မောက်ထိုက်လိုတည်ငြိမ်! ချင်းလင်ဆော့ကံဆိုးပြီလား? ၃
Vol. 52 Ch. 779
ဟန်နှင့်ဟင်နရီမိသားစုက မြန်မြန်ဆန်ဆန်သတင်းရသွားသည်။
ဟင်နရီမိသားစုကိုယ်စားလှယ်ရုံးချုပ်_
သတင်းရသောအခါ Lude တစ်ယောက်မယုံနိုင်_
"နောက်နေတာလား? သူတို့က ဘာအားကိုးနဲ့လဲ?''
ချင်းလင်ဆော့ကြောင့် သူလုံးဝအံ့အားသင့်သွားသည်။
နောက်ပြီး သူကဆုံးဖြတ်ချက်မချရဲ။ ဂျက်ဟင်နရီကိုဖုန်းဆက်ပြီး ချက်ချင်းဗီဒီယိုအစည်းအဝေးလုပ်ပြန်သည်။
ဂျက်ဟင်နရီလည်း Lude ကိုမြင်လျှင်မေးသည်_
"အခုအခြေအနေဘယ်လိုရှိလဲ?''
Lude ကချက်ချင်းအစီရင်ခံသည်_
"မစ္စတာဟင်နရီ... အခြေအနေက ကျွန်တော်တို့ထင်ထားတာနဲ့နည်းနည်းလွဲနေတယ်... ချင်းလင်ဆော့က လှုပ်ရှားပြီ... သူတို့ကကုန်သည်တွေကို ၇ ယွမ်နဲ့ပေးနေတယ်... ကျွန်တော်တို့ထက် ၁ ယွမ်သက်သာတယ်... ဒီလိုဆိုရင် ကျွန်တော်တို့အားထုတ်ထားသမျှ အလကားဖြစ်သွားမှာပေါ့... သူတို့ကလုံးဝမထိခိုက်ဘူး''
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''
ဂျက်ဟင်နရီက မယုံနိုင်ပုံနှင့်_
"ငါတို့လုပ်နည်းရတော့ စျေးအပေါဆုံးပစ္စည်းတွေသုံးခဲ့တာ... နောက်ပြီး ငါတို့သုတေသနသမားတွေက ကုန်ကျစရိတ်အသက်သာဆုံးလို့ထင်တဲ့နည်းကိုသုံးတာ''
"ချင်းလင်ဆော့ကုန်ကျစရိတ်က ငါတို့နဲ့အတူတူလောက်ပဲ... ဘာလို့ငါတို့နဲ့စျေးချင်းပြိုင်ရဲတာလဲ?''
Lude ကမျက်မှောင်ကြုတ်ပြီး_
"မစ္စတာဟင်နရီ... သူတို့နိုင်ငံမှာ 'ခြောက်'တယ်ဆိုတဲ့စကားရှိတယ်လေ... အဲဒါတကယ်မရှိတာကို တစ်ဖက်ကကြောက်အောင် စိတ်ရှုပ်အောင်လုပ်တာ... သူတို့ကဒီနည်းသုံးပြီးခြောက်နေတာထင်တယ်''
"မင်းပြောတဲ့အတိုင်းဖြစ်မယ်''
မစ္စတာဟင်နရီကခေါင်းညိမ့်သဘောတူပြီးမှ_
"ဒါပေမဲ့ ငါတို့မကြောက်ဘူး... သူတို့ဒီစျေးနဲ့ပေးတာ ရှုံးမှာပဲ... ဒီတော့ ငါတို့လည်း ၇ ယွမ်ကိုလိုက်ပြိုင်ရမယ်... ဘယ်သူကအရင်ဆုံးလက်လျှော့မလဲကြည့်ရတာပေါ့... ငွေအရင်းအနှီးပိုင်းမှာ သူတို့တစ်ကုမ္ပဏီလုံးပေါင်းရင်တောင် ငါတို့ကိုမယှဉ်နိုင်ဘူး''
ဂျက်ဟင်နရီက ယုံကြည်မှုအပြည့်ပင်။
သူတို့အဖွဲ့တွင် ခရမ်းချဉ်ဆော့တစ်မျိုးမကရှိသည်။
ဟင်နရီမိသားစုဆော့က ထုတ်ကုန်တစ်ခုသာ။ ဟင်နရီမိသားစုမှာ စျေးကွက်တန်ဖိုးဘီလီယံ ၆၀ ကျော်ရှိသည်။
ချင်းလင်ဆော့၏တုံ့ပြန်ချက်ကို စီးပွားရေးသတင်းထောက်များသတိပြုမိပြီး အင်တာနက်ပေါ်ချက်ချင်းပြန့်သွားသည်။
ထို့ကြောင့် အတော်များများလန့်သွားလေသည်။ အထူးသဖြင့် ချင်းလင်ကုမ္ပဏီကိုစိတ်ဝင်စားနေသောစီးပွားရေးသမားများပင်။
ချင်းလင်ကုမ္ပဏီသူဌေးက ဘယ်လိုတုံ့ပြန်မလဲ သူတို့အားလုံးသိချင်နေကြသည်။ သို့သော် ဒီနည်းနှင့်တုံ့ပြန်မည်ဟုမထင်မိပေ။
ကြည့်ရတာ စျေးချင်းလိုက်ပြိုင်ချင်ပုံရသည်။
သတင်းကြားသူများက ခေါင်းခါကြ၏။ စျေးချင်းပြိုင်ပွဲမှာ ဟန်နှင့်ဟင်နရီမိသားစုကအကျိုးအမြတ်ရပြီး ချင်းလင်ဆော့ကလုံးဝရမည်မဟုတ်ဟုဆိုနိုင်သည်။
ဒီလိုဖြေရှင်းတာ ဦးနှောက်မရှိဆုံးပဲ!
စွန်းကျင်းဟို့အမည်ရှိဘဏ္ဍာရေးပါမောက္ခတစ်ဦးက အင်တာနက်ပေါ်တွင်ဗီဒီယိုတင်ပြီး နောင်တရကြောင်းပြောသည်_
"အင်း.. ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးလာတာကို အမြဲသေချာစောင့်ကြည့်ခဲ့တာ... အားလုံးကလည်း ချင်းလင်ကုမ္ပဏီရဲ့သူဌေးအကြောင်းသိချင်နေကြတာ... ဒါချင်းလင်ကုမ္ပဏီကိုလက်ရှိအခြေအနေအထိဖွံ့ဖြိုးအောင်လုပ်ခဲ့လို့မလား?''
"ဒါပေမဲ့ ချင်းလင်ဆော့ကို ၇ ယွမ်နဲ့ပေးပုံထောက်ရင် ကျုပ်တို့ချင်းလင်သူဌေးကိုအထင်အရမ်းကြီးလွန်းခဲ့ပြီထင်တယ်... သူကပြန်ခြောက်ဖို့ အဆိုးဆုံးနည်းကိုရွေးခဲ့တာ''
"ကျုပ်ထင်တာမမှားရင် ဟန်နဲ့ဟင်နရီမိသားစုက စျေးချက်ချင်းလိုက်ညှိလိမ့်မယ်... အလွန်ဆုံး ၇ ယွမ်နဲ့ ၇ ယွမ်... ချင်းလင်ဆော့ဖြေရှင်းနိုင်မှာမဟုတ်ဘူး''
အမှန်ပင် ဟန်နှင့်ဟင်နရီမိသားစုဆော့နှစ်ခုလုံးက စိန်ခေါ်မှုကိုလက်ခံပြီး ၇ ယွမ်စျေးပြောင်းလိုက်သည်။ ဒါကြောင့်လည်း နှစ်ဖက်စလုံးကအရှိန်တင်နေပြီမှန်း အားလုံးသိသွားသည်။
ထိုသတင်းကြားပြီးနောက် ဘဏ္ဍာရေးပါမောက္ခစွန်းကျင်းဟို့က နောက်ထပ်ဗီဒီယိုတင်ပြန်သည်_
"အားလုံးမြင်တဲ့အတိုင်းပဲ... ကျုပ်ထင်ထားသလို ဟန်နဲ့ဟင်နရီမိသားစုကပြန်တိုက်ဖို့ ချက်ချင်း ၇ ယွမ်စျေးချလိုက်ပြီ''
"ဒါချင်းလင်ဆော့ကိုအရှင်ဖုတ်တာပဲ... ရှေ့ဆက် သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ... ချင်းလင်ကုမ္ပဏီကကျုပ်ကိုရှယ်ယာပေးမယ်ဆိုရင် ကျုပ်ကလည်းချင်းလင်အစားအသောက်ကုမ္ပဏီကိုဝင်ပြီး ကူညီစီစဉ်ပေးချင်ပါတယ်''
မကြာခင် ထိုဗီဒီယိုကိုအားလုံးတွေ့သွားကြသည်။ တချို့က သူတို့ဘယ်လိုတုံ့ပြန်မလဲသိချင်သောကြောင့် @ချင်းလင်အစားအသောက်ကုမ္ပဏီဟုတောင်တပ်ကြသည်။
သို့သော် ဒီကိစ္စကိုဘယ်သူမှအာရုံမစိုက်ကြ။ တန့်ကွမ်းက ပြည်တွင်းခရမ်းချဉ်ဆော့ဘရန်းတာဝန်ခံများကိုဆက်သွယ်ထားပြီးဖြစ်သည်။