← Chapters

သားရဲရဲ့ ဝမ်းဗိုက်ထဲမှာ

Vol. 23 Ch. 333

သားရဲရဲ့ ဝမ်းဗိုက်ထဲမှာ

Vol. 23 Ch. 333

အေးစက်တဲ့ ကျောက်တုံးပေါ်မှာထိုင်နေရင်း..ဆန်နီ အသက်ကို ဝအောင် ရူလိုက်ပြီး ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်တယ်။

သူတို့အားလုံးက ပင်ပန်းနေကြပါပြီ။ဒဏ်ရာတွေ ၊ သွေးတွေ ၊ အညစ်အကြေးတွေ အပြည့်နဲ့ ရှိနေကြပြီး အသိစိတ်တောင် ရှိယုံလေးသာ..ဖြစ်နေခဲ့ကြတယိ။သူတို့ရဲ့ အကာအကွယ် တွေက တွန့်ကြေနေကာ၊ မျက်နှာတွေက ဖြူဖျော့နေကြပါပြီ။သူတို့လည်း မြေကြီးပေါ်မှာ ထိုင်နေခဲ့ကြတယ်။လှုပ်ရှားဖို့ ၊ စကားပြောဖို့ အတွက်တောင်..ပင်ပန်းနေခဲ့ကြပြီး ၊ အသင်ကို အမောတကောရူကာ..ဘာမှမရှိတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယိ။

သူတိူ့ထဲက လူအနည်းငယ်လောက်သာ ကျန်တော့တာပါ။

သို့ပေမယ့်..သူ မျှော်လင့်ထားခဲ့တာထက်တော့ ပိုပြီး များနေပါသေးတယ်။

ကြက်သွေးရောင် ထိပ်ဖျား တိုကိပွဲအတွငိးမှာ အိပ်စက်သူ တစ်ရာလောက် အသက်ရှင်သန်နိုင်ခဲ့ကြတယ်။သူတိူ့က အိပ်စက်သူ စစ်တပ်ထဲမှာ အသန်မာ ဆုံး၊ အရဲရင့်ဆုံး..သို့ပေမယ့် ကံအကောင်းဆုံး စစ်သည်တော်တွေပါ။သူတိူ့ထဲက ငါးပုံ လေးပုံ လောက်က အသတ်ခံလိုက်ရပါပြီ။

ရဲတိုက်အတွင်းက ပုလ္လင်လုတဲ့ တိုက်ပွဲမှာ လူ ငါးရာလောက် သေကြေခဲ့တာကိုတော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။

ဒီကျန်ရစ်တဲ့ တစ်ရာဆိုတာက ပြောင်းလဲနေတဲ့ကြယ်ပွင့် ဆိုတဲ့ ကပ်ဆိုးတစ်ခုအမှောင်မြို့တော် ကို မရောက်ခင်ကတည်းက မေ့ပျောက်ကုန်းမြေပေါ်မှာ ရှင်ကျန်ရစ်နေတဲ့ သူတွေပါ။

သို့ပေမယ့် ဆန်နီဟာ အံ့ဩသင့် ၊ ကျေနပ် တာထက် ထိပ်လန့် မိနေခဲ့တယ်။ဒီအဆင့်အထိ ရောက်လာနိုင်တဲ့ ပမာဏက..နံပါတ်တစ်လုံးတည်းနဲ့ ရေတွက်နိုင်လောက်တဲ့ ပမာဏ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

..သူပတ်ဝန်းကျင်ကို ကြည့်ပြီး ရင်းနှီးတဲ့ မျက်နှာတွေကို ရှာဖွေလိုက်တယ်။

ဒါပေါ့ နစ်ဖီ နဲ့ ကတ်စီ တို့က ရှိနေခဲ့ပါတယ်။ပြီးတော့ ကိုင် ရောပါပဲ။အယ်ဖီကတော့ နံရံမှာ မှီနေခဲ့ကာ..သူမရဲ့ အတွင်းအင်္ကျီကို ဝတ်ထားပြီး ၊ အခုတော့ တွန့်ကြေကာ သွေးတွေနဲ့ နီရဲနေခဲ့ပါပြီ။သူမရဲ့ အကာအကွယ် က လုံးဝကို ဖျက်ဆီးခံလိုက်ရပုံပါပဲ။

ကတ်စလည်း ရှိနေခဲ့ပြီး သူ့ရဲ့ ပုခုံးက ဒဏ်ရာကို ပတ်တီး စည်းနေခဲ့တယ်။တစ်ခြားရှန်ကျန်သူ တွေနဲ့ စာရင် သူ့ရဲ့ ပုံစံက ထူးဆန်းစွာပဲ သန့်ရှင်းနေခဲ့ပါတယ်။သို့ပေမယ့်..သူ့ရဲ့ အကာအကွယ်က ပြင်းပြင်းထန်ထန် ထိခိုက်ထားခဲ့တယ်။ကြည့်ရတာတော့ မယုံနိုင်တဲ့ အမြန်နှုန်းကတောင်မှ အိပ်မက်ဆိုးသားရဲအုပ်ကြီးရဲ့ ဒေါသကို မရှောင်ရှားနိုင်ခဲ့တဲ့ ပုံပါပဲ။

ဆိုင်ရှန်ဟာ..ကျန်တဲ့ လူတွေနဲ့ အဝေးမှာထိုင်နေပြီး အစေခံ တစ်ဒါဇင်လောက် က ဝန်းရံထားခဲ့တယ်။လှပတဲ့ အမျိုးသမီးက ပြင်းထန်တဲ့ ဒဏ်ရာရထားခဲ့ပြီး..သူမအသားအရည် နဲ့ တောက်ပတဲ့ မျက်လုံးများက..မှေးမှိန်ပြီး ဖျော့တော့လာခဲ့ပါတယ်။ဆန်နီ အမြင်အရဆိုရင်တော့ သူမက အသက်ရှငိတယ် ဆိုယုံလောက်ပါပဲ။

သူက ကြမ်းပြင်ပေါ်မှာထိုင်ပြီး မျကိရည်တွေကို သုတ်နေတဲ့ အီကို ကိုလည်း သတိထားမိခဲ့တယ်။

သို့ပေမယ့်..သူ မမြင်ရတဲ့ လူတွေလည်း အများကြီးပါပဲ။

အပြင်ဘက်ရပ်ကွက်ကို သူတို့ရောက်လာတုန်းက ကြိုဆိုခဲ့တဲ့ မျကိနှာမှာ အမာရွတ်နဲ့ မုဆိုးက သူ့ရဲ့ ရှည်လျားတဲ့ စွန့်စားခန်းမှာသေဆုံးသွားခဲ့ပါပြီ။လူထုရဲ့ အမြင်မှာ အယ်ဖီကို သူရဲကောငိးတစ်ယောက် အဖြစ် ဒဏ္ဍာရီ တွေ ဖန်တီးပေးခဲ့တဲ့ ပက် ရော အတူတူပါပဲ။

ဟာရု သေဆုံးမူ နဲ့ ပတ်သက်ပြီး ဆန်နီရဲ့ အမြင်ကို အေးခဲ့တဲ့ စကားများတဲ့ ကင်းသမားဟာလည်း အသတ်ခံခဲ့ရတယ်။ဆန်နီကို စကားပြောရတာ ခေါင်းကိုက်တယ် လို့ ထင်ခဲ့တဲ့ လူငယ်လေးလည်း အသက်မရှိတော့ပါဘူး။

ဂန်လောင် အုပ်ချုပ်တုန်းက မှတ်သားမူ စျေးကို တာဝန်ယူခဲ့တဲ့ လူသန်ကြီး စတိဗ် လည်း အသက်မရှင်နိုင်ခဲ့ပေ။ဒါကြောင့် သူ့သူငယ်ချင်းဖြစ်တဲ့ အီကို က တိတ်တဆိတ်ငိုကြွေးနေတာဖြစ်နိုင်ပါတယ်။

မုဆိုးတွေရဲ့ အကြောက်အလန့်ကင်းတဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျန်မာ တောင်မှ သေဆုံးခဲ့ရတယိ။ဒီ အင်မော်တယ် လူသားကို ဘယ်အရာက သတ်နိုင်ခဲ့တာလဲဆိုတာကို ဆန်နီ သေချာမသိပေမယ့်..သူ့ရဲ့ နောက်ဆုံးအမဲလိုက်မူက ကျိန်းသေ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေခဲ့မှာပါ။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖွဲ့ထဲကို ဂျန်မာ ခေါ်ဆောင်လာခဲ့တဲ့ လူအများစူလည်း သေဆုံးသွားခဲ့ပါပြီ။

ပြီးတော့..နောက်ထပ် အများကြီး။

သူတို့ရဲ့ မတည်ရှိမူက ရှန်ကျန်ရစ်သူတွေအပေါ်မှာ ဖိအားကြီးတစ်ခုလို ရှိနေခဲ့တယ်။

သို့ပေမယ့် ရှင်ကျန်သူတွေက ဝန်းနည်းမူကို ပြသနေရမယ့် အချိန်မဟုတ်ပါဘူး။အနည်းဆုံးတော့ အခုမဟုတ်သေးပေ..။သူတို့က ဒီ အိပ်မက်ဆိုးကနေ အခုထိ လွတိမြောက်ကြသေးတာ မဟုတ်ပါဘူး။

တကယ်တော့ သူတို့က အခုမှ သားရဲကြီးရဲ့ ဝမ်းဗိုကိထဲကို ရောက်လာခဲ့ကြတာပါ။

***

ရာနဲ့ချီတဲ့ အိပ်စက်သူတွေဆီကနေ အကြည့်ကိုလွှဲလိုက်ရင်း ဆန်နီဟာ ကြက်သွေးရောင် မျှော်စင်ရဲ့ အတွင်းပိုင်းထဲကို ကြည့်လိုက်တယ်။

တစ်ချိန်တုန်းကတော့ တာဝါကြီးတစ်ခုလုံးက အခေါင်းကြီး ဖြစ်ပုံရပေမယ့် အခုတော့ အတွင်းထဲကနေရာတိုင်းမှာ သန္တာကျောက်တွေ ရှိနေခဲ့တယ်။သူတိူ့က အေးခဲနေတဲ့ ရေတံခွန်နဲ့တောင် ဆင်တူပါသေးတယ်။ဒီအရာက ထိပ်ဖျားပေါ်ကနေ ရေတွေစီးကျနေပြီးမှ မာကျောသွားခဲ့သလိုပါပဲ။ဒါကြောင့်ပဲ ဒီကြီးမားတဲ့ တာဝါကြီးအတွင်းမှာ ဘာတွေ ရှိနေလဲဆိုတာကို မြင်ရဖို့ ခက်ခဲနေခဲ့ပါတယ်။တာဝါရဲ့ အတွင်းပိုင်းထဲမှာတော့..အေးစက်တဲ့ အမှောင်ထုကသာ ဝန်းရံထားခဲ့တယ်။

ခနလောက် တွေဝေပြီးကာမှ ဆန်နီဟာ သူ့အရိပ်ကို

မလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ကြက်သွေးရောင် တယ်ရာ က သူ့ရဲ့အရိပ်ကို ထိခိုက်အောင် လုပ်နိုင်ကြောင့် သက်သေပြထားခဲ့တာကြောင့်..သူ့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီနဲ့ စွန့်စားမူတွေ မလုပ်ချင်ပါဘူး။

အဲဒီအစား သူ နစ်ဖီကို ကြည့်လိုက်တယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင်ကတော့ မေ့ပျောက်ကုန်းမြေပေါ်က တောက်ပတဲ့အလင်းရောင် ကို ကြည့်နေခဲ့ပါတယိ။အခုတော့ နေ့ဘက်အလင်းရောင်က မျက်စိကျိန်းလောက်အောင်ကို ဖြစ်ပေါ်နေခဲ့တယ်။သူမရဲ့ မျက်နှာပေါ်မှာတော့..ထူးဆန်းစွာ အတွေးနက်နေတဲ့ အမူအရာရှိနေခဲ့ပါတယ်။

ဆနိနီ ကြည့်နေတုန်းမှာပဲ သူမက ခေါင်းကိုလှည့်လာပြီး ..မျှော်စင်ကြီးရဲ့ ထိပ်ဖျားကို ကြည့်လိုက်တယ်။

အတော်ကြာပြီးတဲ့နောက်မှာတော့ သူမက မျက်မှောင်ကျုတ်လိုက်ပြီး ၊ ရှင်ကျန်ရစ်နေတဲ့လူသားတွေကို ကြည့်လိုကိပါတယ်။သူမရဲ့ တည်ငြိမ်တဲ့အသံက ရှေးဟောင်းတာဝါ ရဲ့ အမှောင်ထုထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။

"သွားဖို့အချိန်ကျပြီ..။ခွန်အားတွေကို စုစည်းထားကြ..။ငါတို့ ရောက်ခါနီးနေပြီ..."

အိပ်စက်သူတွေဟာ သူမကို ပင်ပန်းတဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့ကြတယိ..။သူတို့ဆီ မှာ မျှော်လင့်ချက် အလင်းရောင် နဲ့ ခွန်အားအသစ်တွေ ရှိနေခဲ့ပါတယ်။အဆင်ပြေအောင် ကောင်းမွန်နေတဲ့ လူတွေက ဒဏ်ရာရထားတဲ့ သူတွေကို တွဲထားခဲ့ကြရတယ်။သတိလစ်နေတဲ့ သူတွေကိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေ စစ်သည်တော်တွေက တွဲခေါ်ထာခဲ့ရပါတယ်။

မကြာခင်မှာပဲ..လူသားတွေဟာ မျှော်စင်ရဲ့ အတွင်းထဲကို ဦးတည်သွားခဲ့ကြတယ်။နစ်ဖီက ရှေ့ဆုံးကနေ လျောက်နေပြီး ကတ်စီရဲ့လက်ကို တွဲထားခဲ့ရပါတယ်။တစ်နည်းအားဖြင့် ဆန်နီက သူတို့နဲ့ ဘေးချင်းယှဥ် ရှိနေခဲ့တယိ။

ငယ်ရွယ်တဲ့ အမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီး သူတစ်ခုခု ပြောချင်ခဲ့ပေမယ့် ဘာစကားမှ သူ့စိတ်ထဲကို ရောက်မလာခဲ့ပါဘူး..။အဲဲဒီအစား နစ်ဖီက ပြောလာခဲ့တယ်။

ဆန်နီကို ကြည့်လိုက်ပြီး သူမ အတော်ကြာအောင် တွေဝေပြီးကာမှ ပြောလိုက်တယ်။

" ကျေးဇူးပါ..။ခေါင်းလောင်းကို တီးပေးလို့..။ပြီးတော့...အရာရာတိုင်းအတွက်.."

သူ သူမကို အတော်ကြာအောင် ကြည့်နေပြီးမှ ပုခုံးတွန့်လိုက်ပြီး..

"ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး..။ငါတို့က မဟာမိတ်တွေလေ..။ဟုတ်တယ်မလား.."

သူမ အနည်းငယ် ​ပြုံးလိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်။

မကြာခင်မှာပဲ သူတို့က သန္တာကျောကိ အတားအဆီးကို ကျော်ဖြတ်ပြီး..မျှော်စင်ရဲ့ အလယ်ကို နီးကပ်လာခဲ့ပါတယ်။

အဲဒီမှာတော့ အနက်ရောင်ပင်လယ်ကြီးက ..အရှုံးမပေးတဲ့ ပိတ်လှောင်မူ အတွင်းမှာ ရှိနေခဲ့တယ်။

သူတို့ရှေ့မှာတော့ ကျယ်ပြန့်တဲ့ ရေအိုင်ကြီးတစ်ခု ရှိကာ..သူ့ရဲ့ မျကိနှာပြင်က ငြိမ်သက်ပြီး ပြားချပ်နေခဲ့တယ်။ဒါက စစ်မှန်တဲ့ အမှောင်ထုနဲ့ ပြူလုပ်ထားတဲ့ ကြောက်မက်ဖွယ်ရာ မှန်တစ်ချပ်လိုပါပဲ။ဒီရေတွေက အထဲကို မမြင်ရတာကြောင့် ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် အတော်လေး နက်ရှိုင်းမယ် ဆိုတာကို ဆန်နီ ခံစားမိပါတယ်။ဒီအရာက အလင်းရောင်ဆိုတာကို စဥ်းစားလို့ မရလောက်တဲ့ နေရာအထိ အောင် နက်ရှိုင်း လောက်မယ်လို့ သူ ခံစားနေခဲ့ရတယိ။

သူတို့ တိတ်တဆိတ်ကြည့်နေတုန်းမှာပဲ..ညှင်သာတဲ့လှိုုင်းလုံးလေးက မျက်နှာပြင်ပေါ်မှာ ဖြတ်သန်းသွားခဲ့တယ်။ဒီအရာက ရေအိုင်ရဲ့ အစွန်းကို အောက်သွားပြီး လွှတ်မြောက်ဖို့ ကြိုးစားနေခဲ့တဲ့ ပုံပါပဲ။သို့ပေမယ့် ရေမျက်နှာပြင်ကို ဖိထားခဲ့တဲ့ မမြင်ရတဲ့ အားတစ်ရပ်က..ဒီကျယ်ပြန့်ပြီး ၊ အတိုင်းအဆ မရှိ ၊ ..စိတ်ကူးကြည့်လို့တောင် မရတဲ့ သတ္တဝါကြီး အတွက်တောင် ကျော်ဖြတ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။

ဒီ ကြက်သီးထဖွယ်ရာ အနက်ရောင်မှန်ကနေ အကြည့်ကို လွှဲလိုက်ပြီး ..ဆန်နီ အမှောင်ထဲကိုကြည့်ကာ မျက်မှောင်ကျုတ်လိုက်တယ်။

လူသားတွေရဲ့ မီးအိမ်တွေရဲ့ အဝေး ၊အရိပ်တွေထဲမှာတော့..မရေမတွက်နိုင်တဲ့ ပုံရိပ်တွေက ခံစားချက်မဲ့စွာ ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေခဲ့ပါတယ်။

All Chapters