ငွေရောင် ဓား..
Vol. 23 Ch. 334
အစကတော့..ဆန်နီ အားလုံးကို အော်ဟစ်ပြီး သတိပေးချင်ခဲ့ပေမယ့်..တိတ်ဆိတ်နေတဲ့ အရိပ်တွေကို အတော်ကြာအောင် လေ့လာပြီးနောက်မှာတော့ဟသူ စိတ်ပြောင်းသွားခဲ့တယ်။
အမှောင်ထုထဲမှာတော့ မရေမတွေနိုင်တဲ့ သန္တာကျောက် ဂိုလမ်တွေဟာ ခံစားချက်မဲ့စွာ ရပ်နေခဲ့ကြပါတယ်။သူတို့က..ဆန်နီ ကြယ်ပုံသဏ္ဍာန် သင်္ကေတ တွေဆီကို ရောက်ဖို့ တိုက်ခိုက်ခဲ့ရတဲ့ ဂိုလမ်တွေနဲ့ ဆင်တူသယောင်ရှိပေမယ့် ကွဲလည်း ကွဲပြားပါတယ်။
ဘာလို့လဲဆိုတော့..သူတို့က ရှေးဟောင်း သူရဲကောင်းတွေကို ..ပုံတူကူးထားတာ မဟုတ်ပဲ..သာမန်လူတွေကို ပဲ ပုံဖော်ထားတာကြောငိ့ပါ။
ဒီလိုဆိုရင် သူတို့က အရမ်း အန္တရာယ်များမှာ မဟုတ်ပါဘူး..။သာမန် အိပ်စက်သူတစ်ယောက်တောင် ဒီလို ဂိုလမ် တစ်ဒါဇင်လောက်တောင် တိုက်ခိုက်နိုင်ပြီး..အတွေ့အကြုံရှိတဲ့ အိပ်စက်သူ စစ်တပ်ဆိုရင် ပြောနေစရာတောင် မလိုအပ်တော့ပေ။ထပ်ပြောရရင် ဒီ ဂိုလမ်တွေက ရန်လိုတဲ့ အမူအရာတွေ ရှိမနေကြပါဘူး..။
သူတို့ထဲက တစ်ချို့က ခံစားချက်မဲ့ စွာရပ်နေကြချိန်မှာ တစ်ချို့က ဦးတည်ချက်မဲ့စွာကြည့်နေကြတာပါ။ဒီ ဝမ်းနည်းပြီး ၊ ဘာမှရှိမနေတဲ့ အရာတွေက ထပ်တးညီ မူတွေ ထက်တောင် အသက်မဲ့နေခဲ့တယ်။သူတိူ့က တကယ့် သားရဲတွေ မဟုတ်ဘူးလို့တောင် သူ့ကို ခံစားရစေပါတယ်။ကြက်သွေးရောင် တယ်ရာ ရဲ့ ရူးသွပ်မူ နဲ့ ပြန့်ကျဲနေတဲ့ အတွေးစိတ်တွေကို ရုပ်ပိုင်းဆိုင်ရာ အဖြစ် ပုံဖော်ထားတဲ့ ပုံပါပဲ..။
.
ဒီ ဂိုလမ် တစ်ကောင်ချင်းစီက..နေလုံးကြီး အတုတစ်ခု ဖန်တီးရာမှာ အသက်ကို စတေးခဲ့တဲ့ ဝိဥာဥ်တွေကို ကိုယ်စားပြုတယ်ဆိုတာကို သူ သေချာပြောနိုင်ပါတယ်။တစ်ချိန်တုန်းက..သွေးမြစ်ကြီးအဖြစ် စီးဆ၈်းလာခဲ့ပြီးမှ..သူ့ရဲ့ အစိတ်အပိုင်းအဖြစ် ထာဝရဖြစ်တည်သွားခဲ့တာပါ။
..အဲဲဲဒီမှာတော့ သူတို့ အရေအတွက်က တစ်ထောင်ခန့် ရှိနေပြီး မမြင်ရတဲ့ ဘက်ခြမ်းမှာ ပိုပြီးရှိနေနိုင်ပါသေးတယ်။
ခနလောက် တွေဝေပြီးတဲ့နောက်မှာတော့..ဆန်နီဟာ သူ့ရဲ့ တွေ့ရှိမူကို နစ်ဖီဆီသတင်းပေးလိုက်တယ်။သူမ မျက်မှောငိကျုတ်ကာ အမှောင်ထဲကို ကြည့်ပြီး ခေါင်းညိမ့်လိုက်ပါတယ်။
"ငါတို့ ဂရုစိူက်မှရမယ်.."
အခုသူတို့က..ကြက်သွေးရောင် မျှော်စင်ရဲ့အောက်ဘက်ခြမ်းကို ကောင်းကောင်းနားလည်သွားပြီဖြစ်တာကြောင့် ထွက်ပေါက်က အောက်ဘက်မှာ ရှိမနေဘူးဆိုတာကို သေချာသွားပါပြီ။ထွက်ပေါက်ကို ရှာတွေ့ဖို့ဆိုရင် အိပ်စက်သူ စစ်တပ်က..အပေါ်ကို ပိုမြင့်အောင် တက်ရပါလိမ့်မယ်။
ဒီနေရာမှာ လှေကားတွေ ၊ အပေါ်ကို မတင်ပေးတဲ့ စက်တွေ ရှိမနေခဲ့ပေမယိ့..ကံကောင်းစွာပဲ သန္တာကျောက် တွေက လူတစ်ချို့လမ်းလျောက်နိုင်တဲ့ အထိ ကျယ်ပြန့်နေခဲ့တယ်။ဒါကြောင့် အခြေအနေတွေကို အရမ်းမခက်ခဲစေပါဘူး..။အိပ်စက်သူတွေက နောက်တစ်ထပ်ကို ရောက်ဖို့အတွက် ဒီဟာတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
...သို့ပေမယ့် ဆန်နီ ရှေ့ကို လှမ်းလိုက်တာနဲ့ နစ်ဖီက သူ့ကို ပြန်ဆွဲလိုက်ပြီး အော်လိုက်တယ်။
"အားလုံး နောက်ဆုတ်ကြ.."
ခနအကြာမှာတော့ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းကြီးတစ်ခုက အပေါ်ကနေ ကျဆင်းလာခဲ့ပြီး ကြက်သွေးရောင် မျှော်စင်ရဲ့ အတွင်းပိုင်းကို ဖြတ်သန်းကာ အမှောင်ထုကို သုတ်သင်သွားခဲ့ပါတယ်။
ဒီအလင်းတန်းက..အပြင်ဘက်မှာရှိနေတဲ့ နေရောင်ခြည်လိုမျိုး စိတ်ဝိဥာဥ်ကို တိုက်ခိုက်နိုင်စွမ်းတွေ ရှိနေတယ် ဆိုတာကို နားလည်ဖို့အတွက်
ပါရမီရှင် ဖြစ်နေစရာ မလိုပါဘူး။ဒီတစ်ခုက ပိုပြီးတောင် ပြင်းထန်ပါသေးတယ်။
ပြီးတော့ ကွဲပြားခြားနားတယ်။သူ့ရဲ့ လှုပ်ရှားမူက မငြိမ်သက်ပဲ ထူးဆန်းပေမယ့်..သူ့ရဲ့ ချိန်ရွယ်မူတွေက..ပင်ပန်းနွမ်းနယ်နေတဲ့ လူသားတွေကို သတ်ဖြတ်လိုစ်ိတ်အပြည့်နဲ့ ရည်ရွယ်ထားခဲ့တာပါ။
"အရိပ်ထဲမှာ ပုန်းနေကြ.."
အိပ်စက်သူတွေဟာ..သန္တာကျောက်အစွန်းတွေရဲ့ နောက်ကို ဝင်သွားပြီး ကိုယ့်ကိုကို ကာကွယ်လိုက်ကြတယ်။တွေဝေနေခဲ့တဲ့ ကံဆိုးသူအချို့ကတော့ အလင်းတန်းရဲ့ဖော်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။သူတို့က အော်ဟစ်တာတွေ ရုန်းကန်တာတွေတောင် မလုပ်နိုင်ကြပဲ ..ကြမ်းပြင်ပေါ်ကို လဲကျကာ ဒီတိုင်းသေဆုံးသွားခဲ့ကြတယ်။
ကျန်တဲ့လူတွေဟာ အေးခဲ့ပြီး ကြောက်ရွံ့သွားခဲ့ကြပါတယ်။
ဆန်နီကတော့ အနည်းငယ် တိမ်းစောင်းနေတဲ့ သန္တာတောင်ကုန်းတစ်ခု နားမှာ မှီနေခဲ့တယ်။သူ့ဘေးနားမှာတော့ နစ်ဖီ နဲ့ ကတ်စီ ရှိနေခဲ့ပါတယ်။သေချာဂရုတစိုက်ကြည့်နေတဲ့ အချိန်မှာပဲ သေစေနိုင်တဲ့ အလင်းရောင်က မှိန်ပြီး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။သို့ပေမယ့် ခနအကြာမှာပဲ နောက်ထပ် အများကြီး ထပ်မံကျဆင်းလာကာ အမှောက်ထုကို ထိုးခွင်းသွားခဲ့ပါတယ်။
သိူ့ပေမယ့် ဒါအကုန်မဟုတ်သေးပေ။
အလင်းရောင်တွေရဲ့ လင်းပြမူကြောင့် ဂိုလမ်တွေ အများကြီးဟာ အိပ်စက်သူတွေ ပုန်းကွယ်နေတဲ့နေရာကို ချီတက်လာခဲ့ကြတယိ။သူတို့ရဲ့ လှုပ်ရှားမူတွေက..ဦးတည်ချက်မဲ့ ၊ ခံစားချက်မဲ့နေရာကနေ အခုဆိုရင် ရန်လိုမူတွေ ပြည့်နေခဲ့ပါပြီ။
' ခရက် '
သူက နစ်ဖီ ဘက်ကို လှည့်ပြီး သန်းခေါင်းယံ အမြုတေကို ထုတ်ကာ မေးလိုက်တယ်။
"အခု ဘာလုပ်မှာလဲ.."
သူမ ခနလောက် တွေဝေပြီး ပုံမှန်ပဲ ပြောလိုက်တယ်။
"တစ်စုံတစ်ယောက်က ကြက်သွေးရောင် တယ်ရာကို တိုက်ရိုက်တိုက်ခိုက်ပြီး အာရုံစိုက်မူကို ယူထားရလိမ့်မယ်..."
ဆန်နီ ပြုံးလိုက်ပြီး ရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်။
"အဲတာဆို ဘယ်သူက လုပ်မှာလဲ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သင်ပြင်းချလိုက်ပြီး နောက်ကို ခြေတစ်လှမ်းဆုတ်ကာ သူမရဲ့ ငွေရောင်ဓားကို ထုတ်လိုက်တယ်။
"....ငါ ပဲပေါ့..။ဒါကို ငါပဲလုပ်ရမှာပေါ့..."
သူ မျက်မှောင်ကျုတ်လိုက်ပြီး..နောက်ထပ် စကားတွေကို မပြောမိဖို့ ကြိုးစားနေခဲ့ရတယ်။သို့ပေမယ်ပ အဆုံးမှာတော့ သူ မနေနိုင်တော့ပဲ ပြောလိုက်ပါတယ်။
"နင် ရူးနေပြီလား။ငါ တို့ပြောနေတာက ကျရှုံးမူအဆင့် တယ်ရာ နော်.."
နစ်ဖီ ပြန်မဖြေပဲ အထက်ကိုသာ ကြည့်နေခဲ့တယ်။သူမက မျက်စိကျိန်းလောက်တဲ့ အလင်းတန်းတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ကြိုးစားနေသလိုပါပဲ။
ဆန်နီ အံကိုကြိတ်ပြီး ထပ်ပြောလိုက်တယ်။
"ကောင်းပြီ..ဘာပဲဖြစ်ဖြစ်။အဲ့အရာကို အာရုံလွှဲထားဖို့ တစ်ယောက်ယောက်လိုအပ်တယ်လို့သာ ပြောလိုက်..။ဒါပေမဲ့ ဒါက ဘာလို့ နင်တစ်ယောက်တည်း ဖြစ်ရတာလဲ..။နင်က အင်မော်တဲ့မီးတောက်ကလန် ရဲ့ ကြီးမြတ်တဲ့ သမီးတော် ဖြစ်နေလို့လား..။နင်က နင့်ရဲ့ လုပ်ဇာတ်ကို စတင်ပြီး ယုံကြည်နေပြီိလို့တော့ မပြောနဲ့နော်.."
နစ်ဖီ သူ့ကို ထူးဆန်းစွာကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်။
"မဟုတ်ဘူး..။ငါ့ရဲ့ ဓားကြောင့် ငါတစ်ယောက်တည်း လုပ်နိုင်တာ.."
ဆန်နီဟာ ငွေရောင် ဓားရှည်ကို စိုက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားခဲ့တယ်။အရင်တုန်းက..မေ့ပျောက်ကုန်းမြေပေါ်မှာ ပထမဆုံးစတွေ့တဲ့ အချိန်မှာ နစ်ဖီ နဲ့ ကတ်စီ က သူတို့ရဲ့ မှတ်သားမူတွေ အကြောင်းကိုပြောပြခဲ့ပါတယ်။ဒီဓားက အရမ်းကို ရှားပါးတဲ့ တိုးမြှင့်မူ တစ်ခုရှိနေခဲ့တာပါ။
"မေ့ပျောက်ကုန်းမြေပေါ်မှာ စိတ်ဝိဥာဥ် တိုက်ခိုက်မူတွေကို ကာကွယ်ပေးနိုင်တဲ့ မှတ်သားမူ ရှိတဲ့သူက ငါတစ်ယောက်တည်းပဲ ရှိတယ်။ဒါကြောင့် ငါက တယ်ရာ ရဲ့ အနားကို ကပ်သွားပြီး ရှင်သန်နိုင်တဲ့တစ်ယောက်တည်းသော သူပဲ.."
လောဂျစ်ကို့ ဆန့်ကျင်ပြီး ငြင်းခုန်ဖို့ဆိုတာက အတော်ခက်ခဲပါတယ်။ဒါတောင်မှ ဆန်နီရဲ့ ငြင်းဆိုချက်တွေက မပြီးဆုံးခဲ့သေးပေ..။ဒါက ပြောင်းလဲနေတဲ့ ကြယ်ပွင့်က အခွင့်အရေးမပေးခဲ့လို့ ရပ်တန့်သွားခဲ့တာပါ။
ကတ်စီ ဘက်ကိုလှည့်လိုက်ပြီး သူမက မျက်မမြင် မိန်းကလေး ရဲ့လက်ကို ကိုင်ကာ ပြောလိုက်တယ်။
"ကတ်..။ငါ့ကို နင့်ရဲ့ တောင်ပံ ဝတ်ရုံပေးဦး.."
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ အနက်ရောင် တောင်ပံ ဝတ်ရုံက သူမရဲ့ ပုခုံးပေါ်မှာပေါ်လာခဲ့တယ်။အချိန်ဖြုန်းမနေတော့ပဲ သူမက ဆန်နီကို ကြည့်လိုက်ပါတယ်။
"ငါ သွားတာနဲ့ ..ဒီလူတွေကို ထွက်ပေါက်ဆီကို ခေါ်သွားပေး..။အားလုံး လွှတ်မြောက်သွားတာ သေချာအောင်လုပ်.."
ဒီလိုပြောပြီးတာနဲ့ နစ်ဖီက ဒူးကို ကိုင်းလိုက်ပြီး အပေါ်ကို အမြင့်ဆုံးလှမ်းခုန်လိုက်တယ်။ဝတ်ရုံရဲ့ မြင့်တင်ပေးမူကြောင့် သူမက လျငိမြန်တဲ့ အရှိန်နဲ့ မြောက်တက်သွားပြီး အမှောင်ထုထဲကို ပျံသန်းထွက်သွားခဲ့ပါတယ်။
အလင်းတန်းတွေက သူမကို သတ်ဖြတ်ဖို့ ကြိုးစားပေမယ့် ပြောင်းလဲနေတဲ့ကြယ်ပွင့်က တစ်နည်းအားဖြင့် ရှောင်တိမ်းနိုင်နေခဲ့တယ်။သူမက သန္တာကျောက်တွေပေါ်မှာ ဆင်းသက်ရင်း နောက်ထပ် အလင်းတန်းတွေ ရောက်မလာခင်မှာ ပျံသန်းသွားနေခဲ့ပါတယ်။
အလင်းတန်း အများစုက သန္တာကျောက်တန်း တစ်ခုပေါ်ကနေ နောက်တစ်ခုပေါ် ပြေးလွှားနေတဲ့ နစ်ဖီရဲ့ နောက်ကို လိုက်နေကြတာကြောငိ့..အိပ်စက်သူ စစ်တပ်က နောက်တစ်ကြိမ်ပြန်ပြီး လှုပ်ရှားန်ိုင်ကြပါပြီ..။
ဆန်နီ အံကိုကြိတ်ပြီး..ကြောက်ရွံ့နေကြတဲ့ အိပ်စက်သူ ရာနဲ့ချီကိုကြည့်ကာ အော်လိုကိတယ်။
" ငါ့နောက် လိုက်ခဲ့ကြ.."