← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၁၇

Vol. 23 Ch. 331

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၁၇

Vol. 23 Ch. 331

အနက်ရောင် ပင်လယ်ကြီးက ပျောက်ကွယ်သွားခဲ့ပါပြီ..။

နက်ရှိုင်းတဲ့ အပိုင်းမှာရှိနေတဲ့ သားရဲ့ကြီးတွေကလည်း သူနဲ့အတူ သယ်ဆောင်သွားခြင်းခံခဲ့ရတယ်။

ကမ္ဘာကြီးကတော့ သန့်စင်တဲ့ နေရောင်ခြည် နဲ့ ဆေးကြောနေခဲ့ပါတယ်။ဝင်္ကပါရဲ့ မျက်နှာပြင်ကရုတ်တရက် တောက်ပ ၊ ထွန်းလင်း နေပြီး အရိပ်တွေက ချွန်ထက်နေတဲ့..သန္တာကျောက်တွေရဲ့ အောက်ကို တိုးဝင်နေခဲ့တယ်။အဖြူရောင် နေလုံးက ကြက်သွေးရောင် ထိပ်ဖျားရဲ့ အပေါ်မှာ ဒေါတသကြီးထွန်းလင်းနေခဲ့ပြီး..ကောင်းကင်ရဲ့ အလယ်မှာ အေးခဲနေသယောင်ပါပဲ။

ဆန်နီ သူ့ရဲ့ မျက်လုံးတွေကိုတောင် စက္ကန့်အနည်းငယ်လောက် ကာထားလိုက်ရတယ်။

မြေပြင်ပေါ်မှာလှဲနေရင်း သူ စက္ကန့် အနည်းငယ်လောက်ကြာအောင် အနားယူနေခဲ့ပါတယ်။သူ့နှုတ်ခမ်းထက်ကနေ ရယ်သံ တစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

' ငါ တကယ် လုပ်နိုင်ခဲ့တာလား '

မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကို ပြောရမယ် ဆိုရင်..

ကံဆိုးချငိတော့..သူက အခုထိ အနားယူလို့ မရသေးပေ..။

တိုက်ပွဲက မပြီးဆုံးသေးပါဘူး..။အိပ်မက်ဆိုးသားရဲ အုပ်ကြီး ကြီးက အခုထိ မရှုံးနိမ့်သေးပေ..။

...ပြီးတော့..မျှော်စင်အတွင်းက တစ်နေရာရာ မှာလည်း..ကြက်သွေးရောင် တယ်ရာ ကိုယ်တိုင်က ရှိနေပါသေးတယ်။

သက်ပြင်းတစ်ချက်ချလိုက်ရင်း..ဆန်နီဟာ ကြိုးစားပြီး မတ်တတ်ထရပ်လိုက်တယ်။သူတို့က အရမ်းကို နီးကပ်နေခဲ့ပါပြီ..။သူတို့က လွတ်မြောက်လုနီးပါး ဖြစ်နေခဲ့ပြီ..။အခု လုပ်စရာ ကျန်တော့တာ ဆိုလို့ နောက်ဆုံးတစ်ကြိမ် တွန်း ကြဖို့ပါပဲ..။ဒါက အဆိုးဆုံး အရာတစ်ခု ဖြစ်လာမယ် ဆိုရင်တောင်မှပါ..။

သူ့အပေါ်မှာရှိနေတဲ့ ကြက်သွေးရောင် တောင်ပူစာကို ကြည့်လိုက်ပြီး..အလင်းရောင်ကို မျက်စိမှိတ်ထားကာ စတင် တက်လိုက်ပါတယ်။

ဒါက အမြဲတမ်း ဒီလောက်အထိ တောက်ပနေတာလား..။

ဆန်နီ တက်နေတုန်းမှာပဲ အချက်အလက်ဇယားကိုထုတ်ဖော်ပြီး ကြည့်လိုက်တယ်။

အရိပ်များ : [ မာဗယ် သူတော်စင် ]

' ကျေးဇူးပါ ဘုရားရေ..'

သူတော်စင်က အဆင်ပြေတယ်ဆိုတာကို သိပေမယ့်လည်း သူ စစ်ဆေးကြည့်ချင်မိတုန်းပါပဲ..။တည်ငြိမ်တဲ့ နတ်ဘီလူးက ..ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကြောင့်..ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်အများကြီး လိုအပ်ပါလိမ့်မယ်။သို့ပေမယ့် သူမရဲ့ တည်ရှိနေမူက အန္တရာယ်မရှိပါဘူး..။

ယင်းနောက် သူ့မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်။

အရိပ် အပိုင်းအစ : [ 999 / 1000 ]

' ...ချီး '

ဆန်နီ အံကိုကြိတ်ထားခဲ့တယ်။အရိပ်အမြုတေ ပြည့်သွားခဲ့ရင်..ဘာတွေဖြစ်လာမှာလဲဆိုတာကို သူ စိတ်လှုပ်ရှားမိသလို ၊ ကြောက်လည်း ကြောက်မိပါတယ်။ဒါက အကျိုးရလာဒ် ထွက်ပေါ်လာမှာ ဖြစ်ပေမယ့် ဘာတွေ ပေးဆပ်ရဦးမှာလဲ..။

သူက သူတော်စင်လို ရက်သတ္တပတ် အနည်းငယ်လောက် သတိလစ်နေမှာလား..။ဒါမှမဟုတ် နစ်ဖီ နဲ့ ဂန်လောင် တိုက်ပွဲအပြီးမှာ လိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲအလယ်မှာ ရုတ်တရက် မသန်စွမ်းဖြစ်သွားမှာလား..။

ဒါက သူ့အသက်ကို နှုတ်ယူသွားပါလိမ့်မယ်...

' အခုတော့ ငါ လုပ်နိုင်တာလည်း ဘာမှ ရှိပုံမရဘူး...'

မသက်သာမူတွေ အပြည့်နဲ့ ပဲ..သူ ထိပ်ပိုင်းအထိ ရောက်အောင် တက်လာခဲ့တယ်။ဒီအပေါ်မှာရပ်ရင်း သူ အိပ်မက်စစ်တပ်ရှိနေတဲ့ ဘက်ကို ကြည့်လိုက်ပါတယ်။

ရုတ်တရက် တစ်စုံတစ်ခုက သူ့လက်ပေါ်ကို ပြုတ်ကျလာခဲ့တယ်။သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့အရည်ပြားပေါ်မှာ ရှိနေတဲ့ သွေးတစ်စက်ကို တွေ့လိုက်ရပါတယ်။ခနအကြာမှာပဲ နောက်ထပ် သွေးတစ်စက်က ရုပ်သေးဆရာရဲ့ဝတ်ရုံပေါ်ကို ထပ်ပြီး ကျလာခဲ့ပါတယ်။

အံ့ဩသင့်စွာပဲ..ဆန်နီလက်ကို မြှောက်ကာ..နှာခေါင်းနား ဝန်းကျင်ကို သုတ်လိုက်တယ်။ဒါက သွေးတွေနဲ့အတူ စိုစွတ်နေခဲ့တာပါ။

' ...နှာခေါင်းသွေး လျှံနေတာလား..။သောက်ကျိုးနဲ '

သေချာတွေးကြည့်လိုက်မှ..သူက ဘာလိူ့ အရမ်းအားနည်းလာတာလဲ..။

ဆန်နီ စိတ်ရှုပ်ထွေးနေတုန်းမှာပဲ..သူ့ ရဲ့ အရိပ်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့တယ်။

***

ကျွန်းကို ဝန်းရံထားသည့် နက်ရှိုင်းတဲ့ ကျုံးများကို ဖြတ်ကျော်ရင်း..အိပ်စက်သူ စစ်တပ်က တိုက်ပွဲရဲ့ အလှည့်အပြောင်းကို သူတို့ဘက်ကို ယူဖို့ အလွန် နီးကပ်နေကြပါပြီ။

လွန်ခဲ့တဲ့ မိနစ်တုန်းကပဲ..သူတို့က မြှင့်တက်နေတဲ့ အနက်ရောင် ဒီရေထဲမှာ နစ်မြုပ်ရင်း..၊ မုန်တိုင်းကြားထဲမှာ ဒေါသတကြီးတိုက်ခိုက်နေတဲ့ သားရဲအုပ်ကြီး ကို တွန်းလှန်နေကြရတာပါ။သို့ပေမယ့် အခုတော့ အခြေအနေက ပြောင်းလဲသွားခဲ့တယ်။

မုန်တိုင်းက မရှိတော့သလို ၊ အနက်ရောင်ပင်လယ်ကြီးကလည်း..နောက်ဆုတ်သွားခဲ့ပါပြီ။နေလုံးက ကောင်းကင်မှာ တောကိပစွာထွန်းလင်းနေပြီး တိုက်ပွဲတစ်ခုလုံးကို အလင်းရောင်အောက်မှာ နစ်မြုပ်ထားခဲ့တယ်။အလင်းရောင်ကြောင့် အိပ်မက်ဆိုးသားရဲတွေက ..တွေဝေပြီး နှေးကွေးလုနီးပါး ဖြစ်လာကြပါတယ်။

သို့ပေမယ့် သူတို့ကလက်မလျော့ကြပါဘူး..။မွန်စတားတွေဟာ လူသားတွေကိူ ဒေါသတကြီးတိုက်ခိုက်နေပြီး..သူတို့ရဲ့ လက်သည်းတွေ ၊ အစွယ်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေခဲ့ကြတယ်။သို့ပေမယ့်..အိပ်စက်သူ စစ်တပ်ရဲ့ ရှင်ကျန်သူတွေကတော့ ဆုံးရှုံးမူထက် ဆယ်ဆလောက် ပြန်ပေးဆပ်နေခဲ့ပါတယ်။

ရုတ်တရက် ကယ်တင်ခြင်းခံလိုက်ရတဲ့ စိတ်လှုပ်ရှားစရာ လက်ဆောင်တစ်ခုကြောင့်..သူတို့ရဲ့ နှလုံးသားတွေကို ခိုင်မာစေပြီး ၊ ဇွဲလုံ့လ ၊ စိတ်အားထက်သန်မူ နဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့ အတူ တိုက်ခိုက်နေကြပါတယ်။သားရဲတွေ ပိုပိုပြီး သူတို့ ဓားအောက်မှာ သေဆုံးလာကြကာ..သားရဲအုပ်ကြီးကလည်း အရင်လို အဆုံးမရှိမဟုတ်တော့ပါဘူး..။

အိပ်စက်သူတွေက မုန်တိုင်းက ဘာလို့ ပျောက်ကွယ်သွားတာလဲ ၊ ကျိန်စာသင့် ပင်လယ်ကဘာလို့ နောက်ဆုတ်သွားကြတာလဲ ဆိုတာကိုတော့ မသိကြပါဘူး..။သိူ့ပေမယ့်..ပြောင်းလဲနေတဲ့ကြယ်ပွင့်အပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်မူကတော့ ပိုတိုးလာခဲ့ပါတယ်။သူမက သူတို့ကို ဒီငရဲကနေ ခေါ်ထုတ်သွားမယ် လို့ ကတိပေးခဲ့ပြီး..တနည်းအားဖြင့် အနက်ရောင် ဒီရေ တွေကတောင် သူမရဲ့ တောက်ပတဲ့ အလင်းရောင် အောက်မှာဦးညွှတ်ခဲ့ရပါတယ်။

အောင်နိုင်ခြင်းဆိုတာက..မဖြစ်နိုင်တဲ့ အရာတစ်ခုလိုမျိုး မဟုတ်တော့ပါဘူး..။သူတို့က ဒီအရာကို လက်တွေ့ကျကျ ခံစားနိုင်ပါတယ်။

သို့ပေမယ့် နစ်ဖီ ကိုယ်တိုင်က ရုတ်တရက် တုန်ရီသွားခဲ့ပြီး ..ဓားချက်တွေ နှေးကွေးလာခဲ့တယိ။စိတ်ရှုပ်ထွေးမူ ၊ သတိထားမူတွေနဲ့ အတူပဲ မျက်မှောင်ကျုတ်လိုက်ပါတယ်။တိုက်ခိုက်လာတဲ့ သားရဲရဲ့လက်သည်းကို ရှောင်ရှားရင်း..သူမရဲ့ဓားကို သတ္တဝါရဲ့ လည်ချောင်းထဲ ထိုးထည့်လိုက်ကာ..နောက်ကို ခုန်ဆုတ်လိုကိပါတယ်။

မွန်းစတားအုပ်ကြီး နဲ့ ခနလောက် လွတ်မြောက်သွားချိန်မှာတော့ သူမက ဓားကို နိမ့်ချလိုက်တယ်။

ယင်းနောက် ကောင်းကင်ကို လှမ်းကြည့်လိုက်ပါတယ်။

***

သူမရဲ့ အထက်ကောင်းကင်ပေါ်မှာတော့ ကိုင် က တစ်နည်းအားဖြင့် ရှင်သန်နေတုန်းပါပဲ။

' ဘာတွေဖြစ်နေတာလဲ...'

သူက အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ့ အချိန်အကြာကြီး ပျံသန်းနေရပြီး..ပြင်းထန်တဲ့လေပြင် တွေကို ရုန်းကန်နေခဲ့ရတယ်။မိုးကြိုး တွေနဲ့ ကျိန်စာသင့် ဆူးချွန်ဆတ်သား တွေကို ရှောင်ရှားနေခဲ့ရပါတယ်။သူ့ စိတ်နဲ့ ခန္တာကိုယ်ကို အကန့်အသတ်အထိရောက်အောင် တွန်းပို့ထားခဲ့တာကြောင့်..နွမ်းနယ်မူတွေက သူ့အပေါ်ကို ဖုံးလွှမ်းနေခဲ့ပြီး..စဥ်းစားတွေးခေါ်ဖို့တောင် ခက်ခဲနေခဲ့ပါပြီ။

တုန့်ပြန်ဖို့ဆိုတာက မလွယ်ကူတော့ပါဘူး။

သူက တကယ်..တကယ်ကို ခံစားရတာ မကောင်းမွန်တော့ပေ..။သူ့ ခန္တာကိုယ်တစ်ခုလုံး နာကျင်နေခဲ့ပြီး သူ့ရဲ့ အမြင်အာရုံတွေ ဝေဝါးလာခဲ့တယ်။အားနည်းမူကြောင့် မအီမသာ ဖြစ်စေတဲ့ ခံစားချက်က သူ့ခန္တာကိုယ်ထဲမှာ ဝင်ရောက်နေခဲ့တယ်။

မုန်တိုင်းက ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး..အရိပ်အယောင်တောင် မရှိပဲ ကွယ်ပျောက်သွားခဲ့တာပါ။ကောင်းကင်ကြီးတစ်ခုလုံးက မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့တယ်။

...စိတ်သက်သာရာရစွာပဲ...

သို့ပေမယ့် သောက်ကျိုးနဲ သားရဲတွေက ရှိနေဆဲပါပဲ။

အနည်းဆုံးတော့ သူတို့လည်း မမောပန်းကြတာတော့ မဟုတ်တော့ပေ။

အမှန်တော့ ဆတ်သား တွေက..ကိုင် ရဲ့ အခြေအနေထက် တောင်ပိုပြီး ဆိုးဝါးနေကြတာပါ။သူက ကိုယ့်ကိုကို ဂုဏ်ယူပြီး သွေးမြားတွေကြောင့်လို့ ပြောလိုက်ချင် မိပါတယ်။ဘာပဲဖြစ်ဖြစ် သူက ဒီ သောက်ကျိုးနဲ မွန်းစတား တွေကို အကြိမ်များစွာ ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ သူပါ။

သို့ပေမယ့် ဒါက အဓိပ္ပါယ်မရှိပေ..။

အစတုန်းကတော့ သူတို့က သွေးမြားတွေရဲ့ သက်ရောက်မူကို တောင့်ခံနိုင်ပုံ ပေါ်ကြပြီး ဘာလို့ အခုမှ ပြောင်းလဲသွားကြတာလဲ..။

' တစ်ခုခုတော့ မှားနေပြီ...'

နေရောင်ခြည်ကို သူ့ရဲ့ ရန်သူ မျက်စိကျိန်းအောင် အသုံးချရင်း..ကိုင်ဟာ လျှင်မြန်တဲ့ အရှိန်နဲ့ ဆတ်သားတစ်ကောင်ရဲ့ လက်သည်းကိို ကပ်လျှက်ရှောင်တိမ်းလိုက်ပါတယ်။အမှန်တော့ အရမ်းကြီး ကပ်နေတာမျိုးလည်း မဟုတ်ပါဘူး..။သူက နေရာလွတ်တစ်ခုကနေကို ရှောင်တိမ်းနိုင်ခဲ့တာပါ။တိတ်တဆိတ်ကခုန်သူတောင် ကြားထဲမှာ ဝင်ရောက် ပတ်သတ်စရာ မလိုခဲ့ပေ..။

'သူတို့က..နှေးကွေးလာကြတာလား..'

မသက်သာတဲ့ ခံစားချက်နဲ့ အတူပဲ..ကိုင် စက္ကန့်ဝက်လောက် တွေဝေသွားခဲ့ပြီး သူ့ရဲ့ အရှိန်ကို လျော့ကာ ကြောက်မက်ဖွယ်ရာ သားရဲကိုကြည့်လိုက်တယ်။

သူမြင်လိုက်ရတဲ့အရာက မျက်လုံးကို ပြူးကျယ်သွားစေပါတယ်။

ဆတ်သားက ကြည့်ရတာ မှားယွင်းနေခဲ့ပါပြီ။

သူ့ရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေက..မတည်ငြိမ်တော့ပဲ ဦးတည်ချက်မဲ့နေခဲ့တယ်။ဒီကနေတဆင့် သွေးတွေ စီးကျနေပြီး တောင်ပံတွေပေါ်မှာ ကြက်သွေးရောင် မြစ်တစ်စင်းလို့တောင်ဖြစ်နေခဲ့ပါပြီ။သူတို့ရဲ့ နားတွေထဲကနေ လည်း အလားတူစွာ သွေးတွေ စီးကျနေခဲ့တယ်။သူတို့ရဲ့ ကြွက်သားတွေက တုန်ခါနေပြီး..အဖြူရောင် အရည်ပြားအောက်မှာ ထိပ်လန့်နေတဲ့ ပိုးကောင်တွေလို ဖြစ်နေခဲ့ကြတာပါ။

ကိုင် ကြည့်နေတုန်းမှာပဲ သားရဲဟာ ရုတ်တရက် နှုတ်သီးကို ဖွင့်လိုက်ပြီး တိတ်တဆိတ် ဟစ်ကြွေးနေခဲ့တယ်။ခနအကြာတော့ ပါးစပ်ထဲကနေ သွေးတွေ ထွက်ပေါ်လာပြီး လေထဲမှာ အနီရောက်မြူမှုန်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ယင်းနောက် သားရဲဟာ နောက်ဆုံးတစ်ကြိမ် တုန်ခါသွားခဲ့ပြီး သူ့ရဲ့ တောင်ပံတွေကို ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးသွားခဲ့တယ်။သူ့ကိုယ်သူတောင် ပြန်မထိန်း နိုင်တော့ပဲ...ကြောက်မက်ဖွယ်သားရဲဟာ အောက်ကို ထိုးကျသွားခဲ့ပါတယ်။

ကိုင်..ဟာ တုန်လှုပ်သွားခဲ့ပြီး ..ကြောက်လန့်မူကြောင့်မျက်လုံးပြူးကျယ်သွားခဲ့တယ်။

...ဆူးချွန်ဆတ်သားက သေဆုံးသွားခဲ့ပါပြီ။

All Chapters