီးနောက် ချင်လင်ပြုံးလိုက်သည်။
စီးပွားရေးလောကအကြောင်း သူသိပ်မသိ။ စီးပွားရေးအတွေ့အကြုံရှိသောလောင်ချန်နှင့်လောင်မာလိုမိတ်ဆွေမျိုးရှိ၍သာတော်တော့သည်။
ထို့ကြောင့် လက်ရှိအခြေအနေကိုဘယ်လိုဖြေရှင်းရမလဲ လောင်ချန်ကိုနှိမ့်နှိမ့်ချချမေးသည်။
သူ့မှာသာနောက်ခံအစီအစဉ်မရှိရင် ရင်ဆိုင်ဖြေရှင်းစရာ အရည်အသွေး ၂ ဆော့လည်းမရှိ။ အဲဒီအချိန်ကျရင် ဩဇာသူရှိထံမှအကူအညီတောင်းရလိမ့်မည်။
ယေဘူယျအားဖြင့် အရင်းရှင်နည်းများတွင် ပြဿနာများ၊ကယ်ပေါက်များရှိတတ်သည်။ လောင်ချန်ပြောပုံအရ တစ်ဖက်က ၈ ယွမ်မှာ လုံးမသင်္ကာစရာကောင်းသည်။ စျေးအချမြန်လွန်းသောကြောင့် ၈ ယွမ်ကသူတို့အတတ်နိုင်ဆုံးစျေးနှုန်းဖြစ်မည်။
၈ ယွမ်ထက်နည်းရင် သူတို့အရှုံးပေါ်လိမ့်မည်။
အရာရှိတွေကိုပဲအားကိုးနေလို့ အကျိုးမရှိ။ နောက်ပြီး အချိန်လိုသောကြောင့် တစ်ဖက်ကသူတို့ကိုကြန့်ကြာအောင် တခြားနည်းသုံးချင်သုံးလာနိုင်သည်။
ပုံမှန်အတိုင်းဆို ဒီနည်းကကိုယ့်ကိုယ်ကိုယ်သာကာကွယ်နိုင်ပြီး အနိုင်ရဖို့လမ်းမမြင်ချေ။
ထို့ကြောင့် တန်ပြန်အစီအစဉ်လုပ်သောအခါ လောင်ချန်နည်းကစိတ်ဝင်စားဖို့ကောင်းသည်။ ချက်ကောင်းထိုးသောအကွက်ပင်။
သူတွေးတောနေစဉ်...
တံခါးခေါက်သံကြားရသည်။
ချင်လင်ကဝင်လာခိုင်းရာ တန့်ကွမ်းနှင့်ချန်ဟယ်တို့ကိုယ်စားလှယ်များကိုတွေ့ရသည်။
"ဥက္ကဌချင်!"
တန့်ကွမ်းဝင်လာပြီး သူ့ကိုရိုရိုသေသေနှုတ်ဆက်သည်။
"ဥက္ကဌချင်!"
"ဥက္ကဌချင်!''
“……”
ချန်ဟယ်တို့ကိုယ်စားလှယ်များက ပိုပြီးရိုကျိုးနေသည်။
ပုံမှန်အတိုင်းဆို သူဌေးနှင့်သူတို့အဆက်အစပ်မရှိ။ ဥက္ကဌတန့်နှင့်သာ ဆက်သွယ်ရသည်။
"ရောက်လာကြပြီ... အားလုံးလက်ဖက်ရည်သောက်ရအောင်''
ချင်လင်ကပြောပြီး လက်ဖက်ရည်စားပွဲဆီလျှောက်သွားသည်။