ထွက်ပေါက်
Vol. 23 Ch. 336
အမှောင်ထုထဲမှာတော့..တာဝါကြီးရဲ့ နံရံမှာလေသာ ဆောင်တစ်ခုကို တည်ဆောက်ထားခဲ့ပါတယ်။ဒီအရာက ကြီးမားတဲ့ အဆောက်အဦးကြီးရဲ့ အလယ်အထိကို ရောက်အောင် ထိုးထွက်နေခဲ့တယ်။သူ့ရဲ့ မျက်နှာပြင်ပေါ်မှာတော့..ဖြူဖျော့ပြီး ကျိုးပဲ့နေတဲ့
မာဗယ်ကျောက်များကို..ကြက်သွေးရောင် သန္တာကျောက်များက ဖုံးလွှမ်းထားခဲ့ပါတယ်။သူတို့က ကျောက်တုံးတွေပေါ်မှာ မြုပ်နှံထားတဲ့ ကျယ်ပြန့်တဲ့ သံကွင်းဝိုင်း တစ်ခုရှိနေတဲ့ အမြင့်နေရာဆီကို ဦးတည်ထားခဲ့တယ်။
သံကွင်းဝိုင်း ရဲ့ ပတ်ဝန်းကျင်မှာတော့ လှပတဲ့ ရှေးဟောင်း သင်္ကေတတွေဟာ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်တွေနဲ့အတူ အလှဆင်ထားခဲ့ပါတယ်။ဒီ သင်္ကေတတွေက နိုးထသူတွေ..အခိုက်အတန့် နဲ့ ဆက်သွယ်တိုင်း..အကြိမ်များစွာ မြင်တွေ့နေရတဲ့ အရာနဲ့ အတူတူပါပဲ။
သို့ပေမယ့် ဒါက ဆန်နီ သတိထားမိတဲ့ ပထမဆုံး အကြောင်းပြချက် မဟုတ်ပေ..။ဒီ မြင့်မားတဲ့ နေရာရဲ့ ထူးခြားနေတဲ့ အချက်က..မျှော်စင်ထဲက တစ်ခြားနေရာတွေနဲ့ မတူပဲ..ကြက်သွေးရောင် သန္တာကျောကိတွေ ရှိမနေခဲ့ပါဘူး။သံကွင်း ဝန်းရံထားတဲ့ ကျောက်တုံး မျက်နှာပြင်က ထူးဆန်းစွာ သန့်ရှင်းနေပြီး ဘယ်အရာမှ ထိမနေခဲ့ပေ။
တောက်ပနေတဲ့ သင်္ကေတတွေနဲ့ သံကွင်းတွေကို သူ့အရိပ်ကနေ တဆင့် ကြည့်ရင်း၊ ဆန်နီရဲ့ ရင်ထဲမှာ လှုပ်ရှားသွားခဲ့တယ်။
ဒါက ထွက်ပေါ်ဆိုတာကို သူ ကျိန်းသေသိပါတယ်။
သူတို့က အရမ်းနီးစပ်နေကြပါပြီ။
သူ စောင့်ကြည့်နေတုန်းမှာပဲ ထိပ်ဖျားတစ်ခုလုံးက ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်။ကြီးမားတဲ့ သန္တာကျောက် အပ်ိုင်းအစတွေက..ပြတ်ကျလာပြီး တစ်ခြားနေရာတွေပေါ်ကို ပြုတ်ကျကုန်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲ အိပ်စက်သူ စစ်တပ်ကို ဝန်းရံထားတဲ့ အမှောင်ထုက မထိုးဖောက်နိုင်ဖြစ်လာခဲ့တယ်။
သူတို့ရဲ့အထက်မှာတော့..တောက်ပတဲ့ အလင်းတန်းတွေက အဆပေါင်းများစွာ ပိုမိုတောက်ပလာခဲ့ပါပြီ။
....နစ်ဖီက ကြက်သွေးရောင် တယ်ရာ ဆီကို ရောက်သွားခဲ့ပြီ..။
သုန်မုန်နေတဲ့ မျက်နှာနဲ့အတူပဲ ..ဆန်နီဟာ အတွေးနယ်ပယ်ထဲက လွတ်မြောက်ကာ ရှေ့ကို တိုးလာပြီး
ဂိုလမ် အချို့ကို ပိုင်းဖြတ်လိုက်တယ်။ကြောက်ရွံ့နေတဲ့ အိပ်စက်သူတွေက နောက်ကနေလိုက်လာရင်း..သူတို့ရဲ့ ကံကြမ္မာတွေကို ဆန်နီရဲ့ လက်ထဲမှာ ထည့်ထားခဲ့ပါတယ်။
ရှေးဟောင်းတာဝါကြီးထဲမှာ တုန်ခါမူတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာပြီး..များပြားလှတဲ့ ကျောက်တိုင်တွေ ပြိုကျနေတုနိးမှာပဲ..သူတို့က အမြင့်ကိုရောက်လာကာ ကျယ်ပြန့်တဲ့ လေသာဆောင်ကို ရောက်လာခဲ့ကြတယ်။
ယင်းနောက် နောက်ဆုံးမှာ ဆန်နီဟာ ခုန်လိုက်ပြီး မာကျောတဲ့ ကြမ်းပြင်ပေါ်ကို ရောက်လာခဲ့တယ်။
ဂိုလမ်အနည်းငယ် အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့ အချိန်မှာတော့..သူ တစ်ခြားသူတွေအတွက် နေရာလွှတ်တစ်ခုကို ရအောင် ဖန်တီးပေးလိုက်ပြီး..လေသာဆောင်ပေါ်ကို လူတွေကိုပြီး တက်လာစေလိုက်တယ်။အိပ်စက်သူတွေ တစ်ယောက်ပြီး တစ်ယောက် သန္တာကျောက်ပေါ်ကို တက်လာပြီး ..သူနဲ့ အတူပူးပေါင်းလာခဲ့ကြတယ်။ပထမဆုံးရောက်လာတဲ့ သူတွေဟာ..တစ်ခြားလူတွေ လာရောက်နိုင်အောင် ဂိုလမ်တွေကို တွန်းလှန်နေခဲ့ကြပါတယ်။
မကြာခင်မှာပဲ..သူတို့ အယောက်တစ်ရာလုံးက လေသာဆောင်ပေါ်ကို ရောက်လာခဲ့ကြတယ်။စက္ကန့်အချို့ကြာပြီးတဲ့ နောက်မှာတော့..၊ အပေါ်ကနေ ကြီးမားတဲ့ ကျောက်တုံး အပိုင်းအစကြီး တစ်ခု ကျဆင်းလာကာ..သူတို့တက်လာတဲ့ သန္တာကျောက် လမ်းကြောင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားစေပါတယ်။
ဆန်နီဟာ ကြက်သွေးရောင် ကျောက်စရစ်မိုးတွေ ကျဆင်းနေတာကို..ကြည့်နေခဲ့ပြီးမှ စိတ်ဓာတ်ပြတ်သားတဲ့ အမူအရာနဲ့ တစ်ဖက်ကို လှည့်လိုက်တယ်။
"လုပ်ထားကြစမ်းပါ..ငါတို့ ရောက်ခါနီးနေပြီ"
ကျန်ရှိနေသေးတဲ့ အိပ်စက်သူစစ်တပ်ဟာ..ဂိုလမ်
အုပ်ကြီးကို ဖြတ်သန်းပြီး လွတ်မြောက်လာခဲ့တယ်။သူတို့ တတ်စွမ်းနိုင်သမျှ အရှိန်နဲ့ ပြေးနေရင်း..လူငယ်ယောက်ျားလေး ၊ မိန်းကလေး အုပ်လိုက်ကြီးဟာ..ထွက်ပေါက်နဲ့ နီးကပ်လာခဲ့ပြီး မြင်ကွင်းကြောင့် အံ့ဩသင့်သွားခဲ့ကြပါတယ်။
ဒီအရာကြောင့် အိပ်မွေ့ချခံရသလို ဖြစ်သွားခဲ့ကြတာပါ။
သူတို့ရဲ့ရှေ့မှာ ရှိနေတာက..သူတို့အတော်ကြာအောင် မေ့ပျောက် ထားခဲ့ကြတဲ့ မျှော်လင့်ချက်ပါပဲ။
ကြက်သွေးရောင် ထိပ်ဖျားရဲ့ ကြောက်မက်ဖွယ်ရာအရိပ်ကြီးထဲမှာ ပုန်းအောင်းရင်း ၊ နေ့စဥ်နေ့တိုင်း သူတို့ကို နိပ်စက်နေခဲ့တဲ့..လွှတ်မြောက်ဖို့အတွက် ကတိ။
သူတို့ရဲ့ အိမ်ပြန်လမ်း..။
ကယ်တင်ခြင်း။
သူတို့အားလုံးက မေ့ပျောက်ကုန်းမြေပေါ်မှာ အတော်ကြာအောင် ရှင်သန်ခဲ့ကြပြီး..ဒီနေရာကနေ လွတ်မြောက်နိုင်ဖို့ဆိုတာက အိပ်မက်တစ်ခု ထက်မပိုပါဘူး..။သူတို့က ပြောင်းလဲနေတဲ့ကြယ်ပွင့်နောက်ကို လိုက်ပြီး..သူမရဲ့ ကတိတွေကို ယုံကြည်ထားရင်တောင်မှ..ကယ်တင်ခြင်း ဆိုတာက စိတ်ကူးယဥ်တစ်ခုလို ဖြစ်နေခဲ့တာပါ။အတွေးတစ်ခု။
အခု သူတို့ အမှန်တကယ်မြင်လိုက်ရတဲ့ အချိန်မှာတော့ အများစုဟာ ဘယ်လိုတုန့်ပြန်ရမလဲတောင် မသိတော့ပေ။
..ကောင်းပြီး..ဆန်နီက ဒီဖြစ်စဥ်က လွယ်ကူအောင် လုပ်ပေးဖို့ ရှိနေခဲ့ပါတယ်။
"ဘာတွေ စိုက်ကြည့်နေကြတာလဲ..အရူးတွေ ။မင်းတို့ရဲ့ ပါးစပ်ပေါက်တွေကို ပြန်ပိတ်ထားပြီး ရှေ့ဆင်ကြ..။တိုက်ပွဲပုံစံ ဖွဲ့စည်းမယ်..။နောက်တန်းကို ကာကွယ်ထား..။ဒဏ်ရာရနေတဲ့ သူနဲ့..တိုက်ခိုက်ရေး မဟုတ်တဲ့ သူတွေ အရင်သွားကြ..။ကျန်တဲ့လူတွေက ဂိုလမ်တွေကို ထိန်းထားရင်းနဲ့ နောက်ကိုလိုက် သွားမယ်။တစ်ကြိမ်ကို တစ်ယောက်ပဲ..ခွေးသားတွေ.."
သူ့ရဲ့ ဒေါသတကြီးအော်ဟစ်မူကြောင့် ကျေးဇူးတင်စ အသိစိတ်ပြန်ဝင်လာကြတဲ့ အိပ်စက်သူတွေဟာ..အလျင်အမြန်ပဲ ပြန်ဖွဲ့စည်းလိုက်ကြတယ်။တိုက်ခိုက်နိုင်သေးတဲ့ သူတွေက ထွက်ပေါက်ကို ကျောပေးပြီး ကာကွယ်ရေး ခံစစ်အသွင်ဖန်တီးလိုက်ကြပါတယ်။သူတို့က ဒဏ်ရာရသူတွေကို ကာကွယ်ထားခဲ့ကြတယ်။ဆိုးဝါးတဲ့ အခြေအနေကို ရောက်နေကြတဲ့ သူတွေကတော့ အဝိုင်းထဲကို ဝင်သွားခဲ့ကြပါပြီ။
ပထမဆုံးတစ်ယောက်ကို ထွက်ပေါက်ရဲ့ အလယ်ဗဟိုမှာ ထားလိုက်တာကို ဆန်နီကြည့်နေခဲ့တယ်။ခနအကြာမှာတော့..အဝိုင်းရဲ့ ဝန်းကျင်မှာ ရှိနေတဲ့ သင်္ကေတ တွေက တောက်ပလာခဲ့ပါတယ်။အိပ်စက်သူ ရဲ့ ခန္တာကိုယ်မှာလည်း အလင်းတွေ ထွက်ပေါ်လာခဲ့တယ်။မကြာခင်မှာတော့..အလင်းရောင်ရဲ့ အလယ်မှာရှိနေတဲ့ လူသားရဲ့ ခန္တာကိုယ်ကို ခွဲခြားရတာ ခက်ခဲလာခဲ့ပါပြီ။
ယင်းနောက် ဒီအလင်းရောင်က မှတ်သားမူ တစ်ခု ၊ ထပ်တူညီမူ တစ်ခုလိုပဲ..ပျောက်ကွယ်သွားခဲ့တယ်။
နှစ်တွေအကြာကြီး ပြီးဆုံးပြီးတဲ့နောက်မှာ ပထမဆုံးအိပ်စက်သူ ရဲ့..မေ့ပျောက်ကုန်းမြေပေါ်မှာ ခံစားခဲ့ရမူတွေ ၊ ဆုံးရှုံးခဲ့ရမူတွေက..နောက်ဆုံးမှာတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ဘာမှမကျန်တော့တဲ့ အရာကိုကြည့်နေရင်း ဆန်နီဟာ သူ အသက်ရူဖို့ မေ့နေခဲ့တယ် ဆိုတာကို နားလည်လိုက်တယ်။
တစ်က္ကန့်လောက်ကြာပြီးနောက်မှာတော့ လူအုပ်ကြီးရဲ့ ဝမ်းသာပီတိသံတွေ ထွက်ပေါ်လာခဲ့တယ်။ဒီအချိန်မှာတော့ အသက်ရှင်သန်နိုင်ခဲ့ကြတဲ့ အိပ်စက်သူတွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှတဲ့ ခံစားချက်မီးလျှံတွေကို စကားလုံးတွေနဲ့ ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကောင်းပြီ..အနည်းဆုံးတော့ ဆန်နီ မဖော်ပြနိုင်ခဲ့ပေ။
ခနအကြာမှာတော့..အနောက်က လိုက်လာတဲ့ ဂိုလမ်တွေနဲ့ ခုခံကာကွယ်ထားတဲ့ ခံစစ်တို့ စတင်ထိတွေ့သွားခဲ့ပါတယ်။နောက်ထပ်လူသားတစ်ယောက်ကတော့ ထွက်ပေါက်ပေါ်ကို ရောက်သွားခဲ့တယ်။
ကာကွယ်သူတွေကတော့ ကြမ်းပြင်ပေါ်မှာ မြဲမြံစွာ ရပ်ထားရင်း ဂိုလမ်တွေကို အနောက်ကို ပြန်ပို့နေခဲ့ပါတယ်။
ဆန်နီဟာ..အဝိုင်းပြားရဲ့ အစွန်းမှာနေရင်း လူသားတွေ အများကြီးကို ကြည့်နေခဲ့တယ်။တစ်ယောက်ပြီးတစ်ယောက်.ဆိုသလိုပဲ...သူတို့က လှပတဲ့ ထွက်ပေါက်ရဲ့အလင်းရောင် အောက်မှာ ပျောက်ကွယ်သွားနေခဲ့တယ်။
ကျန်တဲ့သူတွေကတော့ ဂိုလမ်တွေကို ယုံကြည်မူရှိရှိ ဖိနိပ်ထားခဲ့ပါတယ်။
သူတို့က မကြာခင် ရှင်သန်ကြတော့မှာပါ။
ဒါက..ဒီမှာရှိနေတဲ့ သူ့ရဲ့ အလုပ်က ပြီးသွားပြီ လို့ ဆိုလိုတာပါပဲ။
...သူ ထင်ထားခဲ့သလိုပဲ..ကတ်စတာကို ဘယ်မှာမှ မတွေ့ရတော့ပေ။
ခနလောက် စဥ်းစားနေပြီးကာမှ..ဆန်နီဟာ ထွက်ပေါက်ကို နောကိဆုံးတစ်ကြိမ်ကြည့်ကာ အဝေးကို လျောက်သွားလိုက်တယ်။
သူက လူအုပ်ကြားထဲကနေ ထွက်သွားပြီး..အစွန်ကို ရောက်တော့မယ့် အချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် သူ့နာမည်ကို ခေါ်လာခဲ့ပါတယ်။
ဆန်နီ နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အယ်ဖီကို မြင်လိုက်ရတယ်။မုဆိုးမိန်းကလေးက အသိစိတ်လွတ်နေတဲ့ ကိုင်ရဲ့ ခန္တာကိုယ်ကို ပုခုံးပေါ်မှာ သယ်ထားပြီး..၊ ကတ်စီကို နောက်ထပ်လက်တစ်ဖက်နဲ့ ကိုင်ထားခဲ့ပါတယ်။မျက်မမြင်မိန်းကလေးရဲ့ မျက်နှာက ဖြူဖျော့ပြီး..စိတ်ရှုပ်ထွေးကာ..ဗလာနယ်ဖြစ်နေခဲ့တယ်။
" ငတုံးလေး..နင် ဘယ်ကို သွားနေတာလဲ.."
ဆန်နီ သူမကို အတော်ကြာအောင် ကြည့်နေပြီးကာမှ ပြုံးပြလိုက်တယ်..။
"...ငါ ဖြေရှင်းရမယ့် ကိစ္စလေးတွေ ရှိနေသေးတယ်။ဂရုစိုက်ပါ..သုံးယောက်စလုံး..။ငါ..ငါတို့ ပြန်တွေ့ကြမယ်...။ငါ မျှော်လင့်မိတယ်.."
ဒီလို ပြောပြီးတာနဲ့ သူ နောက်ကို ခြေတစ်လှမ်းဆုတ်ရင်း အရိပ်တွေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်။