← Chapters

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၁၈

Vol. 23 Ch. 332

ကြက်သွေးရောင် ထိပ်ဖျားအား ဝန်းရံတိုက်ခိုက်ခြင်း - ၁၈

Vol. 23 Ch. 332

ဆန်နီ အနည်းငယ် ယိုင်သွားခဲ့ပြီး သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်လိုက်တယ်။

အရိပ်ကြည့်ရတာတော့ နာကျင်စွာ ခံစားနေရတဲ့ ပုံပါပဲ။သူက..လဲကျနေပြီး..ရင်ဘတ်ကို လက်တစ််ဖက်နဲ့ဖိထားကာ ကျန်တဲ့လက်တစ််ဖက်နဲ့ သူ့ကို ဝေ့ယမ်းပြနေခဲ့တယ်။ဆန်နီ သူကို စိုက်ကြည့်နေတာကို သတိထားမိတဲ့ အချိန်မှာတော့..ဒါက သူ့ကိုယ်သူ ညွှန်ပြနေခဲ့ပါတယ်။

'ဘာလဲ..ဒီကောင် ဘာကိုပြောချင်နေတာလဲ '

သူက နှလုံးရှော့ဖြစ်နေတာလား..။ဒါပေါ့ ဘယ်ဟုတ်မလဲ..။ဒါက တကယ်ကို ဟာသဖြစ်သွားမှာပါ..။အရပ်တွေမှာ နှလုံးသား မရှိပေ..။

ဒါဆို သူက ဘာကို ထိုးပြနေတာလဲ...

ဆန်နီ မျက်မှောက်ကျုတ်လိုက်တယ်။

အရိပ်က သူ့ရဲ့ အလင်းပြန်မူပါ..။ဒီတော့ သူက သူ့ရဲ့ ကိုယ်ပိုင် နှလုံးသားကို ထိုးပြနေတာ မဟုတ်ပဲ..ပိုင်ရှင်ရဲ့....

ဒါပေမဲ့ သူ့ နှလုံးသားကလည်း အဆင်ပြေပါတယ်။ဒီတော့..တစ်ခြားဘယ်အရာကို ညွှန်ပြနိုင်သေးလဲ..။

ရုတ်တရက် ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

ဝိဥာဥ် အမြုတေ ။ဝိဥာဥ် အမြုတေက ပုံမှန်အားဖြင့် လူသားတစ်ယောက်ရဲ့ နှလုံးသားနေရာ မှာရှိနေတာပါ။

ချက်ချင်းဆိုသလိုပဲ..ဆန်နီဟာ ဝိဥာဥ်ပင်လယ်ထဲကို ဝင်သွားခဲ့တယ်။

ခါတိုင်းလို ငြိမ်သက်ပြီး တိတ်ဆိတ်နေရမယ့်အစား..ဒါက ဗရမ်းဗတာ ဖြစ်နေခဲ့ပါတယ်။အမြဲတမ်းငြိမ်သက်နေတဲ့ အနက်ရောင် ရေတွေက..မငြိမ်မသက်ဖြစ်ပြီး လှိုင်းတွေ ဖြစ်ပေါ်နေခဲ့တယ်။သူတို့က မမြင်ရတဲ့ လေတိုက်ခတ်မူတွေ အောက်မှာရောက်နေသလိုမျိုး...ယောက်ရက်ခတ် နေခဲ့တာပါ။

သူ့ရဲ့အပေါ်မှာတော့..မှတ်သားမူတွေကို ကိုယ်စားပြုတဲ့ အလင်းရောင်ဂြိုလ်လေးတွေဟာ..မှိန်ပြပြီး မှိတ်တုတ် မှိတ်တုတ်ဖြစ်ကာ..ပျောကိကွယ်သွားတော့မလို ဖြစ်နေခဲ့တယ်။အရိပ်အမြုတေရဲ့ အနက်ရောင်နေက တုန်ရီနေခဲ့ပါပြီ။သူ့ရဲ့ ကြည်လင်နေတဲ့ မျက်နှာပြင်ပေါ်မှာ အက်ကွဲမူ သေးသေးလေးတွေကိုတောင် မြင်ရလုနီးပါးပါပဲ။

တိတ်ဆိတ်နေတဲ့ အရိပ်တွေကသာ..ပုံမှန်အတိုင်းရှိနေခဲ့ကြပြီး..နီးကပ်လာတဲ့ ကပ်ဆိုးရဲ့သက်ရောက်ခြင်းကို မခံကြရပေ။သူတိူ့က ခံစားချက်မဲ့စွာ ရပ်နေကြပြီး သူတို့ရဲ့ အသက်မဲ့နေတဲ့ မျက်နှာတွေနဲ့ သူ့ကို စိုက်ကြည့်နေခဲ့ကြပါတယ်။

ဆန်နဖိ သူတို့ကို ဂရုမစိူက်ပဲ အရိပ်အမြုတေကိုသာ မျက်လုံးပြူးကျယ်ပြီး ကြည့်နေခဲ့တယ်။

' ဝိဥာဥ် ထိခိုက်မူ ၊ ဒါက ငါ့ရဲ့ စိတ်ဝိဥာဥ် ကို တိုက်ခိုက်နေတာပဲ..'

သူက ဆက်တိုက်ဖြစ်ပေါ်နေတဲ့ စိတ်ဝိဥာဥ် တိုက်ခိုက်မူရဲ့ အောက်ကို ရောက်နေခဲ့တာပါ။

ဝိဥာဥ်ပင်လယ်ထဲကနေ ထိတ်လန့်တကြား ပြန်ထွက်လာခဲ့တဲ့ ဆန်နီဟာ..မျက်နှာပေါ်က သွေးတွေကို သုတ်ပြီး ပတ်ဝန်းကျင်ကို ခက်ထန်တဲ့ အမူအရာနဲ့ကြည့်လိုကိတယ်။သူက ခါတိုင်းထက်တောင် ဖြူဖျော့နေခဲ့ပါပြီ။

' ဘယ် သောက်ကျိုးနဲက ငါ့ကို တိုက်ခိုက်နေတာလဲ..'

ခနအကြာမှာတော့..သူ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး ထိပ်လန့်စရာ အဖြေတစ်ခုကို ရှာတွေ့ခဲ့တယ်။ယင်းနောက် မျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့ နေလုံးကြီးကို ကြည့်လိုက်ပါတယ်။

..သူ မှားနိုင်စရာ အကြောင်းမရှိပေ..။သူ့ရဲ့ အလင်းရောင်က တကယ်ပဲ ခါတိုင်းထက်ကို တောက်ပနေခဲ့တာပါ။

အမြဲတမ်းအညိုရောင် ဖြစ်နေတဲ့ မေ့ပျောက်ကုန်းမြေရဲ့ ကောင်းကင်က..အခုဆိုရင် လုံးဝကို ဖြူဖျော့နေခဲ့ပြီး..ရက်စက်တဲ့ အပူချိန်နဲ့ အလင်းရောင်တွေဖြာထွက်နေခဲ့တယ်။ကြည့်ရတာတော့ တစ်စုံတစ်ယောက်က သူ့ရဲ့ သဘာဝ အရှိတရားကို ဖျက်ဆီးပစ်လိုက်ပြီး..အဆုံးမရှိတဲ့ အဖြူရောင် လေဟာနယ် ကြီးသာ ချန်ထားရစ်ခဲ့တဲ့ ပုံပါပဲ။တစ်စက္ကန့်စီ တိုင်းမှာက လည်း သူက ပိုပိုပြီး အလင်းတွေဖြာထွက်နေပါသေးတယ်။

' နေ လုံးက...'

စိတ်ဝိဥာဥ် တိုက်ခိုက်မူရဲ့ အရင်းအမြစ်က အိပ်မက်ဆိုးသတ္တဝါ တစ်ကောင် မဟုတ်ခဲ့ပေ။

ဒါက နေ အလင်းရောင် ကိုယ်တိုင်က ပါ။

သူ ဘယ်ကိုနားကိုပဲ ရောက်ပါစေ..သက်ရှိသတ္တဝါတွေရဲ့ စိတ်ဝိဥာဥ် တွေက တိုက်စားပြီး ဖျက်ဆီးခံကြရပါလိမ့်မယ်။ပြီးတော့ နေအလင်းရောင်က သူတို့အပေါ်ကို တည့်တည့်ရောက်နိုင်တဲ့ နေ့လည်ဘက်ဖြစ်နေတာကြောငိ့..သူ မရောက်ရှိနိုင်တဲ့ နေရာဆိုတာ မရှိပေ..။

သူ့ဆီကနေ လွှတ်မြောက်နိုင်တဲ့ နည်းလမ်းမရှိပါဘူး။

တစ်ခုကလွဲလို့...

ဆန်နီ တစ်ဖက်ကို လှည့်ပြီး ပွင့်နေတဲ့ ကြက်သွေးရောင် မျှော်စင်ရဲ့ ဂိတ်ပေါက်ဝကို ကြည့်လိုက်တယ်။သူတို့ရဲ့ နောက်ဘက်မှာတော့..ကြိုဆိုနေတဲ့ အမှောင်ထုကြီးက..တိတ်ဆိတ်မူနဲ့ လုံခြုံမူကိုဟကတိပေးနေခဲ့ပါတယ်။ဒီနေရာက..အမြစ်ဖြတ်သုတ်သင်နေတဲ့ နေလုံးကြီးကနေ လွတိနိင်တဲ့ တစ်ခုတည်းသော နေရာပါ။

' တပ်ဖွဲ့ ...'

တစ်ဖက်ကို လှည့်ပြီး..ချိုင့်ဝှမ်းတွေထဲကို လှမ်းကြည့်လိုက်တယ်။

တိုက်ပွဲကွင်းပြင်မှာတော့ အိပ်မက်ဆိုးသားရဲတွေရဲ့ အဆုံးမရှိတိုကိခိုက်မူက ရပ်တန့်သွားခဲ့ပါပြီ။အခူတော့ သူတို့က မူးဝေနေသလိုမျိုး တုန်ရီပြီး ယိမ်းယိုင်နေခဲ့ကြတယ်။အများစုကတော့ လဲကျနေခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ အစိတ်အပိုင်းတွေထဲကနေ သွေးတွေ ဒလဟော စီးဆင်းနေခဲ့တယ်။

သူတို့ရဲ့ စိတ်ဝိဥာဥ်တွေ ဖျက်ဆီးခံရပြီး သေဆုံးခဲ့ကြပါပြီ..။

အိပ်မက် စစ်တပ်ရဲ့ ကျန်ရှိနေသေးတဲ့ စစ်သည်တော်တွေဟာ..သူတို့ကို အံ့ဩသင့်စွာကြည့်နေခဲ့ကြပြီး..သူတို့ရဲ့ အဝေးက ပုံရိပ်တွေက..စိတ်သက်သာရမူ ၊ စိတ်ရှုပ်ထွေးမူတွေ ရှိနေခဲ့ကြပါတယ်။သူတို့က ဆိုးဝါးတဲ့ အန္တာရာယ်ထဲမှာ ရောက်နေပြီဆိုတာကို ဆန်နီ အော်ဟစ်ပြီး သတိပေးချင်ပေမယ့်..သူတို့က ကြားရဖို့အတွက် အရမ်းကို ဝေးကွာလွန်းနေပါသေးတယ်။

သူရပ်နေတဲ့ သန္တာတောင်ကုန်း ပေါ်ကနေ ဆိုရင် ထည်ဝါပြီး အလင်းရောင်တောက်ပနေတဲ့ ပုံရိပ်ကို မြင်တွေ့နေခဲ့ရတယ်။အခုဆိုရင် ဘာတွေဖြစ်နေလဲဆိုတာ

နစ်ဖီ သိပြီးလောက်ပြီဆိုတာ သူသိပါတယ်။

သိူ့ပေမယ့် ..မျှော်စင်ရဲ့ ဂိတ်ပေါက်က ပွင့်သွားပြီဆိုတာကို သူမသိပေ..။

' စဥ်းစား..စဥ်းစားစမ်း..'

ဆန်နီ စက္ကန့်အနည်းငယ်လောက် တွေဝေပြီးကာမှ လက်ဝေ့ယမ်းလိုက်တယ်။

ခနအကြာမှာတော့..ရှင်းလင်းတဲ့ ငွေရောင်ခေါင်းလောင်းသံက..ဝင်္ကပါတစ်လျောက်လုံး မြည်ဟည်း သွားပြီး..ကျန်ရစ်နေတဲ့ အိပ်စက်သူ စစ်တပ် ဆီကို ရောက်သွားခဲ့တယ်။

တိုက်ပွဲကွင်းပြင်ရဲ့ အဝေးမှာတော့ နစ်ဖီဟာ လှည့်လာခဲ့ပြီး သူရှိနေတဲ့ ဦးတည်ချက်ကို ကြည့်လိုက်ပါတယ်။

' လုပ်စမ်းပါ..နစ်..နားလည်လိူက်ပါ..'

ဆန်နီ ငွေရောင်ခေါင်းလောင်းကို ထပ်မံမြည်စေပြီး လေထဲကို လက်ဝေ့ယမ်းနေခဲ့တယ်။

သို့ပေမယ့် ဒီလိုလုပ်ဖို့မလိုတော့ပါဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူ့ရဲ့ ဓားကို မျှော်စင်ဆီကို ထိုးပြပြီးလှုပိရှားနေခဲ့ပါပြီ။ခနအကြာမှာပဲ..အိပ်စက်သူ တပ်ဖွဲ့ဟာ ရှေ့ကို ပြေးလာကြတယ်။အိပ်စက်သူတွေက အမြန်ဆုံး အရှိန်အဟုန်နဲ့ပြေးနေခဲ့ကြပြီး..သူတို့ရဲ့ ခေါင်းဆောင် အမိန့်ကို နာခံလိုက်ကြပါတယ်။

' ဒါပဲလေ...ခနလေး..သူမက ဘာလုပ်နေတာလဲ..'

နစ်ဖီ ကိုယ်တိုင်ကတော့ စစ်သည်တော်တွေနောက်ကို လိုက်မလာခဲ့ပါဘူး..။အဲဒီအစား သူမက နောက်ပြန်လှည့်ပြီး ဆန့်ကျင်ဘက်နေရာကို ပြေးသွားခဲ့တယ်။

....တိုက်ပွဲစတင်တုန်းက သူတိူ့ရှိနေခဲ့ကြတဲ့ သန္တာကျောကိတန်းပေါ်ကိုပါ...။

သူမက ကတ်စီဆီကို ပြန်ပြေးသွားတယ် ဆိုတာကို သိလိုက်တဲ့အချိန်မှာ ဆန်နီ ရဲ့ နှလုံးခုန်သံတွေ မြန်ဆန်သွားခဲ့တယ်။

သို့ပေမယ့် သူ ကူညီနိုင်နိုင်တာက ထပ်ပြီး မရှိတော့ပါဘူး..။

' ကံကောင်းပါစေ...'

တောင်ကုန်းပေါ်က ဆင်းပြီးနောက်မှာတော့..သူက မြေကြီးပေါ်ရောက်သွားပြီး မျှော်စင်ရဲ့ ဝင်ပေါက်ဆီကို နောက်ပြန်မကြည့်ပဲနဲ့ ပြေးသွားပါတော့တယ်။

...သို့ပေမယ့် ဆန်နီ ဝင်ပေါက်ကို မရောက်သေးခင်မှာပဲ..ကောင်းကင်ပေါ်ကနေ တစ်ခုခု ပြုတ်ကျလာတာကို သူမြင်လိုက်ပါတယ်။

' သောက်ကျိုး...'

လူသားပုံရိပ်တစမခုက ကြက်သွေးရောင်သန္တာကျောက် တွေနဲ့ တိုက်မိသွားခဲ့ပြီး..မရပ်တန့်ခင် အကြိမ်အနည်းငယ်လောက် လှိမ့်သွားခဲ့တယ်။ဆန်နီရှေ့ကို တိုးသွားတဲ့ အချိန်မှာတော့ ဒါက ကိူင်ရဲ့ အကာအကွယ်ဆိုတာကို ချက်ချင်းမှတ်မိလိုက်ပါတယ်။

စိတ်သက်သာရာရစွာပဲ ခန့်ညားတဲ့လူငယ်လေးက အသက်ရှင်နေဆဲပါ။သို့ပေမယ့် အသိစိတ်ကတော့ မရှိသလောကိဖြစ်နေခဲ့ပါပြီ။ထည်ဝါတဲ့ ဓားပျံကတော့ သူ့ပတ်ဝန်းကျင်မှာ စိုးရိန်စွာ လှည့်ပတ်နေခဲ့တယ်။

သူတို့နှစိယောက်က ဝိဥာဥ် တိုက်ခိုက်မူစတင်တဲ့ အချိန်မှာ လေထဲမှာ ရှိနေကြတဲ့ သူတွေပါ..။သူတို့က အရင်းအမြစ်နဲ့ ပိုပြီး နီးကပ်ကြတာကြောင့် သက်ရောက်မူလည်း ပိုများပါတယ်။

ဆန်နီဟာ အချိန်ဖြုန်းမနေတော့ပဲ ကိုင်ရဲ့ အင်္ကျီကော်လံကနေ မကာ..၊ မျှော်စင်ရဲ့ ဝင်ပေါက်ဆီကို သူနဲ့အတူ ခေါ်သွားလိုက်တယ်။တိတ်တဆိတ်ကခုန်သူက သူ့နောက်ကနေ ပါလာခဲ့ပါတယ်။

မကြာခင်မှာပဲ သူတို့သုံးယောက်က အလင်းနဲ့အမှောင်ရဲ့ နယ်နိမိတ်ဆီကို ရောက်လာခဲ့တယ်။ဆန်နီဟာအနည်းငယ်တောင် တွေဝေမနေခဲ့ပဲ..​အေးမြတဲ့ အရိပ်ထဲကို ဝင်ရောက်သွားကာ..အမိုးအောက်ကို ခြေလှမ်းအနည်းငယ် လှမ်းပြီးကာမှ ​ကြမ်းပြင်ပေါ်လှချလိုက်တယ်။

" အား..."

အမြစ်ဖြတ်သုတ်သင် နေတဲ့ နေအလင်းရောင် ကနေ ရှေးဟောင်း တာဝါကြီးက ကာကွယ်ပေးလိုက်တဲ့ အခါမှ သူ့အခြေအနေက ဘယ်လောက်ဆိုးဝါးနေသလဲ ဆိုတာကို ဆန်နီ နားလည်သွားခဲ့တယ်။သူ့ရဲ့ ဝိဥာဥ် က နောက်ဆုံးမှာတော့ နောက်တစ်ကြိမ် ငြိမ်းချမ်းသွားခဲ့ပါပြီ..။ဘယ်လိုဒဏ်ရာကိုပဲ ရထားပါစေ..ပြန်လည်ပြုပြင်နေခဲ့တယ်။

ကိုင် လည်း အသက်ရှင်နေဆဲပါ။

"ကံကောင်းတဲ့ ခွေးသားလေး.."

' ကျေးဇူးပါ ဘုရားသခင်တို့..အာ..ငါဆိုလိုတာက..ဒီအရူးတော့ ငါ့ကို အကြွေးအကြီးကြီး တင်သွားပြီ..'

အသက်ကို အမောတကော ရူပြီး..အသိစိတ်လွတ်နေတဲ့ လေးသည်တော်ကို စစ်ဆေးပြီးနောက် အပြင်က တောက်ပတဲ့ ကုန်းမြေကို ထိုင်ကြည့်နေခဲ့တယ်။

တစ်ခြားလူတွေရော ရောက်အောင် လာနိုင်ကြပါ့မလား..။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ လေထဲမှာ တစ်ခုခု အရောင်လက်သွားခဲ့တယ်။ဒါကတော့

ကတ်စတာ ပါ။သူ့က သူ့ဘေးနားကို ဒူးထောက်လျက်သား ကျလာခဲ့တယ်။သူက ဆန်နီကို ပင်ပန်းနေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး..သူ သယ်လာခဲ့တဲ့ လေးသည်တော် ကို လှမ်းကြည့်လိုက်တယ်။

သူတို့နှစ်ယောက် ဘာစကားမှ မပြောကြပဲ..မျှော်စင်ရဲ့ ဝင်ပေါက်က အလင်းရောင်ကိုသာ ပြန်လှည့်ကြည့်လိုက်ပါတယ်။ ( lol )

စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်မူက နိပ်စက်နေခဲ့တယ်။

...ယင်းနောက် လူသားတစ်ယောက်ရဲ့ အရိပ်က အလင်းရောင်ထဲမှာပေါ်လာခဲ့တယိ။ပြီးတော့ နောက်တစ်ယောက် ၊ နောက်တစ်ယောက်....။

အိပ်စက်သူ စစ်တပ်ရဲ့ ရှင်ကျန်သူတွေဟာ..ကျွန်းပေါ်ကို ရောက်လာနိုင်ကြပြီး အသက်ကို ကယ်တင်ပေးမယ့် တာဝါကြီး ဆီကို ပြေးလာနေခဲ့ကြပါတယ်။မကြာခင်မှာပဲ သူတို့က အကာအဝေးကို ဖြတ်သန်းပြီး အရိပ်ထဲကို ရောက်လာနိုင်ခဲ့ကြတယ်။

ဆန်နီ ကြည့်နေရင်း သူ့ရင်ဘတ်က တဒိန်းဒိန်း ခုန်နေခဲ့တယ်။

အဆုံးမရှိ ကြာညောင်းအောင် နိပ်စက်ထားပြီး နောက်မှာတော့..သူ နောက်ဆုံးမှာ ရင်းနှီးတဲ့ အဖြူရောင် အကာအကွယ်အင်္ကျီ နဲ့ တစ်စုံတစ်ယောက်က ကြီးမားတဲ့ အဆောက်အဦးရဲ့ ဝင်ပေါက်မှာပေါ်လာတာကို တွေ့လိုက်ရပါတယ်။

ကတ်စီကို သယ်ရင်း..နစ်ဖီဟာ အရိပ်ထဲကို ဝင်ရောက်လာခဲ့တယ်။

သူက ဒီကို ရောက်လာနိုင်တဲ့ နောက်ဆုံးတစ်ယောက်ပါ။

သူတို့နဲ့ အမှောင်ထုနဲ့ အလင်း စပ်ကြားမှာ ရှိနေတဲ့ အိပ်စက်သူ လူနည်းစူကို ကြည့်ပြီး ဆန်နီ နောက်ဆုံးတော့ အသက်ကို ရူသွင်းနိုင်ခဲ့တယ်။သူတို့ လုပ်နိုင်ခဲ့ကြပါပြီ။

ကြက်သွေးရောင် ရဲတိုက်အတွက် တိုက်ပွဲက ပြီးဆုံးသွားပါပြီ။

အခု သူတို့လုပ်ဖို့လိုအပ်တာက..ရှေးဟောင်းတာဝါကြီးထဲမှာ ရှိနေပြီး ၊ တစ်နေရာရာမှာ ဖုံးကွယ်နေတဲ့ ထွက်ပေါက်ကို ရှာဖွေဖို့ပါပဲ။

....ပြီးတော့..သူ့ရဲ့ အရှင်သခင်ရဲ့ ဒေါသအောက်မှာ ရှင်ကျန်ရစ် နိုင်ဖို့ပါ..။

All Chapters