← Chapters

အပေါ်သို့ တက်ခြင်း

Vol. 23 Ch. 335

အပေါ်သို့ တက်ခြင်း

Vol. 23 Ch. 335

ဆန်နီဟာ ရာနဲ့ချီတဲ့လူတွေရဲ့ ခေါင်းဆောင်ဖြစ်ဖို့မပြောနဲ့..တစ်စုံတစ်ယောက်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့တောင် ဘယ်တုန်းကမှ စဥ်းစားဖူးတာ မဟုတ်ပါဘူး..။သိူ့ပေမယ့် အခုတော့..သူက အတိအကျပဲ ဒီလို အခြေအနေကို ရောက်နေခဲ့တယ်။

ပိုဆိုးတာက သူက ဒီအလုပ်အတွက် အကောင်းဆုံးလူ ဖြစ်နေခဲ့တာပါ။

ဒါက သူ့ရဲ့ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေကြောငိ့ မဟုတ်ပါဘူး..။ရိုးရှင်းစွာပဲ သူက အမှောင်ထဲမှာ မြင်နိုင်နေတဲ့ အချက်ကြောင့်ပါ။အခု စိတ်ဝိဥာဥ် တိုက်ခိုက်တဲ့ အလင်းတန်းတွေ ကို နစ်ဖီက အာရုံလွှဲထားတဲ့ အတွက်..သူက အရိပ်ကို ရှေ့ကို လွှတ်ပြီးဟ.

ထွက်ပေါ်ကို ရှာလို့ရနေပါပြီ။

ဒီတော့ တစ်ယောက်ယောက်က အိပ်စက်သူ အဖွဲ့ကို ဦးဆောင်ရမယ် ဆိုရင် အဲတာက သူပါပဲ။

' ဘယ်လို ငရဲ မျိုးလဲ...'

သူ့ရဲ့ မသက်မသာ ခံစားချက်ကို ဖုံးကွယ်ထားရင်း..၊ သူ့ရဲ့ ပြည့်ဝ တဲ့ ယုံကြည်မူတွေကိုပဲ ပြသကာ..ဆန်နီသူ့နောက်က လူတွေကို အော်ပြောလိုက်တယိ။အံ့ဩစွာပဲ အိပ်စက်သူ တွေ တစ်ယောက်မှ ဆန့်ကျင်တာမျိုး မရှိခဲ့ကြပါဘူး။

'ယုံကြည်မူ နဲ့ ကျွမ်းကျင်မူ ကို လူတွေက ရောထွေးတတ်ကြတယ်လို့ ငါ ထင်တာပဲ..'

ဒါပေါ့..သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ တစ်နည်းနည်း ဆက်နွယ်နေတယ် ဆိုတဲ့ အချက်ကအတော်လေးကို အသုံးဝင်ပါတယ်။လူအများစုက ဘယ်လိုလဲ ဆိုတာကိုသာ မသိကြပေမယ့် သိတော့သိထားကြပါသေးတယ်။

ဆန်နီဟာ ကတ်စီရဲ့ လက်ကို ဆွဲပြီး သူ့နောက်ကို ပို့လိုက်ကာ ကျယ်ပြန့်တဲ့ သန္တာကျောက်ရဲ့ အပေါ်ကို တက်သွားခဲ့တယ်။သူ့နောက်ကနေ လိုက်လာနေတဲ့ ခြေသံတွေကို သူ ကြားနေခဲ့ရပါတယ်။

အိပ်စက်သူ စစ်တပ်က..နောက်တစ်ကြိမ် ရွေ့လျားလာကြပါပြီ။

ကျောက်တုံးတွေပေါ်တက်ရင်း ဆန်နီ သူ့အရိပ်ကို ရှေ့ကို လွှတ်ကာ နီးကပ်လာတဲ့ ဂိုလမ် ပင်လယ်ကြီးကို လှမ်းကြည့်လိုက်တယ်။သူ့မှာ အချိန်ရှိနေပါသေးတယ်။

" နောကိဆုံးမှာ ရှိနေတဲ့သူတွေက..လက်နက်တွေကို အသင့်ပြင်ထား.."

ပထမတန်းက အိပ်စက်သူတွေက ဆန်နီရဲ့နောက်ကို လိုက်နေစဥ်မှာ သူတို့က ဒီလိုလိုက်လုပ်လိုကိတယ်။အားလုံး အပေါ်ကို ရောက်ဖို့ အချိန်ရလုနီးပါးဖြစ်နေတဲ့ အချိန်မှာပဲ ပထမတန်းရဲ့ ဂိုလမ်တွေက ပေါ်လာခဲ့ပါတယ်။

ဒီပုံရိပ်တွေက အမှောင်ထုထဲကနေ ထွက်လာတာနဲ့ ဓားအလင်းရောင်နဲ့တွေ့ဆုံသွားခဲ့တယ်။ဒါက ခုခံအား မရှိသလောက်ပဲ ချက်ချင်း ပျက်ဆီးသွားခဲ့ပါတယ်။

သို့ပေမယ့် ခနအကြာမှာတော့ နောက်ထပ် နောက်ထပ် ဂိုလမ်တွေ ပေါ်လာခဲ့ပါပြီ..။

အိပ်စက်သူတွေဟာ အချိန်အချို့ ရရှိဖို့အတွက် ပထမတန်းကို တိုကိခိုက်လိုက်ပြီး..အပေါ်ကို ခုန်တက်လိုက်ကာ မကြာခင်မှာပဲ ကျန်တဲ့ ရှင်ကျန်သူတွေကိုလိုက်မှီသွားခဲ့တယ်။

သူတို့ရဲ့ အရှေ့မှာတော့ ဆန်နီက ခနလောက် တွေဝေနေခဲ့ပါတယ်။အရိပ်ရဲ့ ကျေးဇူးကြောင့်..သူတိူ့သွားနေတဲ့ ကျယ်ပြန့်တဲ့ သန္တာကျောက်လမ်းကြောင်းက..မကြာခင်မှာ အပေါ်ကို ဒေါင်လိုက်အနေအထား ဖြစ်လာပြီး လမ်းကြောင်းကျဥ်းမြောင်းလာတော့မယ် ဆိုတာ ကြိုသိထားခဲ့ရတယ်။

ကံကောင်းချင်တော့ ရှေ့ဘက် မီတာအနည်းငယ် အကွာမှာ နောက်ထပ် လမ်းကြောင်းတစ်ခု ရှိနေခဲ့ပြီး..သေးငယ်တဲ့ ကွာဟချက်လေးတစ်ခုနဲ့သာ ခွဲထားခဲ့ပါတယိ။

ကတ်စီကို ကျောပိုးလိုက်ပြီး..သူရှေ့တိုးကာ ခုန်လိုက်တဲ့ အချိန်မှာ ..နောက်ထပ် သန္တာကျောက်ပေါ်ကို ရောက်သွားခဲ့တယ်။ယင်းနောက် နောက်ကို ပြန်လှည့်ပြီး သူတို့သွားနေတဲ့လမ်းကြောင်းနဲ့ ဆန့်ကျငိဘက်ကို သွားလိုက်ပေမယ့် အပေါ်ကိုတော့ မြင့်တက်နေဆဲပါပဲ။

နောက်ဘက်မှာတော့ အိပ်စက်သူတွေက သူတွေက သူခုန်တဲ့အတိုင်း လိုက်ခုန်နေခဲ့ကြတယ်။အောက်ဘက်မှာတော့ ဂိုလမ်တွေကလည်း..သူတို့တက်တဲ့အတိုင်း လိုက်ပြီး တက်နေခဲ့ကြပါပြီ။

' ချီးပဲ..သူတိူ့လည်း တက်နိုင်မယ်ထင်တာပဲ '

သူ ရှေ့ကို တိုးသွားပြီး..မတ်ဆောက်တဲ့ အတက်ကို အားပြုကာ..အပေါ်ကို မော့ကြည့်လိုက်တယ်။အဲဒီမီတာအနည်းငယ် အကွာမှာတော့ ကြက်သွေးရောင် မျှော်စင်ရဲ့ အတွင်းပိူင်းကိူ ဝန်းရံထားတဲ့ ကျယ်ပြ၃မ့တဲ့ လမ်းကြောင်းတစ်ခုရှိနေခဲ့ပါတယ်။

အဲဲဒီမှာတော့ နောက်ထပ် ဂိုလမ်အုပ်စုကြီးဟာ အိပ်စက်သူ စစ်တပ်ရှိရာဆီကို ချီတက်လာနေခဲ့ကြတယ်။မရေမတွက်နိုင်တဲ့ အရိပ်တွေက..မညီမညာကဖြစ်နေတဲ့ သန္တာကျောကိတွေပေါ်မှာ ပေါ်လာပြီး သူတို့ဆီကို ရောက်ဖို့ လမ်းကြောင်းကို ရှာဖွေနေကြပါတယ်။အများစူကတော့ အောက်ကို ပြုတ်ကျနေကြပြီး ကြမ်းပြင်နဲ့ထိကာ အပိုင်းပိုင်းအစစဖြစ်သွားခဲ့ကြတယ်။

သို့ပေမယ့် တစ်ချို့က သူ့အပေါ်ကိုတည့်တည့် ပြုကျလာနေကြပါပြီ။

ဆန်နီ အံကိုကြိတ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန်မှာ..နီးကပိနေတဲ့ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။အယ်ဖီ က သူ့ကို ပင်ပန်းစွာကြည့်နေရင်း အားတင်းပြီး ပြုံးလိုက်ကာ..

"အခု ဘာလုပ်မှာလဲ.."

သူ ကတ်စီကို ဖြည်းညှင်းစွာ ချလိုက်ပြီး မုဆိုးမိန်းကလေးဆီကို သိမ်မွေ့စွာ ပို့ပေးလိုက်တယ်။

"ငါ့အစား သူမကို ကြည့်ပေးထားဦး..ဟုတ်ပြီလား.."

သူမ သဘောပေါက်ပြီဆိုတာကို အယ်ဖီက လက်ဝေ့ယမ်းပြီးသာ အချက်ပြလာခဲ့ပါတယ်။

ဆန်နီ သူတို့နှစ်ယောက်ကို ခနကြည့်ပြီး တစ်ဖက်ကို လှည့်ကာ သန်းခေါင်ယံအမြုတေကို ထုတ်လိုက်တယ်။

ခနအကြာမှာတော့ သူက ပထမဆုံး ဂိုလမ်ဆီကို ရောက်သွားပြီး ဓားနဲ့ ပိုင်းဖြတ်လိုက်တယ်။ဂိုလမ်ရဲ့ ခန္တာကိုယ်က ခုခံမူ အနည်းငယ်ရှိပေမယ့် သာမန် သားရဲတွေနဲ့ သိပ်မကွာခြားပါဘူး။သူ့ရဲ့ဓားချက်အောက်မှာ သာမန် သန္တာကျောက် အပိုင်းအစတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

' သိပ်မဆိုးပါဘူး...'

သိသာစွာပဲ အခိုက်အတန့်က သူ့ကို ဂုဏ်မပြုခဲ့ပေ..။ဆန်နီ သံသယ ရှိသလိုပဲ ဒီအရာတွေက သက်ရှိတွေ မဟုတ်ပါဘူး။

ဖျက်ဆီးခံလိုက်ရတဲ့ အရာတွေကို ကျော်ဖြတ်သွားရင်း မကြာခင်မှာပဲ ဆန်နီဟာ နောက်ထပ်တစ်ကော၈် ဆီကို ရောက်သွားခဲ့တယ်။သူ့ရဲ့ အောက်ခြေကို သန်းခေါင်ယံ အမြုတေနဲ့ တန်းပြီး ပိုင်းဖြတ်လိုက်ပါတယ်။ဂိုလမ်တွေက အန္တရာယ် မပေးနိုင်ကြပါဘူး..။

အနည်းဆုံးတော့ အရေအတွက် မသေးငယ်ပေ..။

သူက အိပ်စက်သူ တွေကို ဦးတောင်ခေါ်သွားပြီး ပိုမြင့်မြင့်ကို တက်လာနေခဲ့တယ်။မိနစ်အနည်းငယ်ကြာတိုင်းမှာ..သူက လမ်းကြောင်း​ တစ်ခုကနေ နောက်တစ်ခုကို ခုန်ကူးနေရတယ်။တစ်ခါတစ်လေဆိုရင် ကြက်သွေးရောင်မျှော်စင် နံရံကနေ ကပ်ပြီး သွားလာရတာတွေတောင်ရှိပါတယ်။

တစ်နေရာအရောက်မှာတော့ လူသားတွေရဲ့ တပ်ဦး နဲ့ တပ်အနောက်ဘက်က ဂိုလမ်ပင်လယ်ကြီးရဲ့ ညှပ်တိုက်ခြင်းကို ခံလာခဲ့ရပါတယ်။အလယ်က လူတွေကတော့ သူတို့ရဲ့ မျက်လုံးတွေကို အပေါ်ကို မော့ထားပြီး ဘာမှ မပြုတ်ကျဖို့ကိုသာ သတိထားနေခဲ့ကြရတယ်။

သို့ပေမယ့် တိုက်ပွဲက အရမ်းကြီး မဆိုးဝါးခဲ့ပေ..။တားဆီးထားကြသူတွေက အရမ်းကို နှေးကွေးပြီး အားနည်းကြပါတယ်။သူတို့က သာမန်လူသားတွေကို အတုယူဖန်တီးထားကြပေမယ့်..အသိစိတ်လုံးဝ မရှိကြပါဘူး။သူတို့ရဲ့ တိုက်ခိုက်မူကြောင့် လူတစ်ယောက်မှ မကျရှုံးသေးပေ..။

...ဒီလိုဆိုတာနဲ့..မရေမတွက်နိုင်တဲ့ ဂိုလမ် တွေရဲ့ တိုက်ခိုက်မူကို ခုခံကာကွယ်နေရတာက လွယ်ကူတာတော့ မဟုတ်ပါဘူး။

အဲ့အချိန် အပေါ်ဘက်မှာတော့..အဖြူရောင်အလင်းတန်းတွေက တဖြည်းဖြည်းနဲ့ အဆက်မပြတ်တောက်ပနေတဲ့ ရောင်ခြည်စက်ဝန်းကြီး အသွင်ပြောင်းသွားခဲ့တယ်။နစ်ဖီကတော့ ရှေးဟောင်း တာဝါကြီးရဲ့ အထွတ်အထိပ် နေရာကို ချည်းကပ်နေတဲ့ ပုံပါပဲ။အမြစ်ဖြတ်ခြေမှုန်းတဲ့ ဘယ်အလင်းတန်းကမှအိပ်စက်သူတွေကို လာရောက် မတိုက်ခိုက် သေးပုံထောက်ရင် သူမက အသက်ရှင်နေဆဲပါ။သူမက တယ်ရာ ကို တစ်ခြားသူတွေနဲ့ ဝေးရာဆီ အာရုံလွှဲထားနိုင်ခဲ့တယ်..။

' မင်း ဘယ်မှာလဲ...မင်းဘယ်မှာလဲ...'

အိပ်စက်သူ စစ်တပ်ရဲ့ ထပ်ဆုံးမှာတော့ ဆန်နီဟာ နောက်ထပ် ဂိုလမ်တစ်ကောင်ကို ပိုင်းခုတ်ပြီး ကျိန်စာကို ကျော်ဖြတ်နိုင်ခဲ့တယ်။

အဲဲဒီ သောက်ကျိုးနဲ ထွက်ပေါက်က ဘယ်မှာလဲ..။

...ဒီလို တွေးလိုက်တဲ့ အချိန်မှာပဲ အရိပ်က နောက်ဆုံးတော့ ..သူ တစ်ချိန်လုံးရှာဖွေ နေတဲ့ အရာကို တွေ့သွားခဲ့ပါပြီ..။

အစစ်အမှန် ကမ္ဘာကြီးဆီကို ပြန်ရမယ့် သူ့တို့ရဲ့ လမ်းကြောင်း...

All Chapters